Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 10, 2014

ပတ္တမြားမှန်ပါလျက် နွံနစ်နေရတဲ့တိုင်းပြည်

ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ပတ္တမြားတွေ အရောင်လက် တောက်ပနေဆဲပါ။ မိုးကုတ် မြေက အဆီအနှစ်တွေဟာ မြန်မာပြည်သူတွေ များ တူးနေသလားအတွေးနဲ့ ထွက်နေဆဲ ပါပဲ။ မြန်မာ့ အဖိုးတန်ပတ္တမြားမြေ မိုးကုတ်မြို့ဟာ အဘစကားတွေ၊ အဘအမိန့်တွေနဲ့ သိမ်းပိုက် ခံလိုက်ရပါပြီ ........ ဘာသာတရားအလွန်ကိုင်းရှိုင်းပြီး သစ္စာ ရှိရိုးသားတဲ့ မိုးကုတ်မြို့ခံ တွင်းပိုင်တွေ မွဲတေ ထွက်ပြေး ရပေမဲ့ ရိုင်းစိုင်းကောက်ကျစ်ပြီး ငွေ သာလျှင်အဓိကလို့ ထင်နေသူတွေ မိုးကုတ်မြေ မှာ အခြေချနေထိုင်လာခဲ့ပေမဲ့ မိုးကုတ်ပတ္တမြား တွေဟာ ထွက်ရှိနေဆဲပါပဲ။

ပတ္တမြားမှန်ပါလျက် နွံနစ်နေရတဲ့တိုင်းပြည်
-----------------
ကိုရွှေအောင်သင်း
-----------------

မိုးကုတ်မြို့ (သို့) ပတ္တမြားမြေဆိုတာ မြန် မာပြည်အတွက် အင်မတန်အဖိုးထိုက်တဲ့ မြို့ တစ်မြို့ဖြစ်ခဲ့ပါတယ်။ အခုမှမဟုတ်ပါဘူး။ ရှေး မြန်မာရာဇ၀င်သမိုင်းတစ်လျှောက် စော်ဘွား တွေ အဆက်ဆက်ကတည်းက မြန်မာဘုရင် ကို နှစ်စဉ်အခွန်တော်၊ လက်ဆောင်ပဏ္ဏာ ပတ္တမြား ဆက်သခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။

မိုးကုတ်မြို့က ကျပ်ပြင်ရွာရဲ့မြေဟာ အင် မတန်အဖိုးထိုက်တဲ့ မြေဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ အလယ်မှာ တင့်တယ်ပြီး အဖိုးထိုက်တန်တဲ့ မိုးကုတ်မြို့သားတွေဟာ စေတနာသဒ္ဓါတရား လည်း ကောင်းကြသလို ဘာသာရေးနဲ့ပတ် သက်လာရင်လည်း အင်မတန်ရိုသေကိုင်းရှိုင်း တန်ဖိုးထားခဲ့တဲ့မြို့လို့ ဆိုရပါလိမ့်မယ်။

မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရား ဓမ္မတွေဟာ မိုးကုတ်မြေကစတင်ပြီး မိုးကုတ် ၀ိပဿနာရယ်လို့ ကမ္ဘာတစ်လွှားထင်ရှားခဲ့ တာလည်း အားလုံးသိပြီးဖြစ်ပါတယ်။ ဟိုးအရင်က ကျွန်တော်တို့ကလေးဘ၀မှာ မိုးကုတ်သူ၊မိုးကုတ်သားတွေကို အရမ်းအား ကျအထင်ကြီးခဲ့ကြပါတယ်။ မြန်မာဝတ္ထုရေး ဆရာတွေရဲ့ ဇာတ်လမ်းတွေမှာလည်း သူဌေး နေရာက ဇာတ်ကောင်ကို ရုပ်လုံးဖော်တဲ့အခါ မိုးကုတ်အဆက်အနွယ်အဖြစ် သရုပ်ဖော်ခဲ့လေ့ ရှိပါတယ်။

