Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 11, 2014

တို့တိုင်းပြည်ကို ချစ်တယ်ဆိုရင်


“အကြီးအကျယ် ညစ်တာပဲပေါ့။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ၂၀၁၁ မှာ စတယ်။ ဒါပေမဲ့ ညစ်ပုံ သနစ်စုံကိုပြောရင် စာတစ်အုပ် ဖြစ်လာပါမယ်။ တကယ်တော့ အခြေခံဥပဒေကို မပြင်နိုင်အောင် နည်းမျိုးစုံနဲ့ ညစ်ထားတာပဲ၊ ခုလည်း PR တဲ့”

တို့တိုင်းပြည်ကို ချစ်တယ်ဆိုရင်
------------------------------
ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို
------------------------------

“တို့တိုင်းပြည်ကို တို့ချစ်ကြပါတယ်” ကိုဘသစ်က အဆုံးအစ မရှိသော စကားစဆို လိုက်သည်။ ကျွန်တော်တို့က လက်ဖက်ရည်ဆိုင်ရောက် လျှင် လက်ဖက်ရည်ချိုပေါ့၊ ကျဆိမ့် စသဖြင့် မှာတတ် သည်။ ကိုဘသစ်ကတော့ ထုံးစံအ တိုင်း နိုင်ငံရေးစကားစပြောသည်။
ခုလည်း ကြည့် ပါလား။ “တို့တိုင်းပြည်ကို တို့ချစ်ကြပါတယ်” ဟု ပြောနေပြန်သည်။
ဒါလောက်နဲ့တော့ အရေးမကြီးသေးပါဘူး။ သူက “မချစ်တတ်ရင် ဘေးဖယ်နေကြ” တဲ့။
ခက်ပါသည်။ နည်းနည်းလည်းလွန်သည်။

“ကိုဘသစ် ဒီနေ့ ဘာတွေဖြစ်လာလဲ”လို့ မေးတော့ သူက “ကျွန်တော် ၀မ်းနည်းလွန်း လို့ပါဗျာ” ဟု ပြောသည်။

“အင်း ကိုဘသစ်က နှစ်စဉ် ဒီအချိန်ရောက်ရင် ဖောက်လာတာခင်ဗျားတို့ သတိမထားမိဘူးလား” ဟု ကျွန်တော်ဝင်ပြောမိသည်။ အများက “ဟင့်အင်း” ဟု ဆိုကြသည်။

ထို့ကြောင့် ကိုဘသစ်ကိုပဲ ပွဲတောင်းလိုက်ရသည်။

“တကယ်တော့ ဇူလိုင် ၁၉ က စပြီး သူ ဖောက်တယ်။ ကဲ သူ့ကိုပဲ မေးပေတော့”

“အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးလို့လား ကိုဘသစ်”

“ဒီထက် ပိုပါတယ်၊ ဗိုလ်ချုပ်ကျဆုံးသွားတာ ၀မ်းနည်းစရာကောင်းတယ်။ ဗိုလ်ချုပ် ဟာ တစ်နှစ်အတွင်း လွတ်လပ်ရေးကို ရ အောင်ယူပေးမယ်ဆိုပြီး သူကွယ်လွန်သွားခဲ့ တယ်။ ဒါပေမဲ့ သူ့ကတိအတိုင်း လွတ်လပ်ရေးတော့ ရခဲ့ပါတယ်”

“ဒါဆိုလည်း အနည်းဆုံးတော့ ကျွန်တော်တို့ ၀မ်းသာကြရတာပဲမဟုတ်လား”

“အမှန်တော့ လွတ်လပ်ရေးရတာက အ ရေးကြီးသလို တိုင်းပြည်တည်ထောင်တာလည်း အရေးကြီးတာပဲ၊ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ရှိရင် ကျွန်တော်တို့တိုင်းပြည် ခု လိုဆင်းရဲနေမှာ မဟုတ်ဘူး”

“တကယ့်အတွေ့အကြုံရှိသူက ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားရရှာတာကိုး ကိုဘသစ်ရယ်”

“ဟုတ်တယ်ဗျ။ တိုင်းပြည်ကံဆိုးတာပါ။ စင်ကာပူဆိုရင် လီကွမ်ယူးက လွတ်လပ်ရေး ရချိန်ကနေ ခုချန်ထိ နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်နေသေးတယ်”

