ရန်ကုန်ရွက်လှေအသင်းတွင် ကာလ်မိုးမြင့်ကိုတွေ့ရစဉ် (ဓာတ်ပုံ−ကောင်းထက်)
မိုးရာသီ၏ လေတဖြူးဖြူးတိုက်နေသော နေ့တစ်နေ့မှာ အသက် (၂၉)နှစ်အရွယ် ကာလ်မိုးမြင့်(ဖုန်းကျော်မိုးမြင့်)က အပြာရောင်ရှပ်အင်္ကျီ ဘောင်းဘီအနက်တို့ ဖြင့် ရန်ကုန်ရွက်လှေအသင်းက လပ်မှာ အပန်းဖြေနေပါသည်။ တောင်အာဖရိက၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများက ရေပြင်တွေမှာ နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့မှု ကြောင့် သူ့အသားအရေက နေ လောင်ထားပါသည်။
ဗြိတိသျှကိုလိုနီခေတ် ၁၉၂၄ ခုနှစ်ကတည်းက တည် ထောင်ခဲ့သည့် ရန်ကုန်ရွက်လှေ ကလပ်က ရန်ကုန်မြို့၏ အချက် အချာအင်းလျားကန်မှာရှိပါသည်။ ဒုတိယကမ္ဘာစစ်တုန်းကလည်း ပျက်စီးခဲ့သလို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကလည်း ဖျက်ဆီး သွားသည့်အတွက် အသင်းအ ဆောက်အအုံ၊ စားသောက်ဆိုင်၊ ဘားနှင့် ရွက်လှေရုံတို့ကို ကာလ်မိုးမြင့်တို့ မိသားစုကပဲ ငွေကြေး အမြောက်အမြားအကုန်ကျခံပြန် ဆောက်ထားရသည်။ အဆိုပါ ကလပ်သည် ရန်ကုန်မှာ တိုးလာ နေသည့် ချမ်းသာသောအထက် တန်းလွှာ အသိုင်းအ၀ိုင်းတို့ အတွက် ခိုနားရာဖြစ်၏။ စိမ်း လန်းသာယာသောဝန်းကျင်မှာ အပန်းဖြေချင်သူများကြောင့် ပြီးခဲ့ သည့်နှစ်က အသင်းဝင်အရေ အတွက် ၃၀ ရာခိုင်နှုန်းခန့်တက် လာသည်။
ကာလ်မိုးမြင့်၏ အဖေဦးမိုက်ကယ်မိုးမြင့်က ချမ်းသာကြွယ်ဝပြီး ရှားပါးစာအုပ်စုဆောင်းသူ။ ရွက် လှေအားကစားသမားနှင့် မြန်မာ နိုင်ငံအကြီးဆုံးပုဂ္ဂလိကပိုင် ရေနံ နှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီဖြစ် သည့် MPRL E&P ၏ အကြီး အကဲဖြစ်သည်။ ယမန်နှစ်က နိုင်ငံခြားကုမ္ပဏီများကို ကမ်းလွန် ရေနံလုပ်ကွက် ၂၀ ချထားပေးခဲ့ ရာ ဦးမိုက်ကယ်မိုးမြင့်၏ ကုမ္ပဏီ က လုပ်ကွက်ဖက်စပ်လုပ်ခွင့်ရခဲ့ သည်။ ဦးမိုက်ကယ်မိုးမြင့်၏ သား ကာလ်မိုးမြင့်ကမူ အခြားအာရုံ တွေကို စိတ်ဝင်စားသူဟုဆိုသည်။
‘‘ကျွန်တော်တို့ မိသားစုတွေ ဒီမှာရှိနေသရွေ့ ရွက်လွှင့်တာ တွေရှိနေမှာပဲ’’ဟု ကာလ်မိုးမြင့် က ပြောပါသည်။ သူက အမေရိ ကန်နိုင်ငံကော်လိုရာဒိုသတ္တုတွင်း ပညာသင်ကျောင်းက ၂၀၀၈ က ပြန်လာခဲ့သူဖြစ်ပါသည်။ သူက ထိုကျောင်းမှာ စီးပွားရေးပညာကို သင်ကြားလေ့လာခဲ့သည်။ ယခု အခါ ရန်ကုန်ရွက်လှေကလပ်ကို ပြန်လည်ထူထောင်ခြင်းထက် ကြီးသော စီမံကိန်းကြီးကို ယခု သူက လုပ်ကိုင်နေပါသည်။