မှန်ပါတယ်။ ဟိုအရင်က မိုးကုတ်ဆိုတာ ဒယ်အိုးမြို့ကြီး၊ သူဌေးမြို့ကြီးပါ။ မိုးကုတ် မြို့က အဆင်းရဲဆုံးလူတောင်မှ အခြားမြို့ရွာ ကိုရောက်ခဲ့ရင် သူဌေးစာရင်းဝင်ဖြစ်ခဲ့ ရပါတယ်။ မြန်မာနိုင်ငံမှာ မိုးကုတ်သားလို့သာ ပြောလိုက် ပါ။ အားလုံးက အထင်ကြီးခဲ့ကြတယ်ဆိုတာ ရှေ့မီနောက်မီ မြန်မာပြည်သားတွေ မှတ်မိ နေကြပါလိမ့်မယ်။

မိုးကုတ်သူ၊မိုးကုတ်သားတွေဟာ သဘာဝ တရားကပေးထားတဲ့လက်ဆောင်နဲ့ ပြည့်စုံ ကြယ်ဝ သလို ဘာသာတရားအဆုံးမနဲ့ ရိုးသား ခဲ့ကြသူတွေပါ။ သစ္စာကြီးသူများလည်း ဖြစ် ခဲ့ကြပါတယ်။ အလိမ်အညာမုသားကို ရှောင် ရှားခဲ့ကြပါတယ်။ “ရိုး”လွန်းတော့ “အ”တယ် ဆိုတဲ့စကားလို ဆိုရမလားမသိ၊ နည်းအမျိုး မျိုးနဲ့ အသိမ်းဆည်းခံ မိုးကုတ်ရတနာမြေဟာ တစ်ပါးသူတွေပျော်စံရာဖြစ်ခဲ့ရပါတယ်။

ရာသီဥတု အလွန်အေးပေမဲ့ လူတွေရဲ့စိတ် အင်မတန်နွေးထွေးပျူငှာတဲ့ မိုးကုတ်မြို့ကို အသက်နှစ်ဆယ်ကျော်ကာလက ကျွန်တော် ရောက်ခဲ့ဖူးပါတယ်။ အခုခေတ် ဖားကန့်ကို သွားပြီး အလုပ်လုပ်သလိုမျိုးပေါ့။ ဆင်းရဲတွင်း နက်နေတဲ့ဘ၀ကို အရောင်တင်ချင်လွန်းတာ ကြောင့် သူဌေးဖြစ်အောင် သူဌေးမြေကို စိတ် ကူးယဉ်အိပ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ကျွန် တော်ရောက်ခဲ့ပါတယ်။ ပေါ်လန် (ပေါ်လင့်)လို့ခေါ်တဲ့ ကွင်းပိုင်ရှင်သူဌေးအိမ်မှာနေပြီး တွင်းတူးလုပ်သားဘ၀နဲ့ အိပ်မက်တွေကို မက် ခဲ့တဲ့ကာလပေါ့။

လူသစ်ဘ၀မို့ အများနည်းတူ မနက်စော စောထ ထင်းကောက်၊ ထင်းခွေ ပြီးတော့ ထမင်းဝိုင်းချက်၊ ချက်ပြုတ်လို့ပြီးတဲ့အခါ မိုင်း ခွဲဆရာကို နှိုးရပါတယ်။ မိုင်းခွဲဆရာဆိုတာ တွင်းပိုင်ရဲ့ အားကိုးယုံကြည်ရသူပေါ့ (သူက ယမ်းအစပ်အပြုကောင်းကောင်း နဲ့ မြေကြော ကောင်းကောင်းကိုခွဲပေးမှ တန်ဖိုးရှိတဲ့ကျောက် တွေ ရနိုင်မယ်လို့ ထင်မှတ်ခံထားရသူပါ) အား လုံးပြီးမှ ထမင်းစားပြီး တွင်းတူးမယ့်နေရာကို ထွက်ခွာခဲ့ကြပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ ကာလဟာ နွေရာသီကျောင်းပိတ်ရက်ကာလ မို့ အအေးဒဏ်လျော့နေခဲ့ပါတယ်။

