ကံဆိုးလိုက်တဲ့ "ငါ"
-------------------
Arthur Robert Ashe, Jr. (July 10, 1943 – February 6, 1993) အာသာ ရောဘတ် အက်ရှီ ဂျူနီယာ။ သူဟာ အမေရိကန်နိုင်ငံရဲ့ နံပတ် (၁) အတော်ဆုံး တင်းနစ်စ် ချန်ပီယမ်တစ်ယောက်ဖြစ်တယ်။ သူဟာ ၀မ်ဘာဒန်တင်းနစ်စ် ချန်ပီယမ်တစ်ယောက်လည်းဖြစ်သ လို Legendary (အကျော်ဇေယျ) ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးတပ်ပြီးခေါ်ရတဲ့အထိ တင်းနစ်လောကကို ကိုင်လှုပ်နိုင်ခဲ့သူလည်းဖြစ်တယ်..။
အဲဒီလို နာမည်ကျော်ကြားလှတဲ့ တင်းနစ်စ်သမားကြီးဟာ ပြင်းထန်တဲ့ ကင်ဆာရောဂါနဲ့အတူ သေရွာကို သွားရတော့မယ့် အချိန်ကာလတစ်ခုကို ရောက်လာခဲ့တယ်..။ အဲဒီအခါ ကမ္ဘာတစ်ဝှမ်းလုံးက သူ့ရဲ့ ပရိသတ်ပေါင်းများစွာဟာ သူ့ဆီကို ၀မ်းနည်းကြောင်း စာလွှာတွေရေးသားပေးပို့ခဲ့ကြ တယ်.။ အဲဒီအထဲက စာတစ်စောင်မှာ သူ့ကို ဒီလိုရေးသားထားခဲ့တယ်..
"ချစ်ခင်ရတဲ့ အက်ရှီ..။ တကယ်တော့ မင်းလို လူတော်တစ်ယောက်ဟာ ဒီလိုရောဂါမျိုးဖြစ်ဖို့ မထိုက်တန်ပါဘူးကွာ။ ဘာကြောင့်များ ဘုရားသခင်က မင်းကျမှရွေးပြီး ဒါမျိုးဖြစ်စေရတယ်မသိပါဘူး"
လို့ ရေးသားထားခဲ့တယ်..။ အဲဒီပရိတ်သတ်တစ်ဦးရဲ့စာကို အက်ရှီက ဒီလိုမျိုးပြန်လည်ရေးသားခဲ့ တယ်..
"ကမ္ဘာပေါ်မှာရှိတဲ့ ကလေးငယ်တွေထဲက ဆယ်သန်းသောကလေးတွေဟာ တင်းနစ်စ် ကို စတင်ပြီးကစားကြတယ်
အဲဒီအထဲကမှ ငါးသန်းသော ကလေးတွေသာ တင်းနစ်စ်ကို ကျကျနန ကစားတတ်လာကြတယ်..။
အဲဒီငါးသန်းထဲကမှ ငါးသိန်း ကသာ ပရော်ဖက်ရှင်နယ် တင်းနစ်စ်သမားတွေဖြစ်လာကြတယ်။
အဲဒီလို ပရော်ဖက်ရှင်နယ် တင်းနစ်စ်သမား ငါးသိန်းထဲကမှ အရေအတွက်ငါးသောင်းသာ တင်းနစ်စ်ပွဲစဉ်တွေမှာ ပါဝင် ယှဉ်ပြိုင်ကြတယ်။ အဲဒီငါးသောင်းထဲကမှ အယောက် ငါးထောင်သာ Grand Slam လို့ခေါ်တဲ့ တင်းနစ်စ်အထင်ကရ ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရကြတယ် ။
ငါးထောင်ထဲကမှ အယောက်ငါးဆယ်သာ ၀င်ဘာဒန်ကို ၀င်ခွင့်ရကြတယ်၊
အဲဒီငါးဆယ်ထဲကမှ လေးယောက်သာ ဆီမီးဖိုင်နယ်ကို တက်ကြရတယ်။ လေးယောက်ထဲက
