Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 14, 2015

! နိုင်ငံတကာ ဆုရ ဓါတ်ပုံများရဲ့နောက်ကွယ် ... (၄)

! နိုင်ငံတကာ ဆုရ ဓါတ်ပုံများရဲ့နောက်ကွယ် ... (၄)
==================================
- ကျော်ကျော်ဝင်း (P.MPS, Hon; FPSBP)

ဒီတစ်ခါ တင်ပြဖို့အတွက် တွံတေးမြို့ အိုးလုပ်ငန်းခွင်တစ်ခုမှာ ရိုက်ခဲ့တဲ့ ပုံလေးကို ရွေးချယ်လိုက်ပါတယ် ။ ဒီပုံလေးက ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေးပဲဆိုပေမယ့် ဓါတ်ပုံပညာရပ်တွေ ၊ ဖန်တီးမှုတွေ ပေါင်းစပ်ပါဝင်နေလို့ ရှင်းပြစရာတွေ အများကြီးရှိနေပါတယ် ။ ဒီပုံကို ၂၀၀၆ ခုနှစ်ကတည်းက ရိုက်ခဲ့တာဖြစ်ပေမယ့် ဖန်တီးမှုက ဒီနေ့အထိ လတ်ဆတ်နေတုန်းပါပဲ ။
ဓါတ်ပုံဆိုတာ အလင်းနဲ့ ဆေးခြယ်တဲ့ ပညာရပ်ဆိုတာကတော့ အားလုံးသိထားပြီးသားပါ ။ ဒါပေမယ့် အလင်း သက်သက်ပဲ သုံးပြီး ရိုက်ယူမယ်ဆိုရင်တော့ လုံးကြွ ပေါ်လွင်မှု မရှိတဲ့ ပုံမျိုးတွေပဲ ထွက်လာမှာပါ ။ ဓါတ်ပုံတွေထဲမှာ အလင်းပိုင်းတွေနဲ့ အတူ အမှောင်ပိုင်းတွေကိုပါ ပေါင်းစပ်ပေးမှသာ လုံးကြွ ပေါ်လွင်တဲ့ ပုံမျိုး တွေ့ရမှာပါ ။ ဒါကြောင့် ဓါတ်ပုံသမားတွေက ဓါတ်ပုံရိုက်မယ့်အကြောင်းအရာဆီကို ဘေးဘက်ကကျနေတဲ့ Side Light အလင်းတွေ ၊ ဒါမှမဟုတ် အနောက်ဘက်က လာနေတဲ့ Back Light အလင်းတွေကိုသာ အဓိကထားပြီး ရွေးချယ်လေ့ရှိကြပါတယ် ။
တွံတေးမြို့ အိုးလုပ်ငန်းခွင်တွေမှာ အိုးတွေကို မီးဖုတ်တဲ့ အိုးဖိုကြီးတွေက ဓါတ်ပုံသမားတွေရဲ့ စိတ်ကြိုက်နေရာတွေ ပါပဲ ။ အဲ့ဒီအိုးဖိုကြီးတွေမှာ အိုးတွေ ထည့်သွင်းတဲ့ အပေါက်နေရာ ၊ မီးခိုးခေါင်းတိုင်အပေါက်တွေ ရှိပြီး အတွင်းကတော့ မှောင်နေပါတယ် ။ အထဲမှာလည်း အိုးတွေ စီထားတာမို့ အလင်းအမှောင် ၊ အရောင်အရိပ်ပုံသဏ္ဍာန်တွေက အလှပဆုံး ပေါင်းစပ်ပေးထားပြီးသားပါပဲ ။ ဒီတော့အလင်းနဲ့ ဆေးခြယ်ဖို့ အကောင်းဆုံး ဖြစ်နေတော့တာပေါ့ ။
