စကားလုံး အသုံးအနှုန်း
===============
.
1.
ကျနော်တို့ မောင်နှမတွေက တဂျီဂျီနဲ့ ရန်ဖြစ်လေ့ရှိတော့ အမေက အမြဲပြောလေ့၊ ဆုံးမလေ့ ရှိတယ်... ...
"နင်တို့က ရန်ချည်းဖြစ်နေမှာပေါ့... စကားပြောတာ တစ်ယောက်နဲ့ တစ်ယောက် ဆင်မှ မဆင်ခြင်တာ၊ မှတ်ထား ရှေးလူကြီးတွေ ပြောခဲ့တာ ရှိတယ်၊ ချစ်အောင်ပြောလည်း ဒီပါးစပ်၊ မုန်းအောင်ပြောလည်း ဒီပါးစပ်"... တဲ့။
ဟုတ်တယ်...
ကျနော်တို့တွေ လူ့ပတ်ဝန်းကျင်မှာ ကျင်လည်ကြတဲ့ အခါ စကားကို မဆင်မခြင် ပြောကြရင်းနဲ့ အခင်မင်ပျက်ရတာတွေ၊ ဂျောက်ကျရတာတွေ၊ ပြသနာဖြစ်ရတာတွေ ရှိခဲ့ကြတယ်။
'ပိယဝါစာ' ဆိုတဲ့ စကားကို ချိုသာစွာပြောတတ်ခြင်းဟာလည်း လူချစ်လူခင်များစေတဲ့ အချက်ဖြစ်တယ်။
ကျွမ်းကျင်တဲ့ နိုင်ငံရေးသမားတွေ၊ အရောင်းမြင့်တင်ရေးကိုယ်စား လှယ်တွေ၊ အနုပညာသည်တွေဟာ ဒီ ပိယဝါစာကိစ္စကို အလွန်ဂရုစိုက်ပြီး လိုက်နာကြတာ သတိထားမိတယ်။
ပိယဝါစာ ဆိုပေမယ့် အလွန်အကျွံကြီးတော့လည်း 'မပိယ မဝါစာ' ဖို့ အရေးကြီးတာပေါ့။
လွန်သွားရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။
.
.
2.
တခါက...
ဘုန်းကြီးကျောင်းသား ၂ယောက် ရန်ဖြစ်ကြသတဲ့။
တစ်ယောက်က တုံးတိတိ သမား။
နောက်တယောက်က လူရည်လည်တဲ့ 'သာပေါင်းညာစား' သမား။
ရန်ဖြစ်တာ ဆရာတော်သိတော့ ကြိမ်လုံးကိုင်ပြီး ၂ ယောက်လုံးကို ခေါ်စစ်တယ်။
တုံးတိတိသမားကို အရင်မေးတယ်... ...
"ဘယ်လို ဖြစ်တာတုန်း ပြောစမ်း"
"တပည့်တော်ကို သခေါ (သွားခေါ) လို့ ခေါ်လို့၊ တပည့်တော် သောက်နေတဲ့ ရေနဲ့ သူ့ကို ပက်လိုက်တာ သူက တပည့်တော်မျက်ခွက်ကို လက်သီးနဲ့ ထိုးတာပါ ဘုရာ့"
ဆရာတော်က လူလည်ကို မေးတယ်... ...
"ဘယ်လိုလုပ် ရန်ဖြစ်ရတာလဲဆိုတာ မင်းလည်းပြောစမ်း"
..ဆိုတော့ ပိယဝါစာကို ကျွမ်းကျင်လွန်နေတဲ့ သာပေါင်းညာစားလူလည်က လျှောက်ထားတယ်... ...
"တပည့်တော်က သူ့သွားလေးတွေကို ချစ်လို့ သခေါလို့ ချစ်စနိုးနဲ့ ခေါ်တာကို သူက ဒေါသအမျက် ခြောင်းခြောင်းထွက်ပြီး တပည့်တော်ကို 'ရေကြီး' နဲ့ ပက်ပါတယ်ဘုရာ့၊ ဒါနဲ့ တပည့်တော်က မခံမရပ်နိုင်ဖြစ်လွန်းလို့ 'လက်သီးလေး' နဲ့ ပြန်ထိုးလိုက်တာပါ"... တဲ့။
ဒါနဲ့...
