Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 12, 2016

‘‘မြန်မာနိုင်ငံက ဇာတ်လမ်းဆိုလည်း ၅၅၀ နိပါတ်တော်ထဲကထွက်လို့ မရဘူး’’ ခန့်စည်သူနှင့်စကားစမြည်

‘‘မြန်မာနိုင်ငံက ဇာတ်လမ်းဆိုလည်း ၅၅၀ နိပါတ်တော်ထဲကထွက်လို့ မရဘူး’’
ခန့်စည်သူနှင့်စကားစမြည်
Monday, January 11, 2016
ရွေးကောက်ပွဲအတွက် ဒါရိုက်တာညီညီထွန်းလွင်ကိုယ်တိုင် ထုတ် လုပ်ရိုက်ကူးခဲ့သည့် ‘အီဖေကိုယ်တို့ ရွေးကောက်ပွဲ’ရုပ်ရှင်ဇာတ် ကားကို ဇန်နဝါရီအတွင်း ရုံတင် ပြသတော့မည်ဖြစ်သည်။ ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများ ၏ ထုံးစံအတိုင်း သရုပ်ဆောင် အင်အားကောင်းကောင်းဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး ယင်းဇာတ် ကားတွင် ဓားပြဗိုလ်အဖြစ် သရုပ်ဆောင်ထားသော ခန့်စည်သူကိုအဆိုပါ ရုပ်ရှင်ဇာတ်ကားအ ကြောင်းအပါအဝင် ၎င်း၏ အနု ပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
‘အီဖေကိုယ်တို့ရွေးကောက်ပွဲ’ထဲ က ဓားပြဗိုလ်ဇာတ်ရုပ်မျိုးနဲ့ အစ်ကိုသရုပ်ဆောင်တာ မတွေ့ဖူးဘူး။ ဒီဇာတ်ရုပ်အတွက် ဘယ်လောက်ပြင်ဆင်ခဲ့ရသလဲ။
ဓားပြဗိုလ်ဇာတ်ရုပ်နဲ့ ပထမ ဆုံးသရုပ်ဆောင်ဖူးခြင်းပဲ။ တစ်ခါမှ သရုပ်မဆောင်ဖူးဘူး။ ဓားပြ ဗိုလ်ဆိုတော့လည်း အားလုံးထဲ မှာရောညပ်သွားမှာစိုးပြီး ဘယ် လိုလေးလုပ်ရင်ကောင်းမလဲဆို ပြီး ကိုယ့်ဟာကိုယ် ပြင်ဆင်ပြီး လုပ်ထားတာပါ။ ဓားပြဗိုလ်ဆို တော့ ရိုးရိုးရိုက်နေကျပုံစံလည်း သိပ်မလုပ်ချင်တာနဲ့ စဉ်းစားပြီး ဆံပင်ဆိုရင်လည်း မိတ်ကပ်အာ ကာတို့နဲ့ပေါင်းပြီး ဆံပင်လေးသေ ချာညှပ်တာတို့၊ အဝတ်အစားဆို ရင်လည်း ဒီဇိုင်နာယုံးယုံးဆီမှာ သေချာအပ်ပြီး ကိုယ့်ဟာကိုယ် ပုံဆွဲ၊ ဒီပုံလေးလုပ်ပေးပါဆိုပြီး ချုပ်ခိုင်းတယ်။ မာဖလာဆိုရင် လည်း သာမန်မာဖလာမလုပ်ဘဲ ပိတ်စရှည်ဆန်ခါပေါက်ကြီးကို မာဖလာလုပ်တယ်။ သွားဆိုရင် လည်း သွားဆရာဝန်တွေနဲ့တိုင် ပင်ပြီး မို (Mho)တွေ၊ ဘာတွေ လောင်းပြီး လက်နက်ကိရိယာ တွေ တပ်ဆင်တဲ့သဘောပါ။ သွားကလည်း Mho လောင်းပြီး လုပ် တယ်ဆိုပေမယ့် သွားတုတပ်ကျင့် မရှိတော့ အရမ်းနာတယ်။ အပေါ် ရော၊ အောက်ရောဆိုတော့ စကားပြောရင်ပိုဆိုးတယ်။ တေ့ လို့မရဘူး။ သေချာဝင်အောင် စွပ် ရတယ်။ သွားဆရာဝန်က တံစဉ်း နဲ့ သေချာတိုက်ပေးပေမယ့် စွပ် လိုက်တဲ့အချိန်မှာ ကြိတ်မှိတ်ပြီး အက်တင်လုပ်ရတယ်။
