"အလုပ်မှာ မေးလေ့မေးထရှိတဲ့ အင်တာဗျူး မေးခွန်းပုံစံ(၄)မျိုး"
ညီငယ်/ ညီမငယ်များ
အလုပ်လျှောက်ရာမှာ မဖြစ်မနေ ဖြတ်သန်းရမှာက အဖွဲ့အစည်း(အလုပ်ရှင်)ကို
ကိုယ်စားပြုထားတဲ့ လုပ်ပိုင်ခွင့်ရသူတွေရဲ့ မေးခွန်းကို
ဖြေဆိုရမှာဖြစ်ပါတယ်။ အဲဒီသူတွေဟာ ၀န်ထမ်းရေးရာမန်နေဂျာလည်းဖြစ်နိုင် သလို၊ အလုပ်ရှင်ကိုယ်တိုင်လည်းဖြစ်နိုင်ပါတယ်။ အခြားလုပ်ပိုင်ခွင့်ရသူ တစ်ဦးဦးလည်းဖြစ်နိုင်ပါတယ်။ အင်တာဗျူးတစ်ခုကို ကောင်းစွာဖြေဆိုနိုင်ခြင်းဟာ အလုပ်ရဖို့အတွက် များစွာအထောက်အကူပြုစေပါတယ် ။ ဒီဆောင်းပါးမှာတော့ အလုပ်ရှင်တွေဟာ သူတို့ဝန်ထမ်းဖြစ်လာမယ့်သူေ တွကို
ဘယ်လိုမေးခွန်းမျိုးတွေကို မေးလေ့မေးထရှိသလဲဆိုတာကို
မျှဝေပေးသွားမှာဖြစ်ပါတယ်။ အလုပ်ရှင်တွေ မေးလေ့မေးထရှိတဲ့ မေးခွန်းတွေကို
အမျိုးအစားခွဲပြီး လေ့လာလိုက်တဲ့အခါ အောက်ပါအတိုင်းတွေ့ရပါတယ်။
(၁) Straightforward questions
ဒီမေးခွန်းတွေကို အလုပ်ရှင်တွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာ မေးလေ့မေးထရှိသလဲဆိုရင် သူတို့ဝန်ထမ်းဖြစ်လာမယ့်သူရဲ့
အနာဂတ်အမြင်၊ လက်တွေ့လုပ်ဆောင်ချက်၊ ဘ၀ရည်မှန်းချက်၊ လုပ်ခဲ့ဖူးတဲ့
အလုပ်တွေရဲ့ တာဝန်တွေ၊ စိတ်ဝင်စားမှုတွေ၊ လက်ရှိမှာ ဘယ်လိုတာဝန်တွေ
ထမ်းဆောင်ချင်နေသလဲ၊ သူတို့လုပ်ငန်းကို ဘယ်လောက်အထိ
ပံ့ပိုးကူညီနိုင်မလဲ...စတဲ့ စတဲ့ အရာတွေကို သိချင်တဲ့အခါ မေးလေ့မေးထ ရှိပါတယ်။ ဥပမာဆိုပါစို့..."မင်း...တို့အဖွဲ့အစည်းက
ကမ်းလှမ်းထားတဲ့ အလုပ်ကို လာလျှောက်ဖို့ ဘာတွေပြင်ဆင်လာခဲ့သလဲ။ မင်းရဲ့
အနာဂတ်ရည်မှန်းချက်က ဘာလဲ။ အရင်အလုပ်မှာ မင်းဘယ်လိုတာဝန်တွေ
ထမ်းဆောင်ခဲ့ရသလဲ။" စတဲ့မေးခွန်းမျိုးတွေပါ။ ဒီမေးခွန်းမျိုးတွေ
မေးမြန်းတာဟာ အလုပ်ရှင်တွေအနေနဲ့ သူတို့ဝန်ထမ်းဖြစ်လာမယ့်သူဟာ ဘယ်လောက်အထိ ရည်မှန်းချက်ကြီးမားသလဲ၊ အလုပ်အတွက် ပြင်ဆင်မှု ဘယ်လောက်ရှိသလဲ၊ သူတို့ရဲ့ လုပ်ငန်းသဘောသဘာဝနဲ့ ကိုက်ညီမှုရှိ/ မရှိ...စတဲ့အရာတွေကို
သိရှိချင်လို့ မေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမေးခွန်းမျိုးတွေကို
ဖြေဆိုနိုင်ဖို့ သေချာပြင်ဆင်ထားဖို့ လိုပါတယ်။