တူးလက်စတွင်းနေရာကိုရောက်တဲ့အခါ မြေလိမ်မြေကောက်လမ်းတွေကို ကြက်တူး သလို တူးရင်း အနာဂတ်ဘ၀ကို ပုံဖော်ထုဆစ် ခဲ့မိပါတယ်။ ကျောက်ကြီးမအောင်ပေမဲ့ ထ မင်းစားကျောက်တွေကတော့ နေ့စဉ်ရနေခဲ့ပါ တယ်။ ကြားဖူးနားဝအရ ကျောက်အောင်ခဲ့ လို့ရှိရင် သစ္စာရှိရှိ ပြန်ပေးရတယ်။ မပေးရင် တွင်းပြိုပြီးသေတတ်တယ်။ မိုးကုတ်မြေဟာ သစ္စာမဲ့လို့မရဘူးဆိုတဲ့အတွက် ကျောက်အ မျိုးအစား ဘာမှန်းမသိပေမဲ့ တွင်းဆရာ က မြေအနေအထားကြည့်ပြီး တူးခိုင်းတဲ့နေရာမှန် သမျှတူးရင်း ဘာကျောက်ရရ ပြန်ပေးနေခဲ့မိ ပါတယ်။

အဲဒီလို စည်းကမ်းရှိပြီး သစ္စာကြီးတဲ့မိုး ကုတ်မြေက ပတ္တမြားတွေကို လာပြီးဝယ်ယူ တဲ့ ကုန်သည်တွေကတော့ ကျွန်တော်တို့ထက် အသားပိုဖြူပြီး ကျွန်တော်တို့တိုင်းရင်းသားစကား မတတ်တဲ့သူတွေပါပဲ။

သူတို့က တန်ဖိုးရှိတဲ့ကျောက်ကိုလည်း ဈေးနှိမ်ဝယ်ယူတာ ကြားခဲ့ရပါတယ်။ မကျေ နပ်လို့ ရောင်းတဲ့သူနဲ့အတူ အစိုးရမင်းများဖွင့် ထားတဲ့ ရာဖြတ်ဌာနကိုရောက်ခဲ့ရင်လည်း လာဘ်ထိုးငွေစားထားတဲ့ ရာဖြတ်ဆရာများက တိုင်းတစ်ပါးသား လူဖြူဘက်က ရပ်တည် ပေးခဲ့တာ ကြားခဲ့ရပါတယ်။

မိုးကုတ်မြေမှာ သစ္စာမမဲ့ရဘူးဆိုတဲ့ ပထမ ယုံကြည်စွာကြားခဲ့ရတဲ့စကားနဲ့ ခေါင်းပုံဖြတ် မိုက်ကြေးခွဲ မတရားအပြုခံနေရတဲ့ မိုးကုတ် ကျောက်ဈေးကွက်ကိစ္စဟာ ရှေ့နောက်စကား မညီဘူးလို့ ကျွန်တော်မှတ်ချက်ပြုခဲ့မိပါတယ်။ ဘာမှတော့ ၀င်ပြောခွင့်မရှိခဲ့ပါဘူး။ ကိုယ်က အလုပ်သမားမို့ပါ။ သစ္စာမဲ့ရင် တွင်းပြိုတတ် တယ်ဆိုတဲ့စကားက အမှန်အမှားလားဆိုတာ မသိခဲ့ပေမဲ့ မိုးကုတ်မြို့မှာ တဖြည်းဖြည်းနဲ့ ကျောက်တွေကွယ်ပျောက်နေပြီဆိုတဲ့ စကားကို တွင်းပိုင် ပေါ်လင့်ဆီကနေကြားခဲ့ရပါတယ်။

စိတ်ကူးယဉ်အိပ်မက်တွေနဲ့ နွေရာသီချီ တက်ခဲ့တဲ့ ကျွန်တော်ဟာ လမ်းစရိတ်ကို မနည်းရှာပြီး နှစ်လအကျော်ကာလမှာ မြန်မာ ပြည်မြို့တော် ရန်ကုန်မှာ ဆိုက္ကားနင်းတဲ့ဘ၀ ကို ရရှိခဲ့ပါတယ်။

မိုးကုတ်ဆိုတာ သူဌေးမြို့တော်၊ မိုးကုတ် သားဟာ သူဌေး၊ မိုးကုတ်ကိုသွားပြီး အလုပ် လုပ်ရင် ချမ်းသာမယ်ဆိုတဲ့ အတွေးလည်း ပျောက်ခဲ့ရပါတယ်။

