Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 14, 2015

သစ်ပင် ပုံပြင်

သစ်ပင် ပုံပြင်
*********

တစ်ခါက တိုင်းပြည်တစ်ခုတွင် ထူးဆန်းသောသစ်ပင်တစ်ပင် ပေါက်ရောက်လာသည်။ ထိုသစ်ပင်သည် ပိန္နဲပင်မျိုးဖြစ်သော်လည်း သရက်သီးကဲ့သို့ အသီးများသီးထနေလေသည်။ ထိုအသီး၏ရနံ့မှာ လွန်စွာမွှေးကြိုင်ပြီး တိုင်းပြည်တစ်ခုလုံး ပျံ့နှံ့နေသည်။

ထို့ကြောင့် တိုင်းပြည်ရှိ ပြည်သူ အားလုံးက ထိုအသီး၏အရသာကို မြည်းစမ်းကြည့်ချင်နေကြသည်။ သို့သော် ထုံးစံအတိုင်း ဤအလေ့ကျ ပေါက်ရောက်နေသော သစ်ပင်သည် အများပိုင်ဖြစ်သော်လည်း ပြည်သူပိုင်အသိမ်းခံရလေသည်။

ပြည်သူပိုင်သိမ်းတော့ ဘုရင်နှင့် အပေါင်းအပါပိုင်ဖြစ်သွားသည်ပေါ့။
ထိုတိုင်းပြည်တွင် ပြည်သူပိုင်ဟု အမည်တပ်ထားသည်မှန်သမျှ ပြည်သူက ဘယ်တော့မှမပိုင်ဘဲ အုပ်ချုပ်သူ ဘုရင်နှင့် အပေါင်းအပါများ ပိုင်ကြသည်မှာ ထုံးစံပင်။

ထို့ကြောင့် ပြည်သူပိုင်အသုံးပြုရန် ခေါင်းစဉ်ဖြင့် ညအချိန်မတော် သစ်ပင်ကို အမြစ်မှတူးယူ၍ နန်း တော်ဝင်းထဲ သယ်ယူသွားကြသည်။

နန်းတော်ဝင်းထဲရောက်သော
အခါ ပြဿနာတက်နေကြသည်။ ပုံသဏ္ဍာန်မမှန်ဘဲ ပေါက်ရောက်နေသောအပင်မှ ပုံသဏ္ဍာန်မမှန်ဘဲ ပေါက်ရောက်နေသောအသီးတို့ မည်သူကမှ မမြည်းစမ်းရဲကြ။ တချို့ကလည်း အနံ့ကမွှေးကြိုင်လွန်းနေ၍ မြည်းစမ်းချင်ကြသော်လည်း သေစေနိုင်သော အဆိပ်သီးလည်းဖြစ်နေနိုင်၍ မည်သူကမှမမြည်း စမ်းရဲကြ။

အနံ့မွှေးလွန်းလို့ မြည်းစမ်းမှ ဂန့်ခနဲဖြစ်ကုန်မှာ မည်သူမှမလိုချင်။ ထို့ကြောင့်

" အေး..အနံ့ကတော့ စားချင်စရာ၊ ရှလွတ်။ ဒါပေမဲ့
အရသာက ဘယ်လိုနေမလဲမသိဘူး "

" ဘုန်းတော်ကြောင့် မင်းကြီး
အရင်မြည်းကြည့်သင့်ပါတယ် ဘုရား "

ဝန်ကြီးများက မြှောက်ပေးသည်။ ဘုရင်လည်းနပ်၏။

" ခွေးကောင်တွေ ဒါမျိုးကျတော့ တတ်တယ်။
မင်းတို့မြည်းကြပါလား "

ဆိုတာကို ဝန်ကြီးများကလည်း လည်သည်။

" အဟီး..ဘုန်းတော်ကြီးသော ဘုရင်ကြီးကိုယ်တိုင် မမြည်းသေးဘဲ ကျွန်တော်မျိုးတို့ မမြည်းဝံ့ပါဘုရား။ တော်ကြာ ဘုန်းတော်ကြောင့် မိုးကြိုး ပစ်နေမှဖြင့် "

