Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 24, 2013

Rise of the Guardians နဲ့ ယုံကြည်မှု

 

Rise of the Guardians နဲ့ ယုံကြည်မှု

အမေရိကန်တွေရဲ့ ဒဏ္ဍာရီထဲမှာ စန်တာကရော့(ခရစ်စမတ်ဖိုးဖိုး) ရှိတယ်။ သွားနတ်သမီးရှိတယ်(ကလေးတွေက သူတို့သွားကျိုးသွားရင် အိပ်ယာဝင်တဲ့အခါ သွားကို ခေါင်းအုံးအောက်မှာထားအိပ်ပြီး သွားနတ်သမီးဆီမှာ လိုရာဆုတောင်းလေ့ရှိတယ်။ ပြီးတော့ ကြက်ဥပေးတဲ့ ဘန်နီယုန် ရှိတယ်။ (အဲဒီယုန်ကို ကျွန်တော်သိပ်မသိဘူး၊ ဒါပေမယ့် Korn ရဲ့သီချင်းအယ်လ်ဘမ်ကာဗာတွေမှာတော့ ကလေးတွေနဲ့အတူအမြဲပါလေ့ရှိတယ်။ Korn ...ရဲ့သီချင်းစာသားတွေက အဖိနိပ်ခံ နားလည်မှုအလွဲမှားခံ ဆယ်ကျော်သက်တွေကို အကြောင်းအရာတည်တယ်လို့ သိထားတယ်) ပြီးတော့ အိပ်မက်ကောင်းတွေဖန်ဆင်းပေးတဲ့ အိပ်မက်ဖန်တီးရှင်လေးရှိတယ်

ပြီးတော့ လနတ်သားလေးရှိတယ်။ သူကတော့ နှင်းတွေကိုထိန်းချုပ်နိုင်ပြီး အေးခဲတဲ့ရာသီဥတုကို ဖန်တီးနိုင်တယ်။ သူကတော့ နည်းနည်းအစအနောက်သန်တယ်။ ဒါကြောင့်မို့လည်း ကမ္ဘာကြီးက ပူလိုက်အေးလိုက်ဖြစ်နေတာနေမှာပေါ့။ အဲဒါက ကောင်းသော တန်ခိုးရှင်တွေ နတ်တွေပေါ့လေ။ ဘိုဂီမင်း ဆိုတဲ့တစ်ယောက်ကတော့ ကလေးတွေရဲ့ မကောင်းဆိုးဝါးပဲ။ ဘိုဂီမင်း အမည်နဲ့ ရုပ်ရှင်တွေ ၀တ္တုတွေ ကျွန်တော်ဖတ်ဖူးတယ်။ သူက ကလေးတွေရဲ့အိမ်ခန်းထဲ ကုတင်အောက်က ထွက်လာတတ်တယ်၊ ဗီရိုထဲက ထွက်လာတတ်တယ်။ အရပ်ရှည်ရှည်မျောမျောနဲ့မျက်နှာက လူသေကောင်တစ်ယောက်လို။
Rise of the Guardians ကာတွန်းဇာတ်ကားထဲမှာ ဘိုဂီမင်းနဲ့ ကျန်တဲ့နတ်ကောင်းနတ်မြတ်တွေ အားပြိုင်ကြတယ်။ ဆန်တာကလော့ရဲ့အဓိကအလုပ်က အံ့အားသင့်အောင်လုပ်ပေးတာ၊ သွားနတ်သမီးက မျှော်လင့်ချက်တွေရှင်သန်စေတာ၊ ဘန်နီယုန်ကြီးက စူပါဟီးရိုးဆန်ဆန်စိတ်ဓါတ်ကို ဖြစ်ပေါ်စေတာ၊ အိပ်မက်ဖန်ဆင်းရှင်လေးက ကောင်းသောအိပ်မက်တွေ မက်စေတာ၊ အဓိကဇာတ်ကောင်လေးဖြစ်တဲ့ လနတ်သားကတော့ သူ့အစွမ်းအစကို ရှာဖွေနေဆဲပဲ။ သူ ကလေးတွေအတွက် ဘာလုပ်ပေးနိုင်လဲ။ သူ ဘာအတွက်ကြောင့် ဖြစ်တည်ခဲ့သလဲ။ ဇာတ်ကားက မထင်မှတ်တဲ့ မေးခွန်းတွေ မေးလာတယ်။ ယုံကြည်မှုနဲ့ပတ်သက်တဲ့အတွေးအခေါ်တွေ ပါဝင်လာတယ်။ သူတို့ရဲ့ဖြစ်တည်မှုနဲ့ သူတို့ရဲ့ပါဝါဟာ ကလေးတွေရဲ့ယုံကြည်မှုနဲ့တိုက်ရိုက်အချိုးကျနေတယ်။ ဒါက Monster Inc ကာတွန်းဇာတ်ကားကို သတိရစေတယ်။ ကလေးတစ်ယောက်ရဲ့ ကြောက်ရွံမှုနဲ့ငိုသံအတိုင်းအဆဟာ မကောင်းဆိုးဝါးတွေတိုင်းပြည်မှာ လောင်စာတစ်ခုလို စွမ်းအားဖြစ်စေတယ်။ ဒီဇာတ်ကားမှာတော့ ပိုပြီးသိမ်မွေ့တယ်။ ဘိုဂီမင်းဟာ သူ့ရဲ့ ခြောက်လှန့်မှုတွေ တိုးမြင့်လာနိုင်တာနဲ့အမျှ ကလေးတွေက သူ့ကို ပိုယုံကြည်လာတယ်။ ပိုယုံကြည်မှုရလေ ဘိုဂီမင်းဟာ ပါဝါပိုမြင့်လေပဲ။ သူက မတရားနည်းနဲ့ ကျန် တန်ခိုးရှင်တွေကို တစ်ယောက်ခြင်းနှောင့်ယှက်ဖျက်ဆီးတယ်။ လနတ်သားကို စည်းရုံးတယ်။ လနတ်သားလေးက သူဘယ်ဘ၀က လာသလဲ..သူ့ကို ကလေးတွေ ဘာလို့ မယုံကြည်တာလဲ သိချင်နေသလို အထီးကျန်နေတဲ့သူ့ဘ၀ကို မကျေမနပ်ဖြစ်နေတယ်။ ဒါကို အခွင့်ကောင်းယူပြီး ဘိုဂီမင်းက စည်းရုံးတယ်။ မင်းနဲ့ငါ ဘ၀တူတွေပဲ ပေါင်းမလားပေါ့။ လနတ်သားလေးကတော့ လက်မခံဘူး။ သူတပါးကို ကြောက်ရွံ့အောင်လုပ်ပြီးမှ ယုံကြည်လာတာမျိုးကို မလုပ်ချင်ဘူးပေါ့။ အဲဒါလည်း ဆင့်ပွားတွေးစရာတွေရှိတယ်။ လူအသိမှတ်ပြုခံရအောင် ကိုယ့်ရဲ့နေရာမြင့်မားအောင် ပါဝါနဲ့ခြောက်လန့်ပြီး ဖန်တီးကောင်းဖန်တီးနိုင်မယ်။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ရွေးချယ်မှုပဲ။ စိတ်ထားကောင်းမွန်သူတစ်ယောက်အတွက်တော့ အဲဒီလို မကောင်းတဲ့နည်းလမ်းနဲ့ ရလာမယ့် နေရာအစား အထီးကျန်မှု ဒါမှမဟုတ် သာမာန်ဘ၀ကိုပဲ ရွေးချယ်လိမ့်မယ်။ နောက်တော့ ထိပ်တိုက်တွေ့ကျတာပေါ့။ ကျန် တန်ခိုးရှင်တွေကို ကလေးတွေက ယုံကြည်မှုမဲ့လာတော့ သူတို့ရဲ့ ပါဝါတွေလျော့ကျလာတယ်။ ဆန်တာကလော့ရဲ့ စွတ်ဖားလှည်းကြီးလည်း ကောင်းကောင်းမပျံနိုင်တော့သလို ဘန်နီဟာလည်း ပိစိကွေးအိမ်မွေးယုန်လေးလိုဖြစ်သွားတယ်။ အစကတော့ ကျွန်တော့်အနေနဲ့ တန်ခိုးရှင်တွေဟာ သီးသန့်ဘုံတစ်ခုခုမှာရှိနေတယ်။ သူတို့က စောင့်ရှောက်ကြည့်ရှုနေတယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ဇာတ်ကားထဲက ပြကွက်တွေအရ သူတို့ရဲ့ ဖြစ်တည်မှုဟာ ကလေးတွေရဲ့ယုံကြည်မှုအတိုင်းအဆပေါ်မှာ မူတည်ပြီး ရှိနေတယ်လို့ နားလည်လာတယ်။ တစ်ကမ္ဘာလုံးက ကလေးလေးတွေ သူတို့ကိုအယုံအကြည်မှုမဲ့လာပြီး သူတို့ပါဝါတွေကျဆင်းမှေးမှိန်လာချိန်မှာ သူတို့ကို ယုံကြည်မြဲယုံကြည်နေတဲ့ ကလေးတစ်ယောက်ကျန်ရှိနေတယ်။ လနတ်သားလေးက အဲဒီကလေးလေးရဲ့အသိစိတ်ထဲ သူ့ကိုသိရှိယုံကြည်လာအောင် ကြိုးစားဆက်သွယ်ပြီး ကျန်တန်ခိုးရှင်တွေကိုပါ ပိုယုံကြည်လာအောင် လုပ်ပေးလိုက်တယ်။ နောက်ဆုံး စွမ်းပကားအလွန်ကြီးမားနေတဲ့ ဘိုဂီမင်းရဲ့တပ်ကြီးနဲ့ ရင်ဆိုင်ရချိန်မှာ အဲဒီ ကလေးလေးက မင်းဟာအိပ်မက်ဆိုးသက်သက်ပဲ မင်းကိုငါမကြောက်ဘူး လို့ပြောရင်း လက်နဲ့အသာကလေးတားလိုက်ရုံနဲ့ ဘိုဂီမင်းရဲ့ ခြောက်လှန့်မှုမြင်းရိုင်းတပ်ကြီးဟာ ကလေးလေးရဲ့ပျော်ရွှင်ရဲရင့်တဲ့အိပ်မက်တွေအဖြစ်ပြောင်းလဲမွေးဖွားသွားတဲ့အထိပဲ။ ဘိုဂီမင်းကို ကလေးလေးက မယုံတော့တဲ့အခါ အဲဒီကလေးလေးကို ဘိုဂီမင်းက ဘာမှထိခိုက်အောင်လုပ်လို့မရတော့ဘူး။ အဲဒီ သဘောတရားမျိုး Matrix ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ နီယို လုပ်ခဲ့တယ်။ စက်တွေထိန်းချုပ်ထားတဲ့ ပုံရိပ်ယောင်ပိုရိုဂရမ်ကမ္ဘာအတုကြီးထဲမှာ ပါဝါမြင့်လာတဲ့ နီယိုက ကျည်ဆန်တွေကို တားခဲ့တယ်။ အရာရာဟာ စိတ်ကိုလှည့်စားထားတဲ့ အတုအယောင်တွေမှန်းသိသွားတဲ့အခါ စိတ်ကိုထိန်းချုပ်တတ်ရုံနဲ့ အရာရာကို ထိန်းချုပ်နိုင်လိမ့်မယ်ဆိုတဲ့ သစ္စာဥာဏ်ပွင့်သွားခဲ့တဲ့နီယိုဟာ Matrix ထဲမှာ မြေလျှိုးမိုးပျံနိုင်တဲ့အထိ စွမ်းအားမြင့်လာတယ်။ ဇင်ဗုဒ္ဓဘာသာ အယူအဆကို လုံးလုံးယူထားတာပါပဲ။ အရှေ့တိုင်းအမြင်နဲ့ဆို ဘိုးတော်တို့ ၀ိဇ္ဇာတို့ဖြစ်သွားတဲ့သဘောပေါ့။ ဗုဒ္ဓရဲ့ မာရ်နတ်ကိုအောင်နိုင်ခန်းကိုလည်း သတိရစရာပဲ။ မာရ်နတ်ရဲ့ မီးလက်နက်တွေဟာ ဗုဒ္ဓရဲ့ တန်ပြန်မေတ္တာတန်ခိုးနဲ့ သစ္စာလက်နက်မှာ ပန်းပွင့်လေးတွေအဖြစ်ပြောင်းလဲသွားတာမျိုးပဲ။ Little Buddha ရုပ်ရှင်ထဲမှာဆိုရင် မာရ်နတ်ဟာ သီးခြားရှိနေတဲ့ နတ်ဆိုးတစ်ပါးဆိုတာထက် ဗုဒ္ဓရဲ့ ကိုယ်တွင်းထဲက အဖျက်အမှောင့်စိတ်၊ တရားရဖို့ဥာဏ်စဉ်ကို အနှောင့်အယှက်ပြုတဲ့ မသိစိတ်(တစ်နည်း)လူတစ်ယောက်ရဲ့ တခြားသော Ego အနေနဲ့ပြသွားတာ တွေ့ရလိမ့်မယ်။ ဒါမျိုး ဦးအေးမောင်ရဲ့ ဗုဒ္ဓနဲ့ဗုဒ္ဓ၀ါဒထဲမှာလည်းဖတ်ဖူးတယ်။ ဘုရားလောင်းတောထွက်ခါနီး မြို့တံခါးဝမှာ မာရ်နတ်က တားတယ်ဆိုတာဟာ ဘုရားလောင်းမင်းသားရဲ့ တခြားသော Egoအနေနဲ့ ရေးထားတယ်။ တစ်ဖက်က အမှန်တရားဆီသွားဖို့ လွတ်မြောက်ရာရှာဖွေဖို့ အသိတရားရှိခဲ့ပေမယ့် နောက်ဆန်တင်းစရာတွေ တွေဝေသံသယဖြစ်မှုတွေကို မာရ်နတ်လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့သဘောပဲ။ ဘုရားစောင်းတန်းက ပန်းချီကားတွေမှာ ဆွဲထားသလိုတော့ မာရ်နတ်ပုံက ဟုတ်ချင်မှဟုတ်မှာ။ တရုတ်တွေဆွဲတော့ မာရ်နတ်က မျက်ပေါက်ကျဉ်းကျဉ်း၊ ကုလားတွေဆွဲတော့ မာရ်နတ်က နှုတ်ခမ်းမွေးတွေဘာတွေနဲ့။ ထားတော့။ ဘိုဂီမင်းရှုံးနိမ့်သွားချိန်မှာ အတော်လေးလှပ မှတ်သားစရာကောင်းတဲ့ပြကွက်တစ်ခုတွေ့ရပြန်တယ်။ ဘိုဂီမင်းဟာ သူပါဝါရှိခဲ့စဉ်မှာ သူ့ရဲ့ခြောက်လှန့်မှုကို မကောင်းဆိုးဝါးမြင်းပုံတွေနဲ့ လုပ်ခဲ့တယ်။ အခု သူရှုံးနိမ့်သွားချိန်မှာ အဲဒီမြင်းတွေပြန်ပေါ်လာပြီး သူ့ကို ပြန်ဝါးမျိုရင်း အားလုံးပျောက်ကွယ်သွားခဲ့တယ်။ ဆိုလိုတာက သူအင်အားကြီးခဲ့စဉ်ကာလမှာ အသုံးပြုခဲ့တဲ့ ပါဝါတွေ တန်ခိုးတွေ လက်နက်တွေဟာ သူရှုံးနိမ့်ချိန်ကျတော့ သူ့ကိုပြန်လည်ခြောက်လန့်ပြီး သူ့ဘ၀ကို