ဘာကို တန်ဖိုးထားရမလဲ
"ငါတန်ဖိုးထားတာ မရေရာရင် ငါဟာ မရေရာတဲ့သူ ဖြစ်နေပြီ။ ငါ့ဘ၀ဟာလည်း မရေရာဘူး၊ ငါ့ဆက်ဆံရေးတွေ ဟာလည်း
မရေရာဘူး၊ ငါ့ဘာသာရေးဟာလည်း မရေရာဘူး။"
လူတစ်ယောက်အကြောင်း၊ စာအုပ်လေးတစ်အုပ်မှာ ဖတ်ဖူးတယ်။
အဲဒီလူဟာ သူများ သူ့ကို သဘောကျအောင်ပဲ နည်းမျိုးစုံနဲ့ လုပ်တယ်။ နောက်ဆုံး သူသေသွားတဲ့အခါကျတော့ သူ့အကြောင်းကို ရင်းရင်းနှီးနှီး
သိတဲ့ နောက်လူတစ်ယောက်က ဘယ်လို ပြောသလဲဆိုတော့
"He never knew who he was" သူ ဘယ်သူလဲဆိုတာ သူ
ဘယ်တုန်းကမှ မသိလိုက်ဘူးတဲ့၊၊
အခုခေတ်မှာလည်း အဲဒီလိုလူတွေ တွေ့နေရတယ်၊ ရှိတယ်၊၊ရင်းရင်းနှီးနှီးသိ တဲ့အထဲမှာလည်း ရှိတယ်။ သူက အများကြီးတော့
လုပ်ခဲ့တာပဲ၊ အမျိုးမျိုး လုပ်ခဲ့တာပဲ၊ ဘယ်ဟာကိုမှ တကယ်စိတ်ပါလက်ပါ လုပ်တာမရှိခဲ့ဘူး။ သူ့မှာ သိတဲ့သူ ခင်တဲ့သူ နဲနဲပါးပါးရှိတယ်၊
မိသားစုရှိတယ်။
သူ့မှာခိုင်မာတဲ့ရပ်တည်ရာ မရှိဘူး။ ခိုင်မာတဲ့ အတွေးအခေါ် အယူအဆ သဘောထားမရှိဘူး။
သူများ အယူအဆနောက်ကို အသာလေးမျှောပြီးတော့ လိုက်တယ်။ သူက တစ်ခုခုပြောလို့ နောက်တစ်ယောက်က မဟုတ်ပါဘူးလို့ပြောရင် "အေး… မဟုတ်ပါဘူး၊ မင်းပြောတာ ဟုတ်တယ်၊" ဆိုပြီး တခြားတစ်ယောက်ရဲ့ အယူအဆကိုလက်ခံလိုက်တယ်။
"ငါ့ခံယူချက်နဲ့ ငါပဲ၊ ငါပြောတာကို ငါ တကယ်ယုံကြည်တယ်" လို့ မပြောရဲဘူး။ သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူး။ ကျောရိုးမရှိတဲ့လူလိုပဲ။ သူ့ရဲ့အတွင်းမှာ ခိုင်မာတဲ့ core ဆိုတာ မရှိဘူး။ ခိုင်မာတဲ့အနှစ်မရှိဘူး။ အဲသလိုလူဟာ anxiety လည်း ပိုများမယ်။ loneliness လည်း ပိုများမယ်။
ခိုင်မာတဲ့ယုံကြည်ချက် မရှိတဲ့သူဟာ ဘယ်လိုဖြစ်တတ်သလဲဆိုတော့ ဒီကွေ့မှာဒီတက်နဲ့လှော်၊ နောက်ကွေ့ကျတော့ နောက်တက်နဲ့လှော်
ဆိုသလိုပဲ သူတို့မှာတက်တွေ အများကြီးဖြစ်နေတယ်၊၊
ဥပမာဆိုပါတော့၊ လူတစ်ယောက်ဟာ ဘာသာရေး အသင်းအဖွဲ
့တစ်ခုမှာ လူကြီးတစ်ယောက်ဖြစ်နေတယ်။ သူက ကုန်သည်လည်း
လုပ်တယ်။
သူရောင်းတဲ့ ကုန်ပစ္စည်းတွေက တင်းနဲ့ချိန်ရတဲ့ ပစ္စည်းတွေလဲ ပါတယ်။
သူက ရောင်းတဲ့တင်းတောင်း၊ ရောင်းတဲ့အလေးက အမြဲတမ်း လျော့ထားတယ်၊၊ဝယ်တဲ့အခါဆိုရ င်တော့ တင်းတောင်းကြီးကြီးနဲ့
ဝယ်တယ်၊ အလေးချိန်ပိုထားတဲ့အလေးနဲ့ ဝယ်တယ်။