ဆရာတော်က အဲဒီ လူရည်လည်ကို ဖင်လှန်ပြီး ရိုက်လွတ်လိုက်တယ်၊ ပါးစပ်ကလည်း မိန့်တယ်.. ...
"ဒီလောက် ကူလီကူမာတွေ ပြောနေပုံထောက်တော့ ဒီကိစ္စမှာ နင်လွန်တာပဲ ဖြစ်ရမယ်"... ဆိုပြီး။
ဒီတော့ ပိယဝါစာဆိုပေမယ့် တရားလွန် တရားမင်း ပိယဝါစာလို့တော့ မဖြစ်သေးဘူး။
.
.
3.
စကားကို ချိုသာအောင်၊ နားဝင်ကောင်းအောင် ပြောတဲ့နေရာမှာတော့ အင်္ဂလိပ်တွေကို ဆရာခေါ်ရမယ် ထင်တယ်။
ပုံပြင်လေးတစ်ပုဒ် ကြားဖူးလို့ပါ... ...
အလုပ်ရှင်တစ်ယောက်က သူ့ရုံးက စာရေးမတစ်ယောက်ကို အလုပ်မကျိုးစားတာရော၊ ပျက်ရက်တွေ များတာရော၊ ဝန်ထမ်းတွေနဲ့ အဆင်မပြေတာရော ဆိုတော့ အလုပ်က ထုတ်ချင်နေတယ်။
ဒါနဲ့ အဲဒီ စာရေးမကို ခေါ်ပြီး...
'ညည်းကို အလုပ်ထုတ်လိုက်ပြီ'
... လို့ ဒဲ့ မပြောချင်တာနဲ့ ဒီလို ပြောသတဲ့... ...
"မေရီရေ... ညည်းမရှိတော့ရင် င့ါရုံးလုပ်ငန်းတွေ ဘယ်လို ခရီးဆက်ရမှန်းတောင် မသိတော့ပါဘူး၊ ဒါပေမယ့် ခုလာမယ့် တနင်္လာနေ့ကစပြီး ငါ ကျိုးစားကြည့်မယ်လေ"... တဲ့။
ဆိုတော့ မေရီလည်း သဘောပေါက်တော့ ပေါ့။
တနင်္လာနေ့က စပြီး နားလိုက်တော့ပေါ့။
.
.
4.
၁၉၈၀ ကျော် ပတ်ဝန်းကျင်ကာလလောက်တွေမှာ မန္တလေးမီးရထားစာကြည့်သင်းရဲ့  စာပေဟောပြောပွဲတွေဟာ နာမည်ကြီးတယ်။
မန္တလေးဘူတာကြီးရှေ့ စင်ကြီးထိုးပြီး စာရေးဆရာ ၃-၄ယောက် အကြိုက်ဟောတာ။
ကျနော်တို့လို စာရူးပေရူးတွေ သဘောခွေ့ မနောခွေ့ပေါ့။
တစ်နှစ်မှာတော့ ဆရာကြီးအီကြာကွေး ပါလာတယ်။
ဆရာဟောတဲ့အထဲမှာ အဲဒီ စကားအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ဟာသနှောလို့ ဆိုဆုံးမသွားတာလေးတွေ ရှိတယ်... ...
လူတွေဟာ ကာလဒေသကို ကြည့်ပြီးစကားတွေ သုံးရမှာကို စိတ်ကူးပေါက်သလို သုံးနှုန်းနေကြတယ် တဲ့။
သူက ဥပမာပေးပြီး ပြောတယ်... ...
ပလေးဘွိုင် သန်းနိုင်ရဲ့ သီချင်းထင်ပါရဲ့ 'ပုထုဇနော ဥမ္မတ္တကော' ဆိုတဲ့ သီချင်းလေ။
အဲဒီထဲက စာသားနဲ့ ပတ်သက်ပြီး ဆရာက သူဘဝင်မကျတာကို ပြောသွားတယ်။
ဆရာ ပြောတာက ဒီလို.... ...
