Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 10, 2016

ကရင် ဖားစည်အကြောင်းဗဟုသုတ

#ကရင် ဖားစည်အကြောင်းဗဟုသုတ
.
ကရင်လူမျိုးများသည် ဆင်(၇) ကောင်ပိုင်ဆိုင်ရခြင်းထက် ဖားစည်အားပိုင်ဆိုင်ရခြင်းကိုပို၍ ဂုဏ်ယူတတ်ကြသည်။
ဖားစည်သည် ကရင်လူမျိုးတို့အတွက် ဂုဏ်သိက္ခာမြင့်မားခြင်းကိုဆောင်သည်ဟု ယုံကြည်ကြသည်။ဖားစည်ကို ဧည့်ခန်းတွင်အလှဆင်ထားခြင်းဆိုတာထက် လူတဦးသေဆုံးခြင်း၊ ရပ်ရေးရွာရေးကိစ္စများနှင့် ကောက်ပဲသီးနှံ ကိစ္စများအတွက်ချိတ်ဆွဲထားရခြင်းဖြစ်ပါသည်။
.
#ကရင်ဖားစည် သမိုင်း
ရှေးခေတ်ဖားစည်တွေရဲ့အစပေါ်ပေါက်လာပုံကို မည်သည့်ပညာရှင်ကမှ တိတိကျကျ မသိရှိနိုင်ကြသေးပါ။
ကရင်ဖားစည်ရဲ့ သမိုင်းအစကတော့ ပဲခူးရိုးမှ စတင်ခဲ့ကြသည်ဟု ပညာရှင်များက ယူဆခဲ့ကြပါတယ်။ ထို့အတူ ကမ္ဘောဒီးယားတို့ တရုတ်ပြည်က ယူနန်ဒေသတွေကလည်း ဖားစည်ရဲ့ မူလပေါ်ပေါက်ရာနေရာဟုလည်းမှန်းဆခဲ့ကြပါတယ်။ ဟေဂါ(Heger) ကတရုတ်မှတ်တမ်းများကိုလေ့လာပြီး တရုတ်ဗိုလ်ချုပ်ကြီး မယွမ်(MaYum AD49) ကခရစ်နှစ် (၅) ရာစုလောက်မှာ တုန်ကင်းဒေသမှ လူရိုင်းမျိုးနွယ်စုတွေနဲ့တိုက်ပွဲတွေဖြစ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီး မယွင် ရဲ့တပ်တွေကအနိုင်ရသွားတဲ့အခါ ထိုဒေသမှလူရိုင်းများက သတ္တုမြင်းရုပ်နဲ့ ဖားစည်ကိုဆက်သခဲ့ကြတယ်။
#ချူကိုလျန်(Chu Ko Liang AD-181-231) သေပြီး နှစ်ပေါင်း (200) လောက်မှာ ယူနန်အရိုင်းတို့ထဲသို့ တပ်များစေလွှတ်ပြီး နှိမ်နင်းခဲ့ကြသည်။ ထိုတရုတ်တပ်များနှင့် ဆက်နွယ်နေသည်။ စီချွမ်းဒေသမှာ ချူကိုလိုင်းကို ရည်စူးပြီး ဘုရားကျောင်းမှာဖားစည်ကိုထားရှိခဲ့သည်။ဖားစည်နဲ့ပက်သက်ပြီး အစဉ်လာစကားများလည်းရှိပါသေးသည်။ ရန်သူကို ထိတ်လန့်ခြောက်ခြားစေရန်ဖားစည်ကိုအသုံးပြုသည်ဟုဆိုသည်။တောင်ကျရေအလျင်ထဲသို့ ဖားစည်အားနှစ်မြုပ်ပါက ဝရဇိန်မိုးကြိုးကဲ့သို့ ရိုက်ဟီးသံကြားရကြောင်း၊ အလားတူ ဖားစည်အား လှိုင်ခေါင်းဝ၌ တီးခက်လိုက်လျှင်လည်းရန်သူအပေါင်း ထိန်လန့်ခြောက်ခြားကြသည်ဟုအဆိုရှိခဲ့သည်။ သို့သော် ဖားစည်များသည် စစ်တိုက်ပြီး အနိုင်ရသဖြင့် သိမ်းပိုက်ရရှိလာခဲ့ခြင်းများရှိလေသည်။ ယခုအခု ဖားစည်မူလအစမှာ တရုတ်နိုင်ငံမဟုတ်ကြောင်း ဒါပေမဲ့ တရုတ်တောင်ပိုင်းဒေသကနေ ရရှိလာပြီး ပွားယူထားတာတွေလည်းရှိခဲ့သေးတယ်။
