Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 12, 2014

ရှင်းလင်း တင်ပြခြင်းပုံပြင်


ရှင်းလင်း တင်ပြခြင်းပုံပြင်

ထိုတိုင်းပြည် သည် သယံ ဇာတ လည်း ပေါ၏။ လူ ကောင်း လူတော် များလည်းပေါ ၏။ဆန်ရေ စပါး လည်းပေါ၏။ ရေအရင်း အမြစ်လည်း လွန်စွာ ပေါ၏။

ထို့အပြင် ဝန်ကြီး များလည်း ပေါ၏။ အမတ်ကပို၍ပင် ပေါသေး၏။ တိုင်းပြည်အား စီမံခန့်ခွဲသူများ လင့် ကစား တိုး တက်မှု အလျင်း မရှိ။ များပြားလှ သော ဝန်ကြီးနှင့် အမတ်များ မည်သို့ တာဝန် ရှိသည် မသိဘဲ ယောင် လည်လည်နှင့်ပင် လုံး လည် ချာလည်လိုက်နေရ၏။

တာဝန်တစ်ခု လွှဲပေးလိုက်သော် ဟိုလူလိုလို၊ ဒီလူလိုလို ဟိုလူ့ ထံတွင် တာဝန် ရှိသလို၊ ဒီလူ့ တာဝန် ရှိသလို နှင့် အားလုံးမှာ တာဝန် မရှိဘဲ တာဝန် ရှိ ချင်ယောင် ဆောင်နေ ကြ ၏။ အဘယ်မျှ ဆိုသော် ရေမြေ့သနင်း ပြည့်ရှင်မင်းပင် ဘယ်သူက တာဝန်ရှိ သလဲ ဆိုသည်ကို ယောင်လည်လည် ဖြစ်ရင်း သူကိုယ်တိုင်ပင် ဘာ တာဝန် ယူထားရမှန်း ဇဝေဇဝါ ဖြစ်နေပေ သည်။

တစ်နေ့၌ ဘုရင်ကြီးက စိတ်ကူး ပေါက်၍ ဝန်ကြီးများ အပေါင်းကို ခေါ်တော်မူသည်။

“ကိုင်း၊ ဆိုကြစမ်းပါဦး ဝန်ကြီး အပေါင်းတို့။ ကျုပ်တို့ တိုင်းပြည်ကြီး မှာ ဝန်ကြီး အများကြီး၊ အမတ် လည်း အများကြီးနဲ့ ဝိုင်းပြီး အုပ်ချုပ် နေတာတောင် လူတွေက မတိုး တက် ဘူးလို့ ဆိုကြတယ်။ အဲဒီတော့ ဌာန တစ်ခုက ဝန်ကြီးများ ကိုယ်တိုင် တိုး တက်ခြင်း၊ မတိုးတက်ခြင်း များကို တင်လျှောက်ကြစမ်း”

