သင့်ကလေးတွေ
ထမင်းမေ့ဟင်းမေ့လောက်အောင် ဗီဒီယိုဂိမ်းကစားတာကို စွဲလမ်းနေပြီဆိုရင်
သူတို့ ဘာတွေ လုပ်နေလဲဆိုတာကို ဂရုတစိုက် စောင့်ကြည့်ဖို့ လိုအပ်နေပါပြီ...
စွဲလမ်းမှုမှားသွားရင် ကလေးငယ်ရဲ့ အနာဂတ်မှာ ပြဿနာဖြစ်နိုင်တယ်ဆိုတာကို
မိဘတို့ သိနိုင်ကြစေဖို့ အောက်ဖော်ပြပါဆောင်းပါးလေးကို ဖတ်ရှုစေချင်ပါတယ်...
-------------------------- -------------------------- -------------------------- #အယ်ဒီတာအဖွဲ့
“ညစ်ညမ်းသော ရုပ်ပုံများကြောင့် ပန်းသေပန်းညှိုးခြင်း”
-------------------------- -------------------------- ---------------- #ပါမောက္ခဦးတိုးလွင်
လွန်ခဲ့တဲ့ ခြောက်လခန့်က ပန်းသေပန်းညှိုးဖြစ်နေတဲ့ အသက် ၃၂ နှစ်အရွယ်နဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်နှစ်ယောက်နဲ့ ဆရာတွေ့ဆုံခဲ့ပါတယ်။ အဲဒီလူငယ်နှစ်ယောက်စလုံးက သူတို့ ချစ်ခင်နှစ်သက်တဲ့ သူတို့ရဲ့ ချောမောလှပတဲ့ အမျိုးသမီးနဲ့ ချစ်တင်းနှီးနှောဖို့ ကြိုးစားတိုင်း ပန်းညှိုးနေတာကို သတိထားမိလို့ ဆရာနဲ့လာပြရတဲ့အကြောင်းရင်း ကို ရှင်းပြကြပါတယ်။ ဆရာက သူတို့ကို စမ်းသပ်စစ်ဆေးမေးမြန်းခဲ့ရာ မှ သူ့မှာ ဆီးချိုရောဂါ၊ အရက်စွဲရောဂါ၊ အ၀လွန်
တာနဲ့ စိတ်ဖိစီးမှုများတာတွေ မရှိသလို ပန်းသေပန်းညှိုးပြဿနာ ဖြစ်စေတဲ့ဆေးဝါးတွေကို သုံးစွဲမှု မရှိတာတွေကို တွေ့ခဲ့ပါတယ်။ သူတို့ကို စမ်းသပ်ရာမှာလည်း ဆီးလမ်းကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကိုယ်အင်္ဂါတွေ ချို့ယွင်းချက်မရှိသလို သွေးဖောက်ပြီး စစ်ဆေးရာမှာလည်း ပုံမှန်အနေအထားတိုင်း ရှိနေပါတယ်။
ဒါပေမဲ့ နှစ်ယောက်စလုံးက သူတို့ ဆယ်ကျော်သက်အရွယ်မှာ သူတို့ရဲ့ အချိန် အတော်များများကို တီဗီဂိမ်းကစားခဲ့ကြပြီးနောက်ပိုင်းမှာ ၁၀ နှစ်နီးပါးလောက်က ညစ်ညမ်းရုပ်ပုံပါတဲ့ “အပြာ” Site တွေကို စွဲလမ်းစွာ ကြည့်ရှုကြကြောင်း
သိခဲ့ရပါတယ်။ ဆရာတို့အနေနဲ့ ညစ်ညမ်းရုပ်ပုံတွေကို စွဲစွဲလမ်းလမ်းကြည့်ရှုတာများလွန်းတာကြောင့် ကျန်းမာပြီး ငယ်ရွယ်တဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်နိုင်သလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
အမျိုးသား မျိုးပွားခြင်းဆိုင်ရာနဲ့ urology အသင်းအဖွဲ့ ဥက္ကဋ္ဌဟောင်း Ar Ajay Nanja က “အပြာရောင် (ညစ်ညမ်းရုပ်ပုံ) တွေကို စွဲလမ်းစွာ အကြည့်များသူတွေဟာ Site ထဲက Sex ခန်းတွေ ရောက်မှသာ သူတို့အနေနဲ့ လိင်စိတ်တွေ နှို
