Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, July 11, 2014

ကျွန်တော်တို့ သိသင့်တဲ့ ကျွန်တော်တို့ အကြောင်း

ကျွန်တော် မလေးရှားကို ၁၉၉၃ မှာရောက်ပါတယ်..
တကြိမ်တခါမှမြန်မာနိုင်ငံကို မပြန်ဖြစ်သေးပါဘူး...
ကိုယ်ရေးကိုယ်တာ...
အကြောင်းအမျိုးမျိုးကြောင့်ဆိုပါတော့....

.
.
ကျွန်တော်မလေးရှားမှာနေထိုင်ခဲ့တဲ့....

နှစ်၂၀ ကျော်ကာလအတွင်းမှာ....
တရားဝင် နေထိုင်ခဲ့ဘူးသလို....
အထောက်အထားမဲ့စွာ တရားမဝင်နေထိုင်ခဲ့ရတဲ့နှစ်တွေလည်းရှိခဲ့ပါတယ်....
ခိုးကြောင်ခိုးဝှက်နေခဲ့ရတဲ့နှစ်တွေကပိုများပါတယ်...
.
.
ကျွန်တော်တို့ဒီမှာနေထိုင်ကြတဲ့အခါ....
တရားမဝင်နေထိုင်သူတွေကို...
စစ်ဆင်ရေးအသွင်ဖမ်းဆီးမှု့တွေ ကြိမ်ဖန်များစွာကြုံခဲ့ကြရပါတယ်....
.
.
အဲဒီလိုကြုံကြရတဲ့အခါ...
မြန်မာနိုင်ငံသားမှန်ရင်...အစုတစ်စုဖွဲ့ပြီး
ကြမ်းခင်းမှာထိုင်ကြရပါတယ်...
မည်သည့်ဘာသာကိုးကွယ်ပါစေ...
အားလုံးကမြန်မာနိုင်ငံသားတွေအနေနဲ့ တစုတဝေး
နေပေးကြရပါတယ်...
ပေးတဲ့အပြစ်ကိုလည်း...တပြေးညီခံယူကြရပါတယ်...
.
.
အဲဒီလိုစစ်ဆင်ရေး အသွင် ဖမ်းဆီးမယ်လို့ အသံ
ကြားတဲ့အခါ ကျွန်တော်တို့ဟာ စိုးရိမ်ထိပ်လန့်စွာ
ဆောက်တည်ရာမရဖြစ်ကြရပါတယ်....
ရေနှုပ်မြောင်းတွေထဲသွားအိပ်ကြရပါတယ်...
တောတွေထဲဝင်အိပ်ကြရပါတယ်...
အဆောက်အဦးတွေရဲ့ခေါင်မိုးတွေပေါ်တက်အိပ်ကြရပါတယ်....
မျက်နှာကျက်တွေထဲဝင်အိပ်ကြရပါတယ်.....
စိုးရိမ်ထိပ်လန်ခြင်းကြီးစွာနဲ့ပါ...
.
.
ဒီလောက်စိုးရိမ်ထိပ်လန့်နေပေမဲ့လည်း...
ကံမကောင်းအကြောင်းမလှလို့ အဖမ်းခံရတဲ့အခါ
ထိမ်းသိမ်းရေးစခန်းတွေခေါ်သွားခြင်းခံရပြီး...
အထိမ်းသိမ်းခံ တယောက်ရဲ့ ရသင့်တဲ့အစား
အသောက်အနေအထိုင်နဲ့ နေထိုင်ကြရတာပါ...
ဒါတောင်မှပဲ ကျွန်တော်တို့တတွေ အဖမ်းအဆီးရှိလာတဲ့အခါမျိုးမှာ သွေးပျက်မတတ်ကြောက်ကြပါတယ်....
ပြေးကြလွှားကြ....ရှောင်ကြပုန်းကြနဲ့ပါ...
အသတ်မခံရဘူးဆိုတာသိပါတယ်....
ကျွန်တော်တို့နေတဲ့အိမ်မီးနဲ့မရှိ့ဘူးဆိုတာသိပါတယ်...
.
.
ဒါပေမဲ့...
အအိပ်ပျက်....အစားပျက်....အလုပ်ပျက်ပါပဲ...
လမ်းသွားလို့ နောက်က ကားသံကြားရင်လှည့်မြုကည့်ရဲပါဘူး....
ဆိုင်ကယ်သံကြားရင်လှည့်မကြည့်ရဲပါဘူး....
ရင်တထိပ်ထိပ်နဲ့ ဒူးတုန်ခြေတုန်လျှောက်ရင်း
ကားတွေဆိုင်ကယ်တွေကျော်သွားမှ သက်ပြင်းချနိုင်တာပါ....
ရဲကား....ရဲဆိုင်ကယ်တို့သည် အချိန်မရွှေးကျွန်တော်တို့ကို ဘဝပြောင်းပေးနိုင်သည်ပဲ....
လျှပ်စစ်မီးအလျှံပါယ်ရနေတဲ့ မလေးရှားရဲ့ မြို့ပြည
တွေမှာ...မီတာအောက်မှာတတ်ဆင်ထားတဲ့ ဖြုးစ်
