ဘ၀မှာ အောင်မြင်ဖို့ဆိုတာ
-------------------------- ------
ဘ၀မှာ အောင်မြင်ဖို့ဆိုတာ စိတ်ဓါတ်ခွန်အားရှိမှသာ ဖြစ်နိုင်တာပါ။ စိတ်ဓါတ်ခွန်အားရှိသူတွေမှာ တွေ့ရတတ်တဲ့ အချက်(၇) ချက်ကို မျှဝေလိုက်ပါတယ်။
(၁) အကောင်းဘက်အာရုံစိုက်ခြင်း
ဆိုးရွားတဲ့ကိစ္စတွေဖြစ်လာတဲ့ အခါ အဲ့ဒီဘက်ကို အာရုံမစိုက်တာပါ။ စိတ်ညစ်ပြီးအချိန်ကိုဖြုန်း နေမယ့်အစား ပြဿနာကိုရှင်းဖို့ကို အာရုံစိုက်တတ်ကြပါတယ်။ အဆိုးထဲက အကောာင်းကို ရှာတတ်ကြပါတယ်။
(၂) အကောင်းမြင်သူတွေနဲ့သာ ပေါင်းသင်းခြင်း
အရာရာကို အဆိုးမြင်နေတဲ့လူတွေနဲ့ပေါင်းရင် သူတို့ရဲ့  စောဒကတက်တာတွေ၊ ညည်းညူ ဆူပူမှုတွေကိုပဲ တွေ့ရမှာပါ။ အကောင်းမြင်စိတ်ရှိသူတွေနဲ့ ပေါင်းရင် မိမိကိုယ်တိုင်လဲ ကောင်းလာနိုင်ပါတယ်။
(၃) လိုအပ်တဲ့အခါ စွမ်းရည်ကို ၀င့်ကြွားပြခြင်း
စိတ်ခွန်အားရှိသူတွေက ဖော်ရွှေစွာ ပေါင်းသင်းတတ်ကြပါတယ်။ စည်းလေးတစ်ခုတော့ ထားပြီး ပေါင်းသင်းခြင်းဖြစ်ပါတယ်။ သူတစ်ပါးကို စော်ကားမှုမျိုး မပြုလုပ်ပေမယ့် တစ်စုံတစ်ယောက်က မိမိကို စော်ကားလာပြီဆိုရင် မိမိရဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြသပြီး အနိုင်ယူတတ်ကြပါတယ်။
(၄) အတိတ်ကိုကျောခိုင်းပြီး အနာဂတ်ကိုသာရှေ့ရှုခြင်း
ဘ၀မှာ ကောင်းမွန်ပျော်ရွှင်တာတွေကို
တွေးနေဖို့တောင် အချိန်မလောက်တာ အတိတ်က အဖြစ်ဆိုးတွေကို
မတွေးသင့်တော့ပါဘူး။ အတိတ်ကအမှားကို သင်ခန်းစာယူပြီး အနာဂတ်မှာ
ပိုမိုကောင်းမွန်အောင် နေထိုင်ဖို့သာ ကြိုးစားလေ့ရှိကြပါတယ်။
(၅) ဘ၀ရဲ့  ပျော်ရွှင်မှုတွေကို ရှာဖွေခြင်း
အလုပ်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ဘယ်ကိုပဲရောက်နေပါစေ စိတ်ခွန်အားရှိသူတွေဟာ သူတို့ကို ပျော်ရွှင်စေမယ့်အရာကို ရှာဖွေရယူတတ်ကြပါတယ်။ ဘယ်လိုအရာတွေက သူတို့ကို ပျော်ရွှင်စေနိုင်သလဲဆိုတာကို
သိရှိအောင်လုပ်ပြီး အသုံးပြုတတ်ကြပါတယ်။ ဒီနည်းလမ်းနဲ့ မိမိကိုယ်ကို
စိတ်ချမ်းသာမှု စိတ်ကျေနပ်မှုတွေ ဖြည့်ဆည်းပါတယ်။ ပြီးတော့ တခြားလူတွေကိုလည်း
ဖြည့်ဆည်းပေးပါတယ်။
(၆) စွမ်းအင်ကို စနစ်တကျသုံးခြင်း