ပျက်သုန်းစေမယ့် အရာတွေဖြစ်သွားစေတယ်ဆိုတာပါပဲ။ ဇာတ်ကားရဲ့ အဓိကပြချင်တာကတော့ ယုံကြည်မှုအကြောင်းပါပဲ။ တခါက ကိုဗထူးအိမ်မှာ ကမ္ဘာလှည့်နေတဲ့ပြင်သစ်တစ်ယောက်နဲ့တွေ့လို့ ကျွန်တော်က မေးကြည့်ဖူးတယ်။ ခင်ဗျားတို့ပြင်သစ်မှာ ၀ဲယားဝုဖ် (၀ံပုလွေ)တွေ ဒရက်ကူလာတွေ တကယ်ရှိလားလို့။ သူက ပြန်ဖြေတယ်။ ယုံရင် ရှိတယ် မယုံရင် မရှိဘူးတဲ့။ အဲဒီစကားကို အစက ကျွန်တော် တော်တော်နဲ့ နားမလည်ခဲ့ဘူး။ ခရစ်ယာန်တစ်ယောက်က ပေါင်မုန့်မီးကင်စက်ထဲကထွက်လာတဲ့ ပေါင်မုန့်မီးကျွမ်းအရာကိုကြည့်ပြီး မယ်တော်မာရီပုံပေါ်လာတယ်လို့ ဆိုတယ်။ အစ္စလာမ်တစ်ယောက်က ထင်းမီးပုံထဲက ထွက်လာတဲ့မီးခိုးကိုကြည့်ရင်း မိုဟာမက်ရဲ့ပုံတွေ့လိုက်သလိုလိုပဲလို့ ဆိုတယ်။ ကျွန်တော်တို့ ငယ်ငယ်က လမှာ ဗိုလ်ချုပ်ပုံပေါ်တယ်ဆိုလို့ တစ်ညလုံး လကို တမော့မော့ကြည့်နေခဲ့ဖူးတယ်။ ကြည့်ရင်းကြည့်ရင်း ဗိုလ်ချုပ်ပုံက ပိုပီပြင်လာသလိုပါပဲ။ အနောက်တိုင်းဆီမှာလည်း UFO တွေ ပန်းကန်းပြားပျံတွေ တစ်ချိန်လုံးတွေ့တွေ့နေတာပါပဲ။ ဒီမှာတော့ ကောင်းကင်မှာ အစက်အပြောက်ကလေးတစ်ခု တလွှင့်လွှင့်ဖြစ်နေတဲ့ မှုန်ဝါးဝါးဗီဒီယိုဖိုင်လေးတစ်ဖိုင်မြင်ရင် ဒါ ဘိုးတော်ပဲ ရဟန္တာပဲပေါ့။ UFO လို့ပြောရင် အရူးလို့အပြောခံရမှာ။ တကယ်လို့ အနောက်တိုင်းက ပုဂ္ဂိုလ်တွေ လဆီမသွားနိုင်သေးရင် ကမ္ဘာပြားအသင်းကြီး ခေတ်စားနေအုံးမှာ။ ဒီမှာတော့ တစ်ကောင်လုံးစာအရိုးစုကြီးကို ထုတ်ပြနိုင်တဲ့ ဒိုင်နိုဆောတွေထက် ဒဏ္ဍာရီထဲက နဂါးတွေ ဂဠုန်တွေကို ပိုယုံကြည်နေမှာပဲ။ သူတို့ဆီမှာ ရှာဖွေလေတွေ့ရှိလေလုပ်နေကြတဲ့ လော့နစ်ဆိုတဲ့ လည်ပင်းရှည်ရှည်အကောင်ကြီးကြီးရေထဲက သတ္တ၀ါတို့ နှင်းလူတို့အကြောင်းပြောရင် ဒီကလူတွေ ပေါက်ကရတွေလို့ ပြောမှာပေါ့။ ပြောကြစတမ်းဆိုရင်တော့ တစ်ကမ္ဘာလုံးမှာ မတူကွဲပြားယုံကြည်မှုတွေ ကိုးကွယ်မှုတွေအများကြီး။ ဆိုလိုတာက ယုံကြည်မှု။ ဒီဇာတ်ကားလေးက