ရန်ကုန်ကနေ လေးနာရီ ကြာ ကားမောင်းသွားရသော အကွာအဝေးရှိ ငွေဆောင်ကမ်း ခြေမှာ နိုင်ငံတကာရွက်လှေကစား သည့်နေရာပြုလုပ်ရန် ကူညီနေ ခြင်းဖြစ်သည်။ အမေရိကန်ဒေါ် လာ ၁၇ သန်းခန့်ကုန်ကျမည့် ငွေ ဆောင်ရွက်လှေကလပ်မှာ ရွက် လှေရုံနှင့် အပန်းဖြေရိပ်သာတို့ ပါပါသည်။ မနှစ်ကဖွင့်လှစ်ခဲ့ သည်။ ကိုးမိုင်ကျော်ရှိသည့် ငွေ ဆောင်သဲသောင်၏ အစွန်းဘက် မှာ သူ့မိသားစု၏ ငွေကြေးဖြင့် အားလုံးကိုတည်ဆောက်ထား ခြင်းဖြစ်ပါသည်။
ပင်လယ်ဘက်ကို မေးတင် ထားသည့် အဆိုပါရေကူးကန်နှင့် ညကလပ်သည် ဒေသခံအများစု က သစ်သားအိမ်များဖြင့်နေကြ ပြီး တစ်နေ့ကို နာရီအနည်းငယ် သာ လျှပ်စစ်မီးရနေသေးသည့် နေရာမှာ တည်ရှိသည်။
‘‘ငွေကြေးက အကြောင်း မဟုတ်ပါဘူး။ ဒါကရွက်လှေ အားကစားအတွက်လုပ်တာပါ။ ကျွန်တော်တို့ငွေနဲ့ ဒီနေရာမှာ ဒီ အားကစားရှင်သန်နိုင်ရမယ်’’ဟု ချောမွေ့သောအမေရိကန် အင်္ဂ လိပ်စကားလေယူလေသိမ်းဖြင့် သူက ပြောပါသည်။
လာမည့် ဆယ်စုနှစ်များမှာ သူက ရွက်လှေကလပ်ကို မြန်မာ နှင့် အခြားနိုင်ငံများမှ ရွက်လှေဝါ သနာရှင်များ လှေတွေလာကပ် နိုင်သည့် အဓိကကမ်းခြေရွက် လှေစခန်းကြီးအဖြစ် တိုးချဲ့ချင် သည်ဟု ဆိုသည်။
ပြုပြင်ပြောင်းလဲမှုတွေ ကြောင့် ချမ်းသာသူတွေ အများ ကြီးပေါ်ထွက်လာပြီဟု သူက ဆို သည်။ သို့သော် ရှက်စရာကောင်း တာက ချမ်းသာသည့် မြန်မာနည်း နည်းလောက်ကပဲ သူတို့၏ စိတ် ဝါသနာပါရာအတွက် ငွေဖြုန်း ချင်ကြောင်းသူက ပြောပါသည်။ အများစုကမူ ညကလပ်တွေသာ သွားချင်ကြသည်။ အနုပညာနှင့် ပြည်သူအပန်းဖြေစခန်းများ၊ လူမှု ရေးလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှု များမလုပ်ချင်ကြပါ။
ရန်ကုန်မှာနေထိုင်သည်မှာ အနှစ် ၂၀ လောက်ရှိနေပြီဖြစ် သော ပြင်သစ်လူမျိုး ဗိသုကာ ပညာရှင်ပက်ထရစ်ရောဘတ်က ပြည်တွင်းက သူဌေးတွေပိုက်ဆံ ဖြုန်းပုံကို မြင်ရသည့်အတွက် စိတ်တိုရသည်ဟု ဆိုပါသည်။ ရောဘတ်က ရန်ကုန်က ဟိုတယ် အိမ်များအတွက် အိမ်ဒီဇိုင်းတွေ ကိုဆွဲပေးသည်။ ကိုလိုနီလက်ရာ အိမ်များကိုလည်း နဂိုပုံစံမပျက် အောင် ပြန်လည်ထိန်းသိမ်းရာ တွင်လည်း ကူညီပေးသည်။ သူ့ ဖောက်သည်အများစုမှာ ရန်ကုန် ကို အခြေချလာသည့် အနောက် တိုင်းစီးပွားရေးသမားများဖြစ်ပြီး မြန်မာပြည်တွင်းက သူဌေးများ မဟုတ်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလက ရော ဘတ်က မြန်မာသူဌေးတစ်ဦးနှင့် သူ့ဇနီး ကလေးနှစ်ဦးတို့အတွက် ဥရောပခရီးစဉ်ကို ကူညီစီစဉ်ပေး ခဲ့သည်ဟု ဆိုသည်။ ထိုသူဌေးက မကြာသေးမီ ဥရောပ၏ ပိတ်ဆို့ မှုစာရင်းက ကင်းလွတ်ခဲ့သော် လည်း အမေရိကန်၏ ပိတ်ဆို့မှု တွင်ရှိနေသေးသည်ဆိုသည်။ သူ ၏ ပထမဆုံးဥရောပခရီးစဉ်ဖြစ် သည့် ဥရောပက အကောင်းဆုံး မှန်သမျှကို ရောဘတ်က ဆက် သွယ်ကူညီပေးစေချင်သည်။
