Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 10, 2016

#အောက်လမ်းနည်းနဲ့ရတဲ့အောင်မြင်မှု - #ဂျူး

#အောက်လမ်းနည်းနဲ့ရတဲ့အောင်မြင်မှု - #ဂျူး

Q. အခုခေတ်မှာ အနုပညာနယ်ပယ်ပဲဖြစ်ဖြစ်၊ စီးပွားရေးနယ်ပယ်ပဲ ဖြစ်ဖြစ်၊ တခြားဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် မှန်မှန်ကန်ကန် ကြိုးစားပြီးတော့ရတဲ့ အောင်မြင်မှုမဟုတ်ဘဲနဲ့ အောက်လမ်းနည်းကိုသုံးပြီး အောင်မြင်မှုရနေတဲ့သူတွေရှိတော့ လူငယ်တွေက သူတို့ကိုကြည့်ပြီး အတုယူမမှားရအောင် ဘာတွေလုပ်ဆောင်သင့်လဲဆရာမ။

A. အရေးကြီးတာက လူငယ်တွေရဲ့အနားမှာ သူတို့အထင်ကြီး အားကျစရာလူရှိဖို့လိုတယ်။ အဲဒီ သူတို့အားကျရတဲ့လူကလည်း တကယ်ကို အားကျလောက်စရာ ကိုယ်ကျင့်တရားကောင်းတဲ့သူမျိုး ဖြစ်ရမယ်။ မိဘက သားသမီးတွေ အထင်ကြီးအားကျလောက်စရာဖြစ်ရင် အကောင်းဆုံးပေါ့။ အများအားဖြင့်တော့ သားသမီးတွေက မိဘကို အထင်မကြီးတတ်ကြဘူး။ အထူးသဖြင့် ၀င်ငွေနည်းတဲ့ အဖေဆိုရင် သားတွေ၊ သမီးတွေက အထင်မကြီးဘူးလေ။ အဲဒီလို အထင်မကြီးရင် ကလေးအတွက် မကောင်းဘူး။ သူတို့ရဲ့ Hero က အဖေဖြစ်ရမယ်လေ။ ဒါပေမဲ့ အဖေမဖြစ်တော့ ဘယ်သူ့ကို သူက Hero လုပ်ရမလဲ။ သူက ငွေရှာနိုင်တဲ့ ခရိုနီတစ်ယောက်ယောက်ကို Hero သတ်မှတ်ချင် သတ်မှတ်နေလိမ့်မယ်။ အဲဒီအခါမျိုးမှာ အဖေက သားသမီးတွေရဲ့ Hero ဖြစ်ဖို့ဆိုရင် အဖေဟာ ၀င်ငွေနည်းပေမယ့် ကိုယ်ကျင့်တရားနဲ့ပတ်သက်လို့ သိပ်တော်တယ်ဆိုတာမျိုး အမေက ပြောပြပေးရမယ်။ မင်းအဖေက ဘယ်လောက်ပဲ ပိုက်ဆံရှာတာ နည်းသည်ဖြစ်စေ၊ မင်းအဖေဟာ သူများရဲ့ မျက်ခုံးမွေးပေါ်မှာ စင်္ကြံမလျှောက်ဘူး။ သူများမျက်ရည်ကျမှ ရမယ့်ပိုက်ဆံကို မယူဘူး။ မင်းအဖေရုံးမှာ လာဘ်ပေးလာဘ်ယူ ယူလို့ရတယ်။ ဒါပေမဲ့ အဲဒီလို ပိုက်ဆံကို သူ မယူခဲ့ဘူး။ ဒါကြောင့် သူရတဲ့ ရိုးသားဖြူစင်တဲ့ပိုက်ဆံကို မင်း တန်ဖိုးထားသင့်တယ်လို့ အမေက ပြောပြရမယ်။ အမေက အဲဒီလိုမပြောတတ်ဘဲ “ရှင်ရတဲ့ ၀င်ငွေလေးက ဘာမှ ရှိတာမဟုတ်ဘူး။ ရှင့်ဝင်ငွေလေးနဲ့များ ကျုပ်တို့ စားရရင်တော့ ငတ်သေလောက်ပြီ။ ကျုပ် ဘာလုပ်လို့ပေါ့”ဆိုတာမျိုး ပြောနေရင်တော့ အဲဒီစကားတွေက ကလေးတွေရဲ့နားထဲမှာ ၀င်သွားတယ်။ အဖေ ၀င်ငွေမရှိတာဟာ ရှက်စရာလို့ သူတို့မြင်သွားမယ်။ ပိုက်ဆံတွေအများကြီးရနေတဲ့သူတွေက ကောင်းတယ်လို့ သူတို့ထင်သွားမယ်။ တကယ်တမ်းက အဲဒါဟာ ကျင့်ဝတ်နဲ့ပတ်သက်တယ်ဆိုတာကို သူတို့ သိသင့်တယ်။ အဲဒီလို သိသင့်တဲ့အတွက် မိဘကလည်း ပြောပြရမယ်။ စာတွေလည်း ဖတ်ရမယ်။