အဲဒီအချိန်ကာလကတည်းက မိုးကုတ် မြို့ဟာ ပျက်ယွင်းစပြုနေခဲ့ပါပြီ။ ပိုင်ရှင်တွေ ဟာ သတ်မှတ်တဲ့အခွန်ကိုပေးဆောင်ရင်း တစ် နေ့နေ့တော့ ကျောက်အောင်လေမလား အ တွေးနဲ့ ကြိုးစားနေခဲ့ကြပါသေးတယ်။ ဒါပေမဲ့ လည်း ကျောက်အမှန်တကယ်ထွက်မယ့်နေ ရာ၊ ကျောက်လုပ်ကွက်ကောင်းမယ့်နေရာတွေကို အစိုးရမင်းများက ဟိုအကြောင်းပြ ခြံခတ်၊ ဒီအကြောင်းပြ ခြံခတ်နေခဲ့ကြလို့ လုပ်ကွက် ရှားပြီး ဘာလုပ်စားလို့လုပ်ရမှန်း မသိတဲ့ဘ၀ တွေမှာ ရှိတာလေးထုခွဲရောင်းချလို့ ကိုယ့်မွေး ရပ်မြေဇာတိ မိုးကုတ်ပတ္တမြားမြေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ဧည့်သည်စိတ်ကူးယဉ်သမားအဖြစ် နှစ် လကျော်လောက် ရောက်ခဲ့ရတဲ့ ကျွန်တော်လို လူတောင် တစ်နေ့တော့ ကျောက်အောင်မှာပဲ ဆိုပြီး အိပ်မက်မက်ခဲ့သေးတာပဲ။ ဘိုးဘွားအစဉ် ဆက် ကျောက်အောင်ခဲ့ဖူးတဲ့ မိုးကုတ် သားတွေက ကျွန်တော်တို့ထက် ပိုပြီးစိတ်ကူး ယဉ်နေ ခဲ့ကြမှာပါ။ ဒါပေမဲ့လည်း ဘာမှမတတ် နိုင်တဲ့အဆုံး ဒို့ဘိုးဘွားအမွေနှစ်မို့ ချစ်မြတ် နိုးပေဆိုတဲ့ သီချင်းကိုမေ့ထားပြီး ထမင်းတစ် လုတ်စားရဖို့အတွက် ရေကြည်ရာမြက်နု ရာကို ပြောင်းရွှေ့ လုပ်ကိုင်နေခဲ့ကြရပါတယ်။

ထိုင်းနိုင်ငံနယ်စပ်၊ တရုတ်နိုင်ငံနယ်စပ် တွေမှာ ကြုံသလိုလုပ်ကိုင်စားသောက်နေရတဲ့ မိုးကုတ်မြို့က မြန်မာပြည်သားတွေဟာ တစ် နေ့နေ့တော့ ကျောက်အောင်မှာပဲ၊ သူဌေးဖြစ် မှာပဲဆိုတဲ့ အတွေးမျိုး မတွေးနိုင်တော့ပေမဲ့ မိုးကုတ်မြို့က ကျောက်တွေ ဘယ်လောက် တန်သလဲဆိုတာသိတဲ့ တစ်ဖက်နိုင်ငံသားတွေ ဟာ စစ်အစိုးရလက်ထက်မှာ အာဏာပိုင်တွေ နဲ့ပေါင်းပြီး ကုမ္ပဏီဆိုင်းဘုတ်အမျိုးမျိုးနဲ့ မိုး ကုတ်မြို့ကို အပိုင်သိမ်းပိုက်ထားလိုက်ပါပြီ။

ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ပတ္တမြားတွေ အရောင်လက် တောက်ပနေဆဲပါ။ မိုးကုတ် မြေက အဆီအနှစ်တွေဟာ မြန်မာပြည်သူတွေ များ တူးနေသလားအတွေးနဲ့ ထွက်နေဆဲ ပါပဲ။ မြန်မာ့ အဖိုးတန်ပတ္တမြားမြေ မိုးကုတ်မြို့ဟာ အဘစကားတွေ၊ အဘအမိန့်တွေနဲ့ သိမ်းပိုက် ခံလိုက်ရပါပြီ။

