"ကြောက်စရာ ဇီကာဗိုင်းရပ်စ် စင်္ကာပူရောက်နေပြီ"
စင်္ကာပူနိုင်ငံရဲ့  ပထမဆုံး ဇီကာဗိုင်းရပ်ကို အသက် ၄၈ နှစ်အရွယ် စင်္ကာပူနိုင်ငံတွင် အမြဲနေထိုင်ခွင့်ရထားသူ (PR) အမျိုးသားတစ်ဦးထံမှ တွေ့ရှိခဲ့ကြောင်း စင်္ကာပူနိုင်ငံအစိုးရက ယမန်နေ့ ၁၃/၀၅/ ၂၀၁၆ သောကြာနေ့တွင် တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ် ။ အဆိုပါ လူနာဟာ ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုမြို့ သို့ မတ်လ ၂၇ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ တစ်လကျော်ကြာ သွားရောက် လည်ပတ်ခဲ့တယ်လို့ဆိုပါတယ်။
လူနာဟာ လွန်ခဲ့သော အင်္ဂါနေ့ကတည်းက အဖျားကြီးလာပြီး အဖုအပိမ့်တွေ စထွက်လာခဲ့တယ်။ ကြာသပတေးနေ့မှာ လူနာကို Mount Elizabeth Novena ဆေးရုံသို့ တင်ခဲ့ရပြီး ဆေးရုံရဲ့ သီးခြားထားတဲ့အခန်းထဲမှာ ထားခဲ့ပြီးနောက် ဆရာဝန်တွေက စောင့်ကြည့်ခဲ့ကြတယ်။ မနေ့က သောကြာနေ့မှာတော့ အဆိုပါလူနာမှာ ဇီကာဗိုင်းရပ် ရှိနေပြီဆိုတာ အတည်ပြုခဲ့ကြပြီး စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် အမျိုးသားသဘာဝပတ်ဝန်းကျင်ထိ န်းသိမ်းရေးအေဂျင်စီက
သတင်းထုတ်ပြန်ခဲ့ကြတယ်။ အဲဒီနောက် လူနာကို Mount Elizabeth Novena
ဆေးရုံမှ Tan Tock Seng ဆေးရုံ ရှိ ကူးစက်ပျံ့နှံ့တတ်သော
ရောဂါများကုသရေးစင်တာ သီးသန့်ခန်းထဲသို့ ပြောင်းရွှေ့ ထားလိုက်ကြတယ်။
အဲဒီလိုထားလိုက်ခြင်းအားဖြင့် လူနာကို ခြင်ကိုက်ခံရမှု အန္တရာယ်မှ ကင်းဝေးစေပြီး ပတ်ဝန်းကျင်ကိုလည်း ဇီကာ ဗိုင်းရပ်မပျံ့နှံ့နိုင်အော င်ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ လူနာရဲ့  ကျန်းမာရေးဟာ တိုးတက်ကောင်းမွန်နေပြီး
ဇီကာဗိုင်းရပ် လုံးဝ ကင်းစင်မှ ဆေးရုံမှ ဆင်းခွင့်ပြုမယ်လို့ သိရပါတယ်။
လူနာရဲ့  မိသားစုဝင်တွေကိုလည်း ဇီကာဗိုင်းရပ် ရှိမရှိ စစ်ဆေးခဲ့ပြီး
ယခုအချိန်ထိတော့ ထူးခြားမှု မရှိသေးဘူးလို့ စင်္ကာပူအခြေစိုက် သတင်းတွေထဲမှာ
ဖော်ပြထားပါတယ်။
ရွှေမြန်မာတိုင်း သတိရှိစေချင်ပါသည်။
................
၃၁-၁-၂ဝ၁၆ ရက်စွဲဖြင့် ဒေါက်တာလွမ်းဆွေ ရေးသားခဲ့သော "Zika virus ဇီကာဗိုင်းရပ်စ်" အကြောင်းကို အောက်တွင် ဗဟုသုတရဖွယ် အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
တောင်အမေရိကတိုက်နဲ့ ကရစ်ဘီယန်ဒေသမှာ ကူးစက်နေတဲ့ ဇီကာဗိုင်းရပ်စ် ကိုယ်ဝန်ဆောင်မိခင်ကို ကူးစက်ခံရရင် Microcephaly ဦးနှောက်သေးတဲ့ကလေးမျိုးမွေးလာစေနိုင်တယ်။ ကလေးကခေါင်းသေးနေမယ်။ အသက်တိုမယ် ရှင်နေသလောက်လည်း အဆင့်မမီပါ။
ကူးစက်ခံရရင် ကိုယ်ပူမယ်။ မျက်စိနာမယ်။ ခေါင်းကိုက်မယ်။ အဆစ်တွေနာမယ်။ အရေပြားမှာ အနီပြင်ထွက်မယ်။ ရှားတဲ့ Guillain-Barre ဆင်ဒရုမ်းဖြစ်ရင် ယာယီလေဖြတ်သလိုနေမယ်။ ကာကွယ်ဆေးမပေါ်သေး။ ပျောက်အောင် ကုသပေးနိုင်တဲ့ဆေး မပေါ်သေးပါ။ နားနေခိုင်းပြီး အရည်များများသောက်ဘို့သာတတ် နိုင်သေးတယ်။
ဇီကာဗိုင်းရပ်စ်ကို ၁၉၄၇ တကည်းက အာဖရိကတိုက်၊ ယူဂန်ဒါမှာ စတွေ့တာဖြစ်ပါတယ်။ လူ ၂ ယောက်သာတွေ့ခဲ့တယ်။ နိုက်ဂျီးရီးယားမှာ ၁၉၅၄ မှာတွေ့လာတယ်။ ဒိနောက် အရှေ့တောင်အာရှနဲ့ ပစိဖိတ်ကျွန်းတွေဆီအထိရောက် လာခဲ့ပြီး အခုမှသာ လက်တင်အမေရိကကိုရောက်လာတယ်။
