ဘဝ ခါးခါး
**********
တိမ်တွေကညို
ကောင်းကင်ပြိုတော့
မိုးစိုစို လမ်းကလေးထက်
ဗန်းကလေးရွက်လို့ ၀မ်းစာရှာ
ချမ်းတာတွေ အသာထားလို့
ခိုနားစရာ အရိပ်မတွေ့ခင်မှာ
စိုရွှဲသွားတဲ့ စပါးနှံလေးတွေက
သူမကို လှောင်ရယ်နေသလို။
တိတ်ပါတော့ မိုးရယ်..
အငြိုးမပါမှန်း သိပေမယ့်
မိုးရွာရင် ဘုံပျောက်တတ်တဲ့
တဲအိုကလေးထဲက
မောင်လေးနဲ့ အမေကို သနားလို့ပါ။
လွယ်အိတ်ကို အသာချ
ဈေးဗန်းကို ကပျာကယာမရင်း
နေမညိုးခင်
ဆန်ဖိုးလေး ရလေမလားလို့
မျှော်လင့်ရင်း ထွက်မိခါမှ
ဖတ်သီကျနေတဲ့ သူ့အဖြစ်ကို
လူ့နှလုံးသား အစစ်နဲ့
ခံစားကြည့်ပါလား.... အဆွေရယ်။
YaeTayZa
**********
တိမ်တွေကညို
ကောင်းကင်ပြိုတော့
မိုးစိုစို လမ်းကလေးထက်
ဗန်းကလေးရွက်လို့ ၀မ်းစာရှာ
ချမ်းတာတွေ အသာထားလို့
ခိုနားစရာ အရိပ်မတွေ့ခင်မှာ
စိုရွှဲသွားတဲ့ စပါးနှံလေးတွေက
သူမကို လှောင်ရယ်နေသလို။
တိတ်ပါတော့ မိုးရယ်..
အငြိုးမပါမှန်း သိပေမယ့်
မိုးရွာရင် ဘုံပျောက်တတ်တဲ့
တဲအိုကလေးထဲက
မောင်လေးနဲ့ အမေကို သနားလို့ပါ။
လွယ်အိတ်ကို အသာချ
ဈေးဗန်းကို ကပျာကယာမရင်း
နေမညိုးခင်
ဆန်ဖိုးလေး ရလေမလားလို့
မျှော်လင့်ရင်း ထွက်မိခါမှ
ဖတ်သီကျနေတဲ့ သူ့အဖြစ်ကို
လူ့နှလုံးသား အစစ်နဲ့
ခံစားကြည့်ပါလား.... အဆွေရယ်။
YaeTayZa

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။