Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 6, 2014

အာစရိ(လေးဖြူ) ရဲ့ ပွင့်ပွင့်လင်းလင်း အင်တာဗျူး (၂၀၀၉)

အာစရိ(လေးဖြူ) ရဲ့ ပွင့်ပွင့်လင်းလင်း အင်တာဗျူး (၂၀၀၉)
******************************************************

အဆိုတော် လေးဖြူသည် ဂီတလောကသို့ ၁၉၉၄ ခုနှစ်မှစ၍ “ကန္တာရလမင်း” စီးရီးဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ၎င်းစီးရီးမှ စတင်၍ Iron Cross တေးဂီတဝိုင်း၏ ပင်တိုင် အဆိုတော် အဖြစ် ပြည်တွင်း ပြည်ပ စင်တင်ပွဲ များစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။ တကိုယ်တော်စီးရီး ၁၃ ခွေထွက်ခဲ့ပြီး မျိုးကြီး၊ အငဲတို့နှင့်အတူ “ရာစုသစ်” “
LMN” စီးရီးများ ထွက်ခဲ့သည်။ လေးဖြူသည် IC ၁၅ နှစ်ပြည့် အထိမ်းအမှတ် စင်တင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီး နောက်ပိုင်း ၄ နှစ်ကျော်ခန့်စတိတ်ရှိုးများတွင် လုံးဝသီဆိုခြင်း မပြုတော့ဘဲ ယခု ၂၀၀၉ နှစ်ဆန်းတွင်မှ ပြန်လည် သီဆို ခြင်းဖြစ်သည်။ ၂၀၀၈ နှစ်ကုန်ပိုင်းတွင် ၎င်း၏ ကိုယ်ပိုင်သံစဉ် “ဘင်္ဂလားပင်လယ်အော်” စီးရီးထွက်ခဲ့သည်။ မတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် IC အဖွဲ့သားများ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့နှင့်အတူ စင်တင်ပွဲ ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိနေစဉ် ဧရာဝတီ မဂ္ဂဇင်းက အဆိုတော် လေးဖြူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ ကိုလေးဖြူ နောက်ဆုံးထွက်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ် စီးရီး ဘင်္ဂလားပင်လယ်အော် (BOB) ကို ကိုလေးဖြူရဲ့ ရော့ခ်ပရိသတ်တွေက ပျော့တယ်ပြောကြတယ်။ ဘာကြောင့် ဒီလို သီချင်းအပျော့လေးတွေကို ရွေးလုပ်တာပါလဲ။

ဖြေ။ ။ တကယ်တမ်းကျတော့ ကျနော်သီချင်းဆိုလာတဲ့ ဒီ ၁၅ နှစ်တာသက်တမ်းမှာ တနိုင်ငံလုံးက ကျနော့်ပရိသတ် တွေနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ကြည့်မိတယ်။ ကျနော့်ပရိသတ်တွေက IC အဖွဲ့ကို အများကြီး ထောက်ပံ့ခဲ့တယ်။ ကျနော်တို့ကို သူတို့က အားပေးလာတယ်။ ဒီနောက်ပိုင်းမှာ ကျနော်တို့ လိုက်ဖ်စတိုင်တွေပြောင်းလဲ .. ဘဝ အသက်ရှင်တဲ့ ပုံစံတွေ ပြောင်းလဲခဲ့တယ်။ အရင်တုန်းက မရဘူးတဲ့ အတွေးအမြင်တွေလည်း ရခဲ့တယ်။ ပိုပြီး ကျယ်ပြန့်တဲ့ အသိအမြင်တွေလည်းရခဲ့တယ် .. ။ ကျနော်တို့ကို သူတို့က အားပေးကြတာကိုး။ ကျနောတို့ထွက်လာတဲ့ စီးရီးတွေပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုတွေကို မြင်ရတယ်။

