Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, May 18, 2016

ချွေတာစုဆောင်း သူဌေးလောင်း

ချွေတာစုဆောင်း သူဌေးလောင်း
=================

ငွေကိုစီမံခန့်ခွဲတယ်ဆိုတာ အရမ်းကိုချမ်းသာတဲ့သူတွေမှ မဟုတ်ပါဘူး။ လူတိုင်း စီမံခန့်ခွဲဖို့ လိုပါတယ်။ ကိုယ်ရနေတဲ့ဝင်ငွေ
အပေါ်မူတည်ပြီး သုံးစွဲရမယ့်ပုံစံတွေ၊ စုဆောင်းရမယ့် ပုံစံတွေဆိုတာ ရှိကိုရှိသင့်ပါတယ်။ မဟုတ်ရင် မရည်ရွယ်ဘဲ သုံးမိရာကစလို့
ကိုယ့်အတွက် ငွေအသုံးကြပ်တယ်ဆိုတာမျိုးတွေ၊ တခြားသော ငွေကြေးဆိုင်ရာ အခက်အခဲမျိုးတွေ ကြုံရတတ်ပါတယ်။
.
(၁) စာရင်းလုပ်မယ်။

ငွေကြေးနဲ့ပတ်သက်လို့ စာရင်းအင်းလို့ ပြောလိုက်ရင် လုပ်ငန်းတွေပဲလုပ်ဖို့ လိုအပ်တာလို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမယ့်
ကိုယ့်ရဲ့တစ်ကိုယ်ရည် အသုံးစရိတ်နဲ့ ဝင်ငွေ၊ထွက်ငွေတွေအတွက်လည်း စာရင်းအင်းလိုအပ်ပါတယ်။ ဒီလိုစာရင်းအင်းလုပ်ဖို့အတွက်လည်း
certificate တွေ၊ diploma တွေ မလိုအပ်ပါဘူး။ လူတိုင်း လုပ်နိုင်ပါတယ်။ သင့်ရဲ့ ဝင်ငွေကို မှတ်သားပြီး ဝင်ငွေထက်
မကျော်အောင် အသုံစရိတ်သတ်မှတ်ထားသင့်ပါတယ်။ ဘယ်လောက်ကို စုမယ်၊ ဘယ်လောက်ကို သုံးမယ်။ ဘာတွေလုပ်မယ်ဆိုတာကို
စနစ်တကျ စာရင်းလုပ်သင့်ပါတယ်။ တစ်ရက်တစ်ရက်သုံးတဲ့ အသုံးစရိတ်တွေကိုလည်း စာရင်းမှတ်ပြီး တစ်လပြည့်ရင်စာရင်းချုပ်သင့်ပါတယ်။
အစပိုင်းမှာ အလုပ်ရှုပ်တယ်လို့ ထင်စရာရှိပေမယ့် ကြာလာတဲ့အခါ အရမ်းကိုအကျိုးထူးမှန်း သင်သတိထားမိပါလိမ့်မယ်။
.
(၂) ဘာတွေသုံးမလဲဆိုတဲ့ ရည်မှန်းချက်တွေ။

ဟိုဟာလေးတွေ့လည်း ဝယ်ချင်၊ ဒီဟာလေးအတွက်လည်း သုံးချင်ဆိုရင်တော့ သင့်ရဲ့ဝင်ငွေနဲ့ထွက်ငွေ မမျှတဲ့ပြသနာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီတော့ လာမယ့်လမှာ ဘယ်အရာတွေကို ဝယ်မယ်။ (ဝယ်ဖြစ်အောင် ဝယ်မယ်)၊ ဘယ်အရာတွေအတွက် ငွေသုံးမယ်။ စသဖြင့် ကြိုတင်သတ်မှတ်ထားတာ
သင့်ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ပိုမိုလွယ်ကူစေမှာပါ။ ဒါ့အပြင် အလွယ်တကူ ပစ္စည်းဝယ်တတ်တဲ့ သင့်ရဲ့အကျင့်ကိုလည်း ပြုပြင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
.
(၃) တစ်ခုခုဆို စဉ်းစားပါ။

သုံးရစွဲရမယ်ဆိုတာမျိုး ကြုံပြီဆိုတာနဲ့ လက်လွယ်တတ်တဲ့အကျင့်ကို ဖျောက်လိုက်ပါတော့။ တစ်ခုခုကို သုံးမယ်ဆိုရင် ကိုယ်တကယ်လိုအပ်ရဲ့လား?
ဘယ်လောက်ထိ ကိုယ်ကတတ်နိုင်သလဲ? ဝယ်မယ်ဆိုရင်ကော ဘာတွေများ အကျိုးထူးသွားနိုင်လဲ? ဒါတွေကို တွေးဖြစ်အောင် တွေးသင့်ပါတယ်။
ငွေနဲ့ပတ်သက်ရင် နှေးနှေးကွေးကွေး လေးလေးလံလံ ချင့်ချိန်ဆုံးဖြတ်တတ်တာ ကောင်းတဲ့အကျင့်တစ်ခုပါ။
.
(၄) မလိုအပ်တဲ့အရာတွေကို သင့်စာရင်းထဲက ဖယ်ထုတ်လိုက်ပါတော့။

တစ်ခါတစ်လေတော့ တစ်ချို့ပစ္စည်းတွေက သင့်အိတ်ထဲက ပိုက်ဆံတွေကို နှိုက်ပစ်ဖို့ ချောင်းနေပါတယ်။ ဥပမာ ပြောရရင်တော့ နောက်ဆုံးပေါ် နည်းပညာပစ္စည်းတွေ
ပါပဲ။ Marketing ပညာရှင်တွေဟာ သူတို့ရဲ့ပစ္စည်းတွေကို သင်လိုအပ်တယ်လို့ ထင်ရလောက်အောင် ပြုမူတတ်ပါတယ်။ ဒါ့ကြောင့် သင်ဟာ ဒီပစ္စည်းတွေကို
လိုချင်စိတ်ဖြစ်လာပြီး သင်ပိုက်ဆံတွေကို ပေးချင်စိတ်တဖွားဖွား ဖြစ်လာတတ်ပါတယ်။ ဒီလိုအချိန်ဆို သင်သေချာစဉ်းစားပါ။ ဒီပစ္စည်းတွေကိုဝယ်ဖို့ တကယ်လိုအပ်ရဲ့လားလို့။
မလိုအပ်ဖူးထင်ရင်လည်း သင့်စာရင်းထဲက စောစောစီးစီးသာ ဖယ်ထုတ်လိုက်ပါတော့။
.
(၅) စုဆောင်းခြင်း

ဝင်ငွေရသလောက် အကုန်သုံးပစ်မယ်ဆိုရင်တော့ အရေးအကြောင်းဖြစ်လာရင် သင့်မှာ ငွေကြေးအခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဝင်ငွေထဲကနေ
အတိုင်းအတာတစ်ခုအထိ စုဆောင်းတတ်တဲ့အလေ့အကျင့်လေးတစ်ခု လုပ်သင့်ပါတယ်။ ဒီအကျင့်ဟာ နောင်ရေးအတွက်လည်း အဆင်ပြေနိုင်သလို ဘဝတစ်ခုလုံး
စွဲမြဲကျင့်သုံးသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

____________
သားရိုး (Focus Youth)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။