#မန်းတောင်ပေါ်က ကင်မရာမန်း တစ်ယောက်
အလုပ်ကိစ္စတစ်ခု ထပ်ပေါ်ပြီး မန္တလေး ကို တစ်ရက်တာ ခရီးသွားဖြစ်ခဲ့ပါတယ်။ ကံအားလျော်စွာ နေ့ လည် ၂ နာရီမှာပြီးသွားလို့  လေယဉ်ပေါ်မတက်ခင် ၃ နာရီလောက်ကိုယ်ပိုင်ချိန်ရခဲ့ပါတယ်။
ရင်းနှီးတဲ့ ကားဆရာ လူငယ်ကြောင့် မန္တလေးတောင်ပေါ်တက်ဖို့ ဆုံးဖြတ်မိပါတယ်။
အဲ့ဒီ ဆုံးဖြတ်ချက် ဆန္ဒက ဒီစာစုကို ဖြစ်စေခဲ့ပါတယ်။
၁၅ မိနစ်လောက် ကားမောင်းပြီးတော့ မန္တလေးတောင်ကို ရောက်ခဲ့ပါတယ်။ တောင်ခြေကစလို့  ဟိုဟိုဒီဒီပုံလေးတွေရိုက်ဖြ စ်ခဲ့သလို တောင်ပေါ်အရောက်မှာလဲ ဟိုရိုက်ဒီရိုက်လုပ်ရင်းနဲ့ ပဲ
ဘုရားပေါ်ရောက်သွားပါတယ်။ တောင်ပေါ်ကနေ မြင်ရတဲ့ မြို့ ရဲ့ မြင်ကွင်းဟာ
ရိုက်ချင်စရာ ကောင်းလှသလို ရိုက်လဲရိုက်ဖြစ်ခဲ့ပါတယ်။ ဘုရားကို ပန်းလှူ
ဝတ်ပြု ပြီးတော့ တစ်ပတ် ပတ်ရင်း ဟိုဟိုဒီဒီ လျှောက်ရိုက်နေတုန်း
မြင်ကွင်းတစ်ခုကို သတိထားမိပြီး ….. စိတ်ထဲမသက်မသာဖြစ်မိပါတယ်။ ဘာကိုမဆို
တွေ့ ရင် ရိုက်ထားပြီး မှတ်တမ်းယူလေ့ရှိတဲ့ ကျတော်က အဲ့ဒီအချိန်မှာတော့
တော်တော့်ကို ပုံစံမမှန်ဖြစ်နေတယ်ပြောရပါ မယ်။
ကျတော်မြင်လိုက်ရတာက အသက်ခပ်ကြီးကြီး ၊ Canon အမျိုးအစား Point and Shoot
ကင်မရာ ( အပျော်တမ်းရိုက်ကင်မရာ ) ခပ်နွမ်းနွမ်း တစ်လုံးကိုလွယ်ထားပြီး
ဟိုဟိုဒီဒီ ငေးကြည့်နေတဲ့ ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပါတယ်။
သူနဲ့ မလှမ်းမကမ်းမှာတော့ ဖုန်းကိုယ်စီနဲ့  အပြန်အလှန်တစ်မျိုး Selfie
တစ်မျိုးရိုက်နေကြတဲ့ ဘုရားဖူးတွေ ၊ ပြီးတော့ Pro Camera မဟုတ်ပေမယ့်
တော်တော်ကလေးအဆင့်မြင့်သော ကင်မရာကို ကိုင်ထားသူတစ်ချို့  ။ သူကတော့ သူ
့ကိုလှမ်းခေါ်မယ့် သူတစ်ယောက်တစ်လေကို သာ ဟိုဒီလျောက်ရင်း မသိမသာ ရှာဖွေဆဲ ။
သတိဝင်လာလို့ သူနဲ့ မလှမ်းမကမ်းကိုသွားပြီး ပုံတစ်ပုံရိုက်ဖို့ လုပ်ရင်းနဲ့ ပဲ မကောင်းတတ်တာကို တွေးမိသွားပြီး ခပ်လှမ်းလှမ်းတစ်နေရာကို ယူလိုက်ရပါတယ်။ ဒီစာနဲ့ အတူတွဲတင်ထားတဲ့ပုံက အဲဒီပုံပါပဲ။
ခောတ်တွေ စနစ်တွေပြောင်းလဲတဲ့အခါမှာ စားဝတ်နေရေးပုံစံတွေပြောင်း လာပြီး
အချို့ သော အသက်မွေးအလုပ်တွေက ပျောက်ကွယ် အချို့ ကတော့အသစ်ပေါ်လာ
ဒါဟာသဘာဝတရားပါ။ သို့ သော် မေ့ပျောက်သွားဖို့  အမှတ်တရတွေ ကုန်ဆုံးသွားဖို
့ကိုတော့ လက်ခံဖို့ ခက်ခဲပါတယ်။ ဥပမာ တစ်ခုပေးရရင် ..
