အသံညစ်ညမ်းခြင်း၏ အန္တရာယ်များ
+++++++++++++++++++++++
ကျနော်တို့ဟာ "အသံ" ဆိုတဲ့အရာနဲ့ နေ့စဉ်ပဲထိတွေ့နေကြသူများဖြ စ်တယ်။ ကျယ်လောင်တဲ့ဂီတသံတွေ၊ ရုပ်မြင်သံကြားက အသံတွေ၊ လူတွေအချင်းချင်းဖုန်းပြောသံတွေ၊ ကားသံတွေ၊ ကားဟွန်းသံတွေ ကိုနေ့စဉ်ကြားနေကြရသူများပဲ ဖြစ်တယ်။ တစ်ခါတစ်လေမှာလည်း အိမ်မွေးတိရစ္ဆာန်တွေရဲ့ ညဘက်ထပြီး အော်ခြင်း၊ ဟောင်ခြင်းများကိုပါ ကြားနိုင်ကြသေးတယ်။
မြို့ပြနဲ့ဝေးတဲ့အရပ်ဒေသဆီမှာ နေထိုင်ကြသူများအဖို့ ဒီလိုအသံတွေနဲ့ ဝေးနတာကြောင့် စိတ်အနှောက်အယှက်မဖြစ်ကြရပေ မယ့် စာရေးသူတို့လို လူနေသိပ်သည်းတဲ့မြို့ပြမှာေ တာ့
ဆူညံသံတွေဟာ ပြဿနာတစ်ရပ်ဖြစ်လာခဲ့တယ်။ တကယ်လို့ ရုပ်မြင်သံကြားရဲ့
အသံကြောင့်၊ ကားတွေသွားလာနေတဲ့ အသံ၊ ဒါမှမဟုတ် အသံတစ်ခုခုကြောင့်
ကျနော်တို့ဟာ ညဖက်အိပ်မရဖြစ်မယ်၊ တစ်စုံတစ်ခုကို စူးစိုက်မှု
မလုပ်နိုင်လောက်အောင် ဖြစ်လာမယ်ဆိုရင်တော့ "အသံညစ်ညမ်းခြင်း"
ဖြစ်လာပြီလို့ပြောနိုင်တယ်။ ကျနော်တို့ မြန်မာပြည်ဟာ"လေထုညစ်ညမ်းခြ င်း၊
ရေထုညစ်ညမ်းခြင်း" စတဲ့အရာတွေကိုသာ ပတ်ဝန်းကျင် ညစ်ညမ်းစေမှုလို့
သတ်မှတ်ထားကြပေမယ့်၊ "အသံညစ်ညမ်းခြင်း" ဆိုတဲ့ညစ်ညမ်းခြင်းခြင်းကို တော့ သိရှိကြခြင်းမရှိသလို၊ ထိရောက်စွာ တားမြစ်ကြခြင်းလည်း မရှိတာကိုတွေ့ရမှာပဲဖြစ်တယ် ။
အသံညစ်ညမ်းခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုကြတဲ့အခါ "အသံညစ်ညမ်းခြင်းဟူသည် သာမန်ထက်လွန်ကဲ့သော အသံပမာဏ၊ မနှစ်သက်စရာဆူညံသံများသည် သဘာဝ၏ လိုက်လျောညီထွေခြင်းကို နှောက်ယှက်ဖျက်စီးခြင်းဖြစ် သည်" လို့သုံးသပ်လေ့ရှိကြတယ်။ အဲဒီအဓိပ္ပါယ်ဖွင့်ဆိုချက်အရ သာမန်ထက်လွန်ကဲပြီးကျယ်လောင်လှတဲ့ အသံတွေဟာ သဘာဝမဟုတ်တဲ့၊ လူသားရဲ့ ပယောဂကြောင့်ဖြစ်လာတဲ့ ဆူညံသံထုတ်လွှတ်မှုတွေကြောင့် ဖြစ်ရတာလို့ဆိုတယ်။ အသံချဲ့စက်တွေ၊ ပရောဂျက်ဘောက်စ်များရဲ့ ဆူညံတဲ့ဘေ့စ်သံတွေဟာ အသံညစ်ညမ်းစေတဲ့အရာတွေထဲမှာ ထိပ်ဆုံးက ရောက်လာခဲ့တယ်။
စာရေးသူတို့ မြို့ပြ၀န်းကျင်မှာေ နထိုင်သူများအဖို့ တယ်လီဖုန်းပရိုမိုးရှင်းပွဲ တွေ၊
