ကိုယ့်ချစ်သူ ပိုပြီး ချစ်ခင်လာစေဖို့...
အရင်တစ်ရက်က အမျိုးသားတွေအတွက် ကိုယ့်ချစ်နေတဲ့ သူ ပြန်ပြီး ချစ်လာအောင် ဘယ်လိုနေထိုင် ရမလဲ ဆိုတာ တင်ပြပေးခဲ့ပါတယ်။ ဒီနေ့တော့ အမျိုးသမီးတွေအတွက် ကိုယ့်ချစ်သူ ကိုယ့်အပေါ် ပိုပြီး ချစ်ခင် နှစ်သက်လာစေဖို့ ဆောင်ရန် ရှောင်ရန်တွေကို တင်ပြပေးလိုက်ရပါတယ်။
အချို့အမျိုးသားများဟာ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ခံစားချက်အမှန်များကို ထုတ်ဖော်ပြောလေ့ မရှိတဲ့အပြင် အမျိုးသမီ...းများရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေနဲ့ မျှော်လင့်ချက်တွေကို ခံစားနားလည်ပေးဖို့ ခဲယဉ်းလေ့ ရှိပါတယ်။ ဒါပေမယ့် ကံကောင်းစွာ နဲ့ အမျိုးသားအများစုကိုတော့ သူတို့ရဲ့ အမြင်နဲ့ ခံယူချက်တွေကို ပြောင်းလဲအောင် အလွယ်တကူ ပြုပြင်ပေးလို့ ရနိုင်ပါတယ်။ သင်ဖြစ်စေချင်တဲ့ အရာတိုင်း အတွက် သူ့ကို အတင်းအကြပ် ဖိအားပေးတာမျိုးကို မလုပ်မိစေဖို့ နဲ့ အမြဲတစေ ဂရုစိုက်အလေးထားဖို့ မမေ့ပါနဲ့။
ဖော်ပြပါအခြေခံအချက်အချို့က တော့ သင့်အတွက် အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
သင့်အမျိုးသားရဲ့ ဦးဆောင်မှုအောင်မှာ သင်နေလိုတယ်ဆိုတာကို အမှတ်ရပါ။ သင့်အမျိုးသားက အကြိုက်ဆုံး ဖြစ်မယ်လို့ သင်ထင်တဲ့ ကိစ္စတိုင်းကို အကောင်းဆုံးဖြစ်အောင်လုပ်ပြီး သူ့ရဲ့ စိတ်ကြိုက်နေထိုင်ပေးပါ။ ဥပမာ- ညနေခင်းအချိန်တချို့မှာ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့
တွေ့ဆုံ စားသောက်ခြင်းများ၊ ဂိမ်းကစားခြင်း၊ စနေနေ့လို ညမျိုးမှာ
တီဗီအစီအစဉ်ကို နှစ်ခြိုက်စွာ ကြည့်ခြင်းတို့ဖြင့် သင့်အမျိုးသားကို
ကျေနပ်ပျော်ရွှင်စေလိုက်ပါ။ အဲဒီလိုအစီအစဉ်လေးတွေကို အတူတကွ
လုပ်ဆောင်ခြင်းဟာ သူ့ကို ကြည်နူးပျော်ရွှင်စေမှာ အမှန်ပါပဲ။ ဒီလိုပဲ
အပြန်အလှန်အားဖြင့် သင့်အနေနဲ့လည်း အဲလို ဂရုစိုက်ပေးမှုလေးတွေ သူ့ဆီက
ရခဲ့မယ်ဆိုရင် သင်ဘယ်လောက် ပျော်ရွှင်လိုက်မလဲဆိုတာကိုလ ည်း သူသိအောင် ပြောပြပါ။
တစ်ခါတရံမှာ အပျော်တမ်းကားလျှောက်စီးတာမျိုး၊ မြို့ထဲမှာ အတူတူလျှောက်လည်တာမျိုးကိုလ ည်း
စီစဉ် သင့်ပါတယ်။ ပျော်ရွှင်စရာအစီအစဉ်တွေကို အမျိုးသားတစ်ယောက်တည်းက
အမြဲတမ်းစဉ်းစားစီစဉ်ဖို့ ဆိုတာ မလွယ်ကူဘူးဆိုတာကို သင့်အနေနဲ့ အသိအမှတ်ပြု
နားလည်ဖို့ လိုပါတယ်။ အဲဒီလို မလွယ်ကူတဲ့ ကိစ္စတွေကို သင်ကသာ
စီစဉ်ပေးနိုင်မယ်ဆိုရင် သင့်အမျိုးသားအတွက် တကယ့်ကို ကြည်နူးစရာအချိန်
ဖြစ်မှာ သေချာပါတယ်။
အရေးအကြီးဆုံးကတော့ သင့်အတွက် သင့်အမျိုးသားပြုလုပ် စီစဉ်ပေးတဲ့ ကိစ္စ အသေးအဖွဲလေးက အစ သင်ဘယ်လောက်တန်ဖိုးထား သဘောကျသလဲဆိုတာကို သူသိစေဖို့ ပါပဲ။ ဥပမာအားဖြင့် သင်မောပန်း နွမ်းနယ်လာတဲ့ အချိန်တွေမှာ ညစာပြင်ဆင်ချက်ပြုတ်ပေးတာမျိုးတွေ၊
သင့်အတွက် ကားတံခါး ဖွင့်ပေးတာမျိုးတွေ၊ သင်တစ်ခုခုကြောင့် စိတ်မကောင်း
ဖြစ်နေချိန်တွေမှာ ချော့ကလက်လေး လာကျွေးတာမျိုးတွေ စတဲ့
