Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 12, 2016

စကားဝှက်တို့၏အသက်

 
စကားဝှက်တို့၏အသက်

ဖြိုးဖြိုးတို့ဇနီးမောင်နှံ လက်ထပ်ထားသည်မှာ တစ်လသာရှိပါသေးသည်။ သို့သော် မကြာခဏဆိုသလို လင်မယားရန်ဖြစ်ကာ တကျက်ကျက်စကားများကြ သည်။ လင်မယားတွေကြားမှာ လျှို့ဝှက်ချက်မရှိသင့်ဟုဆိုကာ ဖြိုးဖြိုးက သူ့အမျိုးသားသုံးစွဲနေ သည့် ကွန်ပျူတာ၊ ဂျီမေးလ်၊ ဖေ့စ်ဘွတ်ခ်များကို ဖွင့်ရသည့် Password ခေါ် စကားဝှက်များ ကို တကျည်ကျည်တောင်းနေ သောကြောင့်ဖြစ်ပါသည်။

နောက်ဆုံး နားပူမခံနိုင်သည့်အဆုံး ဖြိုးဖြိုးအမျိုးသားက သူ၏စကားဝှက်တွေအကုန်လုံးကို ဖြိုးဖြိုးကိုပေးလိုက်ပါသည်။ အမျိုးသား၏ စကားဝှက်တွေအကုန်လုံးရပြီးချိန်မှာတော့ ဖြိုးဖြိုးတစ်ယောက် လင်မယားချင်း စကားများရန်ဖြစ်တာထက်ပင် ပိုပြီးထိခိုက်ကြေကွဲသွားရပါ၏။

‘ဘာလို့လဲဆိုတော့ အမျိုးသားရဲ့Password တွေအားလုံးက သူ့ငယ်ရည်းစားရဲ့မွေးသက္က ရာဇ်လေ။ သူ့အသည်းကိုခွဲတာ အဲဒီမိန်းမတဲ့။ အဲဒီတော့ သူက ဒီမိန်းမကိုအခုထိမမေ့နိုင်သေး ဘူးဆိုတဲ့သဘောပေါ့။ ကျွန်မ သိပ်ဝမ်းနည်းရတယ်။ ခါတိုင်းလို ရန်ဖြစ်ဖို့တောင် အင်အားမရှိ တော့ဘူး’

နယူးယောက်တိုင်းမ်သတင်းစာပါဆောင်းပါးရှင်အိုင်ရမ်အာ ဘီနာ၏ လူမျိုးစုံတို့စကားဝှက်များ ကို လေ့လာရေးသားထားသော စကားဝှက်တို့၏လျှို့ဝှက်ချက် ဆောင်းပါးတွင်ဖြိုးဖြိုးအမျိုးသား ကဲ့သို့ပင် လူအတော်များများသည် သူတို့ဘဝ၏နာကျင်စရာ၊ မေ့ပျောက်ရန်ခဲယဉ်းသည့်အဖြစ် အပျက်များနှင့် လျှို့ဝှက်ချက်များ ကို စကားဝှက်ပြုလုပ်လေ့ရှိသည် ဟုဆိုပါသည်။

ကဗျာဆန်ဆန်စာသားတွေ နှင့်ရုပ်တုပန်းချီကားတွေကို လည်းတချို့က စကားဝှက်လုပ်တတ် ကြသည်။ ဗေဒင်တွေ၊ နာမည် ပြောင်တွေ၊ သီချင်းစာသားများ၊ ဝတ္ထုစာသားများနှင့် တစ်ခါတစ်ရံ ခန္ဓာကိုယ်တွင်ထိုးထားသော ဆေးမင်ကြောင်တက်တူးများ ကလည်း ယနေ့ခေတ်လူအတော် များများ၏ စကားဝှက်များဖြစ်ပါ၏။ ဘဏ်များ၊ ကွန်ပျူတာ အရေးကြီးဖိုင်များ၊ ကုမ္ပဏီများ၏ ငွေစာရင်းများ၊ ဘဏ်ကတ်များ အစရှိသည်ဖြင့် ယနေ့ခေတ်က စကားဝှက်ဖြင့်အရာရာကိုထိန်း ချုပ်ထားသည့်ခေတ်ဖြစ်၏။ စကားဝှက်သည် နေ့စဉ်လူမှုဘဝ မှာ အရေးပါလှသည်။

၂၀၀၁ စက်တင်ဘာက အကြမ်းဖက်သမားများ နယူး ယောက်မြို့တော်ရှိ ကမ္ဘာ့ကုန် သွယ်ရေးစင်တာကိုဝင်တိုက်ခဲ့စဉ် က စကားဝှက်များကြောင့် လူ အတော်များများ ဘဝပျက်မတတ် ပြဿနာများတက်ခဲ့ကြဖူးပါ သည်။