အလှူခံမဏ္ဍပ်တွေက ကျယ်လောင်တဲ့အသံ၊ ညစ်ညမ်းစေတဲ့အသံမျိုးတွေ
ထုတ်လွှတ်လာပြီဆိုရင်တော့ ရှောင်ပြေးဖို့အတွက် အင်မတန်မှ ခက်ခဲစေပြန်တယ်။
ကျဉ်းကျပ်တဲ့နေရာခွဲတမ်းတွေ နဲ့အတူ နေထိုင်ကြရသူများအဖို့၊ အသံရဲ့ညစ်ညမ်းမှုကို ခါးစီးခံနေရုံကလွဲရင် အခြားရွေးချယ်စရာလမ်းမရှိဘဲ ဖြစ်လာခဲ့ပြန်တယ်။ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေမှာတော့ အသံရဲ့ညစ်ညမ်းမှုကို တိုင်းတာတဲ့စနစ်တွေ၊ အသံချဲ့စက်ဥပဒေရဲ့အသက်ဝင်ခြ င်းတွေနဲ့ ဆူညံသံကို ထိန်းချုပ်ကြပေမယ့် စာရေးသူတို့နိုင်ငံရဲ့ယနေ့အ ခြေအနေကတော့ ကိုယ်ဖြစ်ရင်၊ ကိုယ်ခံ ဆိုတဲ့ နယ်ပယ်ထဲမှာပဲ လည်ပတ်နေကြရဆဲပဲဖြစ်ပါတယ်။
အသံညစ်ညမ်းစေမှုကိုဖြစ်စေသောအရာများ
(၁) စက်မှုလုပ်ငန်းများ ။ ။ စက်ရုံအလုပ်ရုံတွေရဲ့ ကြီးမားတဲ့စက်လည်ပတ်သံတွေဟာ
အသံညစ်ညမ်းမှုကို ဆိုးရွာစွာဖြစ်ပေါ်စေတဲ့ တရားခံပဲဖြစ်ပါတယ်။
ကွန်ပရက်စာတွေ၊ မီးအားပေးစက်တွေ၊ အိတ်ဇောပန်ကာတွေ၊ ဟာလည်း ဆူညံခြင်းရဲ့
လက်သည်တွေပဲဖြစ်ကြတယ်။ အဲဒါတွေကို ကာကွယ်ဖို့အတွက် စက်ရုံလုပ်သားတွေဟာ
အသံကာကွယ်တဲ့ နားကြပ်တွေ၊ နားအုပ်တွေကို တပ်ဆင်အလုပ်လုပ်ကြရတာဖြစ်တယ်။
(၂) မြို့ပြစီမံမှု စနစ်မကျခြင်း။ ။ စာရေးသူတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စနစ်ကျနခြင်းမရှိတဲ့ မြို့ပြပုံစံတွေဟာ အသံညစ်ညမ်းခြင်းရဲ့ အဓိက လက်သည်တွေဖြစ်ကြတယ်။ ငါးပိသိပ်ငါးချဉ်သိပ်နေထိုင်ရတဲ့
တိုက်ခန်းတွေ၊ အခန်းကျဉ်းလေးကို မိသားစုဦးရေမြောက်များစွာ
စုပေါင်းနေထိုင်ရခြင်းတွေ၊ ကားပါကင်မလုံလောက်မှုတွေ၊ စတဲ့
မပြည့်မီခြင်းတွေဟာ အသံညစ်ညမ်းခြင်းကို ဖြစ်ပေါ်စေပြန်တယ်
(၃) လူမှုရေးလှုပ်ရှားမှုများ ။ ။ အသံညစ်ညမ်းခြင်းကို အဆုံးစွန်ဆုံးသော မြင့်မားမှုကို တွန်းပို့တဲ့အရာတွေကတော့ လူမှုရေးလှုပ်ရှားမှုတွေဖြစ်တဲ့ ၊
ပါတီပွဲတွေ၊ ဟောပြောပွဲတွေ၊ အလှူခံမဏ္ဍပ်တွေ၊ မင်္ဂလာဆောင်တွေ၊ ကျယ်လောင်တဲ့
ဆောင်းဘောက်တွေနဲ့ ပြုလုပ်လေ့ရှိတဲ့ အရောင်းမြှင့်တင်ရေးပွဲတွေပဲဖြစ်တယ်။