ဘာသာတရားအလွန်ကိုင်းရှိုင်းပြီး သစ္စာ ရှိရိုးသားတဲ့ မိုးကုတ်မြို့ခံတွင်းပိုင်တွေ မွဲတေ ထွက်ပြေးရပေမဲ့ ရိုင်းစိုင်းကောက်ကျစ်ပြီး ငွေ သာလျှင်အဓိကလို့ထင်နေသူတွေ မိုးကုတ်မြေ မှာ အခြေချနေထိုင်လာခဲ့ပေမဲ့ မိုးကုတ်ပတ္တမြား တွေဟာ ထွက်ရှိနေဆဲပါပဲ။ မြန်မာပြည်သူ တွေ အခွန်အခမှန်မှန်ကန်ကန် မရပေမဲ့လည်း တိုင်းတစ်ပါးသားတွေဟာ မိုးကုတ်မြေကို အ ပိုင် သိမ်းဆည်းထားလိုက်နိုင်ပါပြီ။

ကမ္ဘာ့ဈေးကွက်မှာလည်း မိုးကုတ်ပတ္တမြား တွေ ဈေးကောင်းကောင်းနဲ့ အရောင်းသွက် နေ ဆဲပါပဲ။ မိုးကုတ်မြို့သားတွေကတော့ ကြုံ သလိုလုပ်ငန်းနဲ့ ဇာတိမြေကို စွန့်ခွာထွက်ပြေး နေ ရဆဲပဲ ဖြစ်ပါတယ်။

ဒီထက်ပိုသေချာတာကတော့ ကျွန်တော့် တွင်းပိုင်ရှင်သူဌေးသမီးဟာ ပြင်ဦးလွင်မြို့က ကျွန်တော့်အိမ်အနီးမှာ ပန်းစိုက်တဲ့အလုပ်နဲ့ ချွေးမြေကျပြီး အလှတွေကွယ်ပျောက်နေတာ ကို ပြန်လည်တွေ့ဆုံခဲ့ရခြင်းပါပဲ။

တေးရေးအကျော် အကော်ဒီယမ်အုန်း ကျော် (ကွယ်လွန်)ရဲ့ သီချင်းစာသားလေးတွေ ကို ညည်းနေမိတဲ့အခိုက်မှာ ကျွန်တော့်ရင်ထဲကို အမည်မဖော်နိုင်တဲ့ ၀မ်းနည်းကြေကွဲမှုတွေ တရစပ်ရောက်ရှိခံစားနေခဲ့မိပါတယ်။

“ဒီမြေဟာ ငါတို့မြေ၊ ဒို့ဘိုးဘွားတို့အမွေ”
ဟုတ်ပါတယ်။ ဒီမြေ၊ ဒီရေ၊ ဒီတောတောင် နဲ့ ဒီမြေက ထွက်တဲ့ အလွန်ပေါတဲ့ သယံဇာတ တွေဟာ ကျွန်တော်တို့အဘိုးဘွားလက်ထက် ကတည်းက ပိုင်ဆိုင်ခဲ့ကြတာသေချာ ပါတယ်။ ငါတို့မြေကိုတစ်လက်မမှ အကျူးကျော် မခံဆိုတဲ့ ကြေးကြော်သံတွေနဲ့ ကြေးကြော် ခဲ့တဲ့ အစိုးရမင်းများအတ္တကြောင့် မြန်မာပြည် တစ်နံတစ်လျားက ရေမြေတောတောင်ရောင်း စားတဲ့ အထဲမှာ မိုးကုတ်က ပတ္တမြားမြေတွေ လည်း ပါဝင်ခဲ့ရတယ်ဆိုတာ ဘယ်သူတွေက ငြင်းကြလေမလဲ။ အင်မတန်ဝမ်းနည်းဖို့ ကောင်းလှပါတယ်။

မြန်မာဆိုတာ ကမ္ဘာ့ချမ်းသာသူတွေထဲ မှာ တစ်ချိန်ကရှိခဲ့ ပါတယ်။ မြန်မာ့ သစ်တော၊ မြန်မာ့ရေမြေကို အာသာငမ်းငမ်းနဲ့ လိုချင် လွန်းလို့ သိမ်းပိုက်လိုသူတွေ အများအပြား ရှိခဲ့ကြပါတယ်။