ဓါတ်ပုံရိုက်မယ့် အိုးဖိုကို ကျွန်တော်တို့ ရောက်သွားချိန်မှာ မီးဖုတ်ပြီးသား အိုးတွေကို အပြင်ကို သယ်ထုတ်တော့မယ့် အချိန်ပါ ။ အိုးတွေက မီးကျက်ထားပြီးသားမို့ အ၀ါရောင် တောက်နေပါတယ် ။ အိုးဖိုထဲကို ၀င်ပြီး အမြင့်ကနေ ကြည့်လိုက်တော့ စီထားတဲ့ အိုးတွေရဲ့ ထိပ်ဝတွေကို စက်ဝိုင်းတွေ စီထားသလို မြင်နေရပါတယ် ။
ဒါပေမယ့် ဓါတ်ပုံရိုက်ဖို့အတွက် အဓိက အခက်အခဲကတော့ အိုးဖိုထဲမှာ အလင်းအားနည်းလွန်းနေတာပါပဲ ။ Tripod သုံးပြီး Long Exposure နဲ့ အချိန် အကြာကြီး ရိုက်ယူတော့လည်း ကိုယ်လိုချင်တဲ့ ပုံမျိုးမရပြန်ပါဘူး ။ ကိုယ့်အတွက် နောက်ထပ် ပြဿနာတစ်ခုကတော့ အိုးဖိုထဲကနေ မြင်နေရတဲ့ အပြင်ဘက်ကိုပါ ထည့်ပြီး ရိုက်ချင်နေတာပါပဲ ။ အနေအထားက အိုးဖိုထဲမှာတော့ မှောင်မည်းနေပြီး အပြင်ဘက်မှာတော့ အလင်းတောက်ပနေပါတယ် ။ အတွင်းနဲ့ အပြင် အလင်းအားချင်း မမျှပါဘူး ။ ဓါတ်ပုံစကားနဲ့ ပြောရရင် Exposure အလွန်အမင်း ကွာဟနေပါတယ် ။ ဒီလို အလွန်အမင်း Exposure ကွာဟနေတဲ့ အကြောင်းအရာ နှစ်ခုကို ဓါတ်ပုံတစ်ပုံတည်းမှာ Exposure အညီအမျှဖြစ်အောင် သဘာဝအတိုင်း ရိုက်ယူလို့ မရပါဘူး ။
အိုးဖိုအတွင်ပိုင်းက မှောင်နေတဲ့ နေရာတွေကို အသေးစိတ်ပေါ်လွင်လာအောင် Exposure ပေးပြီး ရိုက်ယူလိုက်ရင် အိုးဖို အပြင်ပိုင်းတွေက Over Exposure ဖြစ်ပြီး Burn (ဖြူဖွေး) သွားမှာပါ ။ အိုးဖို အပြင်ပိုင်းတွေကိုပဲ အနုစိတ်ပေါ်အောင် Exposure ပေးပြီး ရိုက်ယူလိုက်ပြန်ရင်လည်း အတွင်းပိုင်းက Under Exposure (မဲမှောင်) သွားမှာဖြစ်ပါတယ် ။ အထဲက အိုးတွေရဲ့ အနုစိတ် လက္ခဏာတွေပေါ်မှာ မဟုတ်တော့ပါဘူး ။
ဒီလို အခြေအနေမှာ အတွင်းအပြင် နှစ်ခုလုံးကို ဓါတ်ပုံတစ်ပုံတည်းမှာ Exposure အမှန်ရနိုင်ဖို့က ဖန်တီးယူရတော့မှာ ဖြစ်ပါတယ် ။ မတူညီတဲ့ အလင်းအားနှစ်ခုကို တူညီလာအောင် ဖြည့်ပေးရတော့မှာပါ ။ ဒီတော့ အပြင်ဘက်က များနေတဲ့ အလင်းတွေကို လျော့ချပေးမလား ၊ ဒီကိစ္စကတော့ မလွယ်ကူပါဘူး ။ သဘာဝအလင်းရောင်ကျသွားတဲ့ အထိ စောင့်ရပါလိမ့်မယ် ။ ဒါ့အပြင် အပြင်ဘက်မှာ သဘာဝ အလင်းအားလျော့ကျသွားတာနဲ့ အမျှ အတွင်းပိုင်းမှာလည်း အလင်းအားက လိုက်ပြီးလျော့သွားဦးမှာပါ ။ ဒီတော့မှောင်နေတဲ့ အိုးဖိုအတွင်းပိုင်းတွေကို အလင်းအားဖြည့်ပေးမလား ၊ ဒါက ကျွန်တော်တို့အတွက် ပိုပြီး လွယ်ပါလိမ့်မယ် ။