လူအများကိုဆွဲဆောင်ဖို့ အသံကုန်ဖွင့်ကြတဲ့ ဆောင်းဘောက်တွေ ဟာ
စာရေးသူတို့လို သာမန်ပြည်သူတွေကို စိတ်အနှောက်အယှက်
အကြီးမားဆုံးပေးကြသူများပြဲ ဖစ်တယ်။ သူတို့တွေဟာ ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ လူတွေရဲ့ စိတ်အနှောက်အယှက်ဖြစ်စေမှု၊ ကျန်းမာရေးထိခိုက်စေမှု စတဲ့အရာတွေကို မထီမဲ့မြင်ပြုကြသူများပဲဖြစ်တယ်။
တစ်နည်းအားဖြင့် စာရေးသူတို့ရဲ့ ကျန်းမာရေးကို အတင်းအဓမ္မဖျက်ဆီးတဲ့
အကြမ်းဖက်သူများပဲဖြစ်တယ်။ စာရေးသူတို့ရဲ့ ကျန်းမာရေးနဲ့ဘ၀နေထိုင်မှုကို ရင်းနှီးပြီး သူတို့ရဲ့ ကြီးပွားချမ်းသာခြင်းနဲ့ အလိုဆန္ဒတွေကို အစားထို လဲလှယ်နေကြသူများပဲဖြစ်တယ်။
(၄) သယ်ယူပို့ဆောင်ရေး ။ ။ လမ်းပေါ်မှာ ပြည့်ကြပ်နေကြတဲ့ကားတွေက ဟွန်းသံတွေ၊ ရထားဖြတ်သန်းခုတ်မောင်းသံတွေ၊ဟာလည်း
အသံညစ်ညမ်းစေမှုထဲမှာ ပါဝင်နေကြပြန်တယ်။ လူသားတွေဟာ အဲဒီလိုအရာတွေနဲ့
အသားမကျသေးခင်အချိန်မှာ အသံညစ်ညမ်းမှုဒဏ်ကို ကြီးစွာခံကြရပြန်တယ်။
တစ်ခါတစ်ရံမှာ အကြားအာရုံဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ကြပြန်တယ်။
(၅)ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ ။ ။ သတ္တုတူးဖော်ခြင်းတွေ၊ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ လမ်းဖောက်လုပ်ငန်းခွင်တွေ၊ နေအိမ်ဆောက်လုပ်ခြင်းတွေဟာလ ည်း ကမ္ဘာအနှံ့အပြားမှာ ရင်ဆိုင်နေရတဲ့အသံညစ်ညမ်းခြ င်းကို ဖြစ်ပေါ်စေတဲ့အရာတွေပဲဖြစ်တယ်။
(၆)အိမ်ထောင်သုံးပစ္စည်းကိရိ ယာများ။ ကျနော်တို့ရဲ့နေ့စဉ်ဘ၀မှာအသုံးပြုနေကြတဲ့
အိမ်ထောင်မှု ပစ္စည်းတွေဖြစ်တဲ့ ရုပ်မြင်သံကြားတွေ၊ တယ်လီဖုန်းတွေ၊ ကားတွေ၊
အသီးဖျော်စက်တွေ၊ ဖုန်စုတ်စက်တွေ၊ အ၀တ်လျှော်စက်တွေ၊ လေအေးပေးစက်တွေဟာလည်း
ဆူညံသံတွေကို ထုတ်လွှတ်နေကြတယ်။ ကျနော်တို့မြန်မာပြည်မှာတော့  မီးစက် ကိုပါ ထည့်သွင်းရမှာပဲဖြစ်တယ်။ အဲဒီအရာတွေဟာ သိပ်ပြီးမကြီးကျယ်လှပါဘူးလေ လို့ထိင်စရာရှိပေမယ့် သူတို့က ထုတ်လွှတ်တဲ့အသံကို နာရီပေါင်းများစွာ ဆက်တိုက်ကြားနေရတဲ့အခါမှာတော့ အကျိုးသက်ရောက်မှု ပြင်းထန်လာမှာပဲဖြစ်တယ်။