ကိုဖြုတ်...မီးအမှောင်ချ .... လူမနေတဲ့ အိမ်ပုံစံဖမ်း...ဖိနပ်တွေအထဲထည့်....အိမ်ရှေ့ အမှိုက်မလှည်းပဲထား....ညဏ်ကစားပြီး...တထိပ်ထိပ် အိပ်ခဲ့ရတာတွေလည်းအကြိမ်ကြိမ်ပါ.....
အထက်မှာပြောခဲ့သလို အဖမ်းခံရရုံ ကိုပဲထိပ်လန်စွာ.....
.
ကြုံဘူးသူတွေမှသိကြမှာပါ....
.
.
မည်သူမပြုမိမိမှု့မဟုတ်ပါလား....
သူတပါးတိုင်းပြည်ထဲ သူတို့ဥပဒေကိုချိုးဖောက်...
ကိုယ်တိုင်က လာပြီးရှာဖွေစားသောက်မိတော့တာကိုး...
.
.
ခုတော့...နေထိုင်ခွင့်အထောက်အထားပြည့်စုံစွာ
အိပ်ရေးဝခဲ့ပြီ...
မိတ်ဆွေသင်္ဂဟတွေတိုးလို့...အနေလည်းသာသင့်သလောက်သာခဲ့ပြီ....
သို့တောင်အောင် ချောက်အိမ်မက်တွေက တခါတရံမက်ဆဲ....
အိမ်မက်ထဲ....ပြေးနေမိဆဲ....ချောင်တခုခုမှာခိုမိနေဆဲ....ရေတိုင်ကီထဲ နှာခေါင်းလေးဖော် ပြီးနေမိဆဲ...တိုင်ကီထဲနေတယ်သာပြောရ......
နိုးလာတော့....ချွေးတွေကရွှဲ....
ပြန်တာပဲကောင်းပါတယ်....
ကိုယ်ပြည်ကိုယ့်ရွာ ထမင်းတလုပ် မခက်လောက်ပါဘူး...
တနေ့၂နပ်တော့လူတိုင်းစားနေနိုင်တာပဲ....
ဟင်းမကောင်းတာ...အသားမစားနိုင်တာ...
အကြောင်းမဟုတ်ပါဘူး...ရယ်လို့..
အံခဲကာစိတ်ထဲကြံစည်ကြည့်တုန်း...
တနပ်လျှော့စားပါဆိုတာမျိုးတွေကြားရပြန်တော့လည်း
နပ်မှန်တဲ့နေရာက မခွာဖြစ်ပြန်ဘူး..... 
.
.
ကိုယ်တွေရောက်ခါစ .....
မလည်မဝယ်ဘဝတွေလည်းကြုံခဲ့ဘူးသမို့..
လည်လည်ဝယ်ဝယ်ရှိလာတဲ့အချိန် ...
မလည်မဝယ်...မျက်စိသူငယ်..နားသူငယ်တွေအရေး
တွေးပြီးလုပ်နိုင်တာလေးတွေလုပ်ပေးရင်း...
နေလိုက်ကြဦးစို့ရယ်လို့ တွေးမိ တာကလည်းတကြောင်းပေါ့ .....
အထက်မှာရေးခဲ့သလို ကြုံတွေ့ခဲရတာတွေကိုပင်
လျှင် ထိပ်လန့်စွာ အအိပ်အစားပျက်ခဲ့ဘူးပါသောကြောင့်....
.
.
ယနေ့....
.
.
မြန်မာနိုင်ငံသားရယ်လို့....
မြန်မာပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့...
ကိုးကွယ်ယုံကြည်ရာ ဘာသာမတူညီယုံမျှသော
လူနည်းစုမြန်မာနိုင်ငံသားဘာသာခြားများ၏...
ကြုံတွေ့နေရသော အခက်အခဲများ.....
စိုးရိမ်ထိပ်လန့်မှု့များ....အား ကိုယ်ချင်းစာမိစွာ...
ဤစာကိုရေးပါ၏.....
.
.
ပြည်ပတွင် အတိဒုက္ခရောက်လွန်းမက ရောက်လျှင်
ကျွန်တော်ပြန်စရာ ပြည်မြန်မာရှိပါသည်....
.
.
မြန်မာနိုင်ငံသား..ဘာသားခြားဟု ခင်ဗျားတို့ဆိုသူ
ထိုသူတို့အား...မည်သူက နိုင်ငံသားအဖြစ်လက်ခံမည်နည်း....
ဘာသာတူ၍ အခြါတိုင်းပြည်တွင်
မှတ်ပုံတင် အလွယ်တကူ မည်သုမှ မရနိုင်ပါ....
UN လိုအဖွဲ့အစည်းမျိုးသည်လည်း အလုံးစုံကူညီနိုင်မည်မဟုတ်ပါ....
ထိုသူတို့ပြည်တွင်းတွင် ဒုက္ခရောက်နေကြ၍မည်သို့
သွားကြရမည်နည်း....
.
.
ကိုမျိုးသစ်ကိုမျိုးချစ်တို့အားလည်းမေးလိုပါသည်...
၎င်းတို့အားသင့်တင့်လျှောက်ပါတ်၍၎င်းးတို့လက်ခံမည့် မည်သည့်နေရာ...နိုင်ငံသို့ ရွှေ့ပြောင်းပေးပါမည်ဟု အစီအစဉ်ကောင်းများရှိပြီးပါပြီလား....