ဒီအချိန်မှာ ကျနော်တို့အစစ အရာရာ ခက်ခဲတယ်လေ။ ဒဏ်ရာတွေနဲ့ကမ္ဘာကြီးပေါ့ .. အရှေ့ကော အနောက်ကော တကမ္ဘာလုံးကို ပြောတာပါ။ တောမီးလောင်တဲ့သူရှိတယ်၊ ရေကြီးတဲ့သူရှိတယ်၊ တံတားကျိုးတဲ့သူရှိတယ်။ ငတ်မွတ်ခေါင်းပါးတဲ့၊ အစာရေစာ ပြတ်လပ်တဲ့သူတွေရှိတယ်။ ကုမရတဲ့ ရောဂါတွေ ဖြစ်နေတယ်။ ဒီကမ္ဘာကြီးက ဒုက္ခရောက် နေတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ကျနော်ထွက်မယ့် အခွေထဲမှာပါတဲ့ သီချင်းလေးတွေက သူတို့ကို တထောင့် တနေရာကနေ အေးချမ်းသွားစေချင်တယ်။ ဒါကြောင့် သီချင်းအမျိုးအစားတွေကို သေချာရွေးချယ် ခဲ့တာပါ။
ဒါကို အမျိုးအစား ခွဲခြားပြီး ပျော့တယ်လို့ ပြောကြ၊ သုံးသပ်ကြတာတွေနဲ့ပတ်သက်လို့တော့ နည်းနည်း ပြောချင်တယ်။ ကျနော့် ရည်ရွယ်ချက်ကိုတော့ ခုနက ပြောပြီးပြီ။ ကျနော်တို့ခု နောက်ပိုင်း Recording System တွေ ကျနော်တို့သုံးတဲ့ ကြားခံ ပစ္စည်း Equipment တွေက မြန်မာပြည်မှာ ထိပ်ဆုံးဆိုတဲ့ ထဲမှာ ပါပါတယ်။ အဲဒီမှာ ကျနော်တို့က တခွေနဲ့တခွေ Splendid ဖြစ်ဖို့၊ ကွဲပြားဖို့၊ Perfect ဖြစ်ဖို့မတူဖို့ ပုံစံတွေ ကွဲပြားဖို့ ကြိုးစားရတယ်။ အဲဒီမှာ ခု တိုးတက်နေတဲ့ ခေတ်ရဲ့အသီးအပွင့်ရှိတယ်၊ နောက် ညီလေး (ချစ်စမ်းမောင်) ရဲ့ ကြိုးစားမှုပေါ့လေ .. ။ အဲဒီမှာ ၁၀၀ ရာခိုင်နှုန်း ဒီဂျစ်တယ် ဖြစ်လာတဲ့ အနေအထားမှာ အသံတွေက ရော့ခ်ရဲ့ ပင်မဇစ်မြစ်ဖြစ်တဲ့ Analogue ထဲကနေ နည်းနည်းတော့ သွေသွားတဲ့ သဘော ရှိတယ်။ ဒါပညာရှင်စကားပြောတာပါ .. ။

ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ နည်းနည်းညက်ညောတဲ့ ဘက်ကို ပါသွားတယ်။ ဒါပေမယ့် ကျနော်စိန်ခေါ်တာတော့ မဟုတ်ဘူး .. နည်းနည်း တီးပြီး ဆိုကြည့်လိုက်ပါ .. ။ အသက်သာကြီးထဲကတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဖွဲ့စည်းပုံ ပုံစံ .. ဖွဲ့စည်းပုံ ပုံစံဆိုတာဂီတစတိုင်နဲ့မဆိုင်ဘူးနော်။ Composition, Trend တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့က ရပ်နေလို့မရဘူး တကမ္ဘာလုံးက သွားနေတဲ့ လမ်းကြောင်း ရှိတယ်။ ဥပမာ - ရသေ့တောင်နားရောက်ရင် ငါးခြောက်ဝယ်ရသလို၊ ခွေးရုပ်ဘူတာနားရောက်ရင် ထမင်းစားရမယ် .. အဲလိုပေါ့လေ။