ကူးစက်မှုကို Aedes aegypti ခြင်ကနေတဆင့်ဖြစ်တယ်။ ဒီခြင်က ရေသန့်-ရေသေမှာနေတယ်။ အဝါရောင်အဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးကိုလည်း ကူးစက်စေတယ်။
အဲလို ဦးနှောက်သေးတဲ့ကလေးမျိုးမွေးတာနဲ့ ဗိုင်းရပ်စ်ဆက်စပ်မှုကိုတော့
တိတိကျကျမပြောနိုင်သေးပါ။ ဖြစ်နိုင်ခြေ ပိုများတယ်လို့တော့သိတယ်။
ဘရာဇီးလ်မှာ ၂ဝဝ၄ တုံးက ကူးစက်ခံထားရသူ ၁၅ဝ သာရှိခဲ့ရာကနေ ၂ဝ၁၅ ခုနှစ်
အောက်တိုဘာလအထိ ၃၅ဝဝ ရှိလာတယ်။ အဲဒီဒေသတခုလုံးမှာ
အရေးပေါ်အခြေအနေဖြစ်နေပါတယ်။
၁၉၇၇-၇၈ တုံးက ပါကစ္စတန်၊ အင်ဒိုနီးရှားနဲ့ မလေးရှားမှာဖြစ်ခဲ့တယ်။
မြန်မာပြည်မှာ အခုထိကူးစက်လာမှုမရှိသေးပါ။ ဖြစ်နေတဲ့နေရာတွေဆီ မသွားရ။
ခြင်ကိုက်မခံရ။ ခြင်နှိမ်နင်းပါ။
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/ SaloneCollection
စင်္ကာပူနိုင်ငံရဲ့  ပထမဆုံး ဇီကာဗိုင်းရပ်ကို အသက် ၄၈ နှစ်အရွယ် စင်္ကာပူနိုင်ငံတွင် အမြဲနေထိုင်ခွင့်ရထားသူ (PR) အမျိုးသားတစ်ဦးထံမှ တွေ့ရှိခဲ့ကြောင်း စင်္ကာပူနိုင်ငံအစိုးရက ယမန်နေ့ ၁၃/၀၅/
လူနာဟာ လွန်ခဲ့သော အင်္ဂါနေ့ကတည်းက အဖျားကြီးလာပြီး အဖုအပိမ့်တွေ စထွက်လာခဲ့တယ်။ ကြာသပတေးနေ့မှာ လူနာကို Mount Elizabeth Novena ဆေးရုံသို့ တင်ခဲ့ရပြီး ဆေးရုံရဲ့ သီးခြားထားတဲ့အခန်းထဲမှာ ထားခဲ့ပြီးနောက် ဆရာဝန်တွေက စောင့်ကြည့်ခဲ့ကြတယ်။ မနေ့က သောကြာနေ့မှာတော့ အဆိုပါလူနာမှာ ဇီကာဗိုင်းရပ် ရှိနေပြီဆိုတာ အတည်ပြုခဲ့ကြပြီး စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် အမျိုးသားသဘာဝပတ်ဝန်းကျင်ထိ
ရွှေမြန်မာတိုင်း သတိရှိစေချင်ပါသည်။
................
၃၁-၁-၂ဝ၁၆ ရက်စွဲဖြင့် ဒေါက်တာလွမ်းဆွေ ရေးသားခဲ့သော "Zika virus ဇီကာဗိုင်းရပ်စ်" အကြောင်းကို အောက်တွင် ဗဟုသုတရဖွယ် အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
တောင်အမေရိကတိုက်နဲ့ ကရစ်ဘီယန်ဒေသမှာ ကူးစက်နေတဲ့ ဇီကာဗိုင်းရပ်စ် ကိုယ်ဝန်ဆောင်မိခင်ကို ကူးစက်ခံရရင် Microcephaly ဦးနှောက်သေးတဲ့ကလေးမျိုးမေ
ကူးစက်ခံရရင် ကိုယ်ပူမယ်။ မျက်စိနာမယ်။ ခေါင်းကိုက်မယ်။ အဆစ်တွေနာမယ်။ အရေပြားမှာ အနီပြင်ထွက်မယ်။ ရှားတဲ့ Guillain-Barre ဆင်ဒရုမ်းဖြစ်ရင် ယာယီလေဖြတ်သလိုနေမယ်။ ကာကွယ်ဆေးမပေါ်သေး။ ပျောက်အောင် ကုသပေးနိုင်တဲ့ဆေး မပေါ်သေးပါ။ နားနေခိုင်းပြီး အရည်များများသောက်ဘို့သာတတ်
ဇီကာဗိုင်းရပ်စ်ကို ၁၉၄၇ တကည်းက အာဖရိကတိုက်၊ ယူဂန်ဒါမှာ စတွေ့တာဖြစ်ပါတယ်။ လူ ၂ ယောက်သာတွေ့ခဲ့တယ်။ နိုက်ဂျီးရီးယားမှာ ၁၉၅၄ မှာတွေ့လာတယ်။ ဒိနောက် အရှေ့တောင်အာရှနဲ့ ပစိဖိတ်ကျွန်းတွေဆီအထိရောက်
ကူးစက်မှုကို Aedes aegypti ခြင်ကနေတဆင့်ဖြစ်တယ်။ ဒီခြင်က ရေသန့်-ရေသေမှာနေတယ်။ အဝါရောင်အဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးကိုလည်း ကူးစက်စေတယ်။
အဲလို ဦးနှောက်သေးတဲ့ကလေးမျိုးမေ
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။