" တိုင်းပြည်တည်ဆောက်ရေးကာလမှာ အဓိကအကျဆုံးအချက်က လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ပဲဆိုတဲ့ ဆရာကောင်းသန့် "
Q. တိုင်းပြည်တည်ဆောက်ရေးကာလမှာ အဓိကအကျဆုံးအချက်က ဘာလဲဆိုတာ ပြောပြပေးပါ ဆရာ။
A. တိုင်းပြည်တည်ဆောက်ရေးကာလမှာ အဓိကအကျဆုံးအချက်က လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ပဲ။ တချို့လူတွေကတော့ သယံဇာတ ပေါကြွယ်ဝမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မယ်၊ ချမ်းသာမယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ သယံဇာတ ပေါကြွယ်ဝပြီး ဆင်းရဲနေတဲ့
တိုင်းပြည်တွေလည်း ရှိတာပဲ။ စီမံခန့်ခွဲတဲ့သူတွေ တော်ပေမယ့်လည်း
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုမရှိရင် အဲဒီတိုင်းပြည်ဟာ မတိုးတက်ဘူး။
စီမံခန့်ခွဲတဲ့သူတွေကလည်းညံ့ ၊ လူသားအရင်းအမြစ်ကလည်း ဖွံ့ဖြိုးတိုးတက်မှုမရှိရင် အဲဒီတိုင်းပြည်ဟာ စုတ်ချာသွားတာပဲ။ ဒါကြောင့် တိုင်းပြည်တည်ဆောက်ရေးကာလမှာ
လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်အောင် အရင်လုပ်ရမယ်။ လူသားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက် ဖို့၊ ကောင်းမွန်ဖို့ အရေးကြီးတယ်လို့ ဆရာထင်တယ်။
Q. တိုင်းပြည်ကို တည်ဆောက်နေတဲ့အချိန်မှာ နိုင်ငံသားတိုင်း ပါဝင်ဖို့က ဘယ်လောက်အထိ အရေးကြီးပါသလဲ ဆရာ။
A. နိုင်ငံသားတိုင်း ပါဝင်ဖို့က အရမ်းအရေးကြီးတယ်။ တိုင်းပြည်ဟာ ဘာနဲ့တူသလဲဆိုရင် ရထားတစ်စင်းနဲ့တူတယ်။ ခေါင်းဆောင်ကတော့ ရထားခေါင်းတွဲပေါ့။ နောက်လိုက်တွေကတော့ ရထားနောက်တွဲပေါ့။ ရထားခေါင်းတွဲသာကောင်းနေပြီး နောက်တွဲတွေက အမိုးအကာ မလုံဘူး၊ ကြမ်းတွေပေါက်နေမယ်ဆိုလို့ရှိရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ရထားခေါင်းတွဲကောင်းသလိုမျိုး နောက်တွဲတွေလည်း ကောင်းဖို့လိုတယ်။
အခုလက်ရှိ ခေါင်းဆောင်တွေက ပြည်သူလူထု အင်အားပါမှ တိုင်းပြည် ကို တည်ဆောက်လို့ရမယ်၊ ပြည်သူလူထုအင်အား မပါဘဲနဲ့ တိုင်းပြည်ကို တည်ဆောက်လို့ မရဘူးဆိုပြီး အမြဲတမ်းပြောတယ်။ ပြည်သူလူထုဆိုတာ ကလည်း နိုင်ငံသားတွေပဲလေ။ ဒါကြောင့် နိုင်ငံသားတိုင်းဟာ ခေါင်းဆောင်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိနေပြီး ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနောက်ကို ညီညီညွတ်ညွတ်နဲ့ လိုက်နိုင်မှ တိုင်းပြည်က အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်မယ်လို့ ဆရာ ယုံကြည်တယ်။
Q. လူတစ်ဦးချင်းစီက ကိုယ့်ရဲ့ အရည်အချင်းကို ဘယ်လိုမြှင့်တင် သင့်သလဲ ဆိုတာ ပြောပြပေးပါဦး ဆရာ။
A. လူတစ်ဦးချင်းစီက ကိုယ့်ရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ဆိုရင် အဓိကကတော့ ပညာပဲ။ ပညာဆိုတာက အတန်းပညာလောက်ကို ပဲ ပြောတာမဟုတ်ဘူး။ အတန်းပညာကတော့ လူတစ်ယောက်အတွက် အခြေခံသိသင့်သိထိုက်တာတွေအားလုံးကို
ကျောင်းကသင်ပေးလိုက်တာ။ အဲဒီတော့ လူတစ်ယောက်ဟာ အတန်းပညာတော့ ရှိသင့်တယ်။
ဒါပေမဲ့ အဲဒီအတန်းပညာဟာ တကယ့်ပညာတော့ မဟုတ်သေးဘူး။ တကယ့်ပညာ ဆိုတာ အမှန်နဲ့