သူ့မိတ်တွေတစ်ယောက်က"ခင်ဗျားက တရားသမားဖြစ်နေပြီးတော့ တင်းတောင်းနှစ်မျိုး၊ အလေးနှစ်မျိုးထားသလား" လို့ မေးတော့ သူက "စီးပွားရေးက စီးပွားရေး တခြား၊ ဘာသာရေးက
ဘာသာရေး တခြား" တဲ့။ အဓိပ္ပာယ်က သူ့ဘာသာရေးခံယူချက်က မခိုင်မာဘူး၊မပြတ်သားဘူး။
အဲဒီလိုလုပ်တာကို အင်္ဂလိပ်စကားနဲ့ဆိုရင် compartmentalization လို့ ခေါ်တယ်။
အဲသလို value မရေရာရင် ကိုယ့်ရဲ့ personality ကိုယ့်ရဲ့ ငါဘယ်လိုလူဆိုတဲ့ ခံယူချက်က စုစည်းမှု မရှိနိုင်ဘူး။
ကိုယ့်ရဲ့တန်ဖိုးထားမှု မရေရာရင် ကိုယ့်စိတ်မှာ စုစည်းမှုမရှိဘူး။
unity မရှိဘူး။ အဲဒီတော့ personality strong ဖြစ်ဖို့ဆိုတာ value strong ဖြစ်မှ ရတယ်။ တန်ဖိုးထားမှု မရေရာဘူး၊ ဦးတည်ချက် မရေရာဘူးဆိုရင် အဲဒီလူဟာ
သူဘယ်လိုလူဆိုတာပါ မသေချာတော့ဘူး။ မရေရာတဲ့သူပဲ ဖြစ်မယ်။
ဒီလူဟာ ပြင်ပမှာလည်းပဲ သူ့ဘ၀ဟာ အစိတ်စိတ်အမွှာမွှာ ကွဲနေတယ်၊
အတွင်းမှာလည်းပဲ သူ့စိတ်က အစိတ်စိတ်အမွှာမွှာ ဖြစ်နေတယ်။ စုစည်းမှု မရှိဘူး။ အဲဒီတော့ ဘာဖြစ်မလဲဆိုတော့ ဘယ်လမ်းကို ရွေးရမယ်ဆိုတာ သူမသိတော့ဘူး။
အခုခေတ်မှာ အဲဒါမျိုးက တော်တော်ကို များတယ်။
လမ်းစုံလမ်းခွမှာ ရပ်နေတယ်။
ဘယ်လမ်းကိုရွေးရမယ်ဆိုတာ မသိဘူး။ သူ့မှာ compartmentalization ဖြစ်နေတယ်။ သာမန် နေ့စဉ် တွေ့ကြုံနေရ လုပ်နေရတဲ့အချိန်မှာ ထားတဲ့ သူ့ရဲ့သဘောထားနဲ့ သူ့ရဲ့တန်ဖိုးထားမှုဟာ တခြား၊ တရားအလုပ် ဘာသာရေးအလုပ်ကို လုပ်နေတဲ့အခါမှာ အပေါ်ယံမှာ လုပ်ပြနေတာကတခြား။
အဲဒီလို နှစ်ခုကွဲနေပြီဆိုရင် ဒီလူရဲ့ဘဝဟာ စုစည်းမှု မရှိနိုင်ဘူး။ အဲဒီလို နှစ်မျိုးကွဲနေလို့ မရဘူး၊ ဒါကြောင့် စီးပွားရေးလုပ်တဲ့အထဲမှာလည်းပဲ ဘာသာရေးလုပ်တဲ့နေရာမှာထားတဲ့ 
သဘောထားမျိုးလိုပဲ ရိုးသားမှု၊ အများအကျိုးကို လိုလားမှု၊ မျှတမှု၊ ကိုယ်ချင်းစာနာမှု ရှိရမယ်။
လူမှုဆက်ဆံရေးမှာလည်း အဲဒီလိုပဲ ရိုးသားမှု၊ ကိုယ်ချင်းစာနာမှု၊ အများအကျိုးကို လိုလားမှု၊ မျှတမှု ရှိရမယ်။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊
ပညာရေး၊ နိုင်ငံရေး၊ အိမ်ထောင်ရေး၊ နောက် တခြားအရေးတွေပါ ထည့်လိုက်အုံး။
