Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 1, 2016

သမန်းကျား

@@@ သမန်းကျား @@@

လူ ကနေ ကျားဖြစ် တဲ့ အကြောင်းကို လူတော်တော်များများ ကြားဖူးကြပါတယ်။ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ဒါကြောင့် ဘယ်သူတွေက ဘယ်နေရာ မှာ ဒီလိုဖြစ်ကြသလဲ ဆိုတာ အနည်းငယ်လေ့လာကြည့်ရအောင်။

စစ်ကိုင်းတိုင်း ရှမ်းနီဒေသ ချင်းတွင်းမြစ်ရိုးမှာ တည်ရှိတဲ့ ကျွန်တော်တို့ရဲ့ ရှမ်းနီမျိုးနွယ် ဖြစ်တဲ့ ထမန်းလူမျိုးများတည်ထောင်ခဲ့တဲ့ ထမံသီ ဆိုတဲ့ ရွာ လေးတစ်ရွာ ရှိပါတယ်။ ထိုရွာမှာ ထူးရှားသော ဝိသေသ ဖြစ်တဲ့ လူ ကနေ ကျား ဖြစ်တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ယနေ့အချိန်ထိ ထိုယုံကြည်မှုဟာ ထိုဒေသ ထိုနယ်မြေမှာ စွဲမှတ်ယူနေကြစဲပါ။

အထူးသဖြင့် သမန်းကျားကိုတော့ လူတွေက ပိုပြီးသိကြပါသည်။ သမန်းကျားနဲ့ပတ်သက်ပြီး ပြောဆိုယူဆနေတာ ဖတ်ဖူး ကြားဖူးတာက သမန်းကျားဆိုတာ လူ့ဝိညာဉ်က ကျားကိုပူးကပ်ပြီး သားကောင်းတွေကို ကိုက်ခဲသတ်ဖြတ်တဲ့ ကျားကို ခေါ်ခြင်းဖြစ်သည်။ ထိုသမန်းကျား ပူးဝင်နေသူဟာ အိပ်ရာထဲတွင် အိပ်နေသကဲ့သို့ လဲနေလေ၏။ ထိုသို့အိပ်နေရာမှ နှိုးထလာသည့်အခါ ကျားအဖြစ်ဝင်ပူးခဲ့သည့်အခါက ကိုက်ဖြတ်သတ်ပုတ်ထားသော သားကောင်းများ၏ နေရာကိုလည် ပြန်ပြောပြနိုင်၏ ။

လူသား အဖြစ်မှ ကျား အဖြစ်သို့ ပြောင်းလိုသည့်အခါ ကျားဖြစ်မည့်သူ နှင့် အတူ အဖော်တစ်ဦးလည်း လိုအပ်ပါသည်။ ထိုအဖော်နှင့်အတူ ကျား အဖြစ်ပြောင်းမည့်နေရာသို့ သွားရောက်ရသည်။ အထူးသဖြင့် လူတို့နှင့်မနီးစပ်ရာ တောထဲသို့သွားရောက်ကာ ကျားအဖြစ်ပြောင်းမည့်သူက ဝတ်ထားသည့်အဝတ်အစားမျာအားလုံးကို ချွတ်ပြီး ပါလာသည့်အဖော်အား ပေးထားရပါသည်။ ထို့နောက်အဖော်ဖြစ်သူ မှ အဝတ်အစားများယူကာ လုံခြုံမှုရှိသော အန္တရာယ်ကင်းသော သစ်ပင်အမြင့်ပေါ်သို့ တက်နေရပါသည်။ ထိုသို့တက်ရခြင်းသည် လူ မှ သမန်းကျားဖြစ်သောအခါ မိမိအဖော်အား အန္တရာယ်မဖြစ်စေရန်ဖြစ်၏။

ထို့နောက် ကျားဖြစ်မည့်သူက ကျားစိတ် ကျားမာန်များ ဝင်လာရန် အစီအအမံများကို တဆင့်ချင်းပြုလုပ်ကာ နောက်ဆုံး ကျွမ်း ၃ ခေါက်ထိုးကာ ကျားအဖြစ်သို့ရောက်ရှိသွားပြီး တောကောင်လိုက်ရန် တော အတွင်းသို့ ချီးနှင်းဝင်ရောက်တော့၏။