ဒါတွေက Tools တွေလေ။ ဒါတွေကို သုံးကို သုံးရပါတယ်။ အဲလို အဆင့်မြင့်ပစ္စည်းတွေကို သုံးတဲ့ အခါကျတော့ ကျနော်တို့အဆိုတွေ အတီး color တွေ .. ရှိတယ်။ လူတွေပြောချင်တာ color ကို ပြောတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တောင် ပြောဖူးသေးတယ် ခုခေတ်လူတွေက ဂစ်တာ မကိုင်မကြတော့ဘူး ..။ ပါဝါ အွန်ပြီး တာနဲ့မိုက်ကရိုဖုန်းကို တန်းကိုင်ကြတဲ့အခါကျတော့ နောက်ပိုင်း လူငယ်တွေမှာ Music ခံစားချက် တွေက အရင်လောက်သိပ် မပြင်းထန်ဘူး။ နည်းနည်း ကျတဲ့ ဘက်ကိုရောက်နေတယ်လို့ ပြောရမယ်။ အရင်ကလောက် မထွက်ပေါ်လာဘူး .. ။ အဲလိုကျလာတဲ့ အချိန်မှာ ကျနော်ကတော့ သေသေချာချာကို ပြောရဲတယ် ဒီ ပျော့တယ်ဆိုတာက ဘာကို ပြောတာလဲ အသေးစိတ် သေချာကြည့်ရင် ကျနော်တို့ ခဲရာခဲဆစ် လုပ်ထားရ တာတွေ အများကြီးပါ။
ခုနောက်ပိုင်း ကျနော်နည်းနည်း လက်ခံလာတဲ့ ဒဿနက တမျိုးပေါ့လေ။ ကျနော့် အသက်အရွယ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကျနော် စဆိုတုန်းက ၂၈ နှစ်ပဲ ရှိသေးတယ်ဗျ။ ခု ၄၄ နှစ်လေ။ ကျနော့် ခံစားမှုလည်း ပြောင်းသွားတယ်။ ဒီအချိန်မှာ ကျနော်ခံစားရသလို ရိုးရိုးသားသား လုပ်ပြချင်တာပဲ ရှိတော့တယ်။ ဒီ အသက်အရွယ်မှာ Target တခုထားပြီး ချဉ်းကပ်တာမျိုး၊ အတင်းလုပ်ယူပြီးမှ ရတဲ့ဟာမျိုးတခုကို မလုပ်ချင် တော့ဘူး။ သဘာဝကျကျ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုချင် တော့တယ်။ နှေးချင်တော့ နှေးလိမ့်မယ် .. ဒါပေမယ့် ဘယ်သူ့မှ မနာမကျင်၊ ဘယ်သူ့မှကို မထိခိုက် စေဘဲနဲ့ကိုယ်လိုချင်တဲ့ဟာဆီ သွားတဲ့နည်းကို ပိုပြီးတော့မှ ရဲရင့်တယ်လို့ ယူဆတယ်။ ဘယ်လောက်ပဲ နိုင်ငံရေး စစ်ပွဲတွေ ဖြစ်နေပါစေ အာဂျင်တီးနားဘက်က သီချင်းတွေ ကောင်းတာပဲ။ ဘယ်လောက်ပဲ စီးပွားရေး ခက်ခဲ နေပါစေ အာဖရိက Music က ကမ္ဘာမှာ ၁ ကနေ ၅ ထဲမှာ ဝင်တာပဲ။
ပတ်ဝန်းကျင်က ဖိအားတွေရှိလိမ့်မယ် ဒါပေမယ့် အဲဒီဒဏ်တွေ ခံပြီးတော့ထွက်ပေါ်လာတာက ပိုပြီး ရဲရင့်တယ်လို့ ကျနော်ယူဆတယ်။ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ နေပြီးဖြေရှင်းကြတဲ့ နည်းကို ကျနော်တို့ပိုပြီး နှစ်သက်ပါတယ်။

မေး။ ။ မြန်မာပြည်ရဲ့ ဂီတဈေးကွက်ပျက်ရတဲ့ အကြောင်းရင်းက ခိုးကူးခွေ တခုတည်းကြောင့်လို့ပြောလို့ရပါသလား။