အထက်က ပြောခဲ့တဲ့ အသံညစ်ညမ်းစေတဲ့အရာတွေရဲ့ ဆိုးကျိုးတွေကို ဆက်လက်တင်ပြပါမယ်။
(၁)အကြားအာရုံထိခိုက်စေခြင်း။ ။ မလိုလားအပ်တဲ့ ဘယ်လိုအသံမျိုးမဆို ကျနော်တို့ရဲ့ အကြားအာရုံကိုထိခိုက်မယ်လို့ 
ဆိုတယ်။ လူသားတွေရဲ့ နားဟာ အဲဒီလိုဆူညံသံတွေကို ကာကွယ်ဖို့အတွက် အကာအကွယ်
တစ်စုံတစ်ရာမှ မပါရှိဘူးလို့ဆိုတယ်။ ကျနော်တို့ရဲ့ အကြားအာရုံဟာ
အတိုင်းအတာတစ်ခုကိုသာ သာမန်အားဖြင့် လက်ခံနိုင်မှာပဲဖြစ်တယ်။
လူသားတွေကနေပြုလုပ်တဲ့ လွှဆွဲစက်သံတွေ၊ ကားဟွန်းသံတွေ၊ စက်ပစ္စည်းနဲ့၊
လေယာဉ်ပျံစက်သံတွေ၊ အသံချဲ့စက်နဲ့ အသံကုန်ဖွင့်ထားတဲ့ ဆောင်းဘောက်သံတွေဟာ
ကျနော်တို့ရဲ့အကြားအာရုံကို ထိခိုက်စေတဲ့အရာတွေဖြစ်တယ်။ အဲဒီအရာတွေက ထုတ်လွှတ်လာတဲ့အသံတွေကို ရေရှည်ကြားနေတာနဲ့အမျှ နားစည်ရဲ့ တုန့်ပြန်မှု sensitivity ကို လျော့ကျလာစေနိုင်မှာပဲဖြစ်တ ယ်။ အချိန်ကြာလာတာနဲ့အမျှ အကြားအာရုံခံနိုင်စွမ်းလည်း လျော့ကျလာမှာပဲဖြစ်တယ်။ တစ်နည်းအားဖြင့် နားလေးခြင်း ဖြစ်ပေါ်လာမှာပဲဖြစ်တယ်။
(၂)ကျန်းမာရေးပြဿနာ ။ ။ အလွန်ကျယ်လောင်တဲ့အသံတွေထုတ်လွှတ်နေတဲ့ ရုံးခန်းတွေ၊ အရောင်းမြှင့်တင်ရေးတွေ၊ အလှူခံမဏ္ဍပ်တွေနဲ့၊ ဆောက်လုပ်ရေးလုပ်ငန်းခါင်တွေနားမှာနေထိုင်နေကြသူများဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာတတ်ကြတယ်လို့ဆိုတယ်။ လေ့လာမှုတွေအရ ညစ်ညမ်းမှုဒဏ်ခံကြရတဲ့သူတွေဟာ ပိုမိုပြီးရန်လိုလာတတ်ခြင်း ၊ နှစ်ခြိုက်စွာအိပ်မပျော်တော့ ခြင်း၊ စိတ်ဖိစီးမှုများအမြဲဖြစ်ပေါ် နေတတ်ခြင်း၊ မောပန်းလွယ်ခြင်းနဲ့ သွေးတိုးရောဂါတွေ ဖြစ်ပေါ်လာတတ်တယ်လို့ဆိုတယ်။ အသံဆူညံမှုများလေလေ၊ အထက်ပါရောဂါတွေပြင်းထန်လေလေ ၊ ဖြစ်နိုင်ခြေပိုများလေလေလို့ ဆိုတယ်။ ငယ်ရွယ်စဉ်က အသံရဲ့ဒဏ်ကို ခံစားကြရသူတွေဟာ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာတော့ နာတာရှည်ရောဂါတွေဟာ ပိုမိုပြီးပြင်းထန်လာကြတယ်လို့ဆိုတယ်။
