Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 10, 2016

Terminator မင်းသားကြီး အာနိုး (Arnold Schwarzenegger) ပြောကြားသော အောင်မြင်မှု ရရှိစေသည့်နည်းလမ်း ၆ ခု

Terminator မင်းသားကြီး အာနိုး (Arnold Schwarzenegger) ပြောကြားသော အောင်မြင်မှု ရရှိစေသည့်နည်းလမ်း ၆ ခု
---------------------

"6 Rules to Success"

ကျွန်တော့်ကို လူတွေကမေးကြတယ် … အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်တွေက ဘာလဲတဲ့ …

၁။ The 1st Rule is "Trust Yourself"
-------------------------------
ဒီနေရာမှာ ပိုအရေးကြီးတာက ကိုယ့်ကိုယ့်ကိုယ် နက်နက်ရှိုင်းရှိုင်းမေးဖို့လိုတယ်၊ သင်ဘယ်လိုလူမျိုးဖြစ်ချင်တာလဲ၊ သင်ဘာဖြစ်ချင်တာလဲ မဟုတ်ဘူး၊ သင်ဘယ်လိုလူမျိုးဖြစ်ချင်တာလဲ၊ သင့်မိဘတွေ ဆရာမတွေက သင့်ကိုဖြစ်စေချင်တဲ့ဟာမဟုတ်ဘူး၊ သင်ဖြစ်ချင်တာကို ပြောတာ၊ ကိုယ့်ကိုယ်ကိုယ်သေချာလေ့လာဆန်းစစ်ကြည့်၊ သင်ဘာအလုပ်လုပ်ရင် ပျော်လဲ၊ အဲဒီအလုပ်က အခြားသူတွေအတွက် ရူးသွပ်မှုဖြစ်ရင် ဖြစ်နေမယ်၊ အဲဒါကြောင့် Rule Number 1 က အခြား ဘယ်သူတွေ ဘယ်လိုပဲထင်ချင်ပါစေ သင့်ကိုယ်သင် ယုံကြည်ပါ။

၂။ Rule Number 2 is "Break The Rules"
--------------------------------------
ဘ၀မှာ ထုံးတမ်းစဉ်လာတွေ နေရာတကာမှာ တော်တော်များတယ်၊ အဲဒါတွေကို ချိုးဖျက်ပါ၊ ဥပဒေကို ချိုးဖောက်ခိုင်းတာ မဟုတ်ပါ၊

အကယ်၍ သင်သာ အရမ်းကို လုပ်ရိုးလုပ်စဉ်တွေအတိုင်း ပြုမူနေထိုင်ပြီး ထုံးတမ်းစဉ်လာတွေကို ချိုးဖောက်ချင်သူမဟုတ်ရင် တမူထူးခြားပြီး ကိုယ်ဖြစ်ချင်တာ အစစ်အမှန်ဖြစ်တဲ့သူ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ကျွန်တော်ယုံကြည်တာ သင့်အနေနဲ့ ဖောက်ထွက်ပြီး စဉ်းစားဖို့လိုပါတယ်၊ ဒါ့အပြင် ဒီကမ္ဘာပေါ်မှာ လူဖြစ်လာရတဲ့ အဓိကအချက်က လူတိုင်းနှစ်သက်တာခံပြီး ဘာစွန့်စားမှုမှ မယူဖို့လား၊ ကျွန်တော်တစ်ခုခုကို ရအောင်လုပ်နိုင်ခဲ့တဲ့တစ်ခုတည်းသော နည်းလမ်းက အချို့သော ထုံးတမ်းစဉ်လာတွေကို ချိုးဖျက်ပစ်ဖို့ပါပဲ။

၃။ Rule Number 3 is "Don't Be Afraid To Fail".
--------------------------------------------
ကျွန်တော် ဘာကိုပဲလုပ်လုပ် ရှုံးနိမ့်မှုတွေကို လက်ခံတယ်၊ သင်အမြဲတမ်း မနိုင်နိုင်ဘူး၊ ပြီးတော့ ဆုံးဖြတ်ချက်တွေကိုချဖို့ မကြောက်ပါနဲ့၊ ရှုံးမှာ ကြောက်တဲ့စိတ်နဲ့ သွက်ချာပါဒလိုက်ပြီး နေလို့မရဘူး၊ သင့်ကိုယ်သင်လုံးဝ အားမစိုက်ခိုင်းပဲ နေမလား။ သင့်ကိုယ်သင်နဲ့ သင့်ရဲ့ ရည်မှန်းချက်ကို တကယ်ယုံကြည်ပြီဆိုရင် သင့်ကိုယ်သင် လုံလုံလောက်လောက် Push လုပ်လာလိမ့်မယ်၊ ပြီးတော့ ဒါက တကယ်လုပ်ကို လုပ်ရမယ့်အလုပ်ဆိုတာ သင်သိလာတဲ့ နောက်မှာလည်း အောင်မြင်မှုက လိုက်လာလိမ့်မယ်၊ အဲဒါကြောင့် ရှုံးနိမ့်မှာကို လုံးဝမကြောက်ပါနဲ့။