အပြုအမူအသေးအဖွဲလေးတွေက အစ သင်ဘယ်လောက် ကြည်နူး ကျေးဇူးတင်ရသလဲဆိုတာ
သူသိပါစေ။
သင့်အပေါ် သူ့ရဲ့ ဂရုစိုက်တဲ့ အပြုအမူတွေအကြောင်း သင့်ရဲ့မိတ်ဆွေသူငယ်ချင်းများရဲ့
အလယ်မှာ ချီးမွမ်းထုတ်ဖော် ပြောဆိုပေးခြင်းဖြင့် တခြားသောအမျိုးသမီး
မိတ်ဆွေများရဲ့ အားကျတဲ့ အကြည့်တွေကို ဂုဏ်ယူစွာ စောင့်ကြည့်ပါ။ အဲလို
အကြည့်တွေကို သင့်အမျိုးသား ကိုယ်တိုင်လည်း သတိထားမိမှာ ဖြစ်ပြီး သင့်အပေါ်
အချစ်ပိုလာစေမှာ ဖြစ်ပါတယ်။ သင့်အမျိုးသားကို ရင်ခုန်ကြည်နူးစိတ်လှုပ်ရှား ဖို့ ကောင်းတဲ့ သူတစ်ယောက်ဖြစ်စေဖို့အတွက် သင်ပြုလုပ်ပေးနိုင်ဖို့ သေချာတဲ့ နည်းလမ်းတွေအများကြီး ရှိပါတယ်။
သူ့ရဲ့ ဂရုစိုက်မှုတွေကို သင်ဘယ်လောက်ထိ တန်ဖိုးထား ကျေနပ်ရတယ်ဆိုတာနဲ့ သင်ဟာ သူ့ရဲ့ အကြင်နာတွေကို မရှိမဖြစ်လိုအပ်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို သူသိထားဖို့ပဲ ဖြစ်ပါတယ်။
Credit: WOW Living Tip
အရင်တစ်ရက်က အမျိုးသားတွေအတွက် ကိုယ့်ချစ်နေတဲ့ သူ ပြန်ပြီး ချစ်လာအောင် ဘယ်လိုနေထိုင် ရမလဲ ဆိုတာ တင်ပြပေးခဲ့ပါတယ်။ ဒီနေ့တော့ အမျိုးသမီးတွေအတွက် ကိုယ့်ချစ်သူ ကိုယ့်အပေါ် ပိုပြီး ချစ်ခင် နှစ်သက်လာစေဖို့ ဆောင်ရန် ရှောင်ရန်တွေကို တင်ပြပေးလိုက်ရပါတယ်။
အချို့အမျိုးသားများဟာ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ခံစားချက်အမှန်များကို ထုတ်ဖော်ပြောလေ့ မရှိတဲ့အပြင် အမျိုးသမီ...းများရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေနဲ့ မျှော်လင့်ချက်တွေကို ခံစားနားလည်ပေးဖို့ ခဲယဉ်းလေ့ ရှိပါတယ်။ ဒါပေမယ့် ကံကောင်းစွာ နဲ့ အမျိုးသားအများစုကိုတော့ သူတို့ရဲ့ အမြင်နဲ့ ခံယူချက်တွေကို ပြောင်းလဲအောင် အလွယ်တကူ ပြုပြင်ပေးလို့ ရနိုင်ပါတယ်။ သင်ဖြစ်စေချင်တဲ့ အရာတိုင်း အတွက် သူ့ကို အတင်းအကြပ် ဖိအားပေးတာမျိုးကို မလုပ်မိစေဖို့ နဲ့ အမြဲတစေ ဂရုစိုက်အလေးထားဖို့ မမေ့ပါနဲ့။
ဖော်ပြပါအခြေခံအချက်အချို့က
သင့်အမျိုးသားရဲ့ ဦးဆောင်မှုအောင်မှာ သင်နေလိုတယ်ဆိုတာကို အမှတ်ရပါ။ သင့်အမျိုးသားက အကြိုက်ဆုံး ဖြစ်မယ်လို့ သင်ထင်တဲ့ ကိစ္စတိုင်းကို အကောင်းဆုံးဖြစ်အောင်လုပ်ပြ
တစ်ခါတရံမှာ အပျော်တမ်းကားလျှောက်စီးတာမ
အရေးအကြီးဆုံးကတော့ သင့်အတွက် သင့်အမျိုးသားပြုလုပ် စီစဉ်ပေးတဲ့ ကိစ္စ အသေးအဖွဲလေးက အစ သင်ဘယ်လောက်တန်ဖိုးထား သဘောကျသလဲဆိုတာကို သူသိစေဖို့ ပါပဲ။ ဥပမာအားဖြင့် သင်မောပန်း နွမ်းနယ်လာတဲ့ အချိန်တွေမှာ ညစာပြင်ဆင်ချက်ပြုတ်ပေးတာမျ
သင့်အပေါ် သူ့ရဲ့ ဂရုစိုက်တဲ့ အပြုအမူတွေအကြောင်း သင့်ရဲ့မိတ်ဆွေသူငယ်ချင်းမျ
သူ့ရဲ့ ဂရုစိုက်မှုတွေကို သင်ဘယ်လောက်ထိ တန်ဖိုးထား ကျေနပ်ရတယ်ဆိုတာနဲ့ သင်ဟာ သူ့ရဲ့ အကြင်နာတွေကို မရှိမဖြစ်လိုအပ်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို သူသိထားဖို့ပဲ ဖြစ်ပါတယ်။
Credit: WOW Living Tip
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။