" လမ်း "
ဘ၀မှာ တစ်ခါတလေ သိပ်ခက်ခဲ တဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်သွားချင်တဲ့ နေရာကိုရောက်မဲ့ လမ်းကြောင်းပေါ်မှာလဲ ရှိမယ်။ရောက်အောင် သွားမယ်ဆိုတဲ့ ဇွဲ လဲရှိရင်ပန်းတိုင်ကို ရောက်တာပါပဲ။ တကယ်တော့ ထူးချွှန်အောင်မြင်တဲ့သူ အများစု ဟာဒီလို ပဲ သွားခဲ့ကြတာ မဟုတ်လား..
ဒီအကြောင်းနဲ့ ပါတ်သက်လို့ ကျနော်အတွေးထဲချက်ချင်းရော က်လာတာက ကမ္ဘာကျော်အမျိုးသမီး တစ်ဦးအကြောင်းပါ။
*****************************
သူမကတော့  ရူပဗေဒ နဲ့ဓါတုဗေဒ ဘာသာရပ် ၂ခုစလုံး မှာ ထူးထူးကဲကဲ နိုဘယ်ဆု ရခဲ့ တဲ့  မဒမ်ကျူရီပါ။ တကယ်တော့ သူမက ဟာ အရှက်အကြောက်သိပ်ကြီးပိုလန်
အမျိုးသမီးလေး တစ်ဦးပေါ့ ။၁၉ နှစ်သမီးအရွယ် ပိုလန်
သူဋ္ဌေးမိသားစုတစ်စုအိမ် မှာ စာသွားပြရင်း သူဋ္ဌေးသား နဲ့ ကြိုက်မိ ရာက
ရက်ရက်စက်စက် အရှက်ခွဲခံရ လို့ စိတ်နာနာနဲ့ ပိုလန်ကနေ ပြင်သစ်နိုင်ငံ
ပဲရစ်မြို့ ကို ထွက်လာခဲ့ပြီး သူ့ဘ၀ကို သိပ္ဗံနယ်ထဲ ဇာတ်မြှုပ်ခဲ့သူပါ။
အဲဒီမှာ တက္ကသို်လ်တက်တဲ့ ၄ နှစ်လုံးလုံးကလေးတွေကို စာပြတဲ့ ငွေလေး နဲ့ 
ဖခင်ပို့ တဲ့ မဖြစ်စလောက် ငွေလေးနဲ့ ချို့ ချို့တဲ့ တဲ့  အသက်ဆက်ခဲ
့ရပါတယ်။ သူ့ ခမျာ တဆောင်းတွင်းလုံးမှ မီးသွေး ၂ အိတ်သာဝယ်နိုင်ပြီး
အနွေးဓါတ်ရအောင် မီးလင်းဖို ထဲမထဲ့နိုင်လို့ ဥရောပရဲ့သိပ်ချမ်းအေးတဲ့ 
ဆောင်းတွင်းတွေမှာတကို်ယ်လုံးခိုက်ခိုက်တုန်တဲ့ကြားက ထုံကျဉ်နေတဲ့ လက်ချောင်းတွေနဲ့သင်္ချာပုစ္ဆာတွေ ထိုင်တွက်ခဲ့ရရှာပါတယ်။စား ရတော
့လဲ ချို့ ချို့ငဲ့ငဲ့  မလောက်မင နဲ့ဆိုတော့ မကြာခဏ ဆိုသလို
သတိလစ်လစ်သွားခဲတယ်။တခါကလဲ စာသင်ခန်းထဲ မှာမေ့လဲသွားခဲ့ ပြီး ဆရာဝန်ကို
ချယ်ရီသီး အနည်းငယ်နဲ့ မုန်လာဥ တစ်တွဲသာရက်ပေါင်းများစွာ
အမှီပြုခဲ့ရကြောင်း ၀န်ခံစကားဆိုခဲ့ဘူးတယ်။ ဒါပေမယ့် ပညာရှာဖွေ
လိုစိတ်အင်မတန် ပြင်းထန်ပြီး အလုပ်ကို အလွန်အမင်းကြိုးစားတဲ့ သူမကို ဒီ