နှစ်ယောက်က ဖိုင်နယ်ပေါ့ဗျာ။ အဲဒီဖိုင်နယ်ကိုတောင် ကျွန်တော်က
ကျော်လွန်ပြီး ဖလားကို ကိုင်မြှောက်ခွင့်ရခဲ့တယ်။ အဲဒီလိုရှားပါးလှတဲ့
ကံကောင်မှုမျိုးတုန်းကတောင် "ငါ့ကျမှ ကံကောင်းလေခြင်း" လို့
ကျွန်တော်မပြောခဲ့ဖူးပါဘူးဗျာ"
ဒါဟာ ကင်ဆာရောဂါကို ခံစားနေရတဲ့ တင်းနစ်စ်သမားတစ်ယောက်ရဲ့ လောကဓံအပေါ် ခံယူချက်ပဲဖြစ်တယ်။ ကျွန်တော်တို့တွေဟာ တစ်စုံတစ်ရာအဆင်မပြေမှု ကံဆိုးမှုကြုံလာတိုင်း "ငါ့ကျမှကွာ..ဖြစ်ရတယ်ကွာ.. ဆိုးလိုက်တဲ့ကံ" ဆိုတဲ့ စကားကို အကြိမ်ကြိမ်ညဉ်းညူရင်း လောကဓံကို ပြစ်တင်မောင်းမဲနေတတ်ကြတယ်။ ဒါပေမယ့်လည်း ကံကောင်းခြင်း၊ အောင်မြင်ခြင်း၊ ပွပေါက်တိုးခြင်းတစ်စုံတစ်ရာကိုကြုံလာရင်တော့ "ငါ့ကျမှ ကံကောင်းလှချည်လားကွာ.." ဆိုပြီး ကံကောင်းခြင်းကို ပစ်တင်လေ့တော့ မရှိဘူးလို့ဆိုတယ်..။
တကယ်တော့ ကံတရားရဲ့ ကောင်းခြင်းကို ၀မ်းမြောက်ဝမ်းသာ လက်ခံတတ်သူဟာ၊ ကံမကောင်း အကြောင်းမလှတဲ့အခါမှာလည်း အပြုံးမပျက် တုံ့ပြန်နိုင်ရမယ်လို့ တင်းနစ်စ်သမားကြီး အက်ရှီက သင်ခန်းစာပေးထားခဲ့တာပဲဖြစ် တယ်။
သေခြင်းတရားကို ရင်ဆိုင်နေရတာတောင်မှ မတုန်လှုပ်တတတ်တဲ့၊ မာကျောတဲ့ သူ့စိတ်ဓါတ်ဟာ.. တကယ်တော့ သူ့ရဲ့အောင်မြင်ကျော်ကြားခြ င်းရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်နေမှာ အသေအချာပဲဖြစ်တယ်..။
အမှန်တကယ် စိတ်ဓါတ်ခိုင်သူဟာ လိုချင်တာရခြင်း၊ ကျော်စောခြင်း၊ ချီးမွမ်းခံရခြင်း ၊ ချမ်းသာခြင်း စတဲ့ ကောင်းတဲ့အချက်တွေကိုသာ ခံနိုင်ရမှာမဟုတ်ဘဲ လိုချင်တာမရခြင်း၊ ဂုဏ်သတင်းမှေးမှိန်ခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ဆင်းရဲခြင်း စတဲ့ မကောင်းတဲ့အကြောင်းတရားတွေ ကြုံလာတဲ့အခါမှာလည်း မတုန်မလှုင် ခိုင်ကျဉ်တဲ့ စိတ်ဓါတ်မျိုးကိုသာ ခိုင်မာတဲ့စိတ်ပိုင်ရှင်လို့ ခေါ်ဆိုနိုင်မှာပဲဖြစ်တယ်။
Happiness keeps you sweet, trials keep you strong, sorrow keeps you human, failure keeps u humble. but only you can keep you going.