ယုံကြည်မှုအကြောင်းကို တင်ပြသွားပြီး ယုံကြည်မှုတွေရဲ့နောက်ကွယ်က တန်ခိုးရှင်တွေ နတ်ဘုရားတွေအကြောင်း အငြင်းပွားဖို့ထက် လူ့ဘ၀မှာ မျှော်လင့်ချက်၊ အိပ်မက်၊ အလှတရား စတဲ့ အရာတွေကို ဖြစ်စေတဲ့ ယုံကြည်မှုတွေကို ဆက်လက်ထိန်းသိမ်းပြီး အစွန်းရောက်မှု အကြမ်းဖက်မှု အကြောက်တရား မိုက်မဲမှု စတဲ့အရာတွေကိုဖြစ်စေတဲ့ ယုံကြည်မှုတွေကိုတော့ ရှောင်ကြဉ်ဖယ်ရှားသွားဖို့လိုတယ် ဆိုတာပဲ။

Dream Work ကထုတ်လုပ်ထားတဲ့ ဒီ Rise of the Guardians အင်နီမေးရှင်းဇာတ်ကားဟာ အရုပ်လေးတွေ လက်ရာကောင်းမွန်လှပြီး ကြည့်ရပျော်စရာလည်းကောင်းလှပါတယ်။ ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့နှစ်က အကောင်းဆုံးအင်နီမေးရှင်းဇာတ်ကားဆုရခဲ့တဲ့ Brave ထက်ကြိုက်ပါတယ်။ အင်နီမေးရှင်း ကာတွန်းကားတွေကို သူတို့ဆီမှာတော့ လူကြီးရောကလေးပါ ကြည့်ကြပါတယ်။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတစ်ရာမှာ Spirited Awawy,Wall E, Lion King နဲ့ Up တို့ ပါလေ့ရှိပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ခံဇာတ်ကားမှ တကယ့်ရုပ်ရှင်ကွလို့ သူတို့ဆီမှာတော့ မသတ်မှတ်ပါဘူး။ ကာတွန်းကားတွေကိုလည်း တကယ့်အနုပညာတစ်ရပ်အနေနဲ့ ခံစားအားပေးကြပါတယ်။ ဒီမှာတော့ ကာတွန်းကားဆို ကလေးတွေအတွက်လို့ပဲ ယူဆတုန်းပဲလား မပြောတတ်ပါဘူး။ လူကြီးကားဆိုတာ ဘယ်လိုပါလိမ့်။ : P

လေးစားစွာ
မောင်ယုပိုင်
2013 MAY

Directed by Peter Ramsey
Produced by Christina Steinberg
Nancy Bernstein Screenplay by David Lindsay-Abaire
Story by William Joyce
Starring Chris Pine Alec Baldwin Hugh Jackman Isla Fisher Jude Law
Music by Alexandre Desplat
Editing by Joyce Arrastia
Studio DreamWorks Animation
Distributed by Paramount Pictures

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။