"စကားလုံး အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျနော် ဘဝင်မကျတဲ့ သီချင်းတစ်ပုဒ်ရှိတယ်... စာသားက.... ♫ ဟေး... ဟေ့... ..ဗုဒ္ဓဘုရား ဟောလေသည်မှာ ♪ တဲ့... ခင်ဗျားတို့ပဲ စဉ်းစားကြည့်၊ ဟေးဟေ့ ဗုဒ္ဓဘုရား... လို့ ဆိုတော့ သူကပဲ ဘုရားကို လက်ရပ် လှမ်းခေါ်နေသလိုလို" (ရီသံများ)
"နောက်သီချင်းတစ်ပုဒ် ရှိသေးတယ်... ♫ ဘုရားမြတ်ထံပါးဝယ် လျှောက်လည်ကြတယ် ♪... တဲ့၊ ဘုရားဆိုတာ ဖူးဖို့သွားရတာ၊ လျှောက်လည်ဖို့ မဟုတ်ဘူးဗျ၊ ဘုရားဆီ သွားလည်ရအောင် သူ့သူငယ်ချင်း အိမ်များမှတ်နေလား မသိဘူး"... ဆိုတော့ ကျနော်တို့တွေ ရီခဲ့ရတယ်။
ဆရာအီကြာကွေးက ဟာသစာရေးဆရာဆိုတော့ လူငယ်တွေ ပြုပြင်ရာပြုပြင်ကြောင်းကို ဟာသနှောပြီး ပြောသွားတာလို့ မှတ်ယူပါတယ်။
.
.
5.
အဲဒီလို... အဲဒီလိုတွေကို... သိရဲ့နဲ့ 'မင်းကိုယ်တိုင်ရော လိုက်နာသလား' လို့ မေးရင် 'မလိုက်နာနိုင်သေးဘူး',,, လို့ ဖြေရတော့မှာ... ...
စိတ်အလိုကိုလိုက်ပြီး စိတ်ထဲရှိတဲ့အတိုင်း ရှေ့နောက် မကြည့်ဘဲ ပြောဖြစ်လိုက်တာ များတယ်။
အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ဖို့၊ လူချစ်လူခင်များတဲ့သူတစ်ယော က် ဖြစ်ဖို့၊ ပရိတ်သတ်အလည် ပွဲလည်တင့်စေဖို့ ဆိုရင်တော့... ...
ကျနော့် ဆောက်ကျင့် (အဲလေ ဖောက်လာပြီ... ကန်တော့ ကန်တော့) ကျနော့် အကျင့်တွေကို မနည်းပြင်ရအုံးမယ်... ...။
ဒါပါပဲဗျာ...
အောင်လ.. ပါ။
Credit to သန်၎ကို
===============
.
1.
ကျနော်တို့ မောင်နှမတွေက တဂျီဂျီနဲ့ ရန်ဖြစ်လေ့ရှိတော့ အမေက အမြဲပြောလေ့၊ ဆုံးမလေ့ ရှိတယ်... ...
"နင်တို့က ရန်ချည်းဖြစ်နေမှာပေါ့... စကားပြောတာ တစ်ယောက်နဲ့ တစ်ယောက် ဆင်မှ မဆင်ခြင်တာ၊ မှတ်ထား ရှေးလူကြီးတွေ ပြောခဲ့တာ ရှိတယ်၊ ချစ်အောင်ပြောလည်း ဒီပါးစပ်၊ မုန်းအောင်ပြောလည်း ဒီပါးစပ်"... တဲ့။
ဟုတ်တယ်...
ကျနော်တို့တွေ လူ့ပတ်ဝန်းကျင်မှာ ကျင်လည်ကြတဲ့ အခါ စကားကို မဆင်မခြင် ပြောကြရင်းနဲ့ အခင်မင်ပျက်ရတာတွေ၊ ဂျောက်ကျရတာတွေ၊ ပြသနာဖြစ်ရတာတွေ ရှိခဲ့ကြတယ်။
'ပိယဝါစာ' ဆိုတဲ့ စကားကို ချိုသာစွာပြောတတ်ခြင်းဟာလည်
ကျွမ်းကျင်တဲ့ နိုင်ငံရေးသမားတွေ၊ အရောင်းမြင့်တင်ရေးကိုယ်စား
ပိယဝါစာ ဆိုပေမယ့် အလွန်အကျွံကြီးတော့လည်း 'မပိယ မဝါစာ' ဖို့ အရေးကြီးတာပေါ့။
လွန်သွားရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။
.