မှောင်နေတဲ့ အိုးဖိုအတွင်းပိုင်းတွေကို Flash မီးတွေသုံးပြီး လင်းလာအောင် ဖြည့်ပေးလို့လည်း ရပါတယ် ။ ဒါပေမယ့် ဒီလို နေရာမျိုးမှာ ကိုယ်လိုချင်သလို ရဖို့အတွက်က Flash မီးတွေ အများကြီး လိုပါလိမ့်မယ် ။ Flash မီးဆိုတာကလည်း ဘယ်လို လင်းမယ် ၊ ဘယ်လောက်အထိ လင်းမယ်ဆိုတာတွေကို မရိုက်ခင်တည်းက ကြိုမြင်နေရတာမျိုး မဟုတ်လေတော့ တွက်ချက်မှုတွေ ၊ စမ်းသပ်မှုတွေ လုပ်ရပါဦးမယ် ။ ဒီတော့ ပိုလွယ်ကူပြီး သဘာဝနဲ့ ပိုနီးစပ်တဲ့ ဖယောင်းတိုင် မီးတွေ သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
အိုးဖိုအတွင်းပိုင်းကို ကျွန်တော်တို့ အရင်ဝင်သွားပြီး နေရာယူလိုက်ကြပါတယ် ။ ကင်မရာတွေကို Tripod တွေပေါ်မှာ တပ်ဆင်ပြီး စိတ်ကြိုက်အနေအထားရအောင် ရွေးချယ် ပြင်ဆင်ကြပါတယ် ။ ပြီးတော့မှ အိုးတွေထဲကို ဖယောင်းတိုင်လေးတွေ စပြီး ထွန်းကြပါတယ် ။ အတွင်းပိုင်းနဲ့ အပြင်ဘက်ပိုင်းကို Exposure ညှိပြီး ရိုက်လို့ ရတဲ့ အနေအထားမှာ ရပ်လိုက်ပါတယ် ။ အိုးဖိုအတွင်းပိုင်းက လေလုံပြီး အတော်လေး ပူနေပါသေးတယ် ။ ဖယောင်းတိုင်တွေ ထွန်းလိုက်တော့ ချွေးဒီးဒီးကျအောင်ကို ပူလာပါတယ် ။ ထွက်ပြေးချင်စိတ်ပေါ်လာတဲ့ အထိပါ ။ ဒီပုံကို ရဖို့အတွက် ကျွန်တော် သုံးခဲ့တာကတော့ Nikon D70 ကင်မရာနဲ့ Kit Lens 18-70mm ဖြစ်ပါတယ် ။ တကယ်တော့ ဒီထက်ပိုပြီး မြင်ကွင်းကျယ်တဲ့ မှန်ဘီလူးကို သုံးသင့်တာပါ ။ ဒါပေမယ့် ကျွန်တော့်မှာ မရှိပါဘူး ။ ရှိတာကိုပဲ သုံးထားတော့ မြင်ကွင်းက နည်းနည်း ကျပ်နေပါတယ် ။ ဓါတ်ပုံပညာရပ်မှာ ဘာသာရပ်ခွဲပေါင်း များစွာ ရှိနေပေမယ့်လည်း ဓါတ်ပုံပြိုင်ပွဲတွေအတွက်ကတော့ ဓါတ်ပုံထဲမှာ သက်ရှိတွေ ၊ လှုပ်ရှားမှုတွေ ပါမှ အကဲဖြတ် ဒိုင်တွေကို ဆွဲဆောင်နိုင်ပါတယ် ။ ဒါ့ကြောင့် ပြိုင်ပွဲဝင် ဓါတ်ပုံတွေမှာ ဒါတွေကို မပါမဖြစ် ထည့်ရိုက်ကြလေ့ ရှိပါတယ် ။ ဘာကိုပဲ ထည့်ရိုက် ရိုက်ပါ လက်ရှိ ပတ်ဝန်းကျင် အနေအထားနဲ့ သဟဇာတဖြစ်ဖို့ သဘာဝကျဖို့လည်း မဖြစ်မနေလိုအပ်ပါတယ် ။ ဇွတ်အတင်းအကြပ် လုပ်ခိုင်း ၊ နေခိုင်းထားတဲ့ ပုံစံမျိုး မဖြစ်ပါစေနဲ့ ။ သက်တောင့် သက်သာရှိနေပါစေ ။