“ဒါက အင်မတန်အရေးပါတယ်”

“ဟုတ်ပါ့။ တောင်အာဖရိက ခေါင်းဆောင် ကြီး နယ်ဆင်မင်ဒဲလားဆိုရင်လည်း လွန်ခဲ့တဲ့နှစ်ကမှ ကွယ်လွန်သွားတယ်။ ထောင် ၂၇ နှစ်ကျပေမဲ့ နောက်ပိုင်းနှစ်တွေမှာ တိုင်းပြည်အတွက် သူ အတော်လုပ်ပေးနိုင်ခဲ့တယ်”

“သူဘာလို့ ထောင်ကျတာလဲ”

“အာဖရိကမှာ လူမျိုးခွဲခြားရေး Apartheid ဆိုတာရှိတယ်။ တကယ်တော့ တောင် အာဖရိကဟာ ချမ်းသာတယ်၊ စိန်တွေထွက်တယ်။ ရွှေလည်းထွက်တယ်။ ယူရေနီယမ် ထွက်တယ်။ ကျောက်မီးသွေးထွက်တယ်။ စိုက်ပျိုးလုပ်ကိုင် စားသောက်လို့ကောင်းတယ်။ အဲဒီမှာ ဥရောပက လူဖြူတွေလာပြီးအခြေ ချနေထိုင်ကြတယ်။ အာဖရိကလူမျိုး ဘာသာစကား ၁၁ မျိုးကို ပြောတယ်။ အဲဒီစကား တွေဟာ တရားဝင်ဘာသာစကားတွေဖြစ်နေတယ်။ လူတွေဟာ သွေးစည်းညီညွတ်ခြင်းမရှိဘူး။ ဒါကို လူဖြူတွေက အခွင့်အရေးယူ တယ်။ ဆန့်ကျင်တဲ့မင်ဒဲလားကို ထောင်အ ကြိမ်ကြိမ်ချတယ်။ နောက်ဆုံးအကြိမ်ကတော့ အကြာဆုံးပေါ့”

“ဒီမတိုင်ခင်က သူဘာအလုပ်တွေလုပ် လဲ”

“သူက ရှေ့နေ၊ သူတို့ဟာ မျိုးကြီးရိုးကြီးပါ။ အင်္ဂလန် လန်ဒန်တက္ကသိုလ်က ဘွဲ့ရ တယ်။ တက္ကသိုလ်လေးခုလောက်လည်းတက်ဖူးတယ်။ နောက်ဆုံးသူဟာ လူဖြူခေါင်း ဆောင် ဒီကလပ် (F.W. de Klerk) နဲ့ အပေးအယူလုပ်ပြီး နိုင်ငံတွင်း Apartheid ဆိုတဲ့ လူမျိုးခွဲခြားရေးတွေ ပိုပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ၁၉၉၄ ခုနှစ်မှာ ရွေး ကောက်ပွဲဝင်ပြီး သမ္မတဖြစ်လာတယ်”

“ de Klerk ဆိုတာ ဘယ်လိုလူမျိုးလဲ”

“သူက တောင်အာဖရိကမှာမွေးတဲ့ လူ ဖြူ။ ( ၁၉၈၉ ကနေ ၁၉၉၄ ခုနှစ်ထိ) တောင် အာဖရိက သမ္မတအဖြစ် တာဝန်ထမ်းဆောင် ခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ နိုင်ငံရေးအကျဉ်းသားတွေ ကို ထောင်မှလွှတ်ပေးတယ်”

“ကျွန်တော်တို့ဆီကနဲ့ အတော်လေးဆင် တယ်”

“ဆင်တာပေါ့။ ဒါပေမဲ့ ထူးခြားတာက သူက အခြေခံဥပဒေကို ပြန်ပြင်ရေးဆွဲတယ်။ လူဖြူတွေဟာ လူမည်းတွေထက် အခွင့်အ ရေးပိုရတဲ့ အချက်တွေအားလုံးကို ပယ်ဖျက် ခဲ့တယ်။ အဓိကကတော့ သူတို့နိုင်ငံမှာ လူ မည်းတွေလည်း တန်းတူရည်တူ အခွင့်အရေး ရစေဖို့ပါပဲ။ ဒီလိုမဲခွဲဆုံးဖြတ်တဲ့အခါ မဲထည့် သူ သုံးပုံနှစ်ပုံရဲ့ထောက်ခံမှုကိုရသတဲ့”