ဒါတွေကို တစ်ကဏ္ဍစီထားပြီးတော့ လုပ်လို့ မဖြစ်နိုင်ဘူး။ ဒါတွေအားလုံးဟာ တစ်ခုတည်းသော ခိုင်မာတဲ့၊ လေးနက်တဲ့၊ ရင့်ကျက်တဲ့ ရိုးသားမှု၊ မျှတမှုဆိုတဲ့ သဘောထားပေါ်မှာ အခြေခံရမယ်။ အောက်ခြေ foundation အုတ်မြစ်ဟာ တစ်ခုတည်းပဲ။
ရိုးသားမှု မျှတမှု foundation ပဲ။ သူ့အပေါ်မှာမှ ဘာသာရေးတို့ လူမှုရေးတို့ စီးပွားရေးတို့ ပညာရေးတို့ကို ထပ်ဆင့်ယူရတယ်။
ဘဝ
တစ်ခုလုံးရဲ့foundation ဟာ spiritual foundation ပဲ ဖြစ်ရမယ်။
"ငါတန်ဖိုးထားတာ မရေရာရင် ငါဟာ မရေရာတဲ့သူဖြစ်နေပြီ။ ငါ့ဘဝဟာလည်းမရေရာဘူး၊ ငါ့ဆက်ဆံရေးတွေဟာလည်း မရေရာဘူး၊ ငါ့ဘာသာရေးဟာလည်း မရေရာဘူး။
" ဒါကို လေးလေးနက်နက် သဘောပေါက်ဖို့လိုတယ်။ ဒါ အရေးကြီးတယ်
။ ငါ ဘာကိုတန်ဖိုးထားနေသလဲဆိုတာ သေသေချာချာ ကြည့်ပါ။ "ဟောဒီသဘောထားကိုတော့ ငါဘယ်တော့မှ အပျက်မခံဘူး၊ သေချင်ရင်သေသွားပါစေတော့" ဆိုတဲ့ ခံယူချက်ရှိရမယ်။
လူသားရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုး
လူ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့ လူ့ အသိုင်းအဝိုင်းမှာ လူတွေဟာ
စိတ်အေးအေးချမ်းချမ်း မနေနိုင်ဘူး၊၊
နောက်တစ်ချက်ကတော့ လူသားရဲ့ ဂုဏ်သိက္ခာနဲ့တန်ဖိုး ပျောက်သွားပြီ။ လူဟာသိပ်တန်ဖိုးမရှိတော့ဘူး ။
လူကိုလေးစားစရာ တန်ဖိုးထားစရာမလိုတဲ့ သဘောထားတွေ
ဖြစ်လာတယ်။ အဲဒါက ပြောရလည်း တော်တော်ခက်တယ်၊ အင်မတန်လည်း အရေးကြီးတယ်။
လူလူချင်းဆက်ဆံတဲ့အခါမှာ အကျင့်သီလ စိတ်နေစိတ်ထားဆိုတဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားပြီးတော့ ဆက်ဆံတဲ့သူက တဖြေးဖြေးနဲလာတယ်။ ပစ္စည်းဥစ္စာတို့ ရာထူးတို့ကို ပိုပြီးတော့ အထင်ကြီးပြီးတော့ ဆက်ဆံတာမျိုး
တဖြေးဖြေးများလာတယ်။
အကျင့်သီလ ဘယ်လောက်ကောင်းကောင်း၊ စိတ်ထား
ဘယ်လောက်ကောင်းကောင်း၊ ဆင်းရဲတယ်ဆိုရင် အထင်သေးတယ်။ အကျင့်သီလ ဘယ်လောက်ညံ့ညံ့၊ ချမ်းသာတယ်၊ ရာထူးရှိတယ်ဆိုရင် အထင်ကြီးတယ်။
အဲဒီလို
သဘောထားတွေ ဖြစ်လာတယ်။ လူ့ဂုဏ်သိက္ခာ လူ့တန်ဖိုးဟာ ကျသွားတယ်။ အဲဒီလို လူ့တန်ဖိုးနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့
လူ့အသိုင်းအဝိုင်းမှာ လူတွေဟာ စိတ်အေးအေးချမ်းချမ်း မနေနိုင်ဘူး။
ဟန်လုပ်ပြီး ဆက်ဆံနေရတဲ့ လူ့အသိုင်းအဝိုင်းမှာ အဖော်ဆိုတာလည်း ဘယ်မှာရှိနိုင်တော့မလဲ။
Credit to စိတ်ပြူတင်းပေါက်.