ဒုက္ခ တွေကမဟန့် တား နိုင်ခဲ့ဘူး။ သူမ သွားချင်တဲ့ လမ်းကြောင်းဖြစ်တဲ
့သိပ္ဗံပညာရှင် တစ်ယောက်ဖြစ်ရေးကိုတော့သူမ ဘယ်တော့ မှ မစွန်ု့ လွှတ်ခဲ့ဘူး။
ဒေါက်တာဘွဲ့ အတွက် လုပ်တဲ့ သူမရဲ့ သုတေသနတွေကနေအမည်မသိဒြပ်စ င်
တမျိုး ကနေ အလွန် စွမ်းအားကောင်းလှတဲ့ ရောင် ခြည် တခု ထုတ်လွှတ်တာတွေ
့ရှိခဲ့တယ်။ နောက်ပိုင်းမှာ သူမနဲ့  သူမရဲ့ ခင်ပွန်းတို
့ဟာအဲဒီရောင်ခြည်နဲ့ အဲဒီ ဒြပ်စင် အကြောင်း လပေါင်းများစွာ ဆင်းဆင်းရဲ ရဲ
နဲ့သုတေသနတွေ ဆက်လုပ်ခဲ့ကြတယ်။အရင်ကဆေးေ ကျာင်းသားတွေ
ခွဲစိတ်ခန်း အဖြစ်သုံးခဲ့တဲ့ ကုန်ရုံဟောင်းတခု ထဲမှာ တကုပ်ကုပ် နဲ့ ၎
နှစ်လုံးလုံး ဆင်းဆင်းရဲရဲ လုပ်ခဲ့ကြတာပါ။နောက်ပိုင်း
ခင်ပွန်းသည် က စိတ်ဓါတ်ကျလို့ လက်ရှိသုတေသနကို စွန်
့ပစ်ပြီးတန်ဖိုးရှိ အချိန်တွေကို တနေရာရာမှာ သုံးဖို့ ကြံ ခဲ့ပေမယ်
့သူမကတော့ ဇွဲမလျှော့ ခဲ့ပါဘူး။ သူမရဲ့ ရည်မှန်းချက်ကို ရောက်မယ်
့လမ်းကြောင်းပေါ်ကိုရောက်နေ ပြီလေ။ သူမ သွားချင်တဲ့လမ်းကြောင်းကနေမ သွေ ဖီခဲ့ဘူး။
နောက်ဆုံးမှာ အဲဒီဒြပ်စင်ကိုတွေ့ ခဲ့ကြ၊သန့်စင်နိုင်ခဲ့ကြတ ယ်။
သူတိုရ့ဲ့ အံ့ဖွယ်သရဲ ထူးကဲလှတဲ့ ဒြပ်စင်သစ်ကိုရေဒီယမ် လို
့အမည်ပေးခဲ့ကြတယ်။အခု ကင်ဆာလူနာတွေကို ကုသနေတဲ့ ဓါတ်ရောင်
ခြည်ထုတ်ပေးတဲ့ ဒြပ်စင်ပေါ့ ။ သူရဲ့ အောင်မြင်မှုတွေတွက် ၁၉၀၃ ခုနှစ်မှာ
ရူပဗေဒ ပညာမှာနိုဘယ်ဆုရရှိခဲ့ ပြီး ၁၉၁၁ ခုနှစ် မှာ ဓါတုဗေဒဆိုင်ရာ
ထူးထူးကဲကဲရှာဖွေတွေ့ ရှိမှု အတွက် ဒုတိယအကြိမ် နိုဘယ်ဆုရခဲ့တယ်။ ကျနော်
ကင်ဆာဋ္ဌာနမှာဓါတ်ရောင်ခြည် နဲ့ကုသမှု ခံ ဖို့ လူနာတွေမြင်တိုင်းသူမကို သတိရမိတယ်။ သူကြောင့်ကင်ဆာလူနာ သန်းပေါင်းများစွာ အသက်ရှင်ခဲ့ ၊အသက်တွေ ရှည်ခဲ့ကြပြီ။သူမသာသူရည်မှန်းချက် ကို ရောက်မဲ့လမ်းကြောင်းပေါ် မရောက်ခဲ့ရင်၊ဒါမှမဟုတ်.အဲ ဒီလမ်းကြောင်းကို ဆက် မလျှောက်ခဲ့ရင်....