အောက်လမ်းနည်းနဲ့ရတဲ့အောင်မြင်မှုက အမှန်တရားတစ်ခုလို ဖြစ်သွားမှာကို ကြောက်ရတယ်။ အဲဒီလို အမှန်တစ်ခုမဟုတ်ဘူးဆိုတာကိုတော့ လူငယ်တွေသိအောင် တို့တစ်တွေကလည်း တစာစာပြောပေးနေရမှာပေါ့။ ဒါဟာ အမှန်မဟုတ်ဘူး။ ဒါဟာ ကြာရှည်အတွက်လည်း မကောင်းဘူး။ ခဏတစ်ဖြုတ်တော့ ဒီအောင်မြင်မှုကို ရချင်ရမယ်ပေါ့။ ဒီအောက်လမ်းနည်းနဲ့ အောင်မြင်မှုလေးတစ်ချက် ရလိုက်မယ်။ ဒါပေမဲ့ အဲဒီ အောင်မြင်မှုဟာ တကယ့်အောင်မြင်မှုအစစ်မဟုတ်တဲ့အတွက် ရေရှည်လည်း မြဲနိုင်မယ် မထင်ဘူး။ ကံကောင်းလို့ ရေရှည်မြဲမယ်ဆိုရင်လည်း ဒီမြဲတဲ့အောင်မြင်မှုဟာ ဂုဏ်သိက္ခာရှိသော အောင်မြင်မှုမဟုတ်ဘူး။ အဲဒါကို လူငယ်လေးတွေမသိရင် သိနေတဲ့သူက ပြောပြဖို့လိုတယ်။ ဒီအတိုင်း ရေငုံနှုတ်ပိတ်နေရင် ကိုယ့်မှာလည်း အပြစ်ရှိတယ်။ ကိုယ့်စိတ်ထဲမှာတော့ သူလုပ်တာ မှားတယ်ဆိုပြီး သိနေပေမယ့် ဒီအတိုင်း မပြောဘဲထားရင် ကိုယ်လည်း အပြစ်ရှိတယ်။ ပြောကိုပြောရမယ်။ ဒါဟာ မှားတယ်ဆိုရင် မှားတဲ့အကြောင်းကတော့ ပြောရတော့မယ်။ ပြောရဲတဲ့သတ္တိလည်း ရှိကိုရှိရမယ်။ အမုန်းခံပြီးတော့ ပြောရမှာပေါ့။ ပြောတယ်။ မရဘူး။ စိတ်ပျက်သွားတယ်။ မရဘူး။ ထပ်ပြော။ ကိုယ်တင်မက တခြားသူတွေလည်း ပြောရမှာပဲ။ အဲဒီတော့ ကိုယ်တစ်ယောက်တည်းပြောလို့ ကိုယ့်စကားကို နားထောင်မယ်လို့ မထင်ဘူးဆိုရင် ကိုယ်က အလွန်လေးစားသော၊ တန်ဖိုးထားသော ဆရာတော်ကြီးတွေရဲ့ စကားလုံးတွေနဲ့ ပြောရမယ်။ ဗုဒ္ဓဘာသာရဲ့အဆုံးအမတွေနဲ့လည်း ပြောရမယ်။ လူ့ကျင့်ဝတ်တွေ ဒါမှမဟုတ် ဘာသာတရားရဲ့ အဆုံးအမတွေနဲ့ ညှိကြည့်လို့ရှိရင် ဒီအောင်မြင်မှုဟာ ဂုဏ်ယူစရာကောင်းသော အောင်မြင်မှုမဟုတ်ဘူး။ ငွေကြေးတိုင်းဟာလည်း အေးချမ်းတဲ့ငွေမဟုတ်ဘူး၊ ပူလောင်တဲ့ ငွေတွေ ရှိတယ်ဆိုတဲ့အကြောင်း၊ ဒါဟာ ဟီရိသြတ္တပ မရှိတာ၊ ဒါဟာ ရှက်ရမယ့်အလုပ် ဆိုတာမျိုးကို လူငယ်တွေသိအောင် ပြောပြရမယ်။

အများစုကတော့ တစ်ခဏမှာ လိုက်လာလိမ့်မယ်။ ဥပမာ Like တွေ အများကြီးရလိမ့်မယ်။ သို့သော် တစ်ချိန်ကျလို့ရှိရင် အဲဒါဟာ ဂုဏ်ယူစရာမဟုတ်ဘူးလို့ သူတို့ကိုယ်တိုင်လည်း သိလာမှာပဲ။ ဒါပေမဲ့ မသိခင်မှာ မှားတဲ့အကြောင်း ပြောပေးဖို့ အကုန်လုံးမှာ တာဝန်ရှိတယ်။ အထူးသဖြင့်တော့ မီဒီယာသမားတွေက ပြောရမယ်။

စာရေးဆရာမဂျူး၏ဘ၀ကောက်ကြောင်း (၂) အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ချက်

Eternal Light Magazine
December 2015

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။