မျိုးချစ်၊ မြေချစ်၊ သစ္စာတရားရှိတဲ့ မြန်မာ့ စိတ်ဓာတ်ရှင်သန်တဲ့ခေတ်မှာ နံဘေးသား လောက်ပဲ စားသောက်ခဲ့ရတဲ့ တိုင်းတစ်ပါးသား လူလည်တွေဟာ စစ်အစိုးရလက်ထက်မှာ စား ပိုးနင့်အောင်လာဘ်ထိုးပြီး မြန်မာ့ရေမြေတော တောင်၊ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတတွေကို သိမ်းပိုက်တဲ့အပြင် မြန်မာ့ မြေက မြန်မာစကား၊ မြန်မာစာတွေပျောက် ပြီး တရုတ်စကား၊ တရုတ်စာ၊ တရုတ်ယဉ် ကျေးမှုတွေ ဖုံးလွှမ်းအောင်ဆောင်ရွက်ခဲ့ကြ ပါတယ်။ သခင်မျိုးဆိုတဲ့ မြန်မာဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ ဈေးကွက်အပေါဆုံး ကျွန်နိုင်ငံ အဖြစ်ကို ရောက်ရှိနေခဲ့ရပါပြီ။

မိုးကုတ်မြို့ကိုအကြောင်းခံပြီး ရေးသား တင်ပြနေပေမဲ့ မြန်မာတစ်ပြည်လုံး ဆုံးရှုံးနေ ခဲ့ရတာတွေ အများကြီးရှိနေခဲ့ပါတယ်။ အာ ဏာရှင်တွေရဲ့ ကျေးဇူးရှင်ဆိုသူတွေက ဗန်း မော်၊ ကသာ၊ ငအိုး သစ်တောကြိုးဝိုင်းတွေ ကုန်အောင်သယ်နေခဲ့ကြပြီးပါပြီ။ လွတ်နေတဲ့ နေရာမှာ ကျွန်းအစား ကြက်ဆူပင်နဲ့ ကြံတွေ စိုက်နေခဲ့ရတာ သက်သေပါပဲ။

မြန်မာစစ်အစိုးရလက်ထက်မှာ ပေါ်ထွန်း ခဲ့တဲ့ စာဆိုက၀ိတွေက တိုက်ခန်းနဲ့ ဖုန်းက လေးရရင် ဆောင်ပုဒ်လှလှလေးတွေ ရေးပေး နေခဲ့ကြတာကြောင့် မြန်မာပြည်သူတွေ ဆောင် ပုဒ်ကြားမှာ မျက်စေ့လည်လမ်းမှားပြီး မွဲသည် ထက်မွဲ၊ ဆင်းရဲသည်ထက် ဆင်းရဲနေခဲ့ကြရ ပါတယ်။

ကျောက်ဖြူရေနံ ဓာတ်ငွေ့ပိုက်လိုင်းကြောင့်ပျက်ခဲ့ရတဲ့လယ်တွေ၊ ပျောက်ခဲ့ရတဲ့ရွာတွေ အများကြီးရှိခဲ့ပေမဲ့ အစိုးရရဲ့ကျေးဇူးရှင်တရုတ် တွေက မြန်မာပြည်သူတွေရဲ့ ဦးခေါင်းအထက် မှာ ချေးတက်ပါနိုင်တဲ့ အခွင့်ရေးရရှိနေဆဲဖြစ် ပါတယ်။

မြန်မာရာဇ၀င်ရဲ့ နောက်ဆုံမင်းဆက် နန်း တော်ရှိရာ မန္တလေးမြို့ဆိုတာလည်း မြန်မာ စကားမပြောတဲ့သူတွေ သိမ်းပိုက်ခြေကုပ်ယူ ထားတဲ့ မြို့ဖြစ်နေခဲ့ပါတယ်။

ရန်အပေါင်းကုန်တဲ့ ရန်ကုန်မြို့တော် နေ ရာအနှံ့အပြားမှာလည်း တရုတ်တွေက တစ် ခြမ်းယူ သိမ်းပိုက် လက်ဝါးကြီးအုပ်ထားတယ် ဆိုတာ ဘယ်သူမှငြင်းမရနိုင်တော့ပါဘူး။ ခေတ် အဆက်ဆက် သိက္ခာရှိခဲ့တဲ့ မြန်မာ ပြည်သားတွေဟာ စစ်အစိုးရ(အဘ)လက်ထက် မှာ သိက္ခာမဲ့ခဲ့တဲ့ ကျွန်သာသာဘ၀ကို အတုံး အရုံးရောက်ရှိနေခဲ့ကြရပါပြီ။ အဘ၊ အဘ၊ အဘ လို့ခေါ်တဲ့ခေတ်မှာ မြန်မာ့ရတနာမြေ မိုးကုတ်လည်း ကျရှုံးခဲ့ရပါ ပြီ။