(၃)ပုံမှန်အိပ်စက်၍မရခြင်း။ ကျယ်လောင်တဲ့အသံတွေဟာ သင့်ရဲ့ အိပ်စက်ခြင်း ပုံစံကို ဟန့်တားနှောက်ယှက်ပြန်တယ်။ ဒေါသထွက်ခြင်း၊ သက်တောင့်သက်သာမရှိခြင်းတွေ ကိုဖြစ်ပေါ်စေပြန်တယ်။ အဲဒီလိုနဲ့ ဆူညံသံကို ကြားရတဲ့သူတွေဟာ ညအိပ်မပျော်သူတွေဖြစ်လာကြပြ န်တယ်။
ညအိပ်မပျော်ခြင်းဟာ မောပန်းခြင်း၊ အလုပ်အကိုင်၊ ပညာဆည်းပူးခြင်း
စတဲ့အရာတွေမှာ အရည်အသွေးနိမ့်ကျစေခြင်း၊ မိသားစုအဆင်မပြေခြင်း
စတဲ့အရာတွေကို ဦးတည်စေမှာပဲဖြစ်တယ်။
(၄)နှလုံးရောဂါ ။ ။ အထက်က ဆိုခဲ့တဲ့ သွေးတိုးရောဂါ၊ သွေးဖိအားများခြင်းတွေဟာ နှလုံးရောဂါကို ထပ်မံဖိတ်ခေါ်သူများပဲဖြစ်တယ်။
ဆူညံသံဟာ သွေးဖိအားကို မြင့်တက်စေပြီး နှလုံးခုန်နှုန်းကိုပါ
မြင့်တက်လာစေတယ်။ ခန္ဓာကိုယ်ရဲ့ ပုံမှန်သွေးစီးဆင်းမှုကို
နှောက်ယှက်ဟန့်ထားပြန်တယ်။ အဲဒီလိုအချက်တွေရဲ့ အရင်းအမြစ်တရားခံဟာ
ဆူညံလွန်းတဲ့အသံတွေပဲဖြစ်တယ်။
(၅)ဆက်သွယ်မှုခက်ခဲစေခြင်း။ ။ ဒက်ဆီဘယ်မြင့်မားလွန်းတဲ့အသံတွေ၊ ကျယ်လောင်တဲ့ဆူညံသံတွေဟာ လူတွေအချင်းချင်း အဆင်ပြေပြေဆက်သွယ်နိုင်မှုကို ဟန့်တားလိုက်တယ်။ အဲဒီအတွက် အော်ဟစ်စကားပြောဆိုရခြင်းတွေ၊ နားလည်မှု လွဲမှားခြင်းတွေဖြစ်နိုင်တဲ့ အပြင်၊ ပြင်းထန်တဲ့ ခေါင်းကိုက်မှု၊ စိတ်ခံစားမှုလွန်ကဲခြင်း၊ ဒေါသထွက်လွယ်ခြင်းတွေဖြစ်ပြီး စိတ်ခံစားမှုနဲ့ဆိုင်တဲ့မျှေ ခြ emotional balance ကို ပါ ပျောက်ဆုံးစေပြန်တယ်။
(၆)သားရိုင်းတိရစ္ဆာန်များကို
အကျိုးသက်ရောက်မှု ။ ။ တကယ်တန်းတော့ သားရိုင်းတိရစ္ဆာန်တွေဟာ
လူသားတွေထက်ပိုပြီး အသံညစ်ညမ်းမှုဒဏ်ကို ခံရသူများပဲဖြစ်တယ်။ သူတို့ဟာ
အသံနဲ့ဆက်သွယ်ခြင်း၊ အသံအပေါ်မှီခိုခြင်းကို လူသားတွေထက်
ပိုပြီးပြုလုပ်ကြသူတွေပဲဖြစ်တယ်။
သူတို့ရဲ့ အသက်ရှင်နေထိုင်မှု servival ဟာ လူသားတွေထက်ပိုမိုပြီး
အကြားအာရုံကို မှီခိုနေကြပြန်တယ်။ အိမ်မွေးတိရစ္ဆာန်တွေဟာ ဆူညံမှုကြောင့်
ပိုမိုပြီး ဒေါသထွက်၊ စိတ်ကြွလေ့ရှိကြပြီး အန္တရာယ်ပေးနိုင်တဲ့
သတ္တ၀ါတွေဖြစ်လာကြတယ်လို့ဆို တယ်။
