အာရှနိုင်ငံများတွင် အစိုးရထက် မိဘက ပညာရေးစရိတ် ပိုစိုက်ထုတ်နေရ
အရှေ့အာရှဒေသတွင် အစိုးရ များ၏ ပညာရေးအသုံးစရိတ် နည်းပါးခြင်းက မိသားစုများ၏ အသုံးစ ရိတ်အား ပိုမိုစေပြီး သားသမီးများ ကောလိပ် တက်နိုင်ရေး အတွက် မိဘများအပေါ် ၀န်ပိစေသည်ဟု ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ တစ်ခုတွင် ပါဝင်သည်။
ပညာတတ်လူဦးရေ များပြားခြင်းက လူအဖွဲ့အစည်းအတွက် အကျိုးရှိစေသော် လည်း ပညာရေး ရလဒ်များ မြင့်မားစေရန် ကုန်ကျစရိတ်ကြီးမား သော ကျူရှင်များကို အထောက်အကူပြုနေရသည်ဟု ဆိုသည်။ ဒေသတွင်းရှိ အစိုးရ များအတွက် စိန်ခေါ် ချက်မှာ ပါရမီရှင် ကလေးများ အတွက် အဆင့်မြင့် ပညာရေး သယ်ယူနိုင်ခွင့်ရှိaသာ ပိုမိုကောင်းမွန်သည့် ပညာရေးစနစ် တည်ဆောက်နိုင်ရေးဖြစ်သည်။
“အရှေ့အာရှနိုင်ငံများတွင် အစိုးရ၏ ပညာရေးအသုံးစရိတ်နည်းပါးသဖြ င့် ကုန်ကျစရိတ်အား မိဘနှင့် မိသားစုက ကျခံနေရသည်။ ထိုအချက်မှာ အရှေ့ အာရှနိုင်ငံများအတွက် နာတာ ရှည်ရောဂါတစ်ခုဖြစ်လာနေသည်” ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံတွင် ပညာရေးအသုံး စရိတ်၏ ၃၀ .၅ ရာခိုင်နှုန်းအား ပုဂ္ဂလိက ကဏ္ဍ က ကျခံနေရပြီး တောင်ကိုရီးယားတွင် ပိုမိုမြင့်မားကာ ၃၇ .၂ ရာခိုင်နှုန်းအထိ ရှိသည်။
ဥ ရောပနိုင်ငံများတွင် ပညာရေးအသုံးစရိတ်အား အစိုးရက ကျခံမှုများပြား ပြီး ဆွီဒင်နိုင်ငံတွင် အစိုးရကျခံမှု ၉၇ ရာခိုင်နှုန်းအထိ ရှိသည်။ တက္ကသိုလ်အဆင့် ပညာရေးတွင် ပုဂ္ဂလိ ကကျဆင်းမှုမှာ ဂျပန်တွင် ၆၅ .၅ ရာခိုင်နှုန်းနှင့် ကိုရီးယား တွင် ၇၃ ရာခိုင်နှုန်းအထိ မြင့်မားလျက်ရှိသည်။
ပညာရေးအသုံးစရိတ် မြှင့်တင်ခြင်းက ကျောင်းသားများ၏ စွမ်းဆောင်ရည် အပေါ် အကျိုးရှိစေသော်လည်း အစိုးရအသုံးစရိတ်တွင် ဦးစားပေးခံရခြင်း မရှိပေ။
KHTun
The Ladies News Journal
အရှေ့အာရှဒေသတွင် အစိုးရ များ၏ ပညာရေးအသုံးစရိတ် နည်းပါးခြင်းက မိသားစုများ၏ အသုံးစ ရိတ်အား ပိုမိုစေပြီး သားသမီးများ ကောလိပ် တက်နိုင်ရေး အတွက် မိဘများအပေါ် ၀န်ပိစေသည်ဟု ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ တစ်ခုတွင် ပါဝင်သည်။
ပညာတတ်လူဦးရေ များပြားခြင်းက လူအဖွဲ့အစည်းအတွက် အကျိုးရှိစေသော် လည်း ပညာရေး ရလဒ်များ မြင့်မားစေရန် ကုန်ကျစရိတ်ကြီးမား သော ကျူရှင်များကို အထောက်အကူပြုနေရသည်ဟု ဆိုသည်။ ဒေသတွင်းရှိ အစိုးရ များအတွက် စိန်ခေါ် ချက်မှာ ပါရမီရှင် ကလေးများ အတွက် အဆင့်မြင့် ပညာရေး သယ်ယူနိုင်ခွင့်ရှိaသာ ပိုမိုကောင်းမွန်သည့် ပညာရေးစနစ် တည်ဆောက်နိုင်ရေးဖြစ်သည်။
“အရှေ့အာရှနိုင်ငံများတွင် အစိုးရ၏ ပညာရေးအသုံးစရိတ်နည်းပါးသဖြ
ဂျပန်နိုင်ငံတွင် ပညာရေးအသုံး စရိတ်၏ ၃၀ .၅ ရာခိုင်နှုန်းအား ပုဂ္ဂလိက ကဏ္ဍ က ကျခံနေရပြီး တောင်ကိုရီးယားတွင် ပိုမိုမြင့်မားကာ ၃၇ .၂ ရာခိုင်နှုန်းအထိ ရှိသည်။
ဥ ရောပနိုင်ငံများတွင် ပညာရေးအသုံးစရိတ်အား အစိုးရက ကျခံမှုများပြား ပြီး ဆွီဒင်နိုင်ငံတွင် အစိုးရကျခံမှု ၉၇ ရာခိုင်နှုန်းအထိ ရှိသည်။ တက္ကသိုလ်အဆင့် ပညာရေးတွင် ပုဂ္ဂလိ ကကျဆင်းမှုမှာ ဂျပန်တွင် ၆၅ .၅ ရာခိုင်နှုန်းနှင့် ကိုရီးယား တွင် ၇၃ ရာခိုင်နှုန်းအထိ မြင့်မားလျက်ရှိသည်။
ပညာရေးအသုံးစရိတ် မြှင့်တင်ခြင်းက ကျောင်းသားများ၏ စွမ်းဆောင်ရည် အပေါ် အကျိုးရှိစေသော်လည်း အစိုးရအသုံးစရိတ်တွင် ဦးစားပေးခံရခြင်း မရှိပေ။
KHTun
The Ladies News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။