ရတနာပုံနေပြည်တော်လည်း ကျရှုံးခဲ့ရပါ ပြီ။ (ဒဂုံ)ဆိုတဲ့ ရန်ကုန်လည်း ကျရှုံးခဲ့ရပါပြီ ။ မြန်မာပြည်တစ်နှံ့တစ်လျားက ရှိရှိသမျှ သော သက်ရှိသက်မဲ့အရာတွေဟာ အဘတို့ခေတ်မှာ တ ရုတ်လက်ထဲ ရောက်နေခဲ့ရပေမဲ့ ဒါဟာ ငါတို့ကျေးဇူးရှင်ကွလို့ အော်ကြီး ဟစ်ကျယ်ပြော လိုက်တာကြောင့် အဘတို့စီမံတဲ့ အဓိကရုဏ်း တွေ၊ ဘာသာရေး ရန်ပွဲတွေ မှာ မြန်မာပြည် သူ တွေ အာရုံရောက်နေတုန်း ၂၀၁၅ မတိုင်ခင် မြန်မာ့မြေပုံ တစ်ခြမ်းရောင်း ထားတဲ့ ငွေတွေ နဲ့ နောင်ဘ၀ကူးမယ့် အဘတို့ကို စိုးရိမ်နေ မိပါတယ်။

ပတ္တမြားမှန်ရင် နွံမနစ်ဘူဆိုတဲ့ စကားပုံ ရှိခဲ့ပေမဲ့ ပတ္တမြားမြေ မိုးကုတ်ဟာ နွံနစ်နေခဲ့ ရပါပြီ။
ဒီမြေဟာ ငါတို့မြေ၊ ဒို့အဘိုးဘွားတို့မြေ ဆိုပေမဲ့လည်း ကိုယ့်အကျိုးမဟုတ်တဲ့သူတွေ ဟာ အဘတို့ခေတ်မှာ သိမ်းချင်တိုင်းသိမ်း ရိုင်းချင်တိုင်းရိုင်းနေခဲ့ကြပါတယ်။ ညီအစ်ကို အရင်း မဟုတ်တဲ့ အိမ်နီးချင်းတွေ ကိုယ့်အိမ်ထဲဝင်ရိုင်းနေနိုင်တာဟာ အ ဘတို့ ခွင့်ပြု မိန့်ကြောင့် လို့ ပြည်သူတွေအများက သိနေခဲ့ကြပါပြီ။ အဘတို့သက်တမ်းဘယ် လောက်မှ မကျန်တော့တဲ့ အချိန်မှာ ဘာသာ လေးခုတရားနဲ့အညီ နေထိုင်ပြီး လူသားဝါဒ ကျင့်သုံးခဲ့ကြဖို့ လိုအပ်နေပါပြီ။

အဘခေတ်မှာ ပျောက်ဆုံးတော့မယ့် မြန်မာ့မြေပုံကို အဘရဲ့မျိုးဆက်လက်ထဲ မပေးဘဲ ကာရန်တူ အသံတူ အစ်မလက်ထဲ ရဲရဲဝံ့ဝံ့အပ် နှံလိုက်သင့်ပါတယ်။
မိုးကုတ်မြို့က ပတ္တမြားတွေ တိုင်းတစ်ပါး မှာ ရောင်းစားခံနေရသလို မြန်မာတိုင်းရင်း သားအနာဂတ်လူငယ်တွေလည်း တိုင်းတစ် ပါးမှာ ကျွန်ပြုခံနေရဆဲပဲဖြစ်ပါတယ်
အခုလတ်တလော အရေးကြီးဆုံးလုပ်ငန်း ဟာ လူကယ်၊မြေကယ်လုပ်ငန်းဖြစ်ပြီး အဘ တွေကို ဖယ်ရှားသင့်ပြီဖြစ်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။

အတွဲ (၂) အမှတ်စဉ် ၂၀၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။
ကျေးဇူးတင်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။