.
2.
တခါက...
ဘုန်းကြီးကျောင်းသား ၂ယောက် ရန်ဖြစ်ကြသတဲ့။
တစ်ယောက်က တုံးတိတိ သမား။
နောက်တယောက်က လူရည်လည်တဲ့ 'သာပေါင်းညာစား' သမား။
ရန်ဖြစ်တာ ဆရာတော်သိတော့ ကြိမ်လုံးကိုင်ပြီး ၂ ယောက်လုံးကို ခေါ်စစ်တယ်။
တုံးတိတိသမားကို အရင်မေးတယ်... ...
"ဘယ်လို ဖြစ်တာတုန်း ပြောစမ်း"
"တပည့်တော်ကို သခေါ (သွားခေါ) လို့ ခေါ်လို့၊ တပည့်တော် သောက်နေတဲ့ ရေနဲ့ သူ့ကို ပက်လိုက်တာ သူက တပည့်တော်မျက်ခွက်ကို လက်သီးနဲ့ ထိုးတာပါ ဘုရာ့"
ဆရာတော်က လူလည်ကို မေးတယ်... ...
"ဘယ်လိုလုပ် ရန်ဖြစ်ရတာလဲဆိုတာ မင်းလည်းပြောစမ်း"
..ဆိုတော့ ပိယဝါစာကို ကျွမ်းကျင်လွန်နေတဲ့ သာပေါင်းညာစားလူလည်က လျှောက်ထားတယ်... ...
"တပည့်တော်က သူ့သွားလေးတွေကို ချစ်လို့ သခေါလို့ ချစ်စနိုးနဲ့ ခေါ်တာကို သူက ဒေါသအမျက် ခြောင်းခြောင်းထွက်ပြီး တပည့်တော်ကို 'ရေကြီး' နဲ့ ပက်ပါတယ်ဘုရာ့၊ ဒါနဲ့ တပည့်တော်က မခံမရပ်နိုင်ဖြစ်လွန်းလို့ 'လက်သီးလေး' နဲ့ ပြန်ထိုးလိုက်တာပါ"... တဲ့။
ဒါနဲ့...
ဆရာတော်က အဲဒီ လူရည်လည်ကို ဖင်လှန်ပြီး ရိုက်လွတ်လိုက်တယ်၊ ပါးစပ်ကလည်း မိန့်တယ်.. ...
"ဒီလောက် ကူလီကူမာတွေ ပြောနေပုံထောက်တော့ ဒီကိစ္စမှာ နင်လွန်တာပဲ ဖြစ်ရမယ်"... ဆိုပြီး။
ဒီတော့ ပိယဝါစာဆိုပေမယ့် တရားလွန် တရားမင်း ပိယဝါစာလို့တော့ မဖြစ်သေးဘူး။
.
.
3.
စကားကို ချိုသာအောင်၊ နားဝင်ကောင်းအောင် ပြောတဲ့နေရာမှာတော့ အင်္ဂလိပ်တွေကို ဆရာခေါ်ရမယ် ထင်တယ်။
ပုံပြင်လေးတစ်ပုဒ် ကြားဖူးလို့ပါ... ...
အလုပ်ရှင်တစ်ယောက်က သူ့ရုံးက စာရေးမတစ်ယောက်ကို အလုပ်မကျိုးစားတာရော၊ ပျက်ရက်တွေ များတာရော၊ ဝန်ထမ်းတွေနဲ့ အဆင်မပြေတာရော ဆိုတော့ အလုပ်က ထုတ်ချင်နေတယ်။
ဒါနဲ့ အဲဒီ စာရေးမကို ခေါ်ပြီး...
'ညည်းကို အလုပ်ထုတ်လိုက်ပြီ'
... လို့ ဒဲ့ မပြောချင်တာနဲ့ ဒီလို ပြောသတဲ့... ...
"မေရီရေ... ညည်းမရှိတော့ရင် င့ါရုံးလုပ်ငန်းတွေ ဘယ်လို ခရီးဆက်ရမှန်းတောင် မသိတော့ပါဘူး၊ ဒါပေမယ့် ခုလာမယ့် တနင်္လာနေ့ကစပြီး ငါ ကျိုးစားကြည့်မယ်လေ"... တဲ့။
ဆိုတော့ မေရီလည်း သဘောပေါက်တော့ ပေါ့။
တနင်္လာနေ့က စပြီး နားလိုက်တော့ပေါ့။
.