းဆွလာနိုင်တာကြောင့် ညစ်ညမ်းရုပ်ပုံအကြည့်များသူ တွေမှာ ပန်းသေပန်းညှိုးဖြစ်နိုင်တယ်” လို့ပြောပြထားပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ညစ်ညမ်းရုပ်ပုံကားတွေကို ကြည့်ရှုမှုများတာက နည်းလမ်းမျိုးစုံနဲ့ ထိခိုက်မှုရှိနိုင်ပါတယ်။ လိင်စိတ်နှိုးဆွဖို့ ညစ်ညမ်းရုပ် ပုံနဲ့ ဆက်စပ်တာမှန်သမျှလိုအပ်ကြော င်းကို ညစ်ညမ်းပုံတွေက ဦးနှောက်ကို လေ့ကျင့်
ပေးနိုင်တယ်လို့ Southern Oregon University မှ ပါမောက္ခ Gary Willson က ရှင်းပြပါတယ်။ ညစ်ညမ်းရုပ်ပုံကား ကြည့်ရှုတာများလွန်းတာကြောင့်  ဦးနှောက်အတွင်းက ဒိုပါမင်းတွေအများကြီး ထွက်ရှိလာကြောင်း မိမိအမျိုးသမီးနဲ့ Sex
ကိစ္စပြုလုပ်ရာမှာ လိင်စိတ်နှိုးဆွနိုင်မှု နည်းသွားရတာဖြစ်တယ်လို့ဆိုပါတယ်။
ငယ်ရွယ်တဲ့ လူတစ်ယောက်က ညစ်ညမ်းရုပ်ပုံ ကြည့်ရှုတဲ့အကျင့်ကို စွဲလမ်းသွားရင် ဦးနှောက်ရဲ့ Reward Center က လိင်စိတ်နှိုးဆွနိုင်စွမ်းလျော့နည်းသွားပြီး တကယ်အိမ်ထောင်ပြုနိုင်တဲ့အရွယ်မှာ
မျှော်လင့်မထားတဲ့ ပန်းသေပန်းညှိုးလိုမျိုး လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ
ဖြစ်လာနိုင်တယ်လို့ Stanford university မှ Phillip Zimbardo ကလည်း
ရှင်းပြထားပါတယ်။
လူငယ်အမျိုးသားတွေအနေနဲ့ ဦးနှောက်ရဲ့လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ ပန်းထောင်ဖို့ လှုံ့ဆော်မှု ပြင်းတဲ့ ညစ်ညမ်းပုံတွေကို အလွန်အကျွံ မကြည့်ရှုသင့်ပါဘူး။
ဒီလူငယ်နှစ်ယောက်ကလည်း “မဇ္ဈိမပဋိပဒါလမ်းစဉ်” တစ်နည်းအားဖြင့် ဆိုရင် စွဲလမ်းတဲ့အကျင့်ကို လျှော့ချနိုင်တာကြောင့် အခုအခါမှာ ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နေကြပါပြီ။
#ပါမောက္ခဦးတိုးလွင် (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကု ဆရာဝန်ကြီး)
(Good Health Journal 589)
#Good_Health_Journal_Faceb ook_Page တွင် ယခုကဲ့သို့ ကျန်းမာရေးနှင့်အလှအပဆောင်း ပါးများကို ဖတ်ရှုနိုင်ပါသည်။
--------------------------
“ညစ်ညမ်းသော ရုပ်ပုံများကြောင့် ပန်းသေပန်းညှိုးခြင်း”
--------------------------
လွန်ခဲ့တဲ့ ခြောက်လခန့်က ပန်းသေပန်းညှိုးဖြစ်နေတဲ့ အသက် ၃၂ နှစ်အရွယ်နဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်နှစ်ယောက်နဲ့ ဆရာတွေ့ဆုံခဲ့ပါတယ်။ အဲဒီလူငယ်နှစ်ယောက်စလုံးက သူတို့ ချစ်ခင်နှစ်သက်တဲ့ သူတို့ရဲ့ ချောမောလှပတဲ့ အမျိုးသမီးနဲ့ ချစ်တင်းနှီးနှောဖို့ ကြိုးစားတိုင်း ပန်းညှိုးနေတာကို သတိထားမိလို့ ဆရာနဲ့လာပြရတဲ့အကြောင်းရင်း