တကယ်တော့ ကျွန်တော်က အိုးတွေကို တကယ်သယ်ထုတ်နေတဲ့ လှုပ်ရှားမှု Movement ပုံကို ရိုက်ချင်ခဲ့တာပါ ။ နောက်ပြီး ဓါတ်ပုံထဲမှာ အစမှ အဆုံးတိုင် ပြတ်သားနေစေချင်တာကြောင့် Aperture ကိုလည်း f/8 အောက်ကို လျော့ပြီး မသုံးချင်ပါဘူး ။ ဒီတော့ ဒီလိုအနေအထားမှာ ISO 200 ပဲသုံးပြီး Exposure ကို 3 sec ထက် ပိုမြန်အောင် ရိုက်လို့ မရတော့ပါဘူး ။ Exposure ကို 3 sec (၃ စက္ကန့်) တောင်ထားပြီး လှုပ်ရှားမှု Movement ကို ပြတ်သားအောင် ဘယ်လိုလုပ်ရိုက်နိုင်တော့မှာလဲ ၊ လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသားပေါ်အောင် ရိုက်ဖို့ ဆိုတာက Shutter နှုန်းအမြန်တွေကို သုံးရမှာလေ ။ ဒါ့ကြောင့် လူကို အငြိမ်ထားလို့ ရတဲ့ ပုံမျိုးတွေပဲ ရိုက်ဖို့ ရွေးချယ်လိုက်ပါတယ် ။ ပထမတော့ လူနှစ်ယောက် သုံးပြီး ရိုက်ကြပါတယ် ။ အမျိုးသမီးက အိုးတွေ သယ်ဖို့အတွက် ခေါင်းပေါ်ရွက်နေတာကို အမျိုးသားက ခေါင်းပေါ် ကူညီ ပင့်တင်ပေးနေတာကို ဖန်တီး ကြည့်ပါတယ် ။ ဒါပေမယ့် ကူညီပေးတဲ့ အမျိုးသားက တောင့်တောင့်ကြီးဖြစ်နေတယ် ။ သက်တောင့်သက်သာ မရှိတော့ သဘာဝမကျဘူး ။ တမင်ဟန်လုပ်နေမှန်း သိသာလွန်းနေတယ် ။ ဒါကြောင့် သူ့ကို ဖယ်ထုတ်ပြီး အိုးရွက်နေတဲ့ အမျိုးသမီးတစ်ယောက်ထဲကိုပဲ ရိုက်ဖြစ်သွားတယ် ။
ဓါတ်ပုံတစ်ပုံရဖို့ ၃ စက္ကန့်ကြာအောင်တောင် ရိုက်ရမှာမို့ ဓါတ်ပုံရိုက်နေချိန်မှာ သူမ ငြိမ်ငြိမ်လေးရှိနေဖို့ အရေးကြီးပါတယ် ။ ဒါကြောင့် အိုးတွေရွက်ပြီး ငြိမ်ငြိမ်လေးနေလို့ရမယ့် ကိုယ်နေဟန်ထားကို ပြင်ခိုင်းထားရပါတယ် ။ ဓါတ်ပုံရိုက်တဲ့ အချိန်မှာ လှုပ်လို့ မရကြောင့်း ရှင်းပြထားရပြီး ရိုက်ပြီဆိုရင် ငြိမ်နေဖို့ တောင်းပန်ထားရပါတယ် ။ ဒီလိုလုပ်မှလည်း ပြတ်သားတဲ့ ပုံရိပ်ကို ရမှာပါ ။
