Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 18, 2015

ကဗျာဆရာကြီး ရူမီ ပြောသည့် ဘ၀နေနည်း


ကဗျာဆရာကြီး ရူမီ ပြောသည့် ဘ၀နေနည်း

သင့်နှလုံးသားရဲ့ဆန်းကြယ်သောခေါ်ငင်ရာနောက်သို့ အသာတကြည်ကလေး စီးမျောလို့ လိုက်ပါကြည့်ပါ ၊ သင်နှစ်သက်မြတ်နိုးသောထိုအရာသည် သင့်အား ဆိုးသောအကျိုးကိုပေးလိမ့်မည်မဟုတ်။

ပါရှားလူမျိုး ဂန္ဒဝင်ဒဿနဆရာ ကဗျာဆရာကြီး ရူမီ (Rumi) ဟာ သူပျော်မွေ့ခဲ့ရာ ၁၃ ရာစုနှစ်မှာသာမကပဲ မျက်မှောက်ခေတ်အထိကိုပါ သူ့ရဲ့ ပြောင်မြောက်လှတဲ့ စာပေအနုပညာနဲ့ အသိဥာဏ်ပညာအလင်းကို ဆောင်ကျဉ်းပေးလျက်ရှိနေပါတယ်။ ယခုအချိန်ထိ အမေရိကန်ပြည်မှာ စာအုပ်အရောင်းရဆုံးနဲ့ အကျော်ကြားဆုံး ကဗျာဆရာ စာရင်းဝင်အဖြစ်ရှိနေဆဲရူမီဟာ လူ့လောကကြီးနဲ့ပတ်သက်လို့ ဘဝနေနည်းတွေနဲ့ပတ်သက်လို့ လေ့လာသင်ယူမှတ်သားဖွယ်ရာ ဆန်းကြယ်တဲ့အမြင်တွေကို ချန်ထားရစ်ခဲ့ပါတယ်။

ယခုဖော်ပြပေးမှာကတော့ ရူမီရဲ့ အကျော်ကြားဆုံး ဘဝဒဿနအဆီအနှစ်တွေပဲဖြစ်ပါတယ်။

မတူရာတွေစုကြတဲ့ လောကဖြစ်တာနဲ့အညီ ဆရာကြီးနဲ့ အမြင်တူသူရှိသလို အမြင်မတူသူတွေလဲရှိနေမှာပါ။ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးရဲ့ ကြီးကျယ်သောပညာဥာဏ်စီးဆင်းမှုကနေ အလိုရှိသလိုယူငင်သုံးစွဲကြပြီးကျွန်တော်တို့ရဲ့ဘဝတွေအတွက်အပြောင်းအလဲတစုံတရာ ဖြစ်ပေါ်စေမယ်လို့ ယုံကြည်ပါတယ်။

၀၁. ကြမ်းတမ်းခက်ထန်သော လောကဓံရဲ့ရိုက်ခတ်မှုပေါင်းများစွာဆီမှ ရှောင်ခွာမပြေးပါနဲ့ ၊ သူတို့ဟာ အကောင်းဆုံးဆရာတွေပါ
ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေဟာ အမှောင်ထဲကသင့်ကို အလင်းပြပေးတဲ့အရာတွေဖြစ်ပါတယ်။
လမင်းစန္ဒာဟာညရဲ့မှောင်မိုက်မှုကို ကြောက်ရွံ့ခြင်းကင်းတဲ့အတွက်ကြောင့်သာ တောက်ပသောအလင်းကို ဖြန့်ကျန့်ခွင့်ရပါတယ်။

၀၂. သင့်ရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်ဖို့အတွက် ဘယ်အရာကိုမှ လွယ်လင့်တကူ မခံစားပါနဲ့
ပွတ်တိုက်မှုတိုင်းကိုသာခံစားဒေါသထွက်နေခဲ့ရင်သင်ဘယ်သောအခါမှ တောက်ပြောင်လာလိမ့်မည်မဟုတ်
ပူဆွေးဝမ်းနည်းမနေပါနဲ့ ၊ သင်လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အရာတိုင်းဟာ တခြားပုံစံမျိုးစုံနဲ့ သင့်ထံရောက်လာဦးမှာပါ။

၀၃.ဘယ်အရာမဆိုဖြစ်နိုင်တယ်၊ဒါဆိုဘာလို့သေးနုပ်တဲ့ကိစ္စတွေအတွက်အချိန်ကုန်ခံနေတော့မလဲ
အချုပ်အနှောင်တွေက ရုန်းထွက် ၊ လွတ်လပ်ခြင်းကိုဖွေရှာ ၊ ကောင်းကင်ကြီးသာဖြစ်လိုက်စမ်းပါ။