တာနဲ့ စိတ်ဖိစီးမှုများတာတွေ မရှိသလို ပန်းသေပန်းညှိုးပြဿနာ ဖြစ်စေတဲ့ဆေးဝါးတွေကို သုံးစွဲမှု မရှိတာတွေကို တွေ့ခဲ့ပါတယ်။ သူတို့ကို စမ်းသပ်ရာမှာလည်း ဆီးလမ်းကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကိုယ်အင်္ဂါတွေ ချို့ယွင်းချက်မရှိသလို သွေးဖောက်ပြီး စစ်ဆေးရာမှာလည်း ပုံမှန်အနေအထားတိုင်း ရှိနေပါတယ်။
ဒါပေမဲ့ နှစ်ယောက်စလုံးက သူတို့ ဆယ်ကျော်သက်အရွယ်မှာ သူတို့ရဲ့ အချိန် အတော်များများကို တီဗီဂိမ်းကစားခဲ့ကြပြီးနောက
သိခဲ့ရပါတယ်။ ဆရာတို့အနေနဲ့ ညစ်ညမ်းရုပ်ပုံတွေကို စွဲစွဲလမ်းလမ်းကြည့်ရှုတာမျာ
အမျိုးသား မျိုးပွားခြင်းဆိုင်ရာနဲ့ urology အသင်းအဖွဲ့ ဥက္ကဋ္ဌဟောင်း Ar Ajay Nanja က “အပြာရောင် (ညစ်ညမ်းရုပ်ပုံ) တွေကို စွဲလမ်းစွာ အကြည့်များသူတွေဟာ Site ထဲက Sex ခန်းတွေ ရောက်မှသာ သူတို့အနေနဲ့ လိင်စိတ်တွေ နှို
းဆွလာနိုင်တာကြောင့် ညစ်ညမ်းရုပ်ပုံအကြည့်များသူ
ဆယ်ကျော်သက်အရွယ်မှာ ညစ်ညမ်းရုပ်ပုံကားတွေကို ကြည့်ရှုမှုများတာက နည်းလမ်းမျိုးစုံနဲ့ ထိခိုက်မှုရှိနိုင်ပါတယ်။ လိင်စိတ်နှိုးဆွဖို့ ညစ်ညမ်းရုပ် ပုံနဲ့ ဆက်စပ်တာမှန်သမျှလိုအပ်ကြော
ပေးနိုင်တယ်လို့ Southern Oregon University မှ ပါမောက္ခ Gary Willson က ရှင်းပြပါတယ်။ ညစ်ညမ်းရုပ်ပုံကား ကြည့်ရှုတာများလွန်းတာကြောင်
ကိစ္စပြုလုပ်ရာမှာ လိင်စိတ်နှိုးဆွနိုင်မှု နည်းသွားရတာဖြစ်တယ်လို့ဆိုပ
ငယ်ရွယ်တဲ့ လူတစ်ယောက်က ညစ်ညမ်းရုပ်ပုံ ကြည့်ရှုတဲ့အကျင့်ကို စွဲလမ်းသွားရင် ဦးနှောက်ရဲ့ Reward Center က လိင်စိတ်နှိုးဆွနိုင်စွမ်းလေ
လူငယ်အမျိုးသားတွေအနေနဲ့ ဦးနှောက်ရဲ့လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ ပန်းထောင်ဖို့ လှုံ့ဆော်မှု ပြင်းတဲ့ ညစ်ညမ်းပုံတွေကို အလွန်အကျွံ မကြည့်ရှုသင့်ပါဘူး။
ဒီလူငယ်နှစ်ယောက်ကလည်း “မဇ္ဈိမပဋိပဒါလမ်းစဉ်” တစ်နည်းအားဖြင့် ဆိုရင် စွဲလမ်းတဲ့အကျင့်ကို လျှော့ချနိုင်တာကြောင့် အခုအခါမှာ ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နေကြပါပြီ။
#ပါမောက္ခဦးတိုးလွင် (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်က
(Good Health Journal 589)
#Good_Health_Journal_Faceb
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။