ပျော်ရွှင်မှုကသင့်ကို ချိုမြိန်ခြင်းတွေပေးစွမ်းမ ယ်၊
ပြိုင်ပွဲတွေ စမ်းသပ်စစ်ဆေးခြင်းတွေက သင့်ကို သန်မာလာစေမယ်။
ဝမ်းနည်းခြင်းက သင့်ကိုလူသားဆန်လာစေမယ်။ ကျရှုံးခြင်းကတော့ သင့်ကို
ရိုကျိုးသွားစေနိုင်တယ်။ ဒါပေမယ့် သင့်ကိုယ်တိုင်ကသာ
အခက်အခဲတွေကြားမှာဆက်ပြီး ရုန်းကန်နိုင်စေမှာဖြစ်တယ်လို့ဆိုတယ်။ သဘောကတော့ ကံကြမ္မာရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ ဘယ်လောက်ပဲပြောင်းလဲပါစေ၊ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ စိတ်ခံစားမှုကသာ အဓိကပဲလို့ဆိုလိုတာဖြစ်တယ်။ ကံကြမ္မာရဲကောင်းခြင်းကိုပြဲ ကုံကြုံ၊ ဆိုးခြင်းကိုပဲကြုံကြုံ မြဲမြံခိုင်ကြည်တဲ့စိတ်နဲ့ ကျော်ဖြတ်ရမယ်လို့ဆိုလိုတာပဲဖြစ်တယ်။ လောကသဘာဝအနိမ့်အမြင့်သဘာဝကို နှလုံးသွင်းလက်ခံထားပြီး ကံကြမ္မာရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကိုလည်း အလွန်အကျူးမခံစားမိအောင် ဆင်ခြင်ဖို့လိုမယ်လို့ဆိုတယ်။
တကယ်တော့ ကျွန်တော်တို့တွေလည်းပဲ လောကဓံတရားကို အပြစ်တင်ခါနီးတိုင်း တင်းနစ်စ်သမားကြီးအက်ရှီရဲ့ စကားကို ပြန်ပြီး ဆင်ခြင်သင့်လှတယ်..။
လောကဓံဆိုးများကို ကျော်လွှားနိုင်ကြပါစေဗျာ
(ဖြိုးသုတ)
-------------------
Arthur Robert Ashe, Jr. (July 10, 1943 – February 6, 1993) အာသာ ရောဘတ် အက်ရှီ ဂျူနီယာ။ သူဟာ အမေရိကန်နိုင်ငံရဲ့ နံပတ် (၁) အတော်ဆုံး တင်းနစ်စ် ချန်ပီယမ်တစ်ယောက်ဖြစ်တယ်။ သူဟာ ၀မ်ဘာဒန်တင်းနစ်စ် ချန်ပီယမ်တစ်ယောက်လည်းဖြစ်သ
အဲဒီလို နာမည်ကျော်ကြားလှတဲ့ တင်းနစ်စ်သမားကြီးဟာ ပြင်းထန်တဲ့ ကင်ဆာရောဂါနဲ့အတူ သေရွာကို သွားရတော့မယ့် အချိန်ကာလတစ်ခုကို ရောက်လာခဲ့တယ်..။ အဲဒီအခါ ကမ္ဘာတစ်ဝှမ်းလုံးက သူ့ရဲ့ ပရိသတ်ပေါင်းများစွာဟာ သူ့ဆီကို ၀မ်းနည်းကြောင်း စာလွှာတွေရေးသားပေးပို့ခဲ့ကြ
"ချစ်ခင်ရတဲ့ အက်ရှီ..။ တကယ်တော့ မင်းလို လူတော်တစ်ယောက်ဟာ ဒီလိုရောဂါမျိုးဖြစ်ဖို့ မထိုက်တန်ပါဘူးကွာ။ ဘာကြောင့်များ ဘုရားသခင်က မင်းကျမှရွေးပြီး ဒါမျိုးဖြစ်စေရတယ်မသိပါဘူး"
လို့ ရေးသားထားခဲ့တယ်..။ အဲဒီပရိတ်သတ်တစ်ဦးရဲ့စာကို