" ဒါဆို ဘယ်သူ့မြည်းခိုင်းရမှာလဲ "

ဘုရင်၏အမေးကို ဝန်ကြီးတစ်ပါးက သူတို့အပေါ်မကျပြီးရော သဘောဖြင့်

" သတင်းထုတ်ပြန်ရေးကိုပေး မြည်းသင့်ပါတယ်ဘုရာ့။
သူက သတင်းထုတ်ပြန်နေကျပါ ဘုရာ့ "

သူ့အပေါ်ကျလာတော့ ဟိုကလည်းပဲ ခေါင်းကိုခပ်သွက်သွက်ယမ်းကာ..

" ကျွန်တော်မျိုးက တစ်ပါးသူလုပ်ပြီးမှ အပြုသဘောဆောင်သော သဘောကို ထုတ်ပြန်ရန်သာ တာဝန်ရှိပါတယ်ဘုရာ့။ သတင်းထုတ်ပြန်ရေးက ဘာကိုမှ အတိအကျသိစရာ မလိုပါဘူးဘုရာ့။
ဒါကြောင့် မသင့်တော်ကြောင်းပါဘုရာ့ "

တကယ်တမ်းစမ်းသပ်ရမည်ဆိုတော့ မည်သူကမှ တာဝန်မယူကြ။ အားလုံး ခေါင်းခါ၊ ခေါင်းရှောင်ပြီး မသိချင်ယောင်ဆောင်နေကြသည်။

" ကဲ..ဒါဖြင့် ဘယ်လိုလုပ်မလဲ "

အားလုံး ခေါင်းချင်းဆိုင်ကုန်၏။အတန်ကြာမှ..

" ဒါဖြင့် ဒီလိုလုပ်။ ပြည်သူတွေထဲကတစ်ယောက်ကို
အရင်စမ်းသပ်ခိုင်းလိုက်မယ်၊ မကောင်းဘူးလား "

သူ့စကားကို တခြားဝန်ကြီးများ က..

" အရသာတအားကောင်းနေရင် ဒီအသီးကို ပြည်သူတွေအရင် စားဖူးတယ်ဆို တို့ဝန်ကြီးတွေ သိက္ခာကျမှာပေါ့ ဝန်မင်းကလည်း "

" ဒီအသီးစားပြီး သေတော့ရော "

" ဒါကတော့ ပြည်သူက သူ့ထိုက် သူ့ကံနဲ့ သေတာ
သေပါစေပေါ့ ဝန်မင်းကလည်း "

သြော်..မတော်တဆအသီး ကောင်းဖြစ်ခဲ့ရင်လည်း သူတို့က အရင်စားချင်၊ သေမယ်ဆိုတော့ ပြည်သူကိုသေစေချင်။ ဘယ်လိုဝေခွဲရမှန်းပင်မသိ။ အတန်ကြာမှ ဘုရင်က အတွေးပေါက်ပြီး

" ဒီလိုလုပ်။ ခုနကပြောတဲ့ အတိုင်း ပြည်သူကို
အရင်မြည်းခိုင်း မယ် "

" ကောင်းနေရင် "

" ခါတိုင်းလိုပဲ အဲဒီကောင်ကို ရှော့ခ်လိုက်ပြီး
ဘယ်သူမှမစားဖူး သလိုလုပ်ရုံပေါ့ "

" သေရင်ရော၊ သေရင်တော့ စေတနာနဲ့ လက်ဆောင်ပြန်ပေးတာပေါ့ကွာ၊ ဟုတ်ဘူးလား "

" ဟေး… "

ဝန်ကြီးများ ဝမ်းသာသွားကြ သည်။

" ဟုတ်တယ်။ ပြည်သူပိုင်ဆိုတာ ကောင်းနေရင် ဘုရင့်ဘဏ္ဍာ၊ ဆိုးနေရင် ပုဂ္ဂလိကပိုင်၊
သုံးစားမရရင်တော့ ပြည်သူတွေ တကယ်ပိုင်ပေါ့။
ဟုတ်ဘူးလား။ ဟေး…ပျော်တယ် ဟေ့ "