တောအတွင်းသို့ဝင်ရောက်လာပြီးနောက် သွက်လက်ဖျက်လတ်သော ရဲရင့်စွမ်းအားပြည့်ဝသော ကျားတစ်ကောင်ကဲ့သို့ သားကောင်များအား ဖမ်းဆီးကိုက်ဖြတ်တော့သည်။ သားကောင်များရရှိလာပြီးနောက် အဖော်ရှိရာသို့ပြန်လာ၏ ထိုအခါ အဖော်က ကျားဘဝ မှ လူသားအဖြစ်သို့ ပြန်ဖြစ်လာရန် သူ၏ အဝတ်အစားများအား ပြသ ပေးရပါသည်။ အဝတ်အစားကို မြင်မှ တဖြည်းဖြည်း သတိရလာပြီး လူစိတ်ပြန်ဝင်ကာ လူသားဘဝ ပြန်ဖြစ်လာလေသည်။

ထိုအခါ မှ အဖော်ဖြစ်သူက အဝတ်အစားများပေပြီး သားကောင်းများ ယူဆောင်ကာ ရွာအတွင်းသို့ အတူဝင်ကြလေ၏။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်လောက်က ထမံသီ မှာ နောက်ဆုံးကျားမျိုးဆက်ဖြစ်တဲ့ ဒေါ် မင်းရေး ဆိုတဲ့ အမျိုးသမီးတစ်ဦးရှိခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ တစ်ရွာလုံးက ထိုအမျိုးသမီးကို ကျားမျိုးနွယ်လို့ အသိအမှတ်ပြုခဲ့ကြတယ်။ ယနေ့အချိန်ထိတော့ ထိုမျိုးဆက် ရှိသေးလား မရှိတော့ဘူးလာဆိုတာတော့ ပြန်ပြီးစုံစမ်းဖော်ထုတ်သင့်ပါတယ်။

တိုးတက်လာတဲ့ သိပ္ပံပညာရှု့ထောင့်အရ မနုဿဗေဒညာရှင်တို့က ထိုဖြစ်စဉ်အကြောင်းများသည် ယုံကြည်စွဲလမ်းမှု တိုတမ်ဝါဒ အရ ယုံကြည်ချက်တစ်ရပ်ဖြစ်သည်ဟု ဆိုခဲ့ကြ၏။ ယနေ့ထိလည်း ထိုဝါဒ သည် ကမ္ဘာ့နေရာ အများအပြားတွင် ရှိနေသေးသည်။ အချို့ သုတေတီများက ထိုဝါဒ သည် ရှေးအကျဆုံးဘာသာရေး အဖြစ်လည်း သတ်မှတ်ကြသည်။

ပညာရှင် ဝီလျံဟောင်းဝဲလ် က

''တိုတမ်ဝါဒ သည် ဘာသာရေးမဟုတ်ဟုဆိုထားသည်။ သစ်ပင် ( ဝါ ) တိရစ္ဆာန် တစ်မျိုးမျိုး နှင့် ပတ်သက်သည့် စွဲလမ်းမှု ယုံကြည်မှု အလေးထားမှု လေးစားတန်ဖိုးထား မြတ်နှိုးမှုတို့ကြောင့် ဖြစ်ပေါ်လာရသည့်စိတ်ကူးယဉ် တွေးခေါ်မှု တစ်ခုသာဖြစ်သည် '' ဟု ဖွင့်ဆိုးထားသည်။

၁၉၀၈ ခုနှစ်က စစ်ကိုင်းတိုင်း ချင်းတွင်းဒေသတွင် ခရိုင်ဝင်ဖြစ်ခဲ့သူ မစ္စတာ ဂရန့်ဘရောင်း၏ စာအုပ်မှတ်တမ်းတွင် ထမန်လူမျိုးတို့သည် လူစင်စစ် မှ ကျားအဖြစ်သို့ပြောင်းလဲနိုင်ပြီး မိမိပိုင် ပစ္စည်းများကို ခိုးယူသူတို့အား ဒုက္ခပေး လက်စားချေလေ့ရှိသည်ဟု ဆိုထား၏။ ( ရှမ်းနီလူပျိုတွေ ထမန်သူဆို သတိတော့ထားပေါ့ smile emoticon smile emoticon )

မည်သို့ဆိုစေ မိမိရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ ယုံကြည်ချက်များအား သိရှိနိုင်ကြစေရန် ရှမ်းနီဒေသ ထမံသီရွာ မှ သမန်းကျား အကြောင်းကို ဤ မျှ နှင့်သာ . . . . ။

( စိုင်းမောင်မောင်အောင် April .26. 2016 )

# photo > ဆားအိပ်

# ရှမ်းနီဒေသ မှ ရှမ်းနီသမီးပျို

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။