လာမယ့်ဆယ်စုနှစ်တစ်ခုအကြာမှာ
ဆိုက်ကားဆရာတွေကို ကျတော်တို့  မြင်တွေ့ နိုင်ဖို့  မသေချာတော့ပါဘူး ။ သို
့ပေမယ့် ကျတော်တို့ နိုင်ငံမှာ မျိုးဆက်ပေါင်းများစွာနဲ့ ရင်းနှီးခဲ့တဲ့
ဆိုက်ကားနဲ့ ဆိုက်ကားဆရာတွေရဲ့  လူ့  ပတ်ဝန်းကျင်မှာ
အကျိုးဆောင်ခဲ့မှူတွေကိုတော့ 
ဘယ်တော့မှ မေ့လို့ ရမှာမဟုတ်သလို ပျောက်ပျက်မသွားအောင်လဲ
ထိမ်းသိမ်းရပါလိမ့်မယ် ။ ( England မှာ London bus ကြီးက ခုထိ tourist
attraction အနေနဲ့ ထားထားသလိုမျိုးပေါ့ ) သမိုင်းတစ်ခုဖြစ်သလို
မှတ်တိုင်တစ်ခုလဲဖြစ်ခဲ့ပါတ ယ်။
ပင်မအကြောင်းအရာကို ပြန်သွားပါမယ်။ ငယ်ငယ်တုန်းက ဘုရားသွားရင် ပွဲဈေးတွေသွားရင် တိရိစ္ဆာန်ရုံလိုနေရာမျိုးသွားရင် အမှတ်တရ ပုံရိုက် .. ချိန်းတဲ့ရက်မှာ သွားပြန်ယူခဲ့ကြတယ်။ ပြီးရင်တော့အမှတ်တရ အဖြစ် ဘောင်တွေဘာတွေကွပ်ကြတယ်ပေါ့ ။ ကြားထဲမှာ တိုးတက်လာတဲ့ digital နည်းပညာတွေအကြောင်းကို ကျော်လိုက်မယ်။ တဖြေးဖြေးနဲ့ တိုးတက်မှူထဲမှာ ဒီအသက်မွေးဝမ်းကြောင်းတစ်ခု
အားပျော့ ပျောက်ကွယ်လာတာကို ပဲ ဆက်ပြောချင်တယ်။ အခုအချိန်မှာ
အသက်ငင်နေပြီဖြစ်သော စီးပွားရေး လုပ်ငန်းတစ်ခုကတော့ ဘုရားပေါ်က
ဓါတ်ပုံဆရာများပဲဖြစ်ပါတယ်။ အစောပိုင်းမှာ သူတို့ ပါ digital နည်းပညာကြောင့် ပိုမိုပေါ့ပါးအဆင်ပြေလာသလို ရှိခဲ့ပါသေးတယ်။
ခုတော့ သူတို့ ဟာ အားကောင်းမောင်းသန် ပျောက်ကွယ်နေပြီဖြစ်သလို
နည်းပညာအရရော လုပ်ငန်းပုံစံအရပါ ဆုတ်ယုတ်လာပြီဖြစ်လို့ 
လာမယ့်နှစ်ဆိုရင်တောင် မြင်ရပါတော့မလား မသိနိုင်ပါဘူး။ သို့ သော် ကျတော်တို
့နိုင်ငံရဲ့  ခောတ်တခောတ်မှာ သူတို့ ရှိခဲ့တယ်ဆိုတာကိုတော့ ငြင်းရင်
မှားမယ်လို့  ကျတော်ဆိုချင်ပါတယ်။
စီးပွားရေးသီအိုရီတွေရွတ်ကြ လုပ်ထုံးတွေကိုပြောရရင်တော့