.
.
အလားတူ....
ကမ္ဘာ အနှံ့ပြန့်ကျဲလျှက်ရှိသော မိမိတို၏ နိုင်ငံသားများအား အနရယ်ကင်းစွာ အမိမြန်မာနိုင်ငံသို့
ပြန်လည်ခေါ်ဆောင်နိုင်ရန် အစီအစဉ်ကောင်းများရှိပြီးပါပြီလား.....
.
.
ယ္ခုအခါ...
ရွာသည်....ကမ္ဘာအကြောင်းသိနိုင်ပြီး....
ကမ္ဘာသည်ရွာ တရွာ ကဲ့သို့ဖြစ်လာချိန်ကြကာမှ
ထိုးကွင်းထနေကြခြင်းသည်....ရူးသွတ်ခြင်းသာဖြစ်ပါလိမ့်မည်......
စာလည်းရှည်ခဲ့ပြီ....
ပြောခြင်သည်များကားရင်နှင့်အပြည့်....
ကုန်မည့်မထင်.....
မပြောတတ်ခြင်းလည်းပါလိမ့်မည်....
.
.
တခုတော့မပြောမပြီး....မတီးမမြည်မို့ပြောခဲ့ပါမည်..
ကျွန်တော်မလေးရှာတွင်နေ၍ အသတ်ခံရမည်စိုးရိမ်၍ ဤစာကိုရေးခြင်းမဟုတ် ဟူသည်အား သံသယ
ကင်းစေခြင်ပါသည်.....
လူသည်တခါတော့မဖြစ်မနေသေရပါမည်....
၉၆ပါးရောဂါဖြင့်သော်၎င်း....
သူတပါး၏ပရောဂဖြင့်သော်၎င်း သေကြရပေမည်...
မလေးရှားတွင်ပြီးခဲ့သည့်နှစ် ပြဿနာများဖြစ်ခဲ့စဉ်ကပင်....
မိဘဆွေမျိုးများနှင့်မိတ်ဆွေအပေါင်းအသင်များက
မြန်မာပြည်ပြန်ရန်တိုက်တွန်းခဲ့ပါသည်....
.
.
ယ္ခုတကြိမ်တွင်လည်း တိုက်တွန်းကြပါသည်....
မပြန်လိုပြီ ...
စီးပွားရှာရာတွင် တကျပ်ရင်း၍ တကျပ်မြတ်လျှင်ပင်
လုပ်သင့်သောစီးပွားဟူ၍ကျွန်တော်တို့သုံးသတ်
လုပ်ဆောင်ကြပါသည်....
လု့အသိုင်းအဝိုင်းတွင်လည်း...လူမူ့သူမူ့ကောင်း
ကျိုးပြုရာတွင်....တကျပ်ရင်း၍ တရာမြတ်နိုင်သည်များရှိပါသည်....
ပြည်ပရောက်မြန်မာနိုင်ငံသားများအတွက်၎င်း...
ပြည်တွင်းရှိ လူနည်းစုဘာသာခြားများအတွက်၎င်း...
ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ကူညီသွားခြင်ပါသည်....
.
.
ယ္ခုလက်ရှိပြည်တွင်း၌ လူနည်းစုဘာသာခြားများအပေါ်
ပစ်မှတ်ထား နိုင်ငံရေးကစားသူများရှိခဲ့လျှင်၎င်း...
ပြည်တွင်းနေဘာသာခြား လူနည်းစုအား...
အမုန်းပွားအာဃာတ ထားသူများအား၎င်း....
ပြည်ပရောက်မြန်မာများအပေါ် အငြိုးထား အမုန်းပွားသူများအား၎င်း ......
မေတ္တာရပ်ခံလိုပါသည်.....
တုံ့ပြန်လက်စားချေလိုခြင်းများ သင်တို့ရင်တွင်း
ကိန်ူအောင်းနေခဲ့သည်ဆိုပါလျှင်....
တုံပြန်လက်စားခြေခြင်းကြောင့်....အပျက်အစီးအဆုံးအရှုံးများဖြင့်သာ ဘက်နှစ်ဖက်လုံးရင်ဆိုင်ကြရမည်အား သတိချပ်ရင်း...
ငြိမ်းချမ်းသာယာ....ချစ်ကြည်စွာ ဆက်လက်၍ လက်တွဲနေထိုင်နိုင်ရေး ကြံစည်ကျိုးစားအားထုပ်ကြပါစို့
လား ဟု နိုးဆော်ရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား......။
.
 ♡  ♡  ♡  ♡  ♡ အောင်(နီလိုင်း)
 ♡  ♡  ♡  ♡  ♡ ၁၂ .၇.၂၀၁၄

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။