ရောဘတ်က ပြင်သစ်က ကမ္ဘာကျော် လူဗ်ပြတိုက်ကိုကမ္ဘာ လှည့်များကင်းရှင်းသည့် နံနက် ပိုင်းမှာ သီးသန့်ကြည့်ရှုခွင့်ရရန် စီစဉ်ပေးသည်။ ထိုသူဌေးစိတ်ဝင် စားဟန်မပြ။
‘‘လန်ဒန်၊ ရောမနဲ့ ပဲရစ်မှာ တစ်ပတ်စီနေတာကို အားလုံးကို ဝယ်ဝယ်ဆိုတာချည်းပဲ။ ဒါက ရှန် နယ်လ်ဆိုလည်းဝယ်၊ ဒါက LOUIS VUITTONအိတ်ဆိုလည်းဝယ်ပဲ’’
ထိုမြန်မာသူဌေးက ရော ဘတ်ကို သူ့ဇနီးအတွက် HERME'S Birkin အိတ်ကို တစ်ရက်တည်းနှင့် ရအောင်ဝယ်ပေးသည့်အတွက် ကျေးဇူးအတင်ဆုံးဟုဆိုသည်။ သူတို့က သည်လောက်နှစ်တွေ ကြာအောင်စောင့်ပြီးမှ သွားခွင့်ရ သည့် ဥရောပခရီးစဉ်မှာ ထိုကဲ့သို့ အသုံးအဆောင်ပစ္စည်းများကို သာ ဒေါ်လာရှစ်သောင်းဖိုး (ကျပ် သိန်း ၇၈၀ ခန့်တန်ဖိုး)အထိ ဝယ် ယူခဲ့သည်။
‘‘အဲဒီလို သူဌေးအမျိုးအစား တွေပေါ့။ ကျွန်တော့်ကို ဒုက္ခတွေ အတော်ပေးနေတာ’’
ရန်ကုန်မြို့လယ်က ပန်းစီမံ ကိန်းရုံးက အညိုရောင်သားရေဆုံ လည်ထိုင်ခုံကြီးကို အိုင်ဗင်ပန်းက ကျောမှီချလိုက်ပါသည်။ ဇိမ်ခံ လက်လီပစ္စည်းဈေးကွက်စီမံ ကိန်းဟုသူခေါ်သည့် အဆိုပါလုပ် ငန်းကို Transit SHED 1 ဆိပ် ကမ်းဂိုဒေါင်ပေါ်မှာလုပ်ရန် သူက တည်ထောင်ထားသည်။
သူ့ရုံးခန်းရှိရာ ၁၁ ထပ်ရှိ အက်ဖ်အမ်အိုင်စင်တာကနေ ကြည့်လျှင် ရန်ကုန်မြို့လယ်က လမ်းတွေကို အပေါ်စီးက မြင်ရ သည်။ မိုးရေအောက်မှာ ဆူးလေ စေတီက ရွှေရောင်တောက်ပနေ သည်။ မိုက်ကယ်မိုးမြင့်တို့မိသား စုတို့ကဲ့သို့ ဆာခ်ျပန်း (ဦးသိမ်းဝေ) တို့မိသားစုက အနောက်နိုင်ငံများ ၏ ပိတ်ဆို့မှုစာရင်းမှာ မပါဝင်ပါ။
သည်တနင်္လာနေ့မှာ TS1 ဂိုဒေါင်က အစည်းအဝေးမှာ သူ ကဦးဆောင်ပြီး အရောင်းပြပွဲများ နှင့် ဆိပ်ကမ်းအာဏာပိုင်ဟု အမည်ပေးထားမည့် စားသောက် ဆိုင်အပါအဝင် သူတို့လုပ်မည့် စီမံကိန်းများကို ဆွေးနွေးခဲ့သည်။ မကြာမီဖွင့်လှစ်တော့မည့် အဆို ပါလုပ်ငန်းများမှာ လျှပ်စစ်မီး ဘယ်လိုသွယ်ယူရမလဲဆိုတာ လည်း ပြဿနာဖြစ်သည်။