(၂) Behavioral questions
အလုပ်ရှင်တွေဟာ သူတို့ဝန်ထမ်းတွေရဲ့ အနေအထိုင်၊ အပြုအမူကို သိချင်တဲ့အခါမှာ ဒီလိုမေးခွန်းမျိုးတွေကို မေးလေ့ရှိပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူဟာ သူရဲ့စရိုက်လက္ခဏာတစ်ခုဖြစ်တာမို့
သူ့ဝန်ထမ်းဖြစ်လာမယ့်သူဟာ ဘယ်လိုစရိုက်လက္ခဏာရှိသလဲ သိချင်တဲ့အခါမှာ
မေးလေ့ရှိပါတယ်။ သူလုပ်ငန်းရဲ့ သဘောသဘာဝနဲ့ ၀န်ထမ်းရဲ့စရိုက်လက္ခဏာ
သိပ်ကိုကွဲပြားလွန်းနေရင်လည်း
အဖွဲ့အစည်းအတွက် ရေရှည်မှာ အဆင်မပြေနိုင်တာမို့ ဒီမေးခွန်းမျိုးတွေကိုလည်း
အလုပ်ရှင်တွေက အင်တာဗျူးတွေမှာ မေးတတ်ပါတယ်။ ဥပမာဆိုပါစို့-
"ဘ၀အခက်အခဲတွေကို ဘယ်လိုအချိန်မှာ ကြုံခဲ့ရဖူးသလဲ။ ဘယ်လိုအချိန်မှာ
စိတ်ဓာတ်ကျဖူးခဲ့သလဲ။ ဘယ်လိုအချိန်မှာ ၀မ်းနည်းပူဆွေးမှုကို ကြုံခဲ့ဖူးသလဲ။
ဘ၀ရဲ့ အပျော်ရွှင်ဆုံး အချိန်ဟာ ဘယ်အချိန်လဲ။" စတဲ့...စတဲ့...မေးခွန်းမျိုးတွေပါ။
ဒီလို မေးခွန်းမျိုးကို မေးတာဟာ အလုပ်ရှင်အနေနဲ့ သူဝန်ထမ်းဖြစ်လာမယ့်သူရဲ့
ဘ၀တန်ဖိုးထားမှုတွေ၊ ဘ၀ရှုမြင်ပုံတွေ၊ သဘောထားတွေကို သိချင်လို့ပဲ
ဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကိုလည်း အလုပ်ရှင်တွေအနေနဲ့ မေးလေ့ရှိပါတယ်။
(၃) Situational questions
ဒီမေးခွန်းတွေဟာလည်း Behavioral questions နဲ့ ခပ်ဆင်ဆင်ပါပဲ။ အလုပ်ရှင်တွေဟာ သူတို့ဝန်ထမ်းဖြစ်လာမယ့်သူဟာ အခြေအနေတစ်ရပ်၊ ပြဿနာတစ်ရပ်ကို ဘယ်လိုသုံးသပ်တုံ့ပြန်ဖြေရှ င်းသလဲဆိုတာကို သိချင်တဲ့အခါမှာတော့ ဒီလိုမေးခွန်းမျိုးတွေကို မေးလေ့မေးထရှိပါတယ်။ ပြဿနာတစ်ရပ်ကို ကောင်းစွာရှုမြင်တုံ့ပြန်နို င်စွမ်းရှိသူဟာ ကိုယ်ရည်ကိုယ်သွေးမြင့်မားသူပါ။
ဒါကြောင့်ဒီလိုမျိုး မေးခွန်းတွေကို အလုပ်ရှင်တွေ မေးတတ်တာဟာ သဘာဝကျပါတယ်။
ဥပမာဆိုပါစို့- "၀မ်းနည်းစရာနဲ့ ကြုံတဲ့အခါမှာ မင်းဘယ်လို တုံ့ပြန်မလဲ။
လုပ်ငန်းခွင်ဖိအားတွေကို ဘယ်လိုရှောင်းရှားမလဲ။ ဒေါသထွက်နေတဲ့ ဖောက်သည်ကို
ဘယ်လိုတုံ့ပြန်မလဲ။"စတဲ့... စတဲ့...မေးခွန်းမျိုးတွေပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ပြဿနာတစ်ရပ်ဖြေရှင်းနိုင်ခြ င်း
