သင့်ရင်ထဲက ဖယ်ထုတ်သင့်သော စကားလုံးတခု။
အခုတလော ကျနော်ရဲ့ နောက်လထွက်မဲ့ ဒုတိယစာအုပ်ဖြစ်တဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" စာအုပ်ထဲက နိုင်ငံခြားက ဆင်းရဲသားကနေ မီလျံနာ၊ ဘီလျံနာဖြစ်လာသူတွေအကြောင်း စာမြည်းအပိုင်းလေးတွေကို ပို့စ်တင်နေပါတယ်။ အဲဒီပို့စ်တွေကို ပေးတဲ့ ကွန်မင့်တွေထဲမှာ ကျနော်သတိပြုမိတဲ့ ကွန်မင့်လေးတွေပါလာတယ်။
အဲဒါတွေကတော့ အမေရိကန်နိုင်ငံမှာမို့ ဖြစ်တာပါ။ ငါတို့ဆီမှာ မဖြစ်နိုင်ပါဘူးတဲ့။ IMPOSSIBLE တဲ့။ အဲဒီကွန်မင့်ပေးသူရဲ့ ဘဝဟာ ဘယ်တော့မှ အောင်မြင်မှု ရမှာမဟုတ်ပါဘူး။ ဘာကြောင့် ခုလို အတတ်ပြောနိုင်ရတာလဲ။ ရမ်းသမ်းပြောခြင်းမဟုတ်ပါ။ စိတ်ပညာရှင်တွေရဲ့ စမ်းသပ်တွေ့ရှိချက်ကို အခြေခံပြီး ပြောတာပါ။
စိတ်ပညာရှင်တွေရဲ့ စမ်းသပ်တွေ့ရှိချက်က ဒီလိုပါ။
လူတယောက်ဟာ IMPOSSIBLE ဆိုတာကို စိတ်ထဲမှာ စွဲမြဲစွာ ထင်မှတ်နေရင်၊ IMPOSSIBLE လို့ပြောလိုက်ပြီဆိုရင် ဘာဖြစ်သွားသလဲ။ အဲဒီ IMPOSSIBLE ကို သူ့ရဲ့ဦးနှောက်က မှတ်လိုက်ပြီ။ ဦးနှောက်ကလဲ သူ့ကို မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေ ထုတ်ပေးနေပါလိမ့်မယ်။ ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို သူ့ခေါင်းထဲ ပေါ်မလာအောင် block လုပ် တားဆီးပစ်လိုက်ပါလိမ့်မယ်။ အဲဒီတော့ အလုပ်တခုခု မစရသေးဘူး၊ မဖြစ်နိုင်ပါဘူးဆိုတဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးဟာ သူ့ခေါင်းထဲ ပေါ်လာလိမ့်မယ်။ ဒီတော့ ဘာအလုပ်ဖြစ်ဖြစ် မဖြစ်နိုင်ဘူးလို့ အမြဲစဉ်းစားနေသူရဲ့ ဘဝဟာ အောင်မြင်မှုရပါ့မလား။ တွေးကြည့်ပေါ့။
အောင်မြင်မှုရသူတွေကတော့ အဲဒီ IMPOSSIBLE စကားလုံးအစား I'M POSSIBLE ငါလုပ်ရင် ဖြစ်နိုင်တယ်ဆိုတဲ့ စကားလုံးကိုပဲ သုံးကြတယ်။ အဲဒီစကားလုံး သုံးလိုက်တာနဲ့ သင့်ဦးနှောက်ကနေ ဖြစ်နိုင်တဲ့ အကြောင်းအချက်တွေ ထုတ်ပေးပါလိမ့်မယ်။ အကြံသစ်ဥာဏ်သစ်တွေ ထုတ်ပေးလိမ့်မယ်။ တချိန်ထဲမှာ သင့်ခေါင်းထဲမှာ မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေပေါ်မလာအောင်
block လုပ်ပစ်လိမ့်မယ်။ အဲဒီအခါမှာ သင်ဟာ သူများတွေ မမြင်တွေ့တဲ့
အခွင့်အလမ်းတွေ မြင်တွေ့လာပါလိမ့်မယ်။ တွေ့လာတဲ့
အခွင့်အလမ်းကိုပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ရင် သင့်ဘဝမှာ အောင်မြင်မှုတွေ ဆက်တိုက်ရလာပါလိမ့်မယ်။
သင့်ဘဝမှာ အောင်မြင်မှုရချင်ရင် IMPOSSIBLE ဆိုတဲ့စကားလုံးကို သင့်ရင်ထဲက အပြီးအပိုင် ဖယ်ထုတ်ပစ်လိုက်ပါ။ အဲဒီစကားလုံးကို သင့်နူတ်ကလဲ ဘယ်တော့မှလဲ မပြောမိပါစေနဲ့။ သင် အဲဒီ IMPOSSIBLE စကားလုံးကို သိတ်နှစ်သက်သဘောကျနေရင်တော့ သင်ဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာပါပဲ။
အခုထွက်မဲ့ စာအုပ်ထဲက လူတွေဟာ မိဘက အရမ်းဆင်းရဲ၊ တချို့ဆိုရင် ဘွဲ့ရဖို့ နေနေသာသာ ကျောင်းပြီးအောင် မတက်နိုင်သူတွေပါ။ ဘာအဆက်အသွယ်မှလဲ မရှိကြဘူး။ ထီလဲ ပေါက်တာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ဟာ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားလိုက်တာ နောက်ဆုံးမှာ မီလျံနာ၊ ဘီလျံနာသူဋ္ဌေးကြီးတွေ ဖြစ်သွားခဲ့ကြတယ်။ တကယ့်အဖြစ်မှန်တွေပါ။ တကယ်လို့ သူတို့ဟာ IMPOSSIBLE လို့ ပြောနေကြသူတွေဆိုရင်တော့ ခုချိန်မှာလဲ သူတို့ဟာ ဆင်းဆင်းရဲရဲနဲ့ နေသွားကြရမှာပါ။