"ကမ္ဘာပေါ်မှာရှိတဲ့ ကလေးငယ်တွေထဲက ဆယ်သန်းသောကလေးတွေဟာ တင်းနစ်စ် ကို စတင်ပြီးကစားကြတယ်
အဲဒီအထဲကမှ ငါးသန်းသော ကလေးတွေသာ တင်းနစ်စ်ကို ကျကျနန ကစားတတ်လာကြတယ်..။
အဲဒီငါးသန်းထဲကမှ ငါးသိန်း ကသာ ပရော်ဖက်ရှင်နယ် တင်းနစ်စ်သမားတွေဖြစ်လာကြတယ
အဲဒီလို ပရော်ဖက်ရှင်နယ် တင်းနစ်စ်သမား ငါးသိန်းထဲကမှ အရေအတွက်ငါးသောင်းသာ တင်းနစ်စ်ပွဲစဉ်တွေမှာ ပါဝင် ယှဉ်ပြိုင်ကြတယ်။ အဲဒီငါးသောင်းထဲကမှ အယောက် ငါးထောင်သာ Grand Slam လို့ခေါ်တဲ့ တင်းနစ်စ်အထင်ကရ ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရကြတယ်
ဒါဟာ ကင်ဆာရောဂါကို ခံစားနေရတဲ့ တင်းနစ်စ်သမားတစ်ယောက်ရဲ့ လောကဓံအပေါ် ခံယူချက်ပဲဖြစ်တယ်။ ကျွန်တော်တို့တွေဟာ တစ်စုံတစ်ရာအဆင်မပြေမှု ကံဆိုးမှုကြုံလာတိုင်း "ငါ့ကျမှကွာ..ဖြစ်ရတယ်ကွာ..
တကယ်တော့ ကံတရားရဲ့ ကောင်းခြင်းကို ၀မ်းမြောက်ဝမ်းသာ လက်ခံတတ်သူဟာ၊ ကံမကောင်း အကြောင်းမလှတဲ့အခါမှာလည်း အပြုံးမပျက် တုံ့ပြန်နိုင်ရမယ်လို့ တင်းနစ်စ်သမားကြီး အက်ရှီက သင်ခန်းစာပေးထားခဲ့တာပဲဖြစ်
သေခြင်းတရားကို ရင်ဆိုင်နေရတာတောင်မှ မတုန်လှုပ်တတတ်တဲ့၊ မာကျောတဲ့ သူ့စိတ်ဓါတ်ဟာ.. တကယ်တော့ သူ့ရဲ့အောင်မြင်ကျော်ကြားခြ
အမှန်တကယ် စိတ်ဓါတ်ခိုင်သူဟာ လိုချင်တာရခြင်း၊ ကျော်စောခြင်း၊ ချီးမွမ်းခံရခြင်း ၊ ချမ်းသာခြင်း စတဲ့ ကောင်းတဲ့အချက်တွေကိုသာ ခံနိုင်ရမှာမဟုတ်ဘဲ လိုချင်တာမရခြင်း၊ ဂုဏ်သတင်းမှေးမှိန်ခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ဆင်းရဲခြင်း စတဲ့ မကောင်းတဲ့အကြောင်းတရားတွေ ကြုံလာတဲ့အခါမှာလည်း မတုန်မလှုင် ခိုင်ကျဉ်တဲ့ စိတ်ဓါတ်မျိုးကိုသာ ခိုင်မာတဲ့စိတ်ပိုင်ရှင်လို
Happiness keeps you sweet, trials keep you strong, sorrow keeps you human, failure keeps u humble. but only you can keep you going.
ပျော်ရွှင်မှုကသင့်ကို ချိုမြိန်ခြင်းတွေပေးစွမ်းမ
တကယ်တော့ ကျွန်တော်တို့တွေလည်းပဲ လောကဓံတရားကို အပြစ်တင်ခါနီးတိုင်း တင်းနစ်စ်သမားကြီးအက်ရှီရဲ့
လောကဓံဆိုးများကို ကျော်လွှားနိုင်ကြပါစေဗျာ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။