“ဒါဆိုရင် သမ္မတကြီးဦးသိန်းစိန်က ဒါ တွေကို စဉ်းစားဖို့လိုတယ်”

“စဉ်းစားမှာပါ။ သူလည်း ခေါင်းအတော် ပြောင်နေပြီပဲ။ de Klerk ဟာ နယ်ဆင်မင်ဒဲလားနဲ့အတူ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး (National Reconciliation) ကို ဆောင်ရွက်ခဲ့တယ်။ သူ့ကို နယ်ဆင်မင်ဒဲလားနဲ့အတူ ၁၉၉၃ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုပေးတယ်။ အဲဒီအချိန်မှာ မင်ဒဲလားက de Klerk ရဲ့လက်ထောက်ပေါ့။ ဒုသမ္မတ လို့ဆိုလို့ရတဲ့တာဝန်ကို ထမ်းဆောင်တာပါပဲ။ ၁၉၉၄ ခုနှစ်ရွေးကောက်ပွဲမှာတော့ သူမဲနိုင် ပြီး ပထမဦးဆုံး လူမည်းသမ္မတဖြစ်လာတယ်”

“လူမည်းတိုင်းပြည် လူမည်းသမ္မတဖြစ်ဖို့ အတော်ကြိုးစားရရှာတာပဲ”

“မှန်တယ်။ တို့နိုင်ငံဟာ ခုထက်ထိ မြင့် မြတ်တဲ့အတွေးတွေ တွေးတတ်ဖို့ လိုတယ်။ မြန်မာပြည် လွတ်လပ်ရေးရကခါစက ကျပ်ငွေ ကုဋေ ၂၀ အကြေးတွေတင်နေတယ်။ ဒီပမာဏဟာ အဲဒီခေတ်က အတော်များတဲ့ငွေပါပဲ။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက် မကြာမီ အာရှတိုက်မှာ ဂျပန်ပြီးရင် အချမ်းသာဆုံး နိုင်ငံဖြစ်လာတယ်။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံပေါ့”

“ဟာ တကယ်ဟုတ်လို့လား ဆရာ ကိုဘသစ်ရယ်”

“တကယ်ပါကွာ၊ ခုတို့ဆီက ချမ်းသာတဲ့ လူတွေ ထိုင်းတို့၊ စင်ကာပူတို့မှာ ဆေးသွား ကုသလို စင်ကာပူတို့၊ ထိုင်းက လူတွေလည်း ရန်ကုန်ဆေးရုံကြီးမှာ ဆေးလာကုကြတယ်။ ရန်ကုန်တက္ကသိုလ်မှာလည်း နိုင်ငံခြားသား တွေ ကျောင်းလာတက်ကြတယ်”

“ဟုတ်ရဲ့လား ဆရာကိုဘသစ်ရယ်”

“ဒီထက်တောင်ပိုသေး။ စင်ကာပူက လီ ကွမ်ယူးတို့လို ခေါင်းဆောင်တွေကတောင် တို့ စင်ကာပူကို ရန်ကုန်လိုဖြစ်အောင် အ တော်ကြိုးစားယူရဦးမယ်လို့ ပြောသွားသေး တာပဲ”
“မယုံနိုင်စရာပဲ။ မကြာသေးမီကပဲ ရန် ကုန်မြို့တော်ဝန်ကပြောသွားတယ်။ ကျွန်တော် တို့ စင်ကာပူကို အမီလိုက်မယ်တဲ့”

“လိုက်လို့ရပါတယ်။ ခုလောလောဆယ် တော့ ရန်ကုန်ဟာ အင်မတန်ညစ်ပတ်တဲ့ မြို့ ကြီး ဖြစ်လို့နေတယ်”

“ဒါနဲ့ ဆရာကိုဘသစ်၊ ကျွန်တော်တို့က LDC ဖြစ်သွားသေးတယ်ဆို”