ကမ္ဘာ့အကြီးဆုံးငွေကြေး ဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခု ဖြစ်သည့် Cantor Fitzgerald ၏ အမှုဆောင်အရာရှိချုပ် ဟောဝဒ်လူနတ်ခ်ဆိုလျှင် စကား ဝှက်တွေအကြောင်းကို ပြန်ပြောင်းပြောရလေတိုင်း ငိုမိနေဆဲဖြစ် သည်။ ကမ္ဘာ့ကုန်သွယ်ရေးစင် တာကို စက်တင်ဘာ ၁၁ ရက်နေ့ ကတိုက်ခိုက်မှုတွင် သူ၏အစ်ကို အပါအဝင် သူတို့ကုမ္ပဏီက လူ ၆၅၈ ဦးသေဆုံးခဲ့သည်။

ကုန် သွယ်ရေးစင်တာရှိသူတို့ကုမ္ပဏီ ရုံးခန်းလေယာဉ်ပျံဖြင့်တိုက်ခိုက် သည့်သတင်းကိုကြားမိသည်နှင့် မစ္စတာလူနတ်ခ်ခေါင်းထဲချက် ချင်းသတိရလာသည်က ကုမ္ပဏီ ၏အရေးကြီးစကားဝှက်များပင် ဖြစ်သည်။

သူတို့ကုမ္ပဏီ၏ ငွေကြေး ယန္တရားများကို သေဆုံးသွားသော ဝန်ထမ်းများ၏စကားဝှက်တွေနှင့်ချိတ်ဆက်ထားသည်။ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုကြောင့် ထိုလူတွေမှာ စကားဝှက်ပေးချိန်မရဘဲ သေဆုံးခဲ့ပြီ။ ရာနှင့်ချီသောငွေကြေးလုပ်ငန်းများ၏ စကား ဝှက်တွေကို ကျန်ရစ်သူများဘယ် လိုမှမသိနိုင်။ ကုမ္ပဏီအနေဖြင့်လည်း အွန်လိုင်းပေါ်ချက်ချင်းတက်ပြီး ငွေကြေးစာချုပ်ဈေး ကွက်ကို ချက်ချင်းပြန်ဖွင့်ဖို့လိုသည်။ ဘယ်လိုလုပ်ကြမည်နည်း။အကျပ်ရိုက်ကုန်ကြ၏။

ကုန်သွယ်ရေးစင်တာတိုက် ခိုက်ခံရပြီး နာရီပေါင်းများစွာ အကြာမှာတော့ မိုက်ကရိုဆော့ဖ် ကုမ္ပဏီက သူတို့၏အိုင်တီလုံခြုံ ရေးကျွမ်းကျင်သူပညာရှင် ၃၀ ကျော်ကို နယူးဂျာစီပြည်နယ်ရှိ မစ္စတာလူနတ်ခ်တို့၏ Cantor Fitzgerald ၏ ထိန်းချုပ်ရေးဌာန သို့စေလွှတ်ပြီး သေဆုံးသွားသူ များအသုံးပြုနိုင်ဖွယ်ရှိသည့် စကားဝှက်များကို ကြိုးစားဖော် ထုတ်ခဲ့သည်။ မိုက်ကရိုဆော့ဖ်က ပညာရှင်များနှင့်လုနတ်ခ်တို့၏ အချက်နှစ်ခုကိုအခြေခံပြီး ကွယ်လွန်သူများအသုံးပြုခဲ့သည့် စကားဝှက်များကို ဖော်ထုတ်ခဲ့ သည်။ လူအတော်များများသည် စကားဝှက်တစ်ခုကိုပင် နေရာများစွာမှာအသုံးပြုလေ့ရှိကြပြီး စကားဝှက်တွေကလည်း အရမ်းကို ကိုယ်ရေးကိုယ်တာဆန်သည်ဟုဆိုပါသည်။ ထို့ကြောင့် ထိုသူတွေ၏ စကားဝှက်တွေကိုဖော် ထုတ် ရန် အရင်ဆုံး ကိုယ်ရေးကိုယ်တာများကို အရင် အသေးစိတ်လေ့ လာရသည်ဟုဆိုပါသည်။ ထို့ပြင်ကွယ်လွန်သူများ ၏မိဘ၊ ဇနီး၊ခင်ပွန်းတွေကိုလည်း ဖျောင်းဖျ မေးမြန်းယူခဲ့ရသည်ဟုဆိုသည်။

‘ခင်ဗျားတို့မင်္ဂလာဆောင် နှစ်ပတ်လည်က ဘယ်နှခုနှစ်လဲ။ သူက တက္ကသိုလ်ကို ဘယ်မှာ တက်ခဲ့လဲ။ အိမ်မှာခွေးရှိလား၊ ခွေးနာမည်ကဘယ်လိုခေါ်လဲ။ ခင်ဗျားတို့မှာ ကလေးနှစ်ယောက် ရှိတယ်နော်။ သူတို့မွေးသက္ကရာဇ် တွေပြောပါဦး’