.
4.
၁၉၈၀ ကျော် ပတ်ဝန်းကျင်ကာလလောက်တွေမှာ မန္တလေးမီးရထားစာကြည့်သင်းရဲ
မန္တလေးဘူတာကြီးရှေ့ စင်ကြီးထိုးပြီး စာရေးဆရာ ၃-၄ယောက် အကြိုက်ဟောတာ။
ကျနော်တို့လို စာရူးပေရူးတွေ သဘောခွေ့ မနောခွေ့ပေါ့။
တစ်နှစ်မှာတော့ ဆရာကြီးအီကြာကွေး ပါလာတယ်။
ဆရာဟောတဲ့အထဲမှာ အဲဒီ စကားအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ဟာသနှောလို့ ဆိုဆုံးမသွားတာလေးတွေ ရှိတယ်... ...
လူတွေဟာ ကာလဒေသကို ကြည့်ပြီးစကားတွေ သုံးရမှာကို စိတ်ကူးပေါက်သလို သုံးနှုန်းနေကြတယ် တဲ့။
သူက ဥပမာပေးပြီး ပြောတယ်... ...
ပလေးဘွိုင် သန်းနိုင်ရဲ့ သီချင်းထင်ပါရဲ့ 'ပုထုဇနော ဥမ္မတ္တကော' ဆိုတဲ့ သီချင်းလေ။
အဲဒီထဲက စာသားနဲ့ ပတ်သက်ပြီး ဆရာက သူဘဝင်မကျတာကို ပြောသွားတယ်။
ဆရာ ပြောတာက ဒီလို.... ...
"စကားလုံး အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျနော် ဘဝင်မကျတဲ့ သီချင်းတစ်ပုဒ်ရှိတယ်... စာသားက.... ♫ ဟေး... ဟေ့... ..ဗုဒ္ဓဘုရား ဟောလေသည်မှာ ♪ တဲ့... ခင်ဗျားတို့ပဲ စဉ်းစားကြည့်၊ ဟေးဟေ့ ဗုဒ္ဓဘုရား... လို့ ဆိုတော့ သူကပဲ ဘုရားကို လက်ရပ် လှမ်းခေါ်နေသလိုလို" (ရီသံများ)
"နောက်သီချင်းတစ်ပုဒ် ရှိသေးတယ်... ♫ ဘုရားမြတ်ထံပါးဝယ် လျှောက်လည်ကြတယ် ♪... တဲ့၊ ဘုရားဆိုတာ ဖူးဖို့သွားရတာ၊ လျှောက်လည်ဖို့ မဟုတ်ဘူးဗျ၊ ဘုရားဆီ သွားလည်ရအောင် သူ့သူငယ်ချင်း အိမ်များမှတ်နေလား မသိဘူး"... ဆိုတော့ ကျနော်တို့တွေ ရီခဲ့ရတယ်။
ဆရာအီကြာကွေးက ဟာသစာရေးဆရာဆိုတော့ လူငယ်တွေ ပြုပြင်ရာပြုပြင်ကြောင်းကို
.
.
5.
အဲဒီလို... အဲဒီလိုတွေကို... သိရဲ့နဲ့ 'မင်းကိုယ်တိုင်ရော လိုက်နာသလား' လို့ မေးရင် 'မလိုက်နာနိုင်သေးဘူး',,, လို့ ဖြေရတော့မှာ... ...
စိတ်အလိုကိုလိုက်ပြီး စိတ်ထဲရှိတဲ့အတိုင်း ရှေ့နောက် မကြည့်ဘဲ ပြောဖြစ်လိုက်တာ များတယ်။
အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ဖို့၊ လူချစ်လူခင်များတဲ့သူတစ်ယော
ကျနော့် ဆောက်ကျင့် (အဲလေ ဖောက်လာပြီ... ကန်တော့ ကန်တော့) ကျနော့် အကျင့်တွေကို မနည်းပြင်ရအုံးမယ်... ...။
ဒါပါပဲဗျာ...
အောင်လ.. ပါ။
Credit to သန်၎ကို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။