တိရစ္တာန်တွေဟာ ဆူညံသံကြောင့် အပြုအမူပိုင်းဆိုင်ရာပိုမိထိခိုက်မှုတွေ၊ အကြားအာရုံဆုံးရှုံးခြင်းတွေ ကို လူတွေထက်ပိုပြီး ခံစားရပြန်တယ်။ လူသားတွေလူဦးရေတိုးတက်လာလေ လေ၊ ဆူညံသံထုတ်လွှတ်မှု များလာလေလေ၊ သူတို့အတွက်နေရာကျဉ်းမြောင်းလာလေလေ၊ မျိုးတုန်းမှုနဲ့ ဂေဟစနစ်ပျက်ယွင်းမှုများလာလေ လေ ပဲဖြစ်တယ်။ အချို့သော တိရစ္ဆာန်မျိုးနွယ်စုတွေဟာ မိတ်လိုက်ခြင်းအတွက်ခေါ်ငင်သံတွေကို အကြားအာရုံပေါ်မူတည်ပြီးသာ ပြုလုပ်လေ့ရှိကြတာကြောင့် ဆူညံသံတွေ ဟာ သူတို့တွေရဲ့မျိုးတုန်းရာလမ်းစတွေပဲဖြစ်လာကြပြန်တယ်။
အဲဒီအချက်တွေဟာ ကျနော်တို့သတိမပြုမိတဲ့ အသံညစ်ညမ်းခြင်းရဲ့ ဆိုးကျိုးတွေဖြစ်ကြတယ်။ အဲဒီလို အသံရဲ့ ညစ်ညမ်းခြင်းကို မတားဆီးနိုင်ကြတဲ့အခါ ကျနော်တို့ရဲ့ပတ်ဝန်းကျင်ဟာ ညစ်ညမ်းသံဆိုတဲ့အဆိပ်ငွေ့ကို မသိမသာ ရှူရှိုက်နေကြသူများအဖြစ် အသက်ရှင်ရပ်တည်နေကြရပြန်တယ် ။ အဲဒီဘေးထွက်ဆိုးကျိုးတွေရဲ့ အဖြစ်ကို
သိနိုင်ကြမှသာ မိမိဟာ ညစ်ညမ်းသံတွေရဲ့ သားကောင်ဖြစ်နေရတာကို
ဆင်ခြင်နိုင်မှာပဲဖြစ်တယ်။ ကျနော်တို့တွေ အကုန်စုပေါင်းပြီး
အသံရဲ့ညစ်ညမ်းခြင်းကို တားဆီးနိုင်မှသာ အသံညစ်ညမ်းခြင်းကိုတားဆီးနိုင်မှာပဲဖြစ်တယ်။
ဒီစာကိုရေးသားနေချိနှ်မှာတောင်မှ
စာရေးသူနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ တယ်လီဖုန်းကုမ္ပဏီတစ်ခုရဲ့
ကြီးပွားချမ်းသာရေးအတွက် အထက်ကဆိုခဲ့တဲ့ စာရေးသူတို့ရဲ့ ကျန်းမာရေးတွေ၊
အကြားအာရုံတွေ၊ ရောဂါဘယတွေကို လဲလှယ်ပေးဆပ်နေကြရပြန်တယ်။
အထက်ကရေးသားနေတဲ့အချက်တွေကို သုံးသပ်ဆင်ခြင်း သိမြင်ခြင်းအားဖြင့် စာရေးသူတို့ နိုင်ငံမှာ လတ်တလော ရေပန်းစားလာတဲ့ အသံချဲ့စက်အသံကုန်ဖွင့်ခြင်းရဲ့ဆိုးကျိုးတွေကို လက်တွဲတားဆီးနိုင်ကြလိမ့်ယ် လို့ ဆန္ဒပြုလိုက်ပါတယ်။
အေးချမ်းသောမြို့ပြ၀န်းကျင် ကို ပိုင်ဆိုင်ကြပါစေ
(ဖြိုးသုတ)
+++++++++++++++++++++++
ကျနော်တို့ဟာ "အသံ" ဆိုတဲ့အရာနဲ့ နေ့စဉ်ပဲထိတွေ့နေကြသူများဖြ
မြို့ပြနဲ့ဝေးတဲ့အရပ်ဒေသဆီမ