ကိစ္စတစ်ခုကိုလုပ်လိုက်လို့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျခြင်းဖြင့် အချိန်ကုန် မခံကြပါဘူး။ အလုပ်မဖြစ်တော့တဲ့အရာတွေကို လွှင့်ပစ်လိုက်ပြီး ပိုမိုကောင်းမွန်တဲ့နည်းလမ်းကိုသာ ရှာဖွေကြပါတယ်။ တစ်ကြိမ်မှားခဲ့တဲ့အမှားအယွ င်းကို နောက်တစ်ကြိမ်ဖြစ်ခွင့်မပေး တတ်ကြတာဟာ စိတ်ဓာတ်ခွန်အားရှိသူတွေရဲ့  အပြုအမူတစ်ခုပါပဲ။
(၇) လွတ်လပ်စွာ လေ့လာသင်ယူတတ်ကြသူများ
စိတ်ခွန်အားကောင်းသူတွေဟာ ဘ၀သက်တမ်းတစ်လျှောက်လုံးမှာ
လေ့လာသင်ယူမှုတွေ ပြုလုပ်ရင်း ကြီးပြင်းလာကြပါတယ်။ တခြားလူတွေဆီက ဘာကို
သင်ယူလို့ရမလဲဆိုတာ အမြဲတမ်း ရှာဖွေနေတတ်ကြပါတယ်။ ဝေဖန်သုံးသပ်တတ်ကြပါတယ်။
သူတစ်ပါးက ပိုမိုကောင်းမွန်တဲ့အကြံကို ပေးလာခဲ့ရင် ရယူသုံးစွဲဖို့ ၀န်မလေးတတ်ကြပါဘူး။ ငါစွဲ အစွဲမကြီးကြသူများ ဖြစ်ကြပါတယ်။
Ref :THE OTHER KIND OF SMART
--------------------------
ဘ၀မှာ အောင်မြင်ဖို့ဆိုတာ စိတ်ဓါတ်ခွန်အားရှိမှသာ ဖြစ်နိုင်တာပါ။ စိတ်ဓါတ်ခွန်အားရှိသူတွေမှာ
(၁) အကောင်းဘက်အာရုံစိုက်ခြင်း
ဆိုးရွားတဲ့ကိစ္စတွေဖြစ်လာတဲ
(၂) အကောင်းမြင်သူတွေနဲ့သာ ပေါင်းသင်းခြင်း
အရာရာကို အဆိုးမြင်နေတဲ့လူတွေနဲ့ပေါင
(၃) လိုအပ်တဲ့အခါ စွမ်းရည်ကို ၀င့်ကြွားပြခြင်း
စိတ်ခွန်အားရှိသူတွေက ဖော်ရွှေစွာ ပေါင်းသင်းတတ်ကြပါတယ်။ စည်းလေးတစ်ခုတော့ ထားပြီး ပေါင်းသင်းခြင်းဖြစ်ပါတယ်။ သူတစ်ပါးကို စော်ကားမှုမျိုး မပြုလုပ်ပေမယ့် တစ်စုံတစ်ယောက်က မိမိကို စော်ကားလာပြီဆိုရင် မိမိရဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြသပြီး အနိုင်ယူတတ်ကြပါတယ်။
(၄) အတိတ်ကိုကျောခိုင်းပြီး အနာဂတ်ကိုသာရှေ့ရှုခြင်း
ဘ၀မှာ ကောင်းမွန်ပျော်ရွှင်တာတွေကိ
(၅) ဘ၀ရဲ့  ပျော်ရွှင်မှုတွေကို ရှာဖွေခြင်း
အလုပ်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ဘယ်ကိုပဲရောက်နေပါစေ စိတ်ခွန်အားရှိသူတွေဟာ သူတို့ကို ပျော်ရွှင်စေမယ့်အရာကို ရှာဖွေရယူတတ်ကြပါတယ်။ ဘယ်လိုအရာတွေက သူတို့ကို ပျော်ရွှင်စေနိုင်သလဲဆိုတာကိ
(၆) စွမ်းအင်ကို စနစ်တကျသုံးခြင်း
ကိစ္စတစ်ခုကိုလုပ်လိုက်လို့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျခြင်းဖြင့် အချိန်ကုန် မခံကြပါဘူး။ အလုပ်မဖြစ်တော့တဲ့အရာတွေကို
(၇) လွတ်လပ်စွာ လေ့လာသင်ယူတတ်ကြသူများ
စိတ်ခွန်အားကောင်းသူတွေဟာ ဘ၀သက်တမ်းတစ်လျှောက်လုံးမှာ
Ref :THE OTHER KIND OF SMART

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။