၎။ Rule Number 4 is "Don't Listen To The Naysayers"
--------------------------------------------------
အဆိုးမြင်သမားတွေရဲ့ စကားကို နားမထောင်ပါနဲ့။ အခြားလူတွေက သင်ဒါကိုမလုပ်နိုင်ဘူး ဟိုဟာကို မလုပ်နိုင်ဘူး၊ ဒါကို ဘယ်သူမှ မလုပ်ဖူးဘူးလို့ ပြောတဲ့စကားတွေ ဘယ်လောက်များများ သင်ကြားဖူးလဲ၊ တစ်ယောက်ယောက်က ကျွန်တော့်ကို ဒါကိုဘယ်သူမှမလုပ်ဖူးဘူးလို့ပြောရင် ကျွန်တော် အရမ်းကြိုက်တယ်၊ ဘာလို့လဲဆိုတော့ အကယ်၍ ကျွန်တော်ဒါကို ဖြစ်အောင်လုပ်နိုင်ရင် ပထမဆုံးဖြစ်မြောက်အောင်လုပ်နိုင်သူ ဖြစ်လို့ပါပဲ။ အဲဒါကြောင့် ကိုယ့်ကို မဖြစ်နိုင်ဘူးပြောလာတဲ့သူတွေကို လုံးဝဂရုမစိုက်ပါနဲ့။ ကျွန်တော်အမြဲတမ်းကိုယ့်ကိုယ်ကိုယ်ပဲ နားထောင်ပြီးတော့ ပြောတယ် "Yes, I Can".

၅။ Rule Number 5 is "Work Your Butt Off"
--------------------------------------
ဒီ Rule က အရေးကြီးဆုံးပါ၊ အဲဒါကတော့ အလုပ်ကို ကျားကုတ်ကျားခဲ အားစိုက်ပြီးလုပ်ပါ၊ ဖြစ်နိုင်ခြေရှိတဲ့နည်းအားလုံးကို စဉ်းစားပြီး အသုံးချပါ၊ ကျွန်တော့်ရဲ့ ဟီးရိုးတွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၇၀ ကျော်တန်းရှိနေပြီဖြစ်တဲ့ မိုဟာမက်အလီကို မေးကြတယ်၊ တစ်ရက်ကို ထိုင်ထဘယ်နှစ်ကြိမ်လုပ်လဲလို့၊ သူကဖြေတယ်၊ သူထိုင်ထဘယ်နှစ်ကြိမ်လုပ်လဲ မရေထားဘူး၊ စပြီးနာလာတဲ့အချိန်မှသာ စပြီးရေတွက်တယ်၊ နာကျင်တဲ့ဝေဒနာစရှိလာပြီဆိုရင် အဲဒါကျွန်တော်စရေတွက်တဲ့အချိန်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကမှ တကယ်ရေတွက်ရမယ့်ဟာပဲ၊ အဲဒါကမှ သင့်ကိုချန်ပီယံဖြစ်အောင် လုပ်ပေးရမယ့်အရာပဲ၊ ဒီနည်းလမ်းအတိုင်း နေရာတိုင်းမှာ အသုံးပြုရမယ်။ "NO PAIN, NO GAIN"