K.K(ကနောင်)
"ငါတန်ဖိုးထားတာ မရေရာရင် ငါဟာ မရေရာတဲ့သူ ဖြစ်နေပြီ။ ငါ့ဘ၀ဟာလည်း မရေရာဘူး၊ ငါ့ဆက်ဆံရေးတွေ ဟာလည်း
မရေရာဘူး၊ ငါ့ဘာသာရေးဟာလည်း မရေရာဘူး။"
လူတစ်ယောက်အကြောင်း၊ စာအုပ်လေးတစ်အုပ်မှာ ဖတ်ဖူးတယ်။
အဲဒီလူဟာ သူများ သူ့ကို သဘောကျအောင်ပဲ နည်းမျိုးစုံနဲ့ လုပ်တယ်။ နောက်ဆုံး သူသေသွားတဲ့အခါကျတော့ သူ့အကြောင်းကို ရင်းရင်းနှီးနှီး
သိတဲ့ နောက်လူတစ်ယောက်က ဘယ်လို ပြောသလဲဆိုတော့
"He never knew who he was" သူ ဘယ်သူလဲဆိုတာ သူ
ဘယ်တုန်းကမှ မသိလိုက်ဘူးတဲ့၊၊
အခုခေတ်မှာလည်း အဲဒီလိုလူတွေ တွေ့နေရတယ်၊ ရှိတယ်၊၊ရင်းရင်းနှီးနှီးသိ
လုပ်ခဲ့တာပဲ၊ အမျိုးမျိုး လုပ်ခဲ့တာပဲ၊ ဘယ်ဟာကိုမှ တကယ်စိတ်ပါလက်ပါ လုပ်တာမရှိခဲ့ဘူး။ သူ့မှာ သိတဲ့သူ ခင်တဲ့သူ နဲနဲပါးပါးရှိတယ်၊
မိသားစုရှိတယ်။
သူ့မှာခိုင်မာတဲ့ရပ်တည်ရာ မရှိဘူး။ ခိုင်မာတဲ့ အတွေးအခေါ် အယူအဆ သဘောထားမရှိဘူး။
သူများ အယူအဆနောက်ကို အသာလေးမျှောပြီးတော့ လိုက်တယ်။ သူက တစ်ခုခုပြောလို့ နောက်တစ်ယောက်က မဟုတ်ပါဘူးလို့ပြောရင် "အေး… မဟုတ်ပါဘူး၊ မင်းပြောတာ ဟုတ်တယ်၊" ဆိုပြီး တခြားတစ်ယောက်ရဲ့ အယူအဆကိုလက်ခံလိုက်တယ်။
"ငါ့ခံယူချက်နဲ့ ငါပဲ၊ ငါပြောတာကို ငါ တကယ်ယုံကြည်တယ်" လို့ မပြောရဲဘူး။ သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူး။ ကျောရိုးမရှိတဲ့လူလိုပဲ။ သူ့ရဲ့အတွင်းမှာ ခိုင်မာတဲ့ core ဆိုတာ မရှိဘူး။ ခိုင်မာတဲ့အနှစ်မရှိဘူး။ အဲသလိုလူဟာ anxiety လည်း ပိုများမယ်။ loneliness လည်း ပိုများမယ်။
ခိုင်မာတဲ့ယုံကြည်ချက် မရှိတဲ့သူဟာ ဘယ်လိုဖြစ်တတ်သလဲဆိုတော့ ဒီကွေ့မှာဒီတက်နဲ့လှော်၊ နောက်ကွေ့ကျတော့ နောက်တက်နဲ့လှော်
ဆိုသလိုပဲ သူတို့မှာတက်တွေ အများကြီးဖြစ်နေတယ်၊၊
ဥပမာဆိုပါတော့၊ လူတစ်ယောက်ဟာ ဘာသာရေး အသင်းအဖွဲ
့တစ်ခုမှာ လူကြီးတစ်ယောက်ဖြစ်နေတယ်။ သူက ကုန်သည်လည်း
လုပ်တယ်။
သူရောင်းတဲ့ ကုန်ပစ္စည်းတွေက တင်းနဲ့ချိန်ရတဲ့ ပစ္စည်းတွေလဲ ပါတယ်။
သူက ရောင်းတဲ့တင်းတောင်း၊ ရောင်းတဲ့အလေးက အမြဲတမ်း လျော့ထားတယ်၊၊ဝယ်တဲ့အခါဆိုရ
ဝယ်တယ်၊ အလေးချိန်ပိုထားတဲ့အလေးနဲ့ ဝယ်တယ်။
သူ့မိတ်တွေတစ်ယောက်က"ခင်ဗျာ