ဗန်းမော်သိန်းဖေ
၁၅-၀၅-၂၀၁၆
အခုတလော ကျနော်ရဲ့ နောက်လထွက်မဲ့ ဒုတိယစာအုပ်ဖြစ်တဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" စာအုပ်ထဲက နိုင်ငံခြားက ဆင်းရဲသားကနေ မီလျံနာ၊ ဘီလျံနာဖြစ်လာသူတွေအကြောင်း
အဲဒါတွေကတော့ အမေရိကန်နိုင်ငံမှာမို့ ဖြစ်တာပါ။ ငါတို့ဆီမှာ မဖြစ်နိုင်ပါဘူးတဲ့။ IMPOSSIBLE တဲ့။ အဲဒီကွန်မင့်ပေးသူရဲ့ ဘဝဟာ ဘယ်တော့မှ အောင်မြင်မှု ရမှာမဟုတ်ပါဘူး။ ဘာကြောင့် ခုလို အတတ်ပြောနိုင်ရတာလဲ။ ရမ်းသမ်းပြောခြင်းမဟုတ်ပါ။ စိတ်ပညာရှင်တွေရဲ့ စမ်းသပ်တွေ့ရှိချက်ကို အခြေခံပြီး ပြောတာပါ။
စိတ်ပညာရှင်တွေရဲ့ စမ်းသပ်တွေ့ရှိချက်က ဒီလိုပါ။
လူတယောက်ဟာ IMPOSSIBLE ဆိုတာကို စိတ်ထဲမှာ စွဲမြဲစွာ ထင်မှတ်နေရင်၊ IMPOSSIBLE လို့ပြောလိုက်ပြီဆိုရင် ဘာဖြစ်သွားသလဲ။ အဲဒီ IMPOSSIBLE ကို သူ့ရဲ့ဦးနှောက်က မှတ်လိုက်ပြီ။ ဦးနှောက်ကလဲ သူ့ကို မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေ ထုတ်ပေးနေပါလိမ့်မယ်။ ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို သူ့ခေါင်းထဲ ပေါ်မလာအောင် block လုပ် တားဆီးပစ်လိုက်ပါလိမ့်မယ်။ အဲဒီတော့ အလုပ်တခုခု မစရသေးဘူး၊ မဖြစ်နိုင်ပါဘူးဆိုတဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးဟာ သူ့ခေါင်းထဲ ပေါ်လာလိမ့်မယ်။ ဒီတော့ ဘာအလုပ်ဖြစ်ဖြစ် မဖြစ်နိုင်ဘူးလို့ အမြဲစဉ်းစားနေသူရဲ့ ဘဝဟာ အောင်မြင်မှုရပါ့မလား။ တွေးကြည့်ပေါ့။
အောင်မြင်မှုရသူတွေကတော့ အဲဒီ IMPOSSIBLE စကားလုံးအစား I'M POSSIBLE ငါလုပ်ရင် ဖြစ်နိုင်တယ်ဆိုတဲ့ စကားလုံးကိုပဲ သုံးကြတယ်။ အဲဒီစကားလုံး သုံးလိုက်တာနဲ့ သင့်ဦးနှောက်ကနေ ဖြစ်နိုင်တဲ့ အကြောင်းအချက်တွေ ထုတ်ပေးပါလိမ့်မယ်။ အကြံသစ်ဥာဏ်သစ်တွေ ထုတ်ပေးလိမ့်မယ်။ တချိန်ထဲမှာ သင့်ခေါင်းထဲမှာ မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေပေါ်မလာအေ
သင့်ဘဝမှာ အောင်မြင်မှုရချင်ရင် IMPOSSIBLE ဆိုတဲ့စကားလုံးကို သင့်ရင်ထဲက အပြီးအပိုင် ဖယ်ထုတ်ပစ်လိုက်ပါ။ အဲဒီစကားလုံးကို သင့်နူတ်ကလဲ ဘယ်တော့မှလဲ မပြောမိပါစေနဲ့။ သင် အဲဒီ IMPOSSIBLE စကားလုံးကို သိတ်နှစ်သက်သဘောကျနေရင်တော့
အခုထွက်မဲ့ စာအုပ်ထဲက လူတွေဟာ မိဘက အရမ်းဆင်းရဲ၊ တချို့ဆိုရင် ဘွဲ့ရဖို့ နေနေသာသာ ကျောင်းပြီးအောင် မတက်နိုင်သူတွေပါ။ ဘာအဆက်အသွယ်မှလဲ မရှိကြဘူး။ ထီလဲ ပေါက်တာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ဟာ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားလိုက်တာ နောက်ဆုံးမှာ မီလျံနာ၊ ဘီလျံနာသူဋ္ဌေးကြီးတွေ ဖြစ်သွားခဲ့ကြတယ်။ တကယ့်အဖြစ်မှန်တွေပါ။ တကယ်လို့ သူတို့ဟာ IMPOSSIBLE လို့ ပြောနေကြသူတွေဆိုရင်တော့ ခုချိန်မှာလဲ သူတို့ဟာ ဆင်းဆင်းရဲရဲနဲ့ နေသွားကြရမှာပါ။
ဗန်းမော်သိန်းဖေ
၁၅-၀၅-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။