မြန်မာနိုင်ငံမှာတော့ ကရင်လူမျိုးတွေက ဖားစည်ကိုထိမ်းသိမ်းထားခဲ့ကြတယ်။ ဒါပေမဲ့ ဖာစည်ရဲ့ရိုးရာအစဉ်လာတွေ ဘယ်အချိန်က၊ ဘယ်နေရာက စပြီးပေါ်ပေါက်လာလည်းကိုတော့ ဘယ်သူမှအတိကျမသိကြသေးပါ။
ရှေးအစဉ်လာများရဲ.အဆိုအရတော့ ဖားစည်ရဲ့အစဟာ မျောက်တွေနဲ့ဆက်စပ်နေတဲ့ ဖူးမော်ထော် ဆိုတဲ့ရှေးပုံပြင်တပုဒ်ရှိခဲ့ပါတယ်။ အဲ့ပုံပြင်အရတော့ ကရင်လူမျိုးတွေဟာ ထောမဲပါ လို့ခေါ်တဲ့ တောဝက်စွယ်သခင်မှ ဆင်းသက်လာခဲ့ကြတယ်လို့ဆိုပါတယ်။ ထိုလူမျိုးများသည် ထုံးကျောက်တောင် ဘေးနားမှာ ဆန်စပါးစိုက်ပျိုးပြီး နေထိုင်ခဲ့ကြတယ်။ စပါးတွေမှည့်လာတဲ့အချိန်မှာတော့ မျောက်တွေဟာ လယ်ကွင်းထဲကိုဆင်းလာပြီး စပါးတွေကိုခိုးယူကြသည်။ ဒါကိုပိုင်ရှင်လယ်သမားက အဲ့မျောက်တွေကို လိုက်မောင်ရင်းနဲ့ အရမ်းပင်ပန်းလာပြီး နောက်ဆုံးလက်မှိုင်ချပြီး လယ်ကွင်းထဲမှာပဲလှဲချလိုက်တယ်။ အဲ့အချိန်မှာ မျောက်တွေက အဲ့လယ်သမားအနားကိုလာပြီး တစ်ကောင်နဲ့တစ်ကောင်တီးတိုးစကားပြောကြတယ်
"ငါတို့သည် သာရဲ့စပါးများကိုစားသောက်ခဲ့ကြသည်။ အခုတော့ သူလည်းသေလေပြီ ဒါကြောင့် သူ့ရဲ့ ဈာပန အခမ်းနားကိုလုပ်ပေးကြစို့" ဆိုပြီး မျောက်တွေက လယ်ရှင်ရဲ့အလောင်းကို တောင်ကုန်းပေါ်က လှိုင်ဂူထိပ်ဝကို သယ်ဆောင်လာခဲ့ကြသည်။ နောက်တော့ ဖားစည်ကိုယူဆောင်လာသည်။ ပထမဦးဆုံး #ဂေါကွစေး(ငွေဖားစည်) ကိုယူလာပြီးနောက် #ဂေါဟွထူး(ရွှေဖားစည်) နောက်ဆုံးမှာ #ဂေါဝါး(ဖားစည်ဖြူ) တို့ကိုသယ်ဆောင်လာခဲ့ကြသည်။ နောက်တော့ လယ်ရှင်ရဲ့ ပတ်ပတ်လည်မှာထိုင်ပြီး ဖားစည်တွေကိုတီးခတ်ကြတဲ့အခါ လယ်ရှင်ရဲ့အလောင်းကောင်ကြီးဟာ ရုတ်ရတ်အသက်ဝင်လာပြီး လှုပ်ရှားလာတော့ မျောက်တွေလည်းအံ့သြထိတ်လန့်ပြီး ထွက်ပြေးကြသည်။ အဲ့နောက်တော့ ဖူးမော်ထော်က ဖားစည်ကိုယူပြီးအိမ်သို့ပြန်လာခဲ့သည်။
ထို့နောက် ဖူးမော်ထော်ကို မနာလိုတဲ့သူတချို့က ထိုဖားစည်များကိုခိုးယူဖို့ကြံစည်ကြသောအခါ ဖူးမော်ထော်က #ဘော်ဘော်လေး ခေါ်ရေကန်အတွင်းသို့ ဖားစည်ဖြူကိုပစ်ချခဲ့သည်။ ထိုနေရာအား ယခုအခါ မသိနို်ကြတော့ပါ။ ရွှေဖားစည်နှင့် ငွေဖားစည်တို့သည်လည်း နေရာအနှံ့အပြားသိုရောက်ရှိကုန်ကြပါတယ်။
.