ဘာသာရေး တခြား" တဲ့။ အဓိပ္ပာယ်က သူ့ဘာသာရေးခံယူချက်က မခိုင်မာဘူး၊မပြတ်သားဘူး။
အဲဒီလိုလုပ်တာကို အင်္ဂလိပ်စကားနဲ့ဆိုရင် compartmentalization လို့ ခေါ်တယ်။
အဲသလို value မရေရာရင် ကိုယ့်ရဲ့ personality ကိုယ့်ရဲ့ ငါဘယ်လိုလူဆိုတဲ့ ခံယူချက်က စုစည်းမှု မရှိနိုင်ဘူး။
ကိုယ့်ရဲ့တန်ဖိုးထားမှု မရေရာရင် ကိုယ့်စိတ်မှာ စုစည်းမှုမရှိဘူး။
unity မရှိဘူး။ အဲဒီတော့ personality strong ဖြစ်ဖို့ဆိုတာ value strong ဖြစ်မှ ရတယ်။ တန်ဖိုးထားမှု မရေရာဘူး၊ ဦးတည်ချက် မရေရာဘူးဆိုရင် အဲဒီလူဟာ
သူဘယ်လိုလူဆိုတာပါ မသေချာတော့ဘူး။ မရေရာတဲ့သူပဲ ဖြစ်မယ်။
ဒီလူဟာ ပြင်ပမှာလည်းပဲ သူ့ဘ၀ဟာ အစိတ်စိတ်အမွှာမွှာ ကွဲနေတယ်၊
အတွင်းမှာလည်းပဲ သူ့စိတ်က အစိတ်စိတ်အမွှာမွှာ ဖြစ်နေတယ်။ စုစည်းမှု မရှိဘူး။ အဲဒီတော့ ဘာဖြစ်မလဲဆိုတော့ ဘယ်လမ်းကို ရွေးရမယ်ဆိုတာ သူမသိတော့ဘူး။
အခုခေတ်မှာ အဲဒါမျိုးက တော်တော်ကို များတယ်။
လမ်းစုံလမ်းခွမှာ ရပ်နေတယ်။
ဘယ်လမ်းကိုရွေးရမယ်ဆိုတာ မသိဘူး။ သူ့မှာ compartmentalization ဖြစ်နေတယ်။ သာမန် နေ့စဉ် တွေ့ကြုံနေရ လုပ်နေရတဲ့အချိန်မှာ ထားတဲ့ သူ့ရဲ့သဘောထားနဲ့ သူ့ရဲ့တန်ဖိုးထားမှုဟာ တခြား၊ တရားအလုပ် ဘာသာရေးအလုပ်ကို လုပ်နေတဲ့အခါမှာ အပေါ်ယံမှာ လုပ်ပြနေတာကတခြား။
အဲဒီလို နှစ်ခုကွဲနေပြီဆိုရင် ဒီလူရဲ့ဘဝဟာ စုစည်းမှု မရှိနိုင်ဘူး။ အဲဒီလို နှစ်မျိုးကွဲနေလို့ မရဘူး၊ ဒါကြောင့် စီးပွားရေးလုပ်တဲ့အထဲမှာလည်
သဘောထားမျိုးလိုပဲ ရိုးသားမှု၊ အများအကျိုးကို လိုလားမှု၊ မျှတမှု၊ ကိုယ်ချင်းစာနာမှု ရှိရမယ်။
လူမှုဆက်ဆံရေးမှာလည်း အဲဒီလိုပဲ ရိုးသားမှု၊ ကိုယ်ချင်းစာနာမှု၊ အများအကျိုးကို လိုလားမှု၊ မျှတမှု ရှိရမယ်။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊
ပညာရေး၊ နိုင်ငံရေး၊ အိမ်ထောင်ရေး၊ နောက် တခြားအရေးတွေပါ ထည့်လိုက်အုံး။
ဒါတွေကို တစ်ကဏ္ဍစီထားပြီးတော့ လုပ်လို့ မဖြစ်နိုင်ဘူး။ ဒါတွေအားလုံးဟာ တစ်ခုတည်းသော ခိုင်မာတဲ့၊ လေးနက်တဲ့၊ ရင့်ကျက်တဲ့ ရိုးသားမှု၊ မျှတမှုဆိုတဲ့ သဘောထားပေါ်မှာ အခြေခံရမယ်။ အောက်ခြေ foundation အုတ်မြစ်ဟာ တစ်ခုတည်းပဲ။