နည်းလမ်းကို ကြည့်ခြင်းအားဖြင့် အဲဒီလူဟာ ဘယ်လိုကိုယ်ရည်ကိုယ်သွေး
ရှိသလဲဆိုတာကို သတ်မှတ်လို့ ရတာမို့ ဒီလိုမေးခွန်းတွေကိုလည်း အလုပ်ရှင်တွေက
မေးတတ်ပါတယ်။
(၄) Brainteasers or skill tests
ဒီလိုမေးခွန်းမျိုးတွေကိုတော့ အလုပ်ရှင်တွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာ သုံးသလဲဆိုရင် သူ့ဝန်ထမ်းဖြစ်လာမယ့်သူတွေဟာ ဘယ်လိုအရည်အသွေးတွေ၊ ဘယ်လိုအရည်အချင်းတွေ၊ လုပ်နိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်း၊ ခေါင်းဆောင်မှုပေးနိုင်စွမ်း ၊ လုပ်ငန်းကျွမ်းကျင်မှု...စတဲ့ အရည်အချင်းတွေကို သိချင်တဲ့အခါမှာ မေးလေ့မေးထရှိပါတယ်။ အရည်အချင်း မတိမ်းမယိမ်းဖြစ်နေတဲ့ ၀န်ထမ်းတွေအပြိုင်ရှိလာတဲ့အ ခါမှာလည်း
ပိုမိုသင့်လျော်မယ့် ၀န်ထမ်းကို ရွေးချယ်ချင်တာမို့
ဒီလိုမေးခွန်းမျိုးတွေကို မေးတတ်ပါတယ်။ ဥပမာဆိုပါစို့- "ခက်ခဲနက်နဲတဲ့
ပြဿနာတစ်ရပ်ကို ပြိုင်တူဖြေရှင်းခိုင်းတာမျိုး၊ ကွန်ပျူတာပရိုဂရမ်တစ်ခုကို ပရိုဂရမ်မာနှစ်ယောက်ကို ပြိုင်တူဖြေရှင်းခိုင်းတာမျိုး၊ ပုစ္ဆာတစ်ပုဒ်ကို တစ်ပြိုင်နက်တည်း ဖြေရှင်းခိုင်းတာမျိုး၊ စိတ်ပညာရပ်ဆိုင်ရာမေးခွန်းမျိုး၊ ဥာဏ်စမ်းမေးခွန်းမျိုး..." စတဲ့...စတဲ့...ပုံစံမျိုးတွေနဲ့ မေးလေ့ရှိပါတယ်။ ဒီလိုဖြေရှင်းခိုင်းခြင်းဟာ လူတစ်ယောက်ရဲ့ အစွမ်းအစကို သေချာအကဲဖြတ်နိုင်မှာဖြစ်ပြီး အပြိုင်ဖြစ်နေတဲ့ ၀န်ထမ်းနှ်စ်ဦးဖြစ်နေတယ်ဆိုရင် သူတို့ရဲ့ အားနည်းချက်နဲ့အားသာချက်တွေ ကို သိသိသာသာ ပေါ်လွင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပုံစံမျိုးတွေကိုလည်း အလုပ်ရှင်တွေက မေးတတ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ အလုပ်ရှင်တွေအနေနဲ့ ဘယ်လိုမေးခွန်းမျိုးတွေကို မေးတတ်သလဲဆိုတာကို ကိုယ်ကသေချာလေ့လာထားမယ်ဆိုရ င်တော့
အင်တာဗျူးအခက်အခဲကို ကျော်လွှားနိုင်မှာဖြစ်ပြီး ကိုယ့်မှာရှိတဲ့ အစွမ်းအစ၊