Change to survive ပါပဲ ။ ရှင်သန်ခြင်ရင် ပြောင်းလဲရပါလိမ့်မယ်။ သို
့ပေမယ့် ကျတော်တို့ နိုင်ငံလို ဖွံ့ ဖြိုးမှူနဲသေးပြီး လုပ်စားစရာ
ဘောင်ကျဉ်းနေသေးတဲ့အနေအထားမှာ ဓါတ်ပုံကို ခောတ်ဟောင်းအနေအထာလောက်သာရိုက်တတ်ပြီး အသက်အရွယ်လဲ အကျဖက်ရောက်နေသူ ဓါတ်ပုံဆရာဟောင်းကြီးများ အနေနဲ့  ဘာလိုအသက်မွေးဝမ်းကျောင်းကိုများ
ဆက်လက်ရွေးချယ်ရမှာပါလဲ ။ ကိုယ်တွေ့  ကြုံဖူးတာတစ်ခု ရယ် Facebook ပေါ်မှာ
ကြုံဖူးတာရယ်ကို ပြောရရင် .. ကျတော် အသက် ၁၀နှစ် ( ၁၉၉၈ ခုနှစ်လောက်တုန်းက )
ရပ်ကွက်ထဲမှာ ဂျာနယ်တွေအော်ရောင်းတဲ့ အန်ကယ် တစ်ယောက်ရှိပါတယ် ။
တတိုင်းမွေး ရွင်ပြုံး စသည်ဖြင့် ကာတွန်းဂျာနယ်တွေကို အော်တဲ့အသံ
အခုထိနားထဲမှာ စွဲနေဆဲပါ ။ သူက ကျောင်းအုပ်ကြီးဟောင်းတစ်ယောက်ပါ။
သူတို့ လုပ်တတ်သော အလုပ်က သူတို့ ကိုမလိုအပ်တော့တဲ့အခါမှာ
(သက်ကြီးစောင့်ရှောက်သော စနစ် မရှိတဲ့အခါမှာ ) ကြုံရာလုပ်စားတွေဖြစ်ကုန်တော့တာပါပဲ။
နောက်ထပ် ကြုံမိတာကတော့ အငြိမ်းစား ဆရာကြီးနဲ့ ဆရာမကြီးလင်မယားနေရာမရွေး
ခြံစောင့်လုပ်မယ်ဆိုတာပါ။ အဲ့တာကတော့ သတင်းစာဖြတ်ပိုင်းကို facebook ပေါ်မှာ
တွေ့ မိတာပါ။ အနှစ်ချုပ်ပြန်ပြောရရင် သူတို့ တွေဆက်လုပ်စားဖို
့မရှိတော့တာပါ။ စိတ်မကောင်းဖြစ်မိသော အမှန်တရား တစ်ခုဖြစ်ပါတယ်။
အနှစ်ချုပ်ပါမယ်။ စိတ်မကောင်းတာက မကောင်းတာဖြစ်သလို အပြောင်းအလဲနဲ့ ခောတ်ရဲ့ တောင်းဆိုမှုကိုလဲ လက်ခံရမှာပါ။ ကျတော့်စိတ်ထဲမှာရှိတာ ဖြစ်ချင်တာကိုပြောရမယ်ဆိုရင် သူတို့ တွေကို အလုပ်တွေဆက်ပြီးရှိနေစေချင် တာ ဘာညာထက် (ကျတော်လဲမတတ်နိုင်ဘူးလေ) .. မြန်မာနိုင်ငံရဲ့  ဓါတ်ပုံသမိုင်းမှာ ဒီလိုလူတွေ ဒီပညာနဲ့  ဒီလိုအသက်မွေးတဲ့သူတွေရှိခဲ့ ဖူးတယ်