ဤသို့ဖြင့် ပြည်သူပိုင်သစ်သီး ကို ပထမဆုံးစားသုံးရန် ပြည်သူတစ်ဦးကို ခေါ်လာကြလေသည်။ ကံဆိုးသူမောင်ရှင်ကား ရောက်ပြီ။

" ကိုင်း..မောင်မင်း ဒီအသီးကို
အရင်ဆုံးမြည်းစမ်းကြည့်စမ်း "

" ကျွန်တော်သေသွားရင်.. "

" ကံပေါ့မောင်မင်း "

" လျော်ကြေးမရဘူးလား "

" ထုံးစံမရှိဘူးမောင်မင်း။
ဒါမျိုး မပြောနဲ့၊ ဓာတ်လိုက်သေတောင်မရဘူး "

ဘယ်လိုဖြစ်ဖြစ် နိဗ္ဗာန်မဂ်ဖိုကို ရက်တိုတိုနှင့်ရောက်မည့်အရေးကြောင့်
စားမည့်သူမှာ တုန်လှုပ်နေ ရလေသည်။

" ကဲ..သုံးဆောင်လို့ရပြီ မောင်မင်း "

သာမန်လူမှာ တုန်လှုပ်နေရ လေသည်။ ဘယ်လိုဖြစ်ဖြစ် အခြေအနေမကောင်းမှန်းသိသည်။ သို့ သော် မတတ်သာသော အခြေအနေမို့ အသီးတစ်လုံးကို ဖြုတ်စားလိုက် သည်။

" ဟာ… "

ခံတွင်း၌ ချိုအီပြီး အရသာရှိ လှသည်မို့ ပြည်သားမှာ အံ့အားသင့်သွားသည်။ ဆက်စားချင်စိတ်ဖြစ်သော် လည်း မျက်နှာကိုချက်ချင်းပြင်ပြီ

" ဟာ..ခါးလိုက်တာ၊ ထွီ..ထွီ "

ဆိုပြီး စားချင်စိတ်ကို မြိုသိပ်ပြီး ထွေးထုတ်လိုက်သည်။ ဘေးနားကကြည့်နေသော ဝန်အဖွဲ့က..

" ဟဲ့..မောင်မင်း၊ အရသာ ဘယ့်နှယ်တုံး "

" ထွီ..ခါးလိုက်တာ။ စားကြည့်စမ်း၊ အောင်မလေး..ကျွန်တော်၊ ကျွန်တော် သေတော့မလားမသိဘူး၊ အောင်မလေး.. "

ထိုစကားကြားတော့ ဝန်ကြီး များက

" ဟေ့..ဟေ့..အဆိပ်ပင် ဟေ့။ အနားမကပ်ကြနဲ့။ သေတတ် တယ်၊ သေတတ်တယ်။ ဟေ့..အဲဒီ အပင်ကို အမြန်ခုတ်စမ်း၊ အမြန်နုတ်လှဲလိုက်ကြစမ်း "

သိပ်မကြာပါ။
ဘာကိုမှ ကိုယ်တိုင်မစူးစမ်းဘဲ
သူများခါးတယ်ဆိုတိုင်း လိုက်ခါးသော
အပေါင်းအပါများ လွန်စွာအရသာရှိသော သစ်ပင် ကို ခုတ်လှဲလိုက်ကြသည်။ ထို့အပြင် နောက်တစ်နေ့ သတင်းထုတ်ပြန်ရာတွင်.....

" ဤအပင်မှာ အဆိပ်ပင်ဖြစ်၍ ပြည်သူအပေါင်း ဘေးမခရလေအောင် အသေအချာစမ်းသပ်ပြီး ခုတ်ထွင်လိုက်ပြီဖြစ်ကြောင်း၊ ဤသည်ကား
ဘုရင်နှင့် ဝန်ကြီးများ၏ စေတနာပင်ဖြစ်ကြောင်း.. "

ဘာကိုမှ တကယ် ကိုယ်တိုင် ကိုယ်ကျ စူးစမ်းလေ့လာခြင်းမရှိသော တိုင်းပြည်တွင် ချိုသောအပင် မရှိနိုင်ချေ။

Credit; အကြည်တော်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။