“ဟုတ်တယ်။ သာမာန်ပြောရရင်တော့ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားတယ်လေ။ ခုထက်ထိ အဆင်းရဲဆုံးနိုင်ငံဘ၀မှာပဲရှိသေးတယ်”

“တောင်အာဖရိကကော ချမ်းသာသွားပြီလား”

“ချမ်းသာသွားပါပြီ။ ကမ္ဘာက လေးစား တဲ့နိုင်ငံဖြစ်သွားပါပြီ။ ခုဆိုရင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတို့ ပါဝင်တဲ့ BRICS ဆိုတဲ့ ဘဏ်ကိုတည် ထောင်နိုင်ခဲ့တယ်။ BRICS ဟာ IMF ဘဏ်နဲ့ အပြိုင်အဆိုင်ဖြစ်လာပါတယ်”

“မင်ဒဲလား သမ္မတဘယ်နစ်ကြိမ်လုပ်လဲ”

“မင်ဒဲလားဟာ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ သမ္မတ ၅ နှစ် သက်တမ်းတစ်ခု ပဲ လုပ်ခဲ့တယ်”

“ဒါဆိုရင် သူကွယ်လွန်တဲ့အချိန်ထိ ကျန်တဲ့အချိန်တွေ ဘာလုပ်လဲ”

“အလှူ့ရှင်၊ အလှူပေးသူ (Philanthropist) အဖြစ်လုပ်နေတယ်။ သူက အာဖ ရိကမှာ ပြန့်ပွားနေတဲ့ HIV /AIDS ရောဂါကာကွယ်ကုသရေးအတွက် အစွမ်းကုန်ကြိုးပမ်းခဲ့တယ်။ ဒီအတွက် သူဟာ ရန်ပုံငွေတွေ ကိုလည်း ရှာဖွေပေးတယ်။ သူဟာ ဂုဏ်ထူး ဆောင်ဆုတံဆိပ် ၂၅၀ ကျော်ရတယ်”

“အတော်များတယ်ပါလား”

“ဟုတ်တယ် နိုဘယ်လ်ဆုအပြင် အမေရိကန်သမ္မတက ချီးမြှင့်တဲ့ဆုတွေ၊ ရုရှားသမ္မတကချီးမြှင့်တဲ့ဆုတွေကိုလည်းရတယ်။

“တကယ်တော်တဲ့ ပုဂ္ဂိုလ်ပါပဲ”

“ဟုတ်တယ်။ နိုင်ငံတစ်နိုင်ငံကို တည် ဆောက်ရတာ အတော်ခက်တယ်။ လူတွေ ဟာ လောဘ ရဲ့ သားကောင်တွေပေါ့။ ဒီလောဘကြောင့်ပဲ နစ်နာတာကို မတွေ့မိကြဘူး။ တောင်အာဖရိက ဆိုရင်လည်း သဘာဝသယံ ဇာတတွေ အများကြီးထွက်တယ်။ ဒါတွေလို ချင်လောဘတွေနဲ့ နှစ်ပေါင်းများစွာ ဒုက္ခ ရောက်ရတယ်”

“လူဖြူတွေက လောဘဇောတိုက်လို့ မ ဟုတ်လား”

“ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့နောက် ဆုံး အခြေခံဥပဒေကိုပြင်လိုက်တာပဲလေ၊ တကယ်တော့ တောင်အာဖရိကဟာလည်း သ ယံဇာတတွေ ပေါကြယ်ဝတဲ့အပြင် စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် တို့နိုင်ငံနဲ့တူတယ်။”

“ကျွန်တော်တို့နိုင်ငံလည်း ဒီလိုပဲပေါ့လေ။ အခြေခံဥပဒေကို တကယ် လိုလိုလားလား ပြင် ချင်ရင် ပြင်လို့ရတာပဲမဟုတ်လား”

““ရပါတယ်။ သူတို့ပြင်တုန်းက ( We, the people of South Africa, Recognize the injustices of our past ) တဲ့၊ အဓိပ္ပာယ်က “ကျွန်တော်တို့ တောင်အာဖရိကနိုင်ငံသားတို့ သည် အရင်က အခြေခံဥပဒေကို မတရားဘူး ဟု မြင်ပါ၏” ကနေအစချီထားတယ်””