၀၄.မိမိကိုယ်ကိုပြောင်းလဲဖို့သာအာရုံစိုက်လိုက်ပါ၊ဒါဆိုရင် လောကကြီးတစ်ခုလုံးကို ခြားနားသောအမြင်တွေနဲ့ မြင်တတ်လာပါလိမ့်မယ် မနေ့ကကျွန်တော်သည် တော်၏ ၊ ထို့ကြောင့် ကမ္ဘာကြီးကိုပြောင်းလဲပစ်ရန်ကြိုးစားခဲ့၏။ ယနေ့ကျွန်တော်သည်လည်းအသိဥာဏ်ပညာနှင့်ပြည့်စုံ၏၊ထို့ကြောင့်မိမိကိုယ်ကိုကောင်းအောင်သာကြိုးစား၏။

၀၅.မိမိနှလုံးသားခေါ်ဆောင်ရာနောက်သို့သာလိုက်သွားပါ၊ ရောက်သင့်ရောက်ထိုက်သောနေရာကို ရောက်မှာအသေချာ
မိမိအသက်ဝိဥာဉ်က လိုလားတောင့်တအပ်သောအရာကိုအကောင်အထည်ဖော်သောအခါ ၊ ပျော်ရွှင်ခြင်းမြစ်တစ်စင်း ရင်တွင်းစီးဆင်းမှာ ၊ လောကမှာ အရေးပါဆုံးသောအရာ။
မိမိနှလုံးသားထဲမှာဖယောင်းတိုင်တစ်တိုင် ၊ မီးညှိလို့ထွန်းလင်းစေပါ။ အသက်ဝိဥာဉ်ထဲမှာ ကွက်လပ်တစ်ခု ၊ ဖြည့်တင်းလို့ ပြည့်စုံစေပါ။

၀၆. အရာအားလုံးဟာ ချစ်ခြင်းတစ်ခုသာ
အခိုက်အတံ့တိုင်းကို နှစ်လိုဖွယ်ဖြစ်စေတာ ၊ လျှို့ဝှက်သော ကောင်းကင်ဘုံနန်းတစ်ခုဆီပျံသန်းရောက်ရှိစေဖို့ရာ ၊ ချစ်ခြင်းတစ်ခုသာစွမ်းနိုင်တာ။

၀၇. သင်ဒီထက်မက စွမ်းဆောင်နိုင်သည် ၊ အားထုတ်ဖို့သာလိုပေသည်
မိတ်ဆွေ...သင်သည် ကောင်းမွန်ခြင်း ယုံကြည်မှုရှိခြင်းတို့နှင့်မွေးဖွားလာ၏ ၊ သင်သည် စိတ်ကူးကောင်းများ ရည်မှန်းချက်အိပ်မက်များစွာတို့ဖြင့်မွေးဖွားလာ၏ ၊ သင့်တွင် ကြီးကျယ်မြင့်မြတ်ခြင်းဆီ ပျံသန်းရောက်ရှိရန် အတောင်တစ်စုံကိုလဲ ပိုင်ဆိုင်၏ ၊ ထို့ကြောင့် မြေပြင်တွင် တွားသွားရန်မလို ၊ တောင်ပံဖြန့်ကျက် ဝေဟင်ထက်ဆီ ပျံသန်းဖို့သာကြိုးစားပါလေ။

ရောင်ဝါတောက်ပခြင်းနှင့်မေတ္တာဂရုဏာတို့အတွက် ရှင်နေမင်းကိုအတုယူလော့ ၊ သူတစ်ထူးတို့၏ အပြစ်နှင့်အမှားများကို ဖုံးဖိအကာအကွယ်ပေးခြင်းတွင် ညသခင်နှင့်ဆင်ခြင်လော့ ၊ ရက်ရောခြင်းတွင် စိတ်နှစ်ဝင်ဖို့ တသွင်သွင်စီးသော ရေယဉ်ကြောကိုပမာယူလော့ ၊ ကြမ်းကြုတ်ခြင်းနှင့်ဒေါသမာန်ပြင်းထန်ခြင်းကို သေခြင်းတရားနှင့်နှိုင်းယှဉ်လော့ ၊ တည်ကြည်မျှတ အေးမြခြင်းတွင် မြေပထဝီကိုအားကျလော့။

၀၈.ဘဝလမ်းခရီးတွင်အမှောင်ထုနှင့်ကြုံဆုံရခိုက် တောက်ပသောအလင်းကိုပြမည့်သူမျိုးကိုသာ ရွေးချယ်ပေါင်းသင်းရာ၏
သင့်အား ကြောက်လန့်ခြင်းနှင့်ဝမ်းနည်းခြင်းကိုပေးသောသူကိုရှောင်ရှားရာ၏။ ရောဂါဘယနှင့် သေခြင်းတရားဆီတွန်းပို့မည့်သူမျိုးကိုလဲ ဖယ်ကျဉ်ရာ၏။ မိမိဘဝကို မီးတင်ရှို့ကြည့်ပါ။ ဘယ်သူက ယပ်လာခတ်သလဲ တွေ့ပါလိမ့်မယ်။