ရိုးသားမှု မျှတမှု foundation ပဲ။ သူ့အပေါ်မှာမှ ဘာသာရေးတို့ လူမှုရေးတို့ စီးပွားရေးတို့ ပညာရေးတို့ကို ထပ်ဆင့်ယူရတယ်။
ဘဝ
တစ်ခုလုံးရဲ့foundation ဟာ spiritual foundation ပဲ ဖြစ်ရမယ်။
"ငါတန်ဖိုးထားတာ မရေရာရင် ငါဟာ မရေရာတဲ့သူဖြစ်နေပြီ။ ငါ့ဘဝဟာလည်းမရေရာဘူး၊ ငါ့ဆက်ဆံရေးတွေဟာလည်း မရေရာဘူး၊ ငါ့ဘာသာရေးဟာလည်း မရေရာဘူး။
" ဒါကို လေးလေးနက်နက် သဘောပေါက်ဖို့လိုတယ်။ ဒါ အရေးကြီးတယ်
။ ငါ ဘာကိုတန်ဖိုးထားနေသလဲဆိုတာ သေသေချာချာ ကြည့်ပါ။ "ဟောဒီသဘောထားကိုတော့ ငါဘယ်တော့မှ အပျက်မခံဘူး၊ သေချင်ရင်သေသွားပါစေတော့" ဆိုတဲ့ ခံယူချက်ရှိရမယ်။
လူသားရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုး
လူ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့ လူ့ အသိုင်းအဝိုင်းမှာ လူတွေဟာ
စိတ်အေးအေးချမ်းချမ်း မနေနိုင်ဘူး၊၊
နောက်တစ်ချက်ကတော့ လူသားရဲ့ ဂုဏ်သိက္ခာနဲ့တန်ဖိုး ပျောက်သွားပြီ။ လူဟာသိပ်တန်ဖိုးမရှိတော့ဘူး
လူကိုလေးစားစရာ တန်ဖိုးထားစရာမလိုတဲ့ သဘောထားတွေ
ဖြစ်လာတယ်။ အဲဒါက ပြောရလည်း တော်တော်ခက်တယ်၊ အင်မတန်လည်း အရေးကြီးတယ်။
လူလူချင်းဆက်ဆံတဲ့အခါမှာ အကျင့်သီလ စိတ်နေစိတ်ထားဆိုတဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားပြီးတော့ ဆက်ဆံတဲ့သူက တဖြေးဖြေးနဲလာတယ်။ ပစ္စည်းဥစ္စာတို့ ရာထူးတို့ကို ပိုပြီးတော့ အထင်ကြီးပြီးတော့ ဆက်ဆံတာမျိုး
တဖြေးဖြေးများလာတယ်။
အကျင့်သီလ ဘယ်လောက်ကောင်းကောင်း၊ စိတ်ထား
ဘယ်လောက်ကောင်းကောင်း၊ ဆင်းရဲတယ်ဆိုရင် အထင်သေးတယ်။ အကျင့်သီလ ဘယ်လောက်ညံ့ညံ့၊ ချမ်းသာတယ်၊ ရာထူးရှိတယ်ဆိုရင် အထင်ကြီးတယ်။
အဲဒီလို
သဘောထားတွေ ဖြစ်လာတယ်။ လူ့ဂုဏ်သိက္ခာ လူ့တန်ဖိုးဟာ ကျသွားတယ်။ အဲဒီလို လူ့တန်ဖိုးနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့
လူ့အသိုင်းအဝိုင်းမှာ လူတွေဟာ စိတ်အေးအေးချမ်းချမ်း မနေနိုင်ဘူး။
ဟန်လုပ်ပြီး ဆက်ဆံနေရတဲ့ လူ့အသိုင်းအဝိုင်းမှာ အဖော်ဆိုတာလည်း ဘယ်မှာရှိနိုင်တော့မလဲ။
Credit to စိတ်ပြူတင်းပေါက်.
K.K(ကနောင်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။