စသောမေးခွန်းများမှာ သူတို့က ကွယ်လွန်သူတို့ပြုလုပ်ခဲ့ သည့်စကားဝှက်များကို ဖော်နိုင်ဖို့ မေးခဲ့သောမေးခွန်းများဖြစ်ပါ သည်ဟု မစ္စတာလူနတ်ခ်က နယူးယောက်တိုင်းသတင်းစာအားပြောကြားခဲ့ပါသည်။ နောက်ဆုံး မှာတော့ မိုက်ကရိုဆော့က အိုင်တီပညာရှင်များသည် သူတို့လိုချင်သောစကားဝှက်များအားလုံးကိုဖော်ထုတ်နိုင်ခဲ့သည်။

လူနတ်ခ်တို့၏ Cantor Fitzgerald မှာလည်း အကြမ်းဖက်တိုက်ခိုက်ခံရပြီး နှစ်ရက်အတွင်းမှာလုပ်ငန်းပြန်လည်ပတ်နိုင်ခဲ့သည်။ အဓိကအကြောင်းမှာ လူသားတို့၏စိတ်ခံစားထိခိုက် မှုကဖြစ်လာသော စကားဝှက်များ သည် ဖော်ထုတ်ဖို့လွယ်သည့် အားနည်းချက်တစ်ခုဖြစ်နေသည့် အတွက်ဖြစ်ပါ၏။

တစ်ခါတစ်ရံမှာတော့ စကားဝှက်များသည် သက်ဆိုင် သူများ၏ဘဝမှာ သေရေးရှင်ရေး လျှို့ဝှက်ချက်တွေဖြစ်နေတာကို တွေ့ရပါသည်။ အမေရိကန်နိုင်ငံ မှာ မကြာသေးခင်က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားသော သား ဖြစ်သူ၏ကွန်ပျူတာစကားဝှက် ကို မိခင်က သူ၏စားပွဲပေါ်မှာ မမျှော်လင့်ဘဲတွေ့ခဲ့ရသည်။ စာ ရွက်တစ်ခုမှာ သားဖြစ်သူက ရေး ထားခြင်းဖြစ်၏။ စကားဝှက်မှာ လမ်ဘဒါ ၁၉၆၉ ဟူ၍ဖြစ်၏။ ထိုစာသားကို အင်တာနက်မှာ မိခင်ကရှာကြည့်လိုက်သောအခါ သူ၏သားမှာ လိင်တူဆက်ဆံသူ ဂေးတစ်ယောက်ဖြစ်နေကြောင်း သဘောပေါက်သွားရ၏။

အဘယ်ကြောင့်ဆိုသော် လမ်ဘဒါ ၁၉၆၉ မှာ အမေရိကန် နယူးယောက်မြို့မှာဖြစ်ခဲ့သည့် လိင်တူဆက်ဆံသူဂေးများ၏ လှုပ်ရှားမှုကိုရည်ညွှန်းသည့်ဂေး များလွတ်မြောက်မှုအတွက် သုံး သောအမှတ်အသားဖြစ်သည်။

တချို့လူများအတွက်မူ စကားဝှက်များက ကိုယ့်ကိုယ် ကိုယ်တွန်းအားပေးစေခိုင်းသော အရာများဖြစ်၏။ ဖီရိုနာမောရသီ ဆိုသူအပြေးမယ်တစ်ယောက်က မူ တစ်နေ့ကို မီတာ ၅,၀၀၀ ပြေး မိစေရန် သူ၏စကားဝှက်များကို ၁၆း၅၉ ဟုဆိုသော နံပါတ်များကို မကြာခဏသုံးစွဲဖူးသည်ဟုဆိုပါ သည်။ ဂရပ်ဖစ်ဒီဇိုင်နာ အမျိုးသားတစ်ယောက်က မကြာသေးခင်က သူနှင့်အိမ်ထောင်ကွဲခဲ့သော ဇနီးဟောင်းကို ဒေါသတနုံ့နုံ့ဖြစ်နေသဖြင့် သူ၏ စကားဝှက်များအဖြစ် ‘ဒီကောင်မကိုမေ့ရမယ်’စာသားကို မကြာခဏသုံးစွဲသည်ဟုဆိုသည်။ ထို့အပြင် သူက သူ့ဘဝမှာလုပ်ချင်သည့်ရည်ရွယ်ချက်အလုပ်များကို သတိရနေရ အောင် ‘ထိုင်းကိုသွားဖို့ ပိုက်ဆံစု၊ ဆေးလိပ်ဖြတ်မယ်’ စသည့်စကားစုများကိုလည်း စကားဝှက်လုပ်ပြီးအသုံးပြုသည်ဟုရှင်းပြသည်။