#ယုံကြည်မှု
ကရင်လူမျိုးတွေက ဖားစည်မှာ ဂမ္ဘီရ အစွမ်းတွေရှိတယ်ဆိုပြီးယု့ကြည်ကြတယ်။ ဒါကြောင့် ဖားစည်ကို နှစ်စဉ် ဒါမှမဟုတ် အခါအားလျော်စွာ ပူဇော်မှုတွေပြုလုပ်ကြတယ်။ ဒီလိုပူဇော်ခြင်းက ကံကောင်းမှုတွေကိုယူဆောင်လာပေးတယ်လို့လည်း ယုံကြည်ကြတယ်။ နှီးနဲ့လုပ်ထားတဲ့ခွက်လေးထဲကို မိသားစုကချက်ပြုတ်ထားတဲ့ အစားသောက်တွေထည့်ပြီး ပူဇော်မှုတွေပြုလုပ်ကြတယ်။ နှစ်စဉ်လည်း ဖားစည်နဲ့ပက်သက်ပြီး ကခုန်မှုတွေ ပွဲလမ်းသဘင်တွေနဲ့လည်းပူဇော်ကြသေးတယ်။
ဖားစည်မည်သံဟာ သာယာလွန်းတာကြောင့် တောင်စောင့်နတ်တွေ #ထီကစကောစက လို့ခေါ်တဲ့ မြေစောင့်နတ်တွေကလည်း အရမ်းသဘောကျကြတယ်။ အဲ့လိုဖားစည်တီးခတ်ကြသူတွေကိုလည်း ကောင်းချီးပေးကြတယ်တဲ့။
ပဲခူးကိုးမတောင်ကုန်းဒေသဖက်က #ကို သို့ #ဟောက် လို့ခေါ်တဲ့ ဖားစည်မျိုးတွေလည်းရှိသေးတယ်။ အဲ့ဒါတွေကိုနော့ နာရေးအခမ်းနားတွေမှာ သုံးလေ့ရှိတာကြောင့် #ဒုမင်္ဂလ ဖားစည်လို့ခေါ်ကြတယ်။ အဲ့ဖားစည်ကိုတော့ ပိုင်ရှင်တွေဟာ မိမိနေအိမ်မှာမထားပဲ တောထဲတောင်ထဲမှာပဲ ဝှက်ထားကြတယ်။ မိသားစုထဲမှာ အရေးကြီးကိစ္စကြုံလာချိန်၊ မိသားစုဝင်တဦးဦး သေဆုံးတဲ့အခါကြမှသာ အဲ့တော်ထဲကဖားစည်ကိုပြန်ယူပြီ အဝေးရောက်မိသားစုဝင်တွေကို အသိပေးကြတယ်တဲ့။
.
#ကရင်ဖားစည်ရဲ.အသွင်ပြင်
ဖားစည်ဟာ ပိုင်ဆိုင်တဲ့လူမျိုး ဒေသပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားကြပါတယ်။ကမ္ဘောဒီးယား၊ တရုတ် တို့မှဖားစည်ပုံစံ အမျိုမျိုးရှိတဲ့ထဲက ကရင်ဖားစည်အသွင်ပြင်အကြောင်းကိုသာ ကျွန်တော်သိသလောက်မျှဝေပေးပါရစေ..
ဖားစည်ရဲ့အရွယ်အစားဟာ ပုံမှန်အားဖြင့် ၁/၄ လက်မခန့်ရှိပြီး မျက်နှာပြင်ပေါ်မှာတော့ စက်ဝိုင်းထပ်ပုံလေးများပါရှိပါတယ်။ မျက်နှာပြင်အရွယ်စားပေါ်မူတည်ပြီး စက်ဝိုင်းက ၁၂ထပ်၊ ၁၈ထပ် နဲ့ အထပ်၂၀ ထိရှိနိုင်ပါတယ်။
ဂျီသြမေတြီဆန်ဆန်ဒီဇိုးင်း မှန်ကူကွက်တွေ အစင်းကြောင်းတွေ စက်ဝန်းကြောင်းတွေ စသည်ဖြင့်ပုံစံအမျိုးမျိုးရှိပါတယ်။
ဖားစည်ရဲ့မျက်နှာပြင်အလည်တည့်တာ့်မှာတော့ ကြယ်ပွင့်ပုံပါရှိပြီး အထူးခြားဆုံး လက္ခဏာပဲဖြစ်ပါတယ်။ မျက်နှာပြင်ဘေးပတ်လည်တွင်တော့ ဖားရုပ်တွေကို ဘယ်ရစ်အဖြစ်မျက်နှာမူပြီး ဒေါင့်လေးဒေါင့်မှာ ရပ်လျက်ပုံပါရှိပါတယ်။ဖားဆိုသည်မှာ မိုးရွာခြင်းရဲ့အတိတ် နိမိတ်ပုံဖြစ်သောကြောင့် ဖားစည်တီးသံကို မိုးခေါ်သံ နိမိတ်ပုံဟုလည်းယုံကြည်ထားကြပါသည်။
.
သိသလောက်ပြန်လည်မျှဝေပေးတာဖြစ်လို့ အမှားများပါဝင်ပါက နားလည်ပေးကြပါခင်ဗျာ
#ကိုးကား #ကရင်(ဒေါက်တာသန်းလှိုင်)
#Wikipedia
#SettNaing

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။