၀၉. သင့်ရဲ့အတွေးတွေကို အတည်မယူပါနဲ့ ၊ သင့်ကို သူတို့မပိုင်ဆိုင်ပါဘူး ၊ သင်သာသူတို့ကိုပိုင်ဆိုင်ပါတယ်
စိုးရိမ်ပူပန်ခြင်းတွေကို ရှင်းပစ်ပါ။ သူတို့ကို ဘယ်သူဖန်တီးတာလဲတွေးကြည့်ပါ။ ထောင်တံခါးဝကြီးပွင့်နေမှတော့ ဘာလို့ အထဲမှာနေနေဦးမှာလဲ။
စဉ်းစားတွေးတောလွန်ကဲခြင်းကို ထာဝရအိပ်စက်ခိုင်းလိုက်ပါ။ သင့်နှလုံးသားရဲ့လရောင်မှာ သူတို့အရိပ်မစွန်းထင်းပါစေနဲ့။ လွှင့်ပစ်လိုက်ပါ။
လူ့ဘဝဟာ တည်းခိုအိမ်နဲ့တူတူပဲ။ မနက်တိုင်းဟာ အသစ်ရောက်လာတဲ့ဧည့်သည်။ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေဟာ မမျှော်လင့်ထားတဲ့ဧည့်သည်။ အားလုံးကို ကြိုဆိုပြီး ဧည့်ဝတ်ကျေလိုက်ပါ။ လေးလေးစားစားဆက်ဆံပါ။ တလွဲတချော်အတွေးတွေ ရှက်ရွံ့ရခြင်းတွေ ကံဆိုးမိုးမှောင်ကျခြင်းတွေကို ဟားတိုက်ရယ်မောခြင်းတံခါးဝမှာတွေ့ဆုံပြီး အထဲဝင်ခွင့်ပေးလိုက်ပါ။ ဘယ်သူပဲလာလာ တရိုတသေဧည့်ခံပါ။ ဘာကြောင့်ဆိုတော့ သူတို့တတွေဟာ သင့်ကိုပိုပြီးကောင်းမွန်မြင့်မြတ်တဲ့နေရာတစ်ခုဆီ ပို့ဆောင်ပေးမှာမလို့ပါပဲ။

၁၀. တစ်ခဏလေးတော့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေကြည့် ၊ အရာအားလုံးဟာ အဓိပ္ပါယ်ရှိတာတွေ့ရလိမ့်မယ်

တိတ်ဆိတ်ငြိမ်သက်ခြင်းတွေမှာ ဆွဲဆောင်မှုအပြည့်ရှိတယ်။ သိုးမွှေးထိုးတာလေးခဏရပ်ပြီး ပြီးပြီးသားအဆင်လေး လှမလှပြန်ကြည့်ပါဦးလား။
တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ ဘုရားရှင်ရဲ့ဘာသာစကားပဲ။ ကျန်တဲ့အရာတွေဟာ ခပ်ညံ့ညံ့ ဘာသာပြန်ဆိုမှုတွေပါ။

၁၁. မျက်လုံးအစုံကိုဖွင့်ပြီး ကိုယ့်မှာဘာတွေရှိနေသလဲသတိထားကြည့်ပါဦး
စကြာဝဠာတစ်ခုလုံးက အရာရာတိုင်း သင့်ဆီမှာရှိနှင့်ပြီးသား။ ကိုယ့်ဆီကပဲ ကိုယ်ပြန်တောင်းဆိုရမှာ။
ငါဟာ ရူးသွပ်ခြင်းနှုတ်ခမ်းပါးမှာ နေနေမိတာပဲ။ ဘာ့ကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေပဲ လိုက်ရှာနေမိတယ်။ တံခါးတစ်ခုကို ပွင့်လာမလားလို့ ထပ်ခါတလဲလဲခေါက်နေမိတယ်။ သြော်...ငါက တံခါးအတွင်းဘက်က ခေါက်နေမိတာကိုး။
တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ စိန်လည်ဆွဲကြီးကို သင်လိုက်ရှာနေတယ်။ သင့်လည်ပင်းမှာရှိနေတာ သတိမထားမိဘူးမဟုတ်လား။
သင့်ကိုယ်သင် ဘာလဲသိလား။ သင်ဟာ တုနှိုင်းမရတဲ့စာတစ်ပုဒ်ဖြစ်လာမယ့် ဇာတ်ညွန်း။ ကြီးကျယ်မြင့်မြတ်တဲ့ မျက်နှာတစ်ခုထင်ဟပ်နေတဲ့ ကြေးမုံပြင်။ ဘာတွေကိုလိုက်ပြီးတောင်းဆိုနေတာလဲ။ အဲဒါဟာသင်ကိုယ်တိုင်ပဲလေ။

Nyo Maung

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။