ဖြေ။ ။ ဒီကိစ္စတွေ ပြောရရင် စာမျက်နှာ ၂၀ လောက်ဖြစ်သွားလိမ့်မယ်။ ပြောရရင်တော့ ကျနော်တို့တိုင်းပြည်က Privacy အလေ့အထ နည်းသေးတဲ့ သဘောရှိတယ်။ Intellectual Property ကို ဘယ်နေရာမှာထားရမယ်ဆိုတဲ့ အသိအမြင် ဗဟုသုတ ကျနော်တို့နိုင်ငံမှာနည်းပါသေးတယ်။ အဲဒါကပဲ ပိုပြီး ဒုက္ခရောက်စေတယ်လို့ထင်ပါတယ်။ ပညာပေးပြီးတော့ အချိန် ကာလလေး တခုကို စောင့်ရမယ့် သဘော ရှိတယ်။ အနုပညာဈေးကွက်မှာ ပျက်စီးကြတယ်ဆိုတာက အမျိုးမျိုးပေါ့လေ။ ဖန်တီးတဲ့သူဘက် ကလည်း အပြစ်ရှိတာမျိုးရှိတယ်၊ ဝယ်ယူစားသုံးကြသူတွေဘက်က စည်းကမ်းမရှိတာတွေ အများကြီးပဲ။ ခု ကာလက ရှားပါးတဲ့၊ ခက်ခဲတဲ့ကာလမို့လို့ ခိုးလုပ်ကြတာတွေ၊ မသမာတဲ့သူတွေ လက်ချက်လည်း ပါပါတယ်။ ပြောရမယ် ဆိုရင်တော့ အများကြီးပဲ။ ခေါင်းစဉ်ကတခုတည်း တပ်လို့မရပါဘူး။

မေး။ ။ ခု BOB ကကော စီးပွားရေးအရ အောင်မြင်ရဲ့လား။

ဖြေ။ ။ အဆင်ပြေပါတယ်။ ကျနော့်ပရိသတ်တွေက ကျနော်တို့ဘယ်လိုသဘောထားရှိတယ် ဆိုတာ သိကြတာများပါတယ်။ ကျနော်တို့အဖွဲ့ အားသာတာ အဲဒါလေးပေါ့နော်။ ကျနော်တို့အဖွဲ့ ဘယ်လိုဖီလင် ရှိတယ် ဆိုတာ သိတာများတယ်။ ကျနော်တို့ရင်ခုန်သံနဲ့သူတို့ ရင်ခုန်သံ သိပ်မဝေးဘူး။ သူတို့ ဝယ်ကြ ပါတယ်။ တချို့ဆို ပါကင်တောင်မဖွင့်ဘူး ဝယ်သိမ်းကြတယ်။ တချပ်ကို နားထောင်တယ် တချပ်ကို သိမ်းထားကြတယ်လို့ ပြောတယ်။ ဒီလိုဝယ်သိမ်းရတာကိုလည်း ဂုဏ်ယူကြတယ်။ တချို့နေရာမှာလည်း ရှိတော့ ရှိမှာပေါ့။ ဒါပေမယ့် နည်းပါတယ်။ တကယ်ပြောရရင် ဘယ်လိုနည်းနဲ့တွက်တွက် ကျနော်တို့နိုင်ငံမှာ အနုပညာ ပစ္စည်းရပိုင်ခွင့်က အရမ်းနည်းတယ်။ ဘယ်လိုတွက်တွက် အနုပညာသမားတွေက ဒီထက် အများကြီး ရသင့်ပါတယ်။ ဒါ လောဘကြီးလို့ပြောတာ မဟုတ်ပါဘူး။ ကျနော်က နေနိုင်ပါတယ်။ ဖြစ်သင့်တာ ပြောတာပါ။

မေး။ ။ ကိုလေးဖြူရဲ့ ဂီတသမား သက်တမ်းမှာ ကိုလေးဖြူနဲ့ပတ်သက်လို့ အသံ အမျိုးမျိုး ကြားရတာတွေရှိတယ်။ ကိုလေးဖြူ ဘာလုပ်လုပ် ကောင်းတယ်ပြောတဲ့သူတွေ ရှိသလို ကိုလေးဖြူ ရဲ့ ဆက်ဆံရေးကို ဝေဖန်တာမျိုးတွေလည်း ကြားရတယ်။ အဲဒီအသံတွေနဲ့ပတ်သက်လို့ ဘာပြောချင်ပါ သလဲ။

