ခက်ခဲနေတဲ့အချိန်မှာ
သင့်ကိုသင် အားပေးနိုင်တဲ့ နည်းလမ်းများ (အပိုင်း-၁)
==========================
ဘဝလမ်းခရီးဆိုတာ အမြဲချောမွှတ်နေတာမျိုးပဲ မဖြစ်နိုင်သလို အခက်အခဲတွေချည်းနဲ့လည်း ပြည့်နှက်မနေပါဘူး။
အခက်အခဲတွေကြား တခါတလေ ပုခုံးဖက်ပြီး အားပေးမယ့်သူ မရှိတဲ့အချိန်တွေမှာ ကိုယ့်ဘာသာ နှစ်သိမ့် အားပေးတတ်ဖို့ လိုအပ်ပါတယ်။
အခက်အခဲကြား ကိုယ့်ဘာသာကိုယ် ရုန်းထွက်ပစ်နိုင်ဖို့ နည်းလမ်းလေးတွေ အောက်မှာ စုစည်းပေးထားပါတယ်။
၁။ သင့်ကိုယ်သင် ချီးကျူးပါ။
သင်လုပ်ခဲ့တဲ့ အရာအားလုံး အဆင်ပြေခဲ့တဲ့ အကြောင်းအရာတွေရော မပြေခဲ့တဲ့အရာတွေအတွက်ပါ သင့်ကိုသင် အားရကျေနပ်ပြီး ချီးကျူးပါ။ သင့်ကိုသင် အထင်သေးနေတယ်ဆိုရင်တော့ ပိုပြီး စိတ်ဓါတ်ကျဖို့ လွယ်ကူစေနိုင်ပါတယ်။
၂။ ကောင်းတဲ့အရာတွေကို လုပ်ပါ။
တခါတလေ အလှပြင်ဆိုင်မှာ တနေ့လုံး အချိန်ကုန်ရမယ့်အစား ကိုယ့်ခံစားချက်တွေကို ပိုပြီးပေါ့ပါးသွားအောင် သူတစ်ပါးကို ကူညီပေးလိုက်ပါ။ ကိုယ့်ထက် အခြေအနေ ပိုဆိုးတဲ့သူတွေကို ကူညီပေးလိုက်ခြင်းကနေ သင်ဟာ တန်ဖိုးရှိတဲ့လူဖြစ်ကြောင်း ပိုပြီး သတိထားမိသွားပါလိမ့်မယ်။
၃။ သင်နှစ်သက်တဲ့ သီချင်းတွေကို နားထောင်ပါ။
ကိုယ်အရမ်းကြိုက်တဲ့ သီချင်းတွေကို နားထောင်ပြီး အနားယူခြင်းဟာ ကိုယ့်ကိုယ်ကို အားရှိအောင် ဖန်တီးနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းတွေထဲက အကောင်းဆုံးတစ်ခုပဲ ဖြစ်ပါတယ်။
၎။ အားပေးတဲ့ စကားစုကို မြင်သာတဲ့နေရာတွေမှာ ကပ်ထားပါ။
ကိုယ်တိုင်သေချာမြင်နိုင်မယ့် နေရာတွေမှာ ပညာရှင်တွေရဲ့ ဘဝကို အရှုံးမပေးဖို့ အားပေးတဲ့ စကားစုတွေကို စုစည်းပြီးတော့ ကပ်ထားသင့်ပါတယ်။ ဥပမာ- ရေခဲသေတ္တာ၊ အိပ်ခန်းတံခါး၊ မှန်အနားတွေမှာ ကပ်ထားပါ။
၅။ ဟာသတွေ ပြောပါ။
အခက်ခဲဆုံး ရက်တွေကို ဖြတ်သန်းနေရင်တောင် သင်ဟာသတွေလုပ်ပြီး ရယ်မောနေမယ် ဆိုရင်တော့ ဒီပြဿနာကြားကနေ သင်အလွယ်တကူ ရုန်းထွက်နိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကို ကြည့်ပြီး ရယ်မောနေဖို့ မတွန့်ဆုတ်ပါနဲ့။
ကောင်းမွန်တဲ့ စိတ်ထားက ဘယ်သူ့ကိုမှ အန္တရယ်မပြုနိုင်ပါဘူး။
Ref:en.amerikanki.com
.