အမှား၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားသိတဲ့ ဥာဏ်ပညာ ကို ပြောတာ။ ဥာဏ်ပညာနဲ့
တွေးတောဆင်ခြင်ပြီးတော့ မလုပ်သင့်တာကို မလုပ်ရဘူး။ လုပ်သင့်တာကိုပဲ
လုပ်ရမယ်။ အဲဒီတော့ အတန်းပညာတင်မက ဘဲ ကိုယ့်ဘာသာကိုယ် တခြားဟာတွေကိုလည်း
သင်ယူလေ့လာရမယ်။ အဲဒီလို သင်ယူလေ့လာရင်းနဲ့ ကိုယ့်ဘာသာကိုယ်
ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။
အဲဒီတော့ ကိုယ့်ရဲ့ လက်တွေ့ဘ၀ကနေ သင်ယူရမယ်။ စာတွေထဲက သင်ယူရမယ်။ ရုပ်ရှင်တွေထဲက သင်ယူရမယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကနေ သင်ယူရမယ်။ လူ့အဖွဲ့အစည်းကနေ သင်ယူရမယ်။ ခရီးသွားရင်းနဲ့လည်း သင်ယူရမယ်။ အဲဒီလို သင်ယူနေမယ်ဆိုလို့ရှိရင် သူ့ရဲ့ ဦးနှောက်ကလည်း ဖွံ့ဖြိုးတိုးတက်လာမှာပဲ။ သူ့ရဲ့ အသိဥာဏ်ကလည်း မြင့်လာမှာပဲ။ အဲဒီလို ဦးနှောက်ဖွံ့ဖြိုးတိုးတက်ြ ပီး
အသိဥာဏ်မြင့်တဲ့သူတွေ များလာလို့ရှိရင် ဆရာတို့တိုင်းပြည်လည်း
ဖွံ့ဖြိုးတိုးတက်လာမှာပဲ။ ဒါကြောင့် လူတစ်ဦးချင်းစီ ရဲ့ စွမ်းရည်
အရည်အချင်း မြှင့်တင်ဖို့က တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မှုအတွက် အခရာကျတယ်။
Eternal Light Magazine, May 2016
#တိုင်းပြည်ကိုတည်ဆောက်ကြရာ တွင်
(လွတ်လပ်စွာ Share နိုင်ပါသည်။)
Q. တိုင်းပြည်တည်ဆောက်ရေးကာလမှ
A. တိုင်းပြည်တည်ဆောက်ရေးကာလမှ
Q. တိုင်းပြည်ကို တည်ဆောက်နေတဲ့အချိန်မှာ နိုင်ငံသားတိုင်း ပါဝင်ဖို့က ဘယ်လောက်အထိ အရေးကြီးပါသလဲ ဆရာ။
A. နိုင်ငံသားတိုင်း ပါဝင်ဖို့က အရမ်းအရေးကြီးတယ်။ တိုင်းပြည်ဟာ ဘာနဲ့တူသလဲဆိုရင် ရထားတစ်စင်းနဲ့တူတယ်။ ခေါင်းဆောင်ကတော့ ရထားခေါင်းတွဲပေါ့။ နောက်လိုက်တွေကတော့ ရထားနောက်တွဲပေါ့။ ရထားခေါင်းတွဲသာကောင်းနေပြီ
အခုလက်ရှိ ခေါင်းဆောင်တွေက ပြည်သူလူထု အင်အားပါမှ တိုင်းပြည် ကို တည်ဆောက်လို့ရမယ်၊ ပြည်သူလူထုအင်အား မပါဘဲနဲ့ တိုင်းပြည်ကို တည်ဆောက်လို့ မရဘူးဆိုပြီး အမြဲတမ်းပြောတယ်။ ပြည်သူလူထုဆိုတာ ကလည်း နိုင်ငံသားတွေပဲလေ။ ဒါကြောင့် နိုင်ငံသားတိုင်းဟာ ခေါင်းဆောင်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိနေပြီ
Q. လူတစ်ဦးချင်းစီက ကိုယ့်ရဲ့ အရည်အချင်းကို ဘယ်လိုမြှင့်တင် သင့်သလဲ ဆိုတာ ပြောပြပေးပါဦး ဆရာ။
A. လူတစ်ဦးချင်းစီက ကိုယ့်ရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ဆိုရင် အဓိကကတော့ ပညာပဲ။ ပညာဆိုတာက အတန်းပညာလောက်ကို ပဲ ပြောတာမဟုတ်ဘူး။ အတန်းပညာကတော့ လူတစ်ယောက်အတွက် အခြေခံသိသင့်သိထိုက်တာတွေအာ
အဲဒီတော့ ကိုယ့်ရဲ့ လက်တွေ့ဘ၀ကနေ သင်ယူရမယ်။ စာတွေထဲက သင်ယူရမယ်။ ရုပ်ရှင်တွေထဲက သင်ယူရမယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကနေ သင်ယူရမယ်။ လူ့အဖွဲ့အစည်းကနေ သင်ယူရမယ်။ ခရီးသွားရင်းနဲ့လည်း သင်ယူရမယ်။ အဲဒီလို သင်ယူနေမယ်ဆိုလို့ရှိရင် သူ့ရဲ့ ဦးနှောက်ကလည်း ဖွံ့ဖြိုးတိုးတက်လာမှာပဲ။ သူ့ရဲ့ အသိဥာဏ်ကလည်း မြင့်လာမှာပဲ။ အဲဒီလို ဦးနှောက်ဖွံ့ဖြိုးတိုးတက်ြ
Eternal Light Magazine, May 2016
#တိုင်းပြည်ကိုတည်ဆောက်ကြရာ
(လွတ်လပ်စွာ Share နိုင်ပါသည်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။