************
ဒါနဲ့ ဆက်စပ်ပြီး ..ကျနော့ ဘ၀အတွေ့အကြုံလေးတစ်ခု ကိုလဲသတိရတယ်။ လွန်ခဲ့တဲ့၁၅ နှစ်လောက်တုန်းက..ချင်းပြည်နယ်ကထန်တလန်
ဆိုတဲ့မြို့ လေးမှာ မြို့ နယ်ဆရာဝန် အဖြစ် တာဝန် ကျတယ်။
တရက်တော့..ကျနော် ဦးစီးပြီး မြို့နယ်အတွင်းက ရွာတွေကို ဆေးကု သွားဖို
့လုပ်ကြတယ်။ဒီမြို့ လေးက ချင်းပြည်နယ်ရဲ့ အစွန် အိန္ဒိယ နယ်စပ် မြို့ ။
သွားရမဲ့ရွာ တွေကလဲမြို့ ကနေ မိုင်၂၀ ဝေးတယ်။ (မိုင်၂၀ ဆိုလို
့..မြို့ မှာ ကားနဲ့ သွားသလို၁ နာ၇ီ အတွင်း ရောက်မယ်မထင်နဲ့ဗျ၊
တောင်ဆင်း၊တောင်တက်တွေ။တောင်
ပြို တာတွေနဲ့ တခါ တလေ တနေကုန် သွားရတဲ့လမ်း မျိုးတွေပေါ့ ။) မ၀တ ဥက္ကဋ္ဌ က
ဂျစ်ကားတစ်စင်းစီစဉ်ပေး၊ ရဲ လုံခြုံရေး ထဲ့ပေးနဲ့  သိပ်တော့ 
မဆိုးပါဘူး။ အဲ...ဆိုးတာက ရွာမရောက်ခင်၁၀ မိုင်လောက်မှာ ကားပျက် ပြီး
ရှေ့ ဆက် သွားလို့ မရတော့ တာ။မှတ်မိသေးတယ်..ညနေစောင်း
အချိန်လေးပေါ့။ ဘာပြောပြော ရွာကိုလဲ အကြောင်းကြားပြီးပြီ။
သူတို့ကလဲစောင့် မှာ ဆိုတော့ ကားပြင် ရအောင် လူတချို့ နေခဲ့ပြီး
ကျနော်၊မ၀တ ဥက္ကဋ္ဌ နဲ့ တချို့သူတွေ ရွာရောက်အောင် သွားဖို့ ဆုံးဖြတ် ခဲ့ ကြ
တယ်။ အဲဒီလို ခြေလျှင်ခရီး ဝေးဝေး မသွားတာ ကလဲ တော်တော်ကြာပြီ။ ရှေ့ ကြည်
့ လို်က်တော့ လဲ တောင်မြင့်မြင့် ကြီးတွေ၊ တစ်တောင်ပေါ် တစ်တောင် ဆင်
့လို့ ။ တကယ့် ..တောင်တက် ခရီး။ ငါ...ရောက်အောင်မှသွားနိုင်ပါ့ မလားလို့ တောင် တွေးမိတယ်။ ဘာပြောနေနေ..စ သွားခဲ့တယ်။ ဒါရွာရောက်မဲ့လမ်းဆိုတာသေချာတယ်တယ်လေ။ ချင်းတောင် ရာသီ ဥတု ကလဲ အေးမှအေး။လျှောက်လိုက်၊နား လိုက်၊သောက်လိုက် နဲ့ .။အဲဒီတော့မှ..သေချင်စော်နံတယ်
ဆိုတဲ့စကားကို သဘောပေါက်တယ်။ ပင်ပန်းလိုက်တာ။ ဒီကြားထဲ
လမ်းမှားသွားလို့ လမ်းပြန်ရှာ၊လမ်းမှန်ပေါ် ပြန်ရောက်အောင် လုပ်တာ
နာရီဝက်လောက် အချိန်ကုန်သွားသေးတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ရွာကို
ရောက်သွားတာပါပဲ။ ညသန်းခေါင်တော့ကျော်ပြီ။ ရွာကလဲ နောက်ကျလို့ 
စိတ်ပူနေကြတာ။ အရမ်း ပင်ပန်းတော့ သူတို့ စီစဉ် ထားတဲ့ညစာတောင်
မစားနိုင်ဘူးထင်ပါရဲ့ ။ အိပ်ပျော်သွားတာ..