ဝန်ကြီးတစ်ပါးထလာ၏။

“ဘုန်းတော် ကြီးမြတ်လှပါသော ရေမြေ့သနင်း ပြည့်ရှင်မင်းနှင့် တကွ ပိုင်ရာ ဆိုင်ရာအုပ်ချုပ်နေသော ဂုဏ်သရေရှိ ဝန်ကြီးများ အပေါင်းနှင့် ဧည့် ပရိသတ်များ ခင်ဗျား၊ နိုင်ငံ တစ်နိုင်ငံ ရဲ့ တိုးတက်မှု စံနှုန်းဆိုတာ လူနေမှု နဲ့ နှိုင်းယှဉ် မှာလား၊ ပြယုဂ်များ နဲ့ နှိုင်း ယှဉ်ကြမလား။ ဒါမှ မဟုတ်ရင် ပြည်ပ အမြင်နဲ့ ကြည့်မလား၊ ပြည် တွင်း အနေနဲ့ပဲ မြင်ကြည့်ကြမလား။ လောကနိယာမမှာ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း ဆိုတာကို အကျယ် တဝင့်ရှင်းပြထားပြီး ဖြစ်ကြောင်း အားလုံး သိရှိကြတဲ့ အတိုင်း ဒါကို အခြား ကိစ္စလိုဆိုရင် “ဇွန်းတူ သည့် ဝိုင်း” ဆိုတဲ့ရောမ စကားလုံးပေါင်း နဲ့ ရှင်းပြနိုင်သလို အောင်မြင်မှု၊ ရှုံးနိမ့် မှု “ကကြီး က အ” အထိ သာမက “အေ တူဇက်” အထိ ကို ပွင့်လင်းမြင်သာမှု များနဲ့ ချပြတဲ့ အခါ ဟိုးလွန်ခဲ့တဲ့ နှစ် ပေါင်း ၃ဝကျော် ကတော့ ဒါကိုဆင် ဖိုမက်သစ် သီအိုရီလို့ ခေါ်မှာပေါ့ နော်။ အခုခေတ် အနေနဲ့ ကျတော့ လည်း ဥပဒေ အပြောင်းအလဲ များနဲ့ ဥပဒေ ပြုရေး သီးခြား အစီအစဉ်အရ၊ ပုံပြင်ဟောင်းကြီး ကိုပဲ သုံးနေမယ့် အစား၊ ယခုဆိုရင် “ဆင်ဆိုရာနေး တစ်” ဆိုတဲ့ စကား အတိုင်း တခြား ဘက်ကလည်း “ဒီပရော့မန့်” စစ်တပ် ကို အားပြုလိုက်တဲ့ အခါ ဘာသွား တွေ့ရသလဲ ဆိုရင် “အကောင့် တစ်ဖို ရမ်” တွေ ကျယ်ပြန့်လာပြီး ခုနပြောခဲ့ တဲ့ “ဇွန်းတူသည် ဝိုင်း”ဆိုတာ အေတူ ဇက်ထဲမှာမပါဘဲ “က” ကြီးကနေ “အ” စာရင်းထဲ ဝင်လာ တာကို ထူးခြားစွာ တွေ့လိုက်ရတယ်။ ဒါကို ကျွန် တော် တို့ ပြန် သုံးသပ်တဲ့ အခါဘာက အား နည်းသလဲဆိုရင် …”

ထိုဝန်ကြီးရှင်းလင်း တင်ပြချက် ကို ဘုရင်အပါအဝင် ဝန်ကြီးများအား လုံးက ခေါင်းတညိတ်ညိတ်။

“ဒီပလော့မက်သစ် ဆိုတာနဲ့ ဆို ဆိုင်ရေးတီး ဆိုတဲ့ ကဏ္ဍနှစ်ခု ပြန် တွေ့ရ ပြန်ရော။ အဲဒီကမှ အများ ပြည်သူနဲ့ သင့်တော်တဲ့ အရာ ပြန်ရှာ တော့ တိကျတဲ့ အဖြေ “ရီလေး တစ် ဒမန့်” ဆိုတာကို တွေ့ရပြန်တယ်။ “ဒီ ရီလေးတစ်ဒမန့်”ကို အသုံးပြုတယ် ဆိုရင် ဘာလိုသလဲ ဆိုတော့ ပြည်သူ တွေ အားလုံး ပါဝင်နိုင်ဖို့ အရေးကြီး တဲ့ “ဂလက်ဆီရမ် ဖိုရမ်” တွေကိုအပြီး သတ် ပြန်လည် တည်ဆောက်ဖို့ လို လာပြန် တယ်…”

ရှင်းလင်း တင်ပြချက်ကို ဘုရင် အပါအဝင် ဝန်ကြီးများ အားလုံးက ခေါင်းတ ညိတ်ညိတ်ပြုရုံ သာမက တီး တိုးထောက်ခံမှုတွေ ပြုကာ “ဒါပဲလေ။ တိုးတက်လား၊ ဆုတ် ယုတ် လား ဆိုတာ ရီလေးတစ်ဒမန့် ဆိုတာ ထည့်သုံး သွားတာ သိပ်ပညာတတ် ဆန်တယ်”

”တိုးတက်လား၊ မတိုးတက်လား ဆိုတာ ပြောစရာတောင် မလိုဘူး။ ပြောသွားတဲ့အထဲမှာအဖြေပါပြီး သား”

ဝန်ကြီး တစ် ပါး ရှင်းလင်း တင် ပြအပြီး သဘာပတိဖြစ်သူ ဘုရင်၏ ကြိုတင် ခွင့်ပြုချက် အရ နောက် ဝန်ကြီး တစ် ပါးက ထကာ ရှင်းလင်း တင်ပြပြန် ပါသည်။