ဆိုတာကိုတော့ မေ့မထားဖို့  မှတ်တမ်းလေးတစ်ခုရှိဖို့  … အဲ့တာက ကျတော့်
ဆန္ဒပါပဲ။ ကျတော်ကိုယ်တိုင်လဲ သူတို့ တွေနဲ့ ပတ်သတ်ခဲ့ဖူးလို
စာဖတ်သူမိတ်ဆွေလဲ ထိစပ်ဖူးသူတွေရှိနိုင်ပါတယ် ။
သူတို့ တွေဟာ ခောတ်တစ်ခောတ်မှာ လူတန်းစားတစ်ရပ်ရှိခဲ့တယ်။ ဖြစ်ခဲ့တယ် ။ နောက်ပြီး professional အဆင့်မရောက်ကြပေမယ့် ထိုက်သင့်စွာ နဲ့ ဝန်ဆောင်ပေးခဲ့ကြတယ် ။ နောက်ပိုင်းမှာ digital ပေါ်လာပြီး အပေါစားဆန်ဆန် ဖြစ်လာကြတာအနဲငယ်ရှိတာကိုတော့
ဝန်ခံပါတယ်။ သို့ သော် လူငယ်တွေအချင်းချင်း ပြောကြတဲ့ comment တစ်ခုထဲကလို
အဆင့်က ဘုရားက ဓါတ်ပုံဆရာ အဆင့်ပါကွာ ဆိုပြီး ခပ်နှိမ်နှိမ်ပြောလိုက်တာမျိုးကိုတော့
ကျတော့် ရင်ထဲက မနှစ်မြို့ မိပါ။ သူတို့ ဟာ တစ်ချိန်တုန်းက (အထူးသဖြင့်
ဖလင်ခောတ်တုန်းက ) အရေ့းပါခဲ့ဖူးသော သမ္မာအာဇီဝ သမားများဖြစ်ခဲ့ကြပါတယ်။
========================== ==============
ခေါင်းထဲမှာရှိနေခဲ့တဲ့အကြောင်းအရာတစ်ခုကို
အမှတ်မထင်ရိုက်ဖြစ်သွားတဲ့ ဓါတ်ပုံ တစ်ပုံကြောင့် ဒီစာစုကို ရေးဖြစ်ဖို
့အကြောင်းဖန်ခဲ့ပါတယ်။ ဦးစွာ ၀န်ခံလိုတာက ကျတော်က professional
photographer တစ်ယောက် မဟုတ်ဘူးဆိုတာပါ။ Street Photography ကို
စိတ်ဝင်စားလို့  လေ့လာမိခဲ့ရာကနေ ကျတော့်အစ်ကို နဲ့ အတူ ဒီ Page လေးလုပ်
အခန်းတစ်ခု စီစဉ်ထားပြီး so-call studio business ကလေးကို
လုပ်ဖြစ်တာပဲရှိပါတယ်။ ဒါပေမယ့် လူငယ်ဓါတ်ပုံဆရာ အချို့  အချင်းချင်း
အပြန်အလှန် ပေးတဲ့ကွန်းမင့် တွေထဲမှာ ဒီလို ဓါတ်ပုံဆရာတွေနဲ
့ခိုင်းနှိုင်းပြီး သူတို့ အနိုင်ယူလိုသူကို ရေးခဲ့ တိုက်ခိုက်ခဲ့တာကို
မြင်ကတည်းက စိတ်ထဲမှာ မသက်မသာ ဖြစ်မိခဲ့ပါတယ်။ ခုကတော့