ဓားပြဗိုလ်ပေမယ့် သရဲကြောက် တတ်တဲ့သူပုံစံဆိုတော့ အဲဒီအ တွက်ကော ဘယ်လိုပြင်ဆင်ခဲ့ သလဲ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အားရကျေနပ်မှု ဘယ်လောက်ရှိလဲ။
ဓားပြဗိုလ်နဲ့ သရဲကြောက် တာတော့ ဘာမှမဆိုင်ဘူး။ ဒါပေ မဲ့ Contract ဖြစ်ရမယ်။ လူတွေ နဲ့ပတ်သက်ရင် ဖြဲခြောက်ရတယ်။ သရဲကျတော့ ကြောက်ရတယ်။ တစ်ကားလုံး ခြုံကြည့်ရင်တော့ အားလုံး သူ့နေရာနဲ့သူတော့ ကောင်းပါတယ်။ အဓိကကတော့ ဒါရိုက်တာရဲ့ Presentation ကို လည်း ကျေနပ်ပါတယ်။ ပြီးတော့ အရမ်းပံ့ပိုးထားတာက ဂီတစာဆို လွှမ်းပိုင်ရဲ့ သီချင်းကလည်း ဇာတ်ကားကို တော်တော်ကြွသွားပါ တယ်။
ဒီကားရိုက်ကူးရေးမှာ အမှတ်တရ တွေရှိခဲ့လား။
အမှတ်တရကတော့ လှေနဲ့ မြင်းပေါ့။ ဒီကားထဲမှာ ကားနည်း နည်းရှည်တော့ မပါဘူး။ မြင်းကို နောက်ပြန်စီးရတာ။ မြင်းကို နောက်ပြန်စီးရတဲ့အပြင် မြင်းပေါ် က အောက်ပြုတ်ကျတာရိုက်ရတဲ့ အခန်းလည်းပါတော့ နှစ်ခါလုပ်ရ တယ်။ မြင်းဆိုတဲ့အမျိုးကလည်း တည့်တည့်ဆိုရင် ခုန်ထွက်လို့ရ တယ်။ နောက်ပြန်စီးရတဲ့အခါကျ တော့ ပြုတ်ကျရင် တွက်လို့မရ ဘူးလေ။ အဲဒီအခန်းကို ရင်တမမ နဲ့ ရိုက်ခဲ့ရတယ်။ မြင်းကို နောက် ပြန်စီးပြီး ပြုတ်ကျရတာဆိုတော့ မြင်းကလန့်ပြီး တက်နင်းတာတို့၊ ကန်တာတို့ရှိနိုင်တော့ သတိထား ပြီး ရိုက်ခဲ့ရတယ်။
ဓားပြဗိုလ်ပုံစံ ပထမဆုံးသရုပ် ဆောင်တာဆိုတော့ ဗိုလ်နေတိုး ဇာတ်ရုပ်နဲ့ပတ်သက်ပြီး ဘယ် လောက်ရင်ခုန်ထားသလဲ။
ဗိုလ်နေတိုးကာရိုက်တာက တော့ ကြိုက်တဲ့ပရိသတ်လည်း ကြိုက်မှာပေါ့။ မကြိုက်တဲ့ပရိ သတ်လည်း မကြိုက်ဘူးပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီထဲမှာ ဝတ်စုံနှစ်စုံလဲရတာ။ တစ်ကား လုံးမှာမှ နှစ်စုံပဲလဲရတာ။ ဓားပြ ဗိုလ်ကာရိုက်တာတစ်ခု၊ ရွေး ကောက်ပွဲဝင်တဲ့အချိန်မှာ လည် ကတုံးတွေ၊ တိုက်ပုံတွေ စစ်ဖိနပ် နဲ့ စစ်ဦးထုပ်နဲ့၊ တရားမျှတတဲ့ ဒီမို ကရေစီရွေးကောက်ပွဲကို သေနတ်နဲ့ ဝင်တာ။ အဲဒီလိုဝတ်ဖို့ ကိုယ့် ဟာကိုယ် သရော်တဲ့အနေနဲ့ ပြင် ဆင်ပြီး ဒါရိုက်တာကို ပြလိုက် တယ်။ နောက်ပြီး နှစ်စုံပဲလဲတာ ဆိုတော့ ပြောရရင် မြားကနှစ် တောင့်ပဲရှိတယ်။ အဲဒီတော့ တစ် ချက်ပစ်တစ်ကောင်ထိမှဖြစ်မှာ။ ကာရိုက်တာနည်းနည်းကွဲအောင် ဆံပင်ကအစ အတိုပုံပြောင်းထား တယ်။ တစ်ကားလုံးအနေနဲ့က တော့ လက်ခံကျေနပ်မှာပါ။ ရွေးကောက်ပွဲမတိုင်ခင်တင်ရင် သဘောကျလိမ့်မယ် ထင်တယ်။ မြန်မာနိုင်ငံမှာ ပညာတတ်လူတန်းစားတွေ ပေါ်ထွက်လာစေရေးအတွက် အဓိကထားပြီးရိုက် တာ။ အင်တာတိန်းမန့်အနေနဲ့က တော့ ပရိသတ်လက်ခံမယ်လို့ ယုံကြည်ပါတယ်။
လတ်တလော အနုပညာလှုပ်ရှား မှုအနေနဲ့ ဘာဇာတ်ကားတွေရိုက် ဖို့ လက်ခံထားသလဲ။
ဇန်နဝါရီ ၁၁ ရက်မှာ ပုပ္ပါး ကိုတက်မယ်။ မိုးရုပ်ရှင်ထုတ်လုပ် ရေးရဲ့ ‘မိကဲ’။ ဒါရိုက်တာပြည် ဟိန်းသီဟ၊ ရွှေမှုံနဲ့ ထွန်းထွန်း၊ အဲဒီကားရိုက်မယ်။ ဖေဖော်ဝါရီ ၁ ရက်မှာတော့ ဒါရိုက်တာ စတီးလ်ရဲ့ ‘သမီးကလေးရွာ’ဆိုတဲ့ ရုပ်ရှင် ရိုက်မယ်။ မိကဲမှာ သူကြီး ဒီခေတ် အခေါ်ကတော့ အုပ်ချုပ်ရေးမှူး ပေါ့။ အဲဒီပုံစံသရုပ်ဆောင်မယ်။ အဲဒီကာရိုက်တာလည်း တစ်ခါမှ မလုပ်ဖူးဘူး။ သမီးကလေးရွာ ရိုက်မယ့် ကာရိုက်တာကလည်း မလုပ်ဖူးသေးဘူး။
အခုနောက်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူး တဲ့အရေအတွက်တွေများလာ တာဆိုတော့ အရည်အသွေးပိုင်း ကို ဘယ်လိုထိန်းဖြစ်သလဲ။
အဓိကကတော့ ရုပ်ရှင်များ လာရင် ကာရိုက်တာတွေကတော့ ထပ်လာမှာပဲ။ ဆိုက္ကားသမားကာ ရိုက်တာဆိုရင် ဒီကားမှာ ဆိုက်ကားသမား နောက်တစ်ကားမှာလည်း ဆိုက်ကားသမားဆိုရင်၊ ဆိုက်ကား သမားချင်းတူရင်တောင် ဘာတွေ ပြောင်းလဲမလဲစဉ်းစားတယ်။ ဒီ မှာဘောင်းဘီတိုနဲ့နင်းရင် ဟိုမှာ ပုဆိုးနဲ့နင်းတာ။ အဝတ်အစား ပြောင်းလဲတဲ့အပြင် ဒီဇိုင်းတွေက အစ အကုန် Change ပစ်လိုက် မယ်။ ကာရိုက်တာကတော့ ထပ် မှာပဲ။ မြန်မာနိုင်ငံမှာက ဒါပဲ။ ဇာတ်လမ်းဆိုလည်း ၅၅၀ နိပါတ် တော်ထဲက ထွက်လို့မရဘူး။ ကျိန်းသေတယ်။
မကြာခင်တက်လာတော့မယ့် အစိုးရအသစ်နဲ့ပတ်သက်ပြီး တော့ ရုပ်ရှင်လောကအတွက် ဘာတွေမျှော်လင့်ထားသလဲ။
မျှော်လင့်ချက်ကတော့ ရုပ် ရှင်လောကအပြင် မြန်မာပြည်သူ ပြည်သားတွေအတွက် မျှော်လင့် ချက်တစ်ခုကတော့ ကြီးကြီးမား မားရှိတယ်။ အဲဒါကတော့ တရား ဥပဒေစိုးမိုးမှုပဲ။
ကျေးဇူးတင်ပါတယ်။
7Day Daily

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။