သူဌေးသားဆိုတာ
တကယ်တော့ ဒီစာကို ရေးဖို့  ပြင်ဆင်နေ ကြာပါပြီ။
ဒါပေမယ့် ဆောင်းပါးတစောင်ထက် အရမ်းအရေးကြီးတာတွေ လုပ်နေရတာပါ။ ခုတော့ ဖတ်ကြည့်ဖို့ 
မျှော်လင့်မိရမှာပဲ။
တကယ်ပါ သူဌေးသားတွေက တော်တော် သနားဖို့ ကောင်းတယ်။
ဒီဘက်ခေတ်သူဌေးသားတယောက်
ရဲ့  အနေအထားက တော်တော်ဆိုး
တယ်။ရှေ့ ရေး မကောင်းဘူး။
သူဌေးသားတယောက်ရဲ့  ဘဝမှာ ဘယ်ဟာ အရေးပါသလဲ လူ့ ဘဝမှာ
ဘယ်အရာ အကောင်းဆုံးလဲ မသိနိုင်ဘူး။
မက်ချာချူးဆက်ပြည်နယ်မှာ ကောက်
တဲ့စာရင်းအရ သူဌေးသား ၁၇ ယောက်မှာ တယောက်သာလျှင် အသက်ကြီးတဲ့ထိ ချမ်းချမ်းသာသာ
နေသွားရတယ်လို့  ဆိုတယ်။
မွေးတော့ ချမ်းချမ်းသာသာ မွေး။
သေတော့ ဆင်းဆင်းရဲရဲ သေကြရတယ်။ တကယ်လို့  သူဌေးသား တယောက်ဟာ
သူ့ အဖေပိုက်ဆံကို သူ့ လက်ထဲမှာ
မပျောက်ပျက်အောင် ထိန်းသိမ်း
နိုင်တယ် ဆိုဦးတော့ လူ့ ဘဝရဲ့  အနှစ်
သာရတွေကို သူ့ ခမျာ သိရှာမှာ မဟုတ်ဘူး။
လူတယောက် လောကမှာ အပျော်ရွှင်ရဆုံး အချိန်က ကိုယ်လက်
ထပ်ထိမ်းမြားတဲ့ သတို့ သမီးကို ကိုယ့်ကိုယ်ပိုင် အိမ်ဆီခေါ်လာနိုင်တာ
ပဲ။
အိမ်ရှေ့ တံခါးရောက်တဲ့အခါ အချစ်
လာပါ ကိုယ်တို့ နှစ်ယောက်ကမ္ဘာလေ
းက ကြိုဆိုပါတယ်။ အစသဖြင့် စကား
လုံး အနုအရွလေးတွေ သုံးနှုန်းပြော
ဆိုပြီး ရင်ဘတ်ကြီးကို ဖွင့်လိုက်လို့ 
ရပါတယ်။
တကယ်လို့ သာ သူဌေးသားဆိုလျှင်
ဒီထက်လှ ဒီထက်ခမ်းနားတဲ့ အိမ်ကို ခေါ်ဆောင်သွားနိုင်ပေမယ့်
ဒါ ကိုယ့်အမေ အိမ်လေ။ အမေ လက်ဆောင် ပေးထားတာပေါ့။ အဲဒါ
ကတော့ အမေ့ကို ဝယ်ခိုင်းရတာ
ဆိုတာမျိုးတွေချည်း။
မိန်းမရဲ့ စိတ်မှာ သူ့ မယူပဲ သူ့ အမေယူရင် ပိုကောင်းမလား ဆိုတာ
ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် သူတို့ ဘဝက သနားစရာ။
မိဘက မြှောက်စား လိုလေသေးမရှိ
အောင် လုပ်ကိုင်ပေး လိုတာထက် ပို
ဆင်ပေး ကြာတော့ ပေါကြောင်ကြော
င် ဖြစ်လာတယ်။
ဘယ်လို ဝတ်ရမှန်း မသိ။ ဘယ်လို
နေရမှန်း မသိ။ ဘယ်လို ပြောရမှန်း
မသိ။လူကြည့်လိုက်ရင် မြှောက်ကြွ
မြှောက်ကြွနဲ့  လက်တွေက အောက်
ိကို မကျဘူး မြောက်နေတယ်။
တခါက ဟိုတယ်တခုရဲ့  dinning hall
မှာ အမြင်ကပ်စရာ သတ္တဝါတကောင်။
သူ့ ပုံစံကို မြင်အောင်ပြောရရင် မနုသာဗေဒပြခန်းမှာ ကမ္ဘာ့ မသန်စွမ်း
ဆုံးလူသားဆိုပြီး ပြထားရမယ့် ပုံစံမျိုး။
လက်က မြှောက်ကြွမြှောက်ကြွ အပိုဆာဒါး မျက်မှန်ကြီး တလက်နဲ့ 
ခြေထောက်မှာလဲ သားရေပြောင် ဖိနပ်တရံ စီးထားသေးတယ်။
ဘောင်းဘီကလည်း ကျပ်တောက်နေ
တယ်။ ကုတ်အနက်ရောင် ပြောင်ရွှဲရွှဲ
ကြီးနဲ့ လူက ပုရစ်လိုလို နှံကောင်လို
လို ပုံစံမျိုးဖြစ်နေတယ်။
သူက မျက်မှန်တကိုင်ကိုင်နဲ့ 
ဧည်ကြိုကောင်တာနား သွားပြီးတော့
မမြင်ရတဲ့ မျက်မှန်ချွတ်တယ်။
ပြီးတော့ ဒီမှာ ဒီမှာ ကျွန်တော့်ရဲ့ 
လက်ခ်ျကေ့စ်ကို ဟိုစားပွဲပေါ် တင်ပေးနိုင်မလားတဲ့။
သူနဲ့ အတူ တပါတည်း သယ်ဆောင်
လို့  ရရဲ့ သားနဲ့  ပေနှစ်လောက်အကွာ
အဝေးကို သူသယ်လို့  မရတော့ဘူး။
လက်တွေက ကြွတက်နေတယ်။
အောက်ကို ချလို့ မရတော့ဘူး။
ဒီလို လူ့ ပေါက်ပန်းတွေ စိတ်ကုန်
တယ်။ တကယ်လို့  သင်ဟာ သူဌေး
သားတယောက်ဆိုလျှင် လောကကို
မြင်အောင် ကြည့်ဖို့  လူ့ ဘဝရဲ့ အနှစ်
သာရကို ရအောင်ယူဖို့  ပြင်ဆင်သင့်ပါပြီ။
ရတီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။