တရုတ်အာဏာပိုင်တွေကတော့ အမိန့်တွေထုတ်လိုက်ရင် အဆန်းကြီးပဲ။ အွန်လိုင်းပေါ်ကို ငှက်ပျောသီး စုပ်နေတဲ့ ပုံတွေတင်ရင် အရေးယူမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။
ငှက်ပျောသီးကို ဟိုလိုလို သည်လိုလိုဖြစ်အောင် ပါးစပ်နဲ့ ဖီလင်ခံပြီး စုပ်နေတဲ့ ပုံတွေတင်ရင် အရေးယူမှာ ဖြစ်လို့ သတိထားကြပေတော့လို့ နိုင်ငံတော်မီဒီယာတွေကနေ သတိပေးထားပါတယ်။ ငှက်ပျောသီးကို ဖီလင်ခံတာဟာ ကာမရာဂစိတ်တွေ နိုးကြွလာအောင် လုပ်သလိုဖြစ်နေလို့ တရုတ်အာဏာပိုင်တွေက မျက်စိ နောက်ပြီး ဒီအမိန့်ကို ထုတ်လိုက်ပုံရပါတယ်။
ဧပြီလကတည်းက တရုတ်ယဉ်ကျေးမှုဝန်ကြီးက အွန်လိုင်းပေါ်မှာ Website တွေဟာ လူမှုရေးကျင့်ဝတ်ကို ဖောက်ဖျက်တဲ့ ပုံတွေတင်နေကြတယ်။ ကိုယ့် Website နာမည်ကြီးအောင် ဒီလိုလုပ်စရာလားလို့ ဒေါသ ထွက်သွားတယ်။
ဝန်ကြီးပြောမှာပဲ ပိုဆိုးသွားတယ်။ ကောင်မလေးတွေ ငှက်ပျောသီးတွေကို ဖီလင်လာနေတဲ့ပုံတွေ အများကြီး တက်လာပြီး နာမည်ကျော်တဲ့သူတွေ ကျော်သွားကြတယ်။
တရုတ်နိုင်ငံမှာ အင်တာနက်အသုံးပြုသူ ၂၆ ရာခိုင်နှုန်းလောက်ဟာ အသက် ၁၈ နှစ်အောက် ကောင်လေးတွေ များတယ်။ လူငယ်တွေဆိုတာကလည်း မလုပ်နဲ့ပြောရင် အထွန့်တက်ချင်တာဆိုတော့ ပြောသာပြောရတယ် အရေးယူတာတွေ လုပ်မပြမချင်း ငှက်ပျောသီးစုပ်တဲ့ပုံတွေကတော့ တက်လာနေဦးမှာပဲ။
ကောင်မလေးတွေကလည်း ဘယ်လောက်အထိ လှောင်သလဲဆိုရင် ငှက်ပျောသီး မစုပ်နဲ့ဆိုရင် သခွားသီး ပြောင်းစုပ်မယ်တဲ့။ သခွားသီးကပိုကြီးတော့ ခိ … ခိ … တဲ့။
တရုတ်သမ္မတ ရှီကျင့်ဖျင်လက်ထက်မှာ အင်တာနက်ကိုတော့ အလွတ်သိပ်မပေးပါဘူး။ တားမြစ်တာတွေ ချုပ်နှောင်တာတွေ အတော်လေးလုပ်ပါတယ်။ သတင်း Website တွေဆိုရင် ပိတ်ထားတာများတယ်။ News York Times ဆိုရင် တရုတ်မှာကြည့်လို့မရအောင် လုပ်ထားတယ်။ ဆိုရှယ်မီဒီယာတွေမှာလည်း အစိုးရကို ဝေဖန်တဲ့ကောင်တွေဆိုရင် အပိတ်ခံရတာများတယ်။ ဒီကြားထဲက လူငယ်တွေ သူတို့နည်း သူတို့ဟန်နဲ့ ရသလောက်တော့ ပုန်ကန်နေကြတာတွေ့ရတယ်။
၈.၅.၂၀၁၆
http://www.maukkha.org
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။