.
Trend Myanmar
============
သင့်ကိုသင် အားပေးနိုင်တဲ့ နည်းလမ်းများ (အပိုင်း-၁)
==========================
ဘဝလမ်းခရီးဆိုတာ အမြဲချောမွှတ်နေတာမျိုးပဲ မဖြစ်နိုင်သလို အခက်အခဲတွေချည်းနဲ့လည်း ပြည့်နှက်မနေပါဘူး။
အခက်အခဲတွေကြား တခါတလေ ပုခုံးဖက်ပြီး အားပေးမယ့်သူ မရှိတဲ့အချိန်တွေမှာ ကိုယ့်ဘာသာ နှစ်သိမ့် အားပေးတတ်ဖို့ လိုအပ်ပါတယ်။
အခက်အခဲကြား ကိုယ့်ဘာသာကိုယ် ရုန်းထွက်ပစ်နိုင်ဖို့ နည်းလမ်းလေးတွေ အောက်မှာ စုစည်းပေးထားပါတယ်။
၁။ သင့်ကိုယ်သင် ချီးကျူးပါ။
သင်လုပ်ခဲ့တဲ့ အရာအားလုံး အဆင်ပြေခဲ့တဲ့ အကြောင်းအရာတွေရော မပြေခဲ့တဲ့အရာတွေအတွက်ပါ သင့်ကိုသင် အားရကျေနပ်ပြီး ချီးကျူးပါ။ သင့်ကိုသင် အထင်သေးနေတယ်ဆိုရင်တော့ ပိုပြီး စိတ်ဓါတ်ကျဖို့ လွယ်ကူစေနိုင်ပါတယ်။
၂။ ကောင်းတဲ့အရာတွေကို လုပ်ပါ။
တခါတလေ အလှပြင်ဆိုင်မှာ တနေ့လုံး အချိန်ကုန်ရမယ့်အစား ကိုယ့်ခံစားချက်တွေကို ပိုပြီးပေါ့ပါးသွားအောင် သူတစ်ပါးကို ကူညီပေးလိုက်ပါ။ ကိုယ့်ထက် အခြေအနေ ပိုဆိုးတဲ့သူတွေကို ကူညီပေးလိုက်ခြင်းကနေ သင်ဟာ တန်ဖိုးရှိတဲ့လူဖြစ်ကြောင်း
၃။ သင်နှစ်သက်တဲ့ သီချင်းတွေကို နားထောင်ပါ။
ကိုယ်အရမ်းကြိုက်တဲ့ သီချင်းတွေကို နားထောင်ပြီး အနားယူခြင်းဟာ ကိုယ့်ကိုယ်ကို အားရှိအောင် ဖန်တီးနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းတွေထဲက အကောင်းဆုံးတစ်ခုပဲ ဖြစ်ပါတယ်။
၎။ အားပေးတဲ့ စကားစုကို မြင်သာတဲ့နေရာတွေမှာ ကပ်ထားပါ။
ကိုယ်တိုင်သေချာမြင်နိုင်မယ
၅။ ဟာသတွေ ပြောပါ။
အခက်ခဲဆုံး ရက်တွေကို ဖြတ်သန်းနေရင်တောင် သင်ဟာသတွေလုပ်ပြီး ရယ်မောနေမယ် ဆိုရင်တော့ ဒီပြဿနာကြားကနေ သင်အလွယ်တကူ ရုန်းထွက်နိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကို ကြည့်ပြီး ရယ်မောနေဖို့ မတွန့်ဆုတ်ပါနဲ့။
ကောင်းမွန်တဲ့ စိတ်ထားက ဘယ်သူ့ကိုမှ အန္တရယ်မပြုနိုင်ပါဘူး။
Ref:en.amerikanki.com
.
.
Trend Myanmar
============
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။