အခုရက်တွေမှာ အလုပ် အတော်များနေသည်ဟု ပန်းက ပြောပါသည်။ သူကဟောင် ကောင်၊ တိုကျို၊ နယူးယောက်နှင့် ကမ္ဘာ့ဖလားကြည့်ရန် ဘရာဇီးကို သုံးပတ်ခန့်ခရီးထွက်ဖို့ရှိနေသည့် အတွက်ဖြစ်သည်။ အမေရိက တွင် လာမည့်နွေရာသီမှာ သူ၏ မြန်မာတံဆိပ်ထုတ်ကုန်တွေကို ရောင်းချမည့်ဆိုင်ကိုလည်း လေ့ လာအကဲခတ်မည်ဟု သူက ပြော ပါသည်။
သူက အသက် (၁၈)နှစ် အထိ အင်္ဂလန်နိုင်ငံမှာ ကြီးပြင်း ခဲ့သည်။ အောက်စဖို့ဒ်၌ ဖက်ရှင် နှင့် ဂီတကိုသင်ယူခဲ့ပြီး နယူး ယောက်ရှိ VOGUE နှင့် အခြားဖက် ရှင်မဂ္ဂဇင်းတွေမှာ အလုပ်တွေ လုပ်ခဲ့သည်။
မိခင်မြန်မာနိုင်ငံကိုတော့ ၂၀၁၁ ခုနှစ်မှာ ပြန်လာခဲ့ပြီး သူ့ အဖေ၏ စီးပွားရေးလုပ်ငန်းမှာ ဝင်လုပ်ကိုင်ခဲ့သည်။ ယမန်နှစ်က Great Gatsby ‘ရုပ်ရှင်ကားသီး သန့်ပြသပွဲ’ကို ရန်ကုန်တွင် သူက ဧည့်ခံပြုလုပ်ခဲ့ရာ သူ့သူငယ်ချင်း ဖြစ်သူ အဆိုပါရုပ်ရှင်ဒါရိုက်တာ ဘတ်စ်လူယာမန်က တက်ရောက် ခဲ့သည်။ နောက်တစ်ခါကျရင် သူ က Grand Budapest HOTEL ရုပ်ရှင်ကားကို သီးသန့်ပွဲလုပ်ပြီး ဝက်စ်အက်ဒါဆင်ကိုဖိတ်ဖို့ စိတ် ကူးထားသည်ဟု ဆိုပါသည်။
တစ်နေ့တာ ကုန်ဆုံးချိန်မှာ တော့ ပန်းက သူ၏အဖြူရောင်မင် နီဗန်ကားကိုစီးကာ TS1 ဆိပ် ကမ်းဂိုဒေါင်သို့သွားပါသည်။ ကားနောက်ခုံမှာထိုင်းရင်း သူက ဖုန်းဖြင့် အီးမေးလ်များကို စာပြန် သည်။ သူ၏ ကားမှာ ကိုယ်ပိုင် ဝိုင်ဖိုင်အင်တာနက်စနစ်ပါပါ သည်။
TS1 ဆိပ်ကမ်းဂိုဒေါင်သို့ ရောက်သည့်အခါ သူက အသစ် ဝင်လာသည့် ပရိဘောဂများအပါ အဝင် အရောင်းပစ္စည်းများကို စစ်ဆေးသည်။ ထို့နောက် သူက ဒေါ်လာ ၃,၆၀၀ တန်ခုံတန်းရှည် တစ်ခုပေါ်မှာ ထိုင်ချလိုက်ပြီး သစ်သားလက်တန်းပေါ်က အလှ ဆင်ဒေါင်းမွေးတစ်ခု၏ ဈေးနှုန်း ကိုကိုင်ပြီး ကြည့်လိုက်သည်။ တန်ဖိုး ၆၅ ဒေါ်လာဖြစ်၏။
သူ့အနေဖြင့် ရန်ကုန်တစ်ခု တည်းအတွက်သာမဟုတ်ဘဲ ခေတ်မီသော၊ မိုက်သောအရာဟူ သမျှကို သည်ကနေ ရန်ကုန်ကိုယူ လာမည့် ပတ်ဝန်းကျင်သစ်တစ်ခု ကို ကူညီဖန်တီးနိုင်မည်ဟု မျှော် လင့်ထားကြောင်း သူက ပြောပါ သည်။ ‘‘မြန်မာမှာ ဒါတွေကို စတွေးပြီး လုပ်ကိုင်ဖို့သိပ်မစော လွန်းတော့ပါဘူး’’ဟု ပန်းက ကုလားထိုင်ပေါ် ကိုယ်ကိုမှီချရင်း ပြောလိုက်သည်။
‘‘ဝင်ငွေတွေတိုးလာပြီ၊ သူဌေးတွေလည်းများလာပြီ။ ဘယ်လောက်ကြာအောင် အချိန် ယူရမလဲဆိုတာကိုတော့ မသိ ဘူး။ ဒါပေမဲ့ ဖြစ်လာတော့မှာပါ’’
(ဝေါစထရိဂျာနယ်ပါဆောင်းပါး ရှင် Shibani Mahtani ၏ MEET THE New Rich in Myanmar ဆောင်းပါးဒုတိယပိုင်းကို ထား ထားမြင့် ဘာသာပြန်ဆိုသည်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။