အရည်အချင်းတွေကိုလည်း သေသေချာချာ ထုတ်ဖော်ပြသနိုင်မှာဖြစ်ပါတ ယ်။ ဒါကြောင့် အလုပ်အင်တာဗျူးဝင်တော့မယ်ဆိုရင် အထက်ပါမေးခွန်းအမျိုးအစားတွေကို သေချာလေ့လာပြီး ကိုယ်ဟာ ဘယ်လိုမေးခွန်းမျိုးမှာ အားနည်းတယ်/ အားသာတယ်ဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။ အဲဒီလို ဆန်းစစ်နိုင်ပြီး သေချာပြင်ဆင်သွားမယ်ဆိုရင်ေ တာ့ အင်တာဗျူးအခက်အခဲကို ကျော်လွှားအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ညီငယ်/ ညီမငယ်များအားလုံး... လုပ်ငန်းခွင်အင်တာဗျူးကို အခက်အခဲမရှိဘဲ အောင်မြင်ကျော်လွှားနိုင်ပါေ စ။
ခင်မင်စွာဖြင့်
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၁၄.၅.၂၀၁၆
Ref: 4 Types of Questions to Expect at a Job Interview by Arnie Fertig
မှတ်ချက်။ ။ "စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်းပါးများ ဖတ်ရှုလိုပါက ယခုပေ့ခ်ျကို LIKE လုပ်ထားပါရန်...။"
ညီငယ်/
(၁) Straightforward questions
ဒီမေးခွန်းတွေကို အလုပ်ရှင်တွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာ မေးလေ့မေးထရှိသလဲဆိုရင် သူတို့ဝန်ထမ်းဖြစ်လာမယ့်သူရ
(၂) Behavioral questions
အလုပ်ရှင်တွေဟာ သူတို့ဝန်ထမ်းတွေရဲ့ အနေအထိုင်၊ အပြုအမူကို သိချင်တဲ့အခါမှာ ဒီလိုမေးခွန်းမျိုးတွေကို မေးလေ့ရှိပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူဟာ သူရဲ့စရိုက်လက္ခဏာတစ်ခုဖြစ်တ
(၃) Situational questions
ဒီမေးခွန်းတွေဟာလည်း Behavioral questions နဲ့ ခပ်ဆင်ဆင်ပါပဲ။ အလုပ်ရှင်တွေဟာ သူတို့ဝန်ထမ်းဖြစ်လာမယ့်သူဟ
(၄) Brainteasers or skill tests
ဒီလိုမေးခွန်းမျိုးတွေကိုတေ
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ အလုပ်ရှင်တွေအနေနဲ့ ဘယ်လိုမေးခွန်းမျိုးတွေကို မေးတတ်သလဲဆိုတာကို ကိုယ်ကသေချာလေ့လာထားမယ်ဆိုရ
ခင်မင်စွာဖြင့်
လျှံဇွဲကို(စီးပွားရေးတက္ကသု
၁၄.၅.၂၀၁၆
Ref: 4 Types of Questions to Expect at a Job Interview by Arnie Fertig
မှတ်ချက်။ ။ "စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်းပါးများ ဖတ်ရှုလိုပါက ယခုပေ့ခ်ျကို LIKE လုပ်ထားပါရန်...။"
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။