အသံညစ်ညမ်းခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုကြတဲ့အခါ "အသံညစ်ညမ်းခြင်းဟူသည် သာမန်ထက်လွန်ကဲ့သော အသံပမာဏ၊ မနှစ်သက်စရာဆူညံသံများသည် သဘာဝ၏ လိုက်လျောညီထွေခြင်းကို နှောက်ယှက်ဖျက်စီးခြင်းဖြစ်
စာရေးသူတို့ မြို့ပြ၀န်းကျင်မှာေ နထိုင်သူများအဖို့ တယ်လီဖုန်းပရိုမိုးရှင်းပွဲ
အသံညစ်ညမ်းစေမှုကိုဖြစ်စေသောအရာများ
(၁) စက်မှုလုပ်ငန်းများ ။ ။ စက်ရုံအလုပ်ရုံတွေရဲ့ ကြီးမားတဲ့စက်လည်ပတ်သံတွေဟာ
(၂) မြို့ပြစီမံမှု စနစ်မကျခြင်း။ ။ စာရေးသူတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စနစ်ကျနခြင်းမရှိတဲ့ မြို့ပြပုံစံတွေဟာ အသံညစ်ညမ်းခြင်းရဲ့ အဓိက လက်သည်တွေဖြစ်ကြတယ်။ ငါးပိသိပ်ငါးချဉ်သိပ်နေထိုင
(၃) လူမှုရေးလှုပ်ရှားမှုများ ။ ။ အသံညစ်ညမ်းခြင်းကို အဆုံးစွန်ဆုံးသော မြင့်မားမှုကို တွန်းပို့တဲ့အရာတွေကတော့ လူမှုရေးလှုပ်ရှားမှုတွေဖြစ်တဲ
(၄) သယ်ယူပို့ဆောင်ရေး ။ ။ လမ်းပေါ်မှာ ပြည့်ကြပ်နေကြတဲ့ကားတွေက ဟွန်းသံတွေ၊ ရထားဖြတ်သန်းခုတ်မောင်းသံတေ
(၅)ဆောက်လုပ်ရေးလုပ်ငန်းခွင
(၆)အိမ်ထောင်သုံးပစ္စည်းကိရိ
အထက်က ပြောခဲ့တဲ့ အသံညစ်ညမ်းစေတဲ့အရာတွေရဲ့ ဆိုးကျိုးတွေကို ဆက်လက်တင်ပြပါမယ်။
(၁)အကြားအာရုံထိခိုက်စေခြင်
(၂)ကျန်းမာရေးပြဿနာ ။ ။ အလွန်ကျယ်လောင်တဲ့အသံတွေထုတ
(၃)ပုံမှန်အိပ်စက်၍မရခြင်း။
(၄)နှလုံးရောဂါ ။ ။ အထက်က ဆိုခဲ့တဲ့ သွေးတိုးရောဂါ၊ သွေးဖိအားများခြင်းတွေဟာ နှလုံးရောဂါကို ထပ်မံဖိတ်ခေါ်သူများပဲဖြစ်တယ
(၅)ဆက်သွယ်မှုခက်ခဲစေခြင်း။ ။ ဒက်ဆီဘယ်မြင့်မားလွန်းတဲ့အသ
(၆)သားရိုင်းတိရစ္ဆာန်များကိ
တိရစ္တာန်တွေဟာ ဆူညံသံကြောင့် အပြုအမူပိုင်းဆိုင်ရာပိုမိထ
အဲဒီအချက်တွေဟာ ကျနော်တို့သတိမပြုမိတဲ့ အသံညစ်ညမ်းခြင်းရဲ့ ဆိုးကျိုးတွေဖြစ်ကြတယ်။ အဲဒီလို အသံရဲ့ ညစ်ညမ်းခြင်းကို မတားဆီးနိုင်ကြတဲ့အခါ ကျနော်တို့ရဲ့ပတ်ဝန်းကျင်ဟာ
ဒီစာကိုရေးသားနေချိနှ်မှာတေ
အထက်ကရေးသားနေတဲ့အချက်တွေကိ
အေးချမ်းသောမြို့ပြ၀န်းကျင်
(ဖြိုးသုတ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။