သင့်ကို ပြောမယ်၊ ဘ၀မှာ ပျော်ရွှင်မှုတွေကို လုပ်ဖို့အရေးကြီးတယ်၊ ဒါမှန်တယ်၊ ပြီးတော့ သင်အပြင်မှာ ပါတီတက်နေတဲ့အချိန် လျှောက်လည်နေတဲ့ တစ်ချိန်တည်းမှာ တစ်ယောက်ယောက်က ပြင်းပြင်းထန်ထန်ကြိုးစားနေတယ်၊ တစ်ယောက်ယောက်က ပိုပြီးတိုးတက်လာနေတယ်၊ တစ်ယောက်ယောက်က အောင်မြင်မှုတွေ ရနေတယ်၊ အဲဒါကို သတိရပါ၊ ပြီးတော့ သင်တကယ်ကို အောင်မြင်ချင်တယ်ဆိုရင် အခြားနည်းလုံးဝကိုမရှိပါဘူး၊ Hard, Hard Work. သင်သာတကယ်မလုပ်ဖူးဆိုရင် ကျွန်တော်ပြောတဲ့ အောင်မြင်မှုရစေမယ့်နည်းတွေက အသုံးဝင်မှာမဟုတ်ပါဘူး။ ကျွန်တော်အမြဲစဉ်းစားတယ်၊ တစ်ရက်မှာ ၂၄ နာရီရှိတယ်၊ ၆ နာရီ အိပ်မယ်၊ ၁၈ နာရီကျန်မယ်၊ ကျွန်တော်သိတယ်၊ တစ်ချို့တွေကပြောမယ်၊ ခဏလေးနေပါဦး ကျွန်တော်တစ်ရက်ကို ၈ နာရီ ၉ နာရီ အိပ်တယ်ဆိုပြီးတော့၊ ကောင်းပြီ ဒါဆိုရင် မြန်မြန်အိပ်ပါလို့ အကြံပြုပါတယ်၊ တစ်ခုသတိရရမှာက အောင်မြင်မှုဆီသွားတဲ့လှေကားကို တက်ဖို့ သင်ရဲ့လက်တွေကို အိတ်ကပ်ထဲမှာ ထားလို့မရဘူးဆိုတာပါပဲ၊

၆။ Rule Number 6 is "It's About Giving Back"
------------------------------------------
ဒါကလည်း အရမ်းအရေးကြီးပါတယ်၊ သင်ရဲ့ဘ၀မှာ ဘယ်လိုလမ်းကြောင်းကိုပဲ အသုံးပြုပြု လူ့အဖွဲ့အစည်းကို ပြန်လည်ပေးဆပ်ဖို့ အတွက် အချိန်ကို ရှာကိုရှာမှရမယ်၊ သင့်ရဲ့ လူ့အဖွဲ့အစည်းပတ်ဝန်းကျင်ကို တစ်ခုခုပြန်ပေးပါ၊ သင့်ရဲ့ပြည်နယ်နဲ့ နိုင်ငံကို တစ်ခုခုပြန်ပေးပါ၊ လုပ်စရာရှိတာဆက်လုပ်ပါ၊ လူတွေကို ကူညီပါ၊ အဲဒါက အခြားအရာရာထက် သင့်ကို ပိုပြီး စိတ်ကျေနပ်မှုပေးလိမ့်မယ်၊

Rule ၆ ခု ကို သတိရပါ။

၁။ Trust Yourself (သင့်ကိုယ်သင် ယုံကြည်ပါ)
၂။ Break Some Rules (အချို့ထုံးစံတွေကို ချိုးဖောက်ပါ)
၃။ Don't Be Afraid To Fail (ရှုံးနိမ့်မှာကို မကြောက်ပါနဲ့)
၎။ Ignore The Naysayers ( အဆိုးမြင်သမားတွေကို လျစ်လျူရှုပါ)
၅။ Work Like Hell (အလုပ်ကို အသေအကျေလုပ်ပါ)
၆။ Give Something Back (လူ့အဖွဲ့အစည်းကို တစ်စုံတစ်ခု ပြန်ပေးပါ)

Naing Win Aung (MBA, UK)
Certified NLP Master Coach
Certified NLP Master Practitioner
Certified Trainer
9.1.2016
#KoNaingGyiNotes

ယခု Post တင်သူ၏ Page ဖြစ်ပါတယ် https://www.facebook.com/Naing-Win-Aung-2045373615603917/

(မှတ်ချက်။ ။ ယခု Page သည် အပြုသဘောဆောင်ပြီး တိုးတက်လိုသောလူငယ်များအတွက်သာ ဖြစ်သဖြင့် Comment ရေးရာတွင် ပိုမိုကောင်းမွန်အောင် ဖြည့်စွက် ဆွေးနွေးခြင်း မဟုတ်ပဲ မယဉ်ကျေးသော၊ အပြုသဘော မဆောင်သောအရေးအသားဖြင့် ရေးသူများ ရှိပါက အခြားစာဖတ်သူများ အနှောက်အယှက် မဖြစ်စေရန်အတွက် ထို Comment ကိုဖျက်၍ ရေးသူအား မလွှဲမရှောင်သာ Ban သွားရမည်ဖြစ်ပါကြောင်း ရိုသေလေးစားစွာ ကြိုတင်ပန်ကြားအပ်ပါတယ်။)

Ref: YouTube
Photo: Comicvine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။