ဖြေ။ ။ ဒါကတော့ ကျနော်ညံ့ဖျင်းလို့ပဲလို့ပြောရမှာပါပဲ။ အမှန်အတိုင်းပြောရရင် ကျနော်တို့အားလုံး Social Dealing သိပ်မကောင်းဘူး။ ကျနော်တို့က လာသမျှလူကို စော်ကားလွှတ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ခံစားချက်ကိုက သိပ် Stable မဖြစ်ဘူး။ ကျနော်တို့အဖွဲ့ တဖွဲ့လုံးက အင်တာဗျူးတွေ ဘာတွေကို သိပ်မကြိုက်ဘူးဗျ။ စကားဆိုတာကတော့ အမျိုးမျိုးပြောလို့ရတာပေါ့ဗျာ။ ရှင်းရှင်းပြောရရင် မယုံကြည်ဘူးဗျ။ မျက်နှာပေးရှိတယ်ဗျာ .. ၊ လေသံရဲ့ အဖော့အဖိ ရှိတယ်ဗျာ၊ စကားလုံးရွေးချယ်မှု လိုအပ်တယ်ဗျာ … ဒါတွေ ကျနော်တို့မကျွမ်းကျင်ဘူး .. ကျနော်တို့က လိုရင်းကို တည့်တည့် ပြောတဲ့ အခါကျတော့ အဲဒါရိုင်းတယ်ဖြစ်တယ်ဗျ။ ဒါကတော့ ကြိုက် သလိုမြင်လို့ရပါတယ်။ ကျနော်ကတော့ ဒီတိုင်းပါပဲ။

မေး။ ။ ကိုလေးဖြူရဲ့ အသက် ၄၀ ကျော်လာတဲ့ နောက်ပိုင်းမှာ လိုက်ဖ်စတိုင်ဘယ်လို ပြောင်းသွားတာလဲ။ အသက်ကြီးလာရင် ဘာတွေ ဆက်လုပ်ဖို့ရည်ရွယ်ထားလဲ။ ကိုယ်ပိုင်သံစဉ်တွေပဲ ဆိုသွားတော့မယ်ဆိုတာမျိုး ရှိလား။

ဖြေ။ ။ အဲလိုတော့ မရှိဘူးဗျ၊ အဲလိုတော့ ကျနော်ဘယ်တော့မှ မပြောဘူး။ အရပ်စကားနဲ့ ပြောရမယ် ဆိုရင် ငရဲ ကြီးပါတယ်။ ကော်ပီကိုဘာဖြစ်တယ် ညာဖြစ်တယ် ပြောလို့မဖြစ်ဘူးဗျ၊ ကျေးဇူးက အများကြီး ရှိတယ်။ ဒါပေမယ့် ကျနော်ပြောတာကို သဘောမတူဘူး ဆိုရင်လည်း သဘောမတူလို့ရပါတယ်။ ဒါကတော့ လွတ်လပ်ခွင့်ပဲလေ။ ကျနော့်ကိုယ်ပိုင်အယူအဆနဲ့ပြောမယ် ဆိုရင်တော့ ဒါက ကော်ပီကို ဒီလိုတွေ ပြောနေရတာကိုက ငရဲကြီးပါတယ်။ ဒီလောက်ပဲပြောချင်တယ်။ တခြားဟာတော့ သိပ်မပြောချင်ဘူး။ ဒီကိစ္စကလည်း ပြောရမယ်ဆိုရင် စာနယ်ဇင်းသမားတွေ၊ မီဒီယာသမားတွေ လုပ်စားလို့ကောင်းအောင် ထွင်ထားတဲ့ ထွင်လုံးကြီးပါ .. ။ ဒါက ကော်ပီတွေ၊ ကိုယ်ပိုင်သံစဉ်တွေသာ လျှောက်ပြောနေတာပါ ..။ တချို့ဆို ကော်ပီဘာလဲ ကိုယ်ပိုင်သံစဉ် ဘာလဲတောင် သိပုံမရပါဘူး။ ဒါ စာနယ်ဇင်း သမားတွေရဲ့ လုပ်ကွက်ကြီးလို့ပဲ ပြောချင်တယ်။


No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။