Google Map တွင် တိကျသော အကွာအဝေးကို တွက်ချက်နိုင်ပြီဖြစ်
========================== ===================
ပြီးခဲ့သော ကြာသာပတေးနေ့က Google သည် Google Map အား update လုပ်ခဲ့ပြီး မြေပုံပေါ်တွင် point နှစ်ခု သို့မဟုတ် ထို့ထက်ပိုမိုသော point များအား သတ်မှတ်ကာအကွာအဝေးကို တိုင်းတာ နိုင်သည့် feature ကိုထည့်သွင်းပေးခဲ့သည်။
သို့သော်လည်း လတ်တလောတွင်တော့ Google Map ၏ Desktop ဗားရှင်းများတွင်သာ အဆိုပါ လုပ်ဆောင်ချက်ကို သုံးစွဲနိုင်သေးမည် ဖြစ်ကြောင်း Google Map ၏ Google + စာမျက်နှာတွင် ရေးသားထားသည်။
(https://plus.google.com/ +GoogleMaps/posts/ Dp9hAY7QTJL?pid=60338022244 55571954&oid=1114019179710 52287374)
ယခင်ကမူ Google Map တွင် မိမိတို့ရှာဖွေသော လမ်းကြောင်းကိုသာအကွာ အဝေးတွက်ပြနိုင်ခဲ့ပြီး ယင်းကဲ့သို့ တွက်ချက်ရာတွင်လည်း ကြိုတင် သတ်မှတ်ထားသောလမ်းကြောင်းများအတိုင်း တွက်ချက်ကာ မိမိတို့ အမှန်တကယ် စတင်ရာ နှင့် အဆုံးသတ်ရာ လမ်းကြောင်းများအတိုင်း အကွာအဝေး အတိအကျကို မတွက်ချက်နိုင်ခဲ့ပေ။ဥပမာအားဖြင့် သင်ကစားသောက်ဆိုင်တစ်ခုသို့ သွားရောက်လိုပါက မျဉ်းဖြောင့် အကွာအဝေးတိုင်း တွက်ချက်မည်ဆိုလျှင် သုံးမိုင် ကွာဝေးသည် ဆိုပါစို့ ။ အမှန်တကယ် Googel ကတွက် ချက်ပေးသည်မှာ ယင်းစားသောက်ဆိုင်သို့ သွားရောက်သည့် route အတိုင်း တွက်ချက်ကာ 3.5 မိုင်ဟု ပြသပါလိမ့်မည်( 3.5 မိုင် ဝေးခဲ့လျှင်)။
ယခုအခါတွင် Google Maps အားdesktop ဗားရှင်းဖြင့်သုံးစွဲသူများ အဖို့ point နှစ်ခု သို့မဟုတ် ထို့ထက်ပိုမိုသော points များအား အကွာအဝေး အတိအကျ ကို တွက်ချက်နိုင်မည်ဖြစ်သည်။ အဆိုပါ သတ်မှတ်ထားသော point များတွင် မည်သည့် လမ်း မျှ မရှိလျှင်လည်း တွက်ချက်နိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် မိမိတို့ အပြေးလေ့ကျင့်ရာ ၊ စက်ဘီးစီးရာ လမ်းကြောင်းများ။လမ်းကြောင်း ကိုမိမိတို့ ကြိုက်နှစ်သက်ရာ ပုံစံ ဆွဲသားကာ တိုင်းတာနိုင်မည်ဖြစ်သည်။
ယင်းကဲ့သို့တိုင်းတာရန်မှာ Google Map မြေပုံ အသစ်ပေါ်တွင် point တစ်ခုခု၌ right click နှိပ်ပြီး " Measure Distance " ကို နှိပ်ကာ အခြားသော point များကို ထောက်ပြီး path ကိုဖန်တီးရမှာဖြစ်ပါတယ်။ ပြီးစီးသွားတဲ့အခါမှာတော့ စာမျက်နှာရဲ့ ထိပ်ပိုင်း ဘယ်ဖက်မှာ အစ အဆုံး အကွာအဝေး ဘယ်လောက်ရှိသလဲဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ်။
-------------------------- -------------------
Nyein Chan (TSJ Tech Team)
Ref:
http://mashable.com/2014/ 07/09/ google-maps-measure-distanc es/ ?utm_cid=mash-com-fb-tech-l ink#
==========================
ပြီးခဲ့သော ကြာသာပတေးနေ့က Google သည် Google Map အား update လုပ်ခဲ့ပြီး မြေပုံပေါ်တွင် point နှစ်ခု သို့မဟုတ် ထို့ထက်ပိုမိုသော point များအား သတ်မှတ်ကာအကွာအဝေးကို တိုင်းတာ နိုင်သည့် feature ကိုထည့်သွင်းပေးခဲ့သည်။
သို့သော်လည်း လတ်တလောတွင်တော့ Google Map ၏ Desktop ဗားရှင်းများတွင်သာ အဆိုပါ လုပ်ဆောင်ချက်ကို သုံးစွဲနိုင်သေးမည် ဖြစ်ကြောင်း Google Map ၏ Google + စာမျက်နှာတွင် ရေးသားထားသည်။
(https://plus.google.com/
ယခင်ကမူ Google Map တွင် မိမိတို့ရှာဖွေသော လမ်းကြောင်းကိုသာအကွာ အဝေးတွက်ပြနိုင်ခဲ့ပြီး ယင်းကဲ့သို့ တွက်ချက်ရာတွင်လည်း ကြိုတင် သတ်မှတ်ထားသောလမ်းကြောင်းမျ
ယခုအခါတွင် Google Maps အားdesktop ဗားရှင်းဖြင့်သုံးစွဲသူများ
ယင်းကဲ့သို့တိုင်းတာရန်မှာ Google Map မြေပုံ အသစ်ပေါ်တွင် point တစ်ခုခု၌ right click နှိပ်ပြီး " Measure Distance " ကို နှိပ်ကာ အခြားသော point များကို ထောက်ပြီး path ကိုဖန်တီးရမှာဖြစ်ပါတယ်။ ပြီးစီးသွားတဲ့အခါမှာတော့ စာမျက်နှာရဲ့ ထိပ်ပိုင်း ဘယ်ဖက်မှာ အစ အဆုံး အကွာအဝေး ဘယ်လောက်ရှိသလဲဆိုတာကိုသိရှ
--------------------------
Nyein Chan (TSJ Tech Team)
Ref:
http://mashable.com/2014/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။