ဒီဓါတ်ပုံရဲ့ ဖွဲ့စည်းမှုက ဓါတ်ပုဖွဲ့စည်းမှု အခြေခံ ဥပဒေသဖြစ်တဲ့ Rule of Third နဲ့တော့ မကိုက်ညီပါဘူး ။ ပုံထဲမှာ သက်ရှိ Subject လူက ပုံရဲ့ Rule of Third နေရာမှာ ရှိမနေဘဲ အပေါ်ပိုင်းအလယ်တည့်တည့်ကို ရောက်နေပါတယ် ။ ဒါပေမယ့် ဒါက ဓါတ်ပုံရဲ့ အလေးအပေါ့ Balance ကို ပြန်ပြီး ထိန်းညှိထားတာပါ ။ ဒီနေရာ ဒီအနေအထားကသာ ဓါတ်ပုံရဲ့ ဖွဲ့စည်းမှု အလေးအပေါ့ ဟန်ချက်ကို ညီစေပါတယ် ။
ဒီဓါတ်ပုံက National Geographic Hong Kong က ဦးစီးကျင်းပတဲ့ " Yellow to Me " နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲ ၂၀၀၆ မှာ Rising Star ဓါတ်ပုံဆုကို ရရှိခဲ့ပါတယ် ။ အိုးတွေထဲမှာ ထွန်းထားတဲ့ ဖယောင်းတိုင်လေးတွေ ပေါ်မနေခဲ့တာက ဓါတ်ပုံကို အားရှိသွားစေတာပါ ။ ဖယောင်းတိုင်တွေသာ ပေါ်နေရင် အဓိပ္ပါယ် မရှိတော့ပါဘူး ။ ဖယောင်းတိုင်တွေ ပေါ်မနေတော့ ဘာကြောင့်အလင်းရောင်ထွက်နေမှန်း မသိရတော့ပါဘူး ။ အလင်းရောင်ရအောင် တမင်မီးထွန်းထားတာ မပေါ်လွင်တော့ဘူးပေါ့ ။
ကျွန်တော်မြင်တဲ့ နောက်ထပ် အားနည်းချက်တစ်ခုကတော့ ခေါင်းပေါ်မှာ ရွက်ထားတဲ့ အိုးတွေက နောက်ခံမှာ ရှိနေတဲ့ အိုးတွေနဲ့ ရောနေတာပါ ။ ဒီလိုရော မသွားအောင် ထင်ရှားပေါ်လွင်လာအောင် ပြင်ပေးသင့်ပါတယ် ။ အိုးရွက်နေသူရဲ့ ကိုယ်နေဟန်ထား ဒါမှ မဟုတ် အနေအထားကို ပြင်လိုက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့ ။ အဲ့ဒီတုန်းကတော့ အဲ့ဒီအပြစ် (အားနည်းချက်)ကို မမြင်ခဲ့ပါဘူး ။
*** National Geographic Hong Kong (Yellow To Me: Photo Contest) - Rising Star Prize
-----------------------------------------
Camera Model - Nikon D70
Lens Model - AF-S Nikkor 18-70mm (1:3.5-4.5)
F-stop - f/8
Exposure Time - 3 sec
ISO Speed - ISO-200
Flash Mode - No Flash
------------------------------------------
■ Cyra _ ( တဆင့်ပြန်လည်မျှဝေသည် )
Digital Camera မဂ္ဂဇင်း @ http://www.fb.com/myanmardcm

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။