Lwin Oo added 3 new photos.
ဦးလီပေါ်ဟာ လွန်ခဲ့သော ၁၄ နှစ် အသက် ၁၇ ဝန်းကျင်မှာ ပြောပြချက်အရ ဆေးထိုးမှားပြီး ခြေနှစ်ဖက်စလုံး မသန်စွမ်း ဖြစ်ခဲ့ပါတယ် သူဟာအိပ်ယာ ပေါ်မှာ ပဲနှစ်နှစ်လောက် လှဲနေခဲ့ရပြီးနောက်မှ ပြန်လည် လှုပ်ရှား မှုကို ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။
သူဟာမသန်စွမ်းသူ ဖြစ်ခဲ့ပါသော်လည်း ဘဝကို အရှုံးမပေးဘဲ ဆိုင်ကယ်ဝပ်ရှော့ မှာဆိုင်ကယ်ပြုပြင်နည်းကို သင်ယူခဲ့ပြီး ကိုယ်ပိုင် ဆိုင်ကယ်ပြင်ဆိုင် ကိုဖွင့်ထားနိုင်ခဲ့ပါတယ် ထို့နောက် မိမိကိုယ်ကိုယ် မိမိမနှိမ့်ချဘဲ အများနှင့်တန်းတူ အိမ်ထောင်မိသားစုနှင့်နေနိုင်ရန်အတွက် အိမ်ထောင်ပြုခဲ့ပါတယ်။ အိမ်ထောင်ပြုပြီးလည်း အိမ်ထောင်ဦးစီတာဝန်ကို ကျေပွန်စေရန်အတွက် မိမိခြေထောက်မသန်စွမ်းမှုကို ပဓါန မထားဘဲ အလုပ်ပိုမိုလုပ်ပြီး ဝင်ငွေတိုးလာရန်အတွက် အကုန်အကျသက်သားပြီး မိမိလိုမသန်စွမ်း သူနှင့်သင့်လျော် သောကားတစ်စီးကို သုံးလကြာ တည်ဆောက်ပြီးနောက် အသုံးပြုလို့ရသော ကားတစ်စီးကို တီထွင်နိုင်ခဲ့ပါတယ်။
၎င်းကားဖြင့် မိသားစု ဝက်မွေးမြူရေးအတွက် ထင်းသယ်ခြင်း ပျဉ်တိုက်ခြင်း ငှက်ပျောတုံး သယ်ခြင်းများကို အသုံးချနေသည့်အပြင် အခြားလိုအပ်သောအရာများအတွက်လည်း ကားတစ်စီးကဲ့သို့အသုံးပြုလျှက်ရှိပါသည်။ ယခုအချိန်တွင်သားသမီးသုံးဦး ကိုပြုစုပျိုးထောင် ပေးနေပြီး ဆိုင်ကယ်ပြုပြင်ခြင်းနှင့် ဝက်မွေးမြူခြင်း လုပ်ငန်းကို လုပ်ဆောင်ကာအသက်မွေးဝမ်းကျောင်း ပြုလျှက်ရှိသည်။
ကျန်းမာသန်စွမ်းပြီး အခွင့်အလှမ်း အပြည့်ရှိသော ချစ်သောလူငယ်များခင်များ
သင့်မှာလည်း ဘုရားပေးထားသော ဆုကျေးဇူး တစ်မျိုးထက်မက ရှိနေပါတယ် ယနေ့ယခုအချိန်ဟာ သင့်အတွက်ပြောင်း လဲရမယ့်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။မနက် ဖြန်ဆိုတာဟာမသေချာဘူး။ သင့်မှာရှိနေတဲ့ဆုကျေးဇူးကိုအသုံးချကာ ဘဝရည်ရွယ်ချက်ရှိရှိနဲ့အသက်ရှင်သင့်ပါတယ်
မိမိဆုကျေးဇူးဟာဘာလဲ မသိရင် သင့်လက်တစ်ကမ်းမှာရှိနေတဲ့ ကောင်းသော လုပ်ငန်းတစ်ခုခုနဲ့အစပြုရင်း မိမိအားသာချက်ကိုရှာဖွေပါ။ မြင့်မြင့်မှန်းပါ အောက်ခြေကနေစတင်ပါ မည်သည့်ကြီး ကျယ်တဲ့ လုပ်ငန်းမဆို အောက်ခြေကနေ အစပြု ရင်အရင်းအနှီးရှာလို့ရပါတယ် တစ်ဆင့်ချင်းတစ်ဆင့်ချင်း တိုးတက်သွားရင် အရှုံးမရှိနိုင်ပါဘူး။ အလုပ်မရှိရင်ပြီးတော့ ဘဝရည်ရွယ်ချက် ပန်းတိုင်သေချာမရှိရင် လူငယ်ဘဝမှာပျက်ဆီးသွားနိုင်ပါကြောင်း
ဦးလီပေါ်ဘဝဇတ်ကြောင်းနှင့် ကျတော်လက်တွေ့ အတွေ့အကြုံပေါင်းစပ် တင်ပြလိုက်ပါတယ်
credit- Leme Ahtar
Via Ko Ye Htut Kyi
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။