“လေးစားထိုက်ပါတယ်။ အမှန်တရားနဲ့ အမှန်စကားပြောတာကိုး။ ဒါကြောင့်လည်း မင်ဒဲလားကို တစ်ကမ္ဘာလုံးက လေးစားတာကိုး”

“ကျွန်တော်တို့ ခေါင်းဆောင်များလည်း လေးစားထိုက်သူများဖြစ်ကြဖို့ ဘာတွေလုပ် ကြမလဲ”

“မညစ်ကြနဲ့ပေါ့ဗျာ”

“ဘယ်လို ညစ်တာလဲ ကိုဘသစ်”

“၁၉၅၈ ခုနှစ်က စတာပေါ့။ လွတ်လပ် ရေးရပြီး ၁၀ နှစ်ရှိသေးတယ်။ တိုင်းပြည်အ ခြေအနေ မကောင်းလို့ဆိုပြီး အာဏာသိမ်းဖို့ ကြိုးစားတယ်။ ဦးနုတို့က အစဉ်အလာ မ ကောင်းပါဘူးဆိုပြီး အာဏာအပ်တယ်။ အိမ် စောင့်အစိုးရပေါ့။ ရွေးကောက်ပွဲလုပ်ပေးမယ် ပြောပြီး လုပ်ပေးတယ်။ လုပ်ပေးပြီး သူပဲ အာဏာသိမ်းတယ်”

“၁၉၆၂ ခုနှစ်ကပေါ့၊ ဟုတ်လား”

“၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး ၁၉၇၄ ခုနှစ်မှာ အခြေခံဥပဒေအသစ်ရေးတယ်။ ပြီး တော့ သူပဲဝင်ရွေး သူပဲ အနိုင်ရတယ်။

“တစ်ပါတီစနစ်ကိုး”

“၈၈ ရောက်တော့ အခြေအနေမကောင်း တော့ဘူး။ တစ်ပါတီစနစ်ကို လိုချင်လား၊ ပါတီစုံ စနစ်ကိုလိုချင်လားလို့ သွေးရူးသွေးတန်း ပြောသွားတယ်။ ရှစ်လေးလုံး ဆန္ဒပြတာတွေ ထဲမှာတောင် ဒေါက်တာမောင်မောင်ကိုသမ္မတ တင်သေးတယ်။ မရပါဘူး။ ဗိုလ်ချုပ်စိန်လွင် ကို သမ္မတတင်တယ်။ မရဘူး။ ဒါကြောင့် အာဏာပြန်သိမ်းတယ်”

“၈၈ အရေးအခင်းမှာ လူတွေအတော် ဒုက္ခရောက်တယ်မဟုတ်လား”

“တစ်ပြည်လုံးက ဆန္ဒတွေပေါ့။ ဒါနဲ့ပြော ပြန်တယ်။ ရွေးကောက်ပွဲလုပ်ပေးမယ်တဲ့”

“လုပ်ပေးတယ်။ ဒါပေမဲ့ အာဏာမအပ် ဘူး”

“ညစ်တာပေါ့”

“အကြီးအကျယ် ညစ်တာပဲပေါ့။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ၂၀၁၁ မှာစတယ်။ ဒါပေမဲ့ ညစ်ပုံသနစ်စုံကိုပြောရင် စာတစ်အုပ် ဖြစ်လာပါမယ်။ တကယ်တော့ အခြေခံဥပဒေကို မပြင်နိုင်အောင် နည်းမျိုးစုံနဲ့ညစ်ထားတာပဲ၊ ခုလည်း PR တဲ့”

“ဒါကြောင့် ကိုဘသစ် ၀မ်းနည်းနေတာ ပေါ့ ဟုတ်လား”

“ဟုတ်တယ်။ ခေါင်းဆောင်များကို တိုင်းပြည်ကို ညစ်ထေးအောင် မလုပ်ကြဖို့ မေတ္တာ ရပ်ခံ လိုပါတယ်။ တန်ဖိုးထားဖို့ပါ။ တို့တိုင်းပြည်ကို ချစ်တယ်ဆိုရင် မိမိတို့အနေနဲ့ ကမ္ဘာ့ အဆင့်မီ လေးစားထိုက်သူများဖြစ်အောင်ကြိုးစားကြပါလို့သာ ပြောချင်ပါတယ်”

The Ladies News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။