“ခုနက ဝန်ကြီး ရှင်းပြသွားသလို ဒီပရော့မင့်စင် တာတွေမှာ ပရော ဂျက်ဖောင် ဒါ တွေ အတွက် ခုန်ပြေးခဲ့တဲ့ ဆင်ဆိုရာရေး တစ်ဆိုတာ မရှိမဖြစ် လို အပ်လာပြန်ရော။ ဆင် ဆိုရာ ရေးတစ်ပေါ်လာတဲ့ အတွက် သူနဲ့ ကပ်လျက်က ဘာရှိလဲ။ ဆင်မိုမက် သစ်သီအိုရီ လို မသုံးမဖြစ် သုံးရပြန် ရော။ အဲဒီလို ပြန်သုံးတဲ့ အခါ တိုးတက်မှု၊ ဆုတ် ယုတ် မှုတွေ အတွက် မူလဖြစ်တဲ့ ဇွန်းတူသည်ဝိုင်း ကို ထိထိ ရောက်ရောက် အကျိုးရှိနိုင်မှာ ဖြစ်ပါ တယ်။ အဲဒီအခါကျ မှ ပြည်ပရဲ့ ရင်းနှီးမြှုပ်နှံမှု က ရီမန်လေးတစ် သီအိုရီ အရ ဝင်လာမှာဖြစ်ပါတယ်။ အဲဒီလို ဝင်လာတဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝက သုံးခဲ့တဲ့ အော်ဂနိုက် ဆိုင်ဆာ ဆိုတာ ပြန်လည် အသက် ဝင်ပြီး ခုနပြော တဲ့အေတူ ဇက်က အိတ်ထ် အထိ တိုးတက်လာရင် ဘာ ဖြစ်နိုင်သလဲ ဆိုရင် ခုနရီလေးတစ် ဒမန့် ဆိုတာ ပြုတ်ကျပြီး ဟိုဘက်က လည်း ဆိုင်ဆိုရာလေး တစ် ဆိုတာ တက်လာ ပါ လိမ့်မယ်။ ဒါမှလည်း အားလုံး အတွက် ဟန်ချက်ညီတဲ့ ဆိုင်ဆိုရာလေးတီး ဆိုတာ ပေါ်ပေါက် လာမှာပါ။ အဲဒီလို ပေါ်လာတဲ့အခါ မှာ ကျွန်တော်တို့ အနေနဲ့က ခုခံကာ ကွယ် ရမှာလား၊ ဒါမှမဟုတ် တိုက်ခိုက် တွန်းလှန် ရမှာလား ဒါမှမဟုတ် ခါတိုင်းလိုပဲ မှိန်းနေရမှာလား ဆိုတာပဲ စဉ်းစားဖို့ လိုတယ်လို့ ပြောချင်ပါ တယ်။ ကျေးဇူး တင်ပါတယ်”

ထိုဝန်ကြီးတင်ပြချက်ကိုလည်း ဘုရင် အပါအဝင် ဝန်ကြီးများ အားလုံး က ခေါင်းတညိတ်ညိတ်။

“သူပြောသွားတဲ့ ရှင်းရှင်းလေး ပဲ”

စသည်ဖြင့် ကျေနပ် ကြကုန် လေတော့သည်။ ဒါကို ဘုရင်ကြီးက မိန့်မိန့်ကြီး ခေါင်း တညိတ်ညိတ်။ ထို့ နောက် ဝန်ကြီး တစ်ပါး၏ ရှင်းလင်း တင်ပြမှု အလှည့်ကျပြန်၏။

“ရေမြေ့သနင်း ပြည့်ရှင်မင်း ခင်ဗျား။ ခုနက ဝန်ကြီး ရှင်းပြသွားတာ ရှင်းသလောက် ရှိပါပြီ။ ယင်းကို ကျွန် တော်က ထပ်ပြီး ရှင်းပြရမယ် ဆိုရင် ခုန ဝန်ကြီးပြောသွားတဲ့ ဆင်ဖိုမက် သစ်သီအိုရီ ဆိုတာ ဆင်ဆိုရယ်လေး တစ်နဲ့ ကပ်လျက် ဆိုပေမယ့် ဟိုဘက် က ဇွန်းတူသည် ဝိုင်းနဲ့ တွက်ရင် အများကြီး ကွာဟပြီး ဘာလို အပ်သလဲ ဆို တော့….”

သူတို့ဘာသာ သူတို့တော့ နား လည်ကြ၏။ အမှန်တော့ ဤပုံပြင် ရေးသော ကျွန်တော်ပင် သူတို့စကား ကို နားမလည်။

အကြည်တော်

Credit to =►Popular Journal◄=►Thank◄=

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။