နောက်တရက် ဒီခရီးကို ပြန်စဉ်းစားတော့ .အမြင်တစ်ခု ဖြတ် ကနဲဝင်လာတယ်။ ရွာကို သွားမဲ့လမ်းပေါ် မှာလဲရောက်နေမယ်၊ရောက်အောင် သွားမယ်ဆိုတဲ့ စိတ်ဓါတ်လဲရှိရင် နောက်ဆုံးတော့  ဘယ်လောက် ခက်ခဲခက်ခဲ၊ဘယ်လောက်ပင်ပန်း ပင်ပန်း
ရောက်တာပါ ပဲလား..ဆိုတဲ့ အသိ။ အဲဒီအချိန် တုန်း က ကျနော့်အနေနဲ့ 
ဆေးကျောင်းမှာတုန်းက ရှိခဲ့တဲ့  ရည်မှန်းချက်တွေကို
အမျိုးမျိုးသောအကြာင်းတြွေေ ကာင့်
ပျောက်ပြီး ဘယ်လို ဘ၀ရည်မှန်းချက်မျိုးမှ မထားတဲ့အချိန်။(အဲဒီအချိန်
မှာတချို့ သူငယ်ချင်းတွေတောင် အထူးကု ဖြစ်နေပြီ) ။ ဒီအသိကြောင်
့ပဲဆေးပညာရပ်ကိုဆက်လိုက်စားပြီး
အထူးကု ဖြစ်မဲ့ လမ်းကြောင်း ပေါ် ကိုကိုယ်ကိုယ်ကို ပြန် ပို
့positioning လုပ်ခဲ့တာပါ။ဘယ်လောက် ခက်ခဲခက်ခဲ ဆက်လျှောက်ဖြစ်ခဲ့ပါတယ်..
*******************
ဒါကြောင့် ကျနော် လူငယ်တွေကို ပြောချင်တာက ဘ၀မှာ ပထမ ကိုယ်ရောက်ချင်တဲ့နေရာကို သိအောင် လုပ်ပါ (ကိုယ်ဘာ ဖြစ်ချင်သလဲပေါ့ )။နောက် အဲဒီကို ရောက်မဲ့လမ်းကြောင်းပေါ်ကို ယ့်ကိုယ်ကို ဆွဲတင်ပါ။ ပြီး..ဇွဲရှိရှိနဲ့ ရောက်အောင် သွားပါ လို့ ။ ကျနော်ပြောရဲတယ်...ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို သေချာပေါက် ရောက်မှာ။
အားလုံးပျော်ရွှင်အောင်မြင် ကြပါစေ..
ဒေါက်တာအောင်မျိုး
(၁၅-၆-၂၀၁၄)
ဘ၀မှာ တစ်ခါတလေ သိပ်ခက်ခဲ တဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်သွားချင်တဲ့ နေရာကိုရောက်မဲ့ လမ်းကြောင်းပေါ်မှာလဲ ရှိမယ်။ရောက်အောင် သွားမယ်ဆိုတဲ့ ဇွဲ လဲရှိရင်ပန်းတိုင်ကို ရောက်တာပါပဲ။ တကယ်တော့ ထူးချွှန်အောင်မြင်တဲ့သူ အများစု ဟာဒီလို ပဲ သွားခဲ့ကြတာ မဟုတ်လား..
ဒီအကြောင်းနဲ့ ပါတ်သက်လို့ ကျနော်အတွေးထဲချက်ချင်းရော
*****************************
သူမကတော့  ရူပဗေဒ နဲ့ဓါတုဗေဒ ဘာသာရပ် ၂ခုစလုံး မှာ ထူးထူးကဲကဲ နိုဘယ်ဆု ရခဲ့ တဲ့  မဒမ်ကျူရီပါ။ တကယ်တော့ သူမက ဟာ အရှက်အကြောက်သိပ်ကြီးပိုလန
ဒေါက်တာဘွဲ့ အတွက် လုပ်တဲ့ သူမရဲ့ သုတေသနတွေကနေအမည်မသိဒြပ်စ
နောက်ဆုံးမှာ အဲဒီဒြပ်စင်ကိုတွေ့ ခဲ့ကြ၊သန့်စင်နိုင်ခဲ့ကြတ
************
ဒါနဲ့ ဆက်စပ်ပြီး ..ကျနော့ ဘ၀အတွေ့အကြုံလေးတစ်ခု ကိုလဲသတိရတယ်။ လွန်ခဲ့တဲ့၁၅ နှစ်လောက်တုန်းက..ချင်းပြည
နောက်တရက် ဒီခရီးကို ပြန်စဉ်းစားတော့ .အမြင်တစ်ခု ဖြတ် ကနဲဝင်လာတယ်။ ရွာကို သွားမဲ့လမ်းပေါ် မှာလဲရောက်နေမယ်၊ရောက်အောင်
*******************
ဒါကြောင့် ကျနော် လူငယ်တွေကို ပြောချင်တာက ဘ၀မှာ ပထမ ကိုယ်ရောက်ချင်တဲ့နေရာကို
အားလုံးပျော်ရွှင်အောင်မြင်
ဒေါက်တာအောင်မျိုး
(၁၅-၆-၂၀၁၄)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။