နယူးယောက်တိုင်းမ်သတင်းစာပါစကားဝှက်များ၏လျှို့ဝှက် ချက်ဆောင်းပါးရှင် အိုင်ရမ်အာ ဘီနာကမူ ယနေ့ခေတ်မှာ အင် တာနက်သည် လူတွေအတွက် လျှို့ဝှက်ချက်တွေ၊ အပြစ်တွေကို ဝန်ခံထွက်ဆိုအာပတ်ဖြေသည့် နေရာဖြစ်လာပြီဟုဆိုပါသည်။ သည်အရာတွေကိုနားလည်လျှင် စကားဝှက်တွေကိုဖော်ထုတ်ဖို့ လွယ်သလိုဖြစ်လာနေပါသည်။

မိုက်ကရိုဆော့ဖ်သူဌေးဘီလ် ဂိတ်ကမူ ဆန်ဖရန်စစ္စကိုက အစည်းအဝေးတစ်ခုမှာလူများ သည် နောင်ဆိုလျှင်စကားဝှက်တွေကိုအသုံးပြုမှုနည်းသထက်နည်းလာမည်ဟုပြောသည်။ အဘယ်ကြောင့်ဆိုသော် စကားဝှက်များက အရေးကြီးသော အချက်အလက်များကို အသေ အချာမကာကွယ်မထိန်းသိမ်း နိုင်သည့်အတွက်ဖြစ်သည်ဟု သူ ကဆိုသည်။

ဘီလ်ဂိတ်ပြောသည့်အတိုင်း ပြီးခဲ့သည့်နှစ်တွေအတွင်း တချို့ အရာတွေကို Pawwword နှင့် မဟုတ်ဘဲ လူ၏အသံ၊ လက်ဗွေ ရာ ဒါမှမဟုတ် သော့ကတ်ရှိမှ သာဖွင့်နိုင်ဖော်ထုတ်နိုင်မည့်စက် များနည်းစနစ်များပိုတွင်ကျယ် လာသည်။ ဥပမာဆိုရလျှင် လက် ဗွေနှင့်နှိပ်မှသာပွင့်နိုင်သည့် အိုင် ဖုန်းပင်ပေါ်နေသည်မှာ တစ်နှစ် ကျော်ပြီဖြစ်ပါသည်။ ထို့အတူ ဂူဂဲလ်မှလုပ်သည့် SlickLogin ဆိုသည့်အကောင့်မှာလည်း သုံးစွဲ သူက အသံလှိုင်းဖြင့်ဖော်ထုတ်ပြီး ဖွင့်သည့်စနစ်ကိုသုံးမှသာ ပွင့်နိုင်သည်။

နိုင်ငံတကာမှာတော့ အွန် လိုင်းအင်တာနက်သုံးစွဲမှုအပြင် ဘဏ်ကတ်၊ လုံခြုံရေး၊ ဝန်ထမ်း ကတ်အစစအရာရာစကားဝှက် တွေအတော်များများလိုသော် လည်း မြန်မာနိုင်ငံမှာတော့ လက် ကိုင်ဖုန်း၊ အီးမေးလ်၊ ကွန်ပျူတာ နှင့် ဖေ့စ်ဘွတ်ခ်အကောင့်များသုံး ဖို့လောက်သာ စကားဝှက်များရှိ ရန်လိုအပ်ပါသေးသည်။

သို့သော် ငယ်သူတွေက အခြေအနေမဆိုးသော်လည်း လူကြီးများမှာ သည်လောက်ကို ပင်အတော်မှတ်ရခက်နေပြီဟု ပြင်ဦးလွင်က အသက် (၅၀) အရွယ်ဈေးဆိုင်ပိုင်ရှင်ဦးကျော် ကျော်ကပြောသည်။

‘‘အဲဒါတောင်မှ ကိုယ့်Password တွေကို အတော်မှတ်နေရတယ်။ တစ်လောကတော့ ကိုယ်သုံးတဲ့Passwordတွေကို မေ့လွန်းလို့ အီးမေးလ်ထဲမှာသိမ်းထားတယ်။ အဲဒီဂျီမေးလ်ဖွင့်တဲ့Password ကို ပါမေ့သွားလို့ ကိုယ်ကျိုးနည်းပါရောလား’’

(ဆောင်းပါးအချက်အလက်အချို့ကို နယူးယောက်တိုင်းမ်သတင်း စာတွင်ဖော်ပြခဲ့သော The SecretLife of Password ဆောင်းပါးမှ မှီငြမ်းထားသည်။)
ဘဝ အတွက် ၇ ချက်

shared by MaMa

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။