စာစုအသွင်ပြောင်းဖြစ်ခဲ့ပါတ ယ်။ ခုစာနဲ့ ပတ်သတ်ပြီး ဆဲဆိုခြင်း များရှိခဲ့ရင် ကျေကျေနပ်နပ်လက်ခံဖို့ ရှိပါတယ်။
Credit-ပြည့်စုံဖြိုး ( Clicking Finger )
Credit-VILLAIMAGESSERVICES
အလုပ်ကိစ္စတစ်ခု ထပ်ပေါ်ပြီး မန္တလေး ကို တစ်ရက်တာ ခရီးသွားဖြစ်ခဲ့ပါတယ်။ ကံအားလျော်စွာ နေ့ လည် ၂ နာရီမှာပြီးသွားလို့  လေယဉ်ပေါ်မတက်ခင် ၃ နာရီလောက်ကိုယ်ပိုင်ချိန်ရခ
၁၅ မိနစ်လောက် ကားမောင်းပြီးတော့ မန္တလေးတောင်ကို ရောက်ခဲ့ပါတယ်။ တောင်ခြေကစလို့  ဟိုဟိုဒီဒီပုံလေးတွေရိုက်ဖြ
သတိဝင်လာလို့ သူနဲ့ မလှမ်းမကမ်းကိုသွားပြီး ပုံတစ်ပုံရိုက်ဖို့ လုပ်ရင်းနဲ့ ပဲ မကောင်းတတ်တာကို တွေးမိသွားပြီး ခပ်လှမ်းလှမ်းတစ်နေရာကို ယူလိုက်ရပါတယ်။ ဒီစာနဲ့ အတူတွဲတင်ထားတဲ့ပုံက အဲဒီပုံပါပဲ။
ခောတ်တွေ စနစ်တွေပြောင်းလဲတဲ့အခါမှာ စားဝတ်နေရေးပုံစံတွေပြောင်း
ပင်မအကြောင်းအရာကို ပြန်သွားပါမယ်။ ငယ်ငယ်တုန်းက ဘုရားသွားရင် ပွဲဈေးတွေသွားရင် တိရိစ္ဆာန်ရုံလိုနေရာမျိုးသွ
စီးပွားရေးသီအိုရီတွေရွတ်ကြ
အနှစ်ချုပ်ပါမယ်။ စိတ်မကောင်းတာက မကောင်းတာဖြစ်သလို အပြောင်းအလဲနဲ့ ခောတ်ရဲ့ တောင်းဆိုမှုကိုလဲ လက်ခံရမှာပါ။ ကျတော့်စိတ်ထဲမှာရှိတာ ဖြစ်ချင်တာကိုပြောရမယ်ဆိုရင
သူတို့ တွေဟာ ခောတ်တစ်ခောတ်မှာ လူတန်းစားတစ်ရပ်ရှိခဲ့တယ်။ ဖြစ်ခဲ့တယ် ။ နောက်ပြီး professional အဆင့်မရောက်ကြပေမယ့် ထိုက်သင့်စွာ နဲ့ ဝန်ဆောင်ပေးခဲ့ကြတယ် ။ နောက်ပိုင်းမှာ digital ပေါ်လာပြီး အပေါစားဆန်ဆန် ဖြစ်လာကြတာအနဲငယ်ရှိတာကိုတေ
==========================
ခေါင်းထဲမှာရှိနေခဲ့တဲ့အကြေ
Credit-ပြည့်စုံဖြိုး ( Clicking Finger )
Credit-VILLAIMAGESSERVICES

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။