Aung Ko U
Learn English with Music အစီအစဉ် အမှတ် (၆) အတွက် Mhine Yi Lin တောင်းဆိုထားတဲ့
Bruno Mars ရဲ့ " It will Rain" ကို တင်ပေးလိုက်ပါတယ်။
"It Will Rain" by Bruno Mars
If you ever leave me, baby,
မင်းသာ ငါ့ကို ထားသွာမယ်ဆိုရင် … ကလေးရယ်
Leave some morphine at my door
ငါ့တံခါးအနားမှာ မော်ဖိန်းတွေသာ ထားသွားပါတော့ကွယ် ……
'Cause it would take a whole lot of medication
အဲဒါတွေကမှ ဆေးဝါးတွေ ဖြစ်နိုင်သေးတယ် ……
To realize what we used to have,
ငါတို့ အတိတ်မှာ ဘာတွေ ရှိခဲ့တယ်ဆိုတာ နားလည်နိုင်ဖို့
We don't have it anymore
ဒီထက်ပိုပြီး ထပ်မလိုတော့ပါဘူး ……
There's no religion that could save me
ငါ့ကို ကယ်တင်ဖို့ ကိုးကွယ်ရာ ဘာသာတရားလည်း မရှိတော့
No matter how long my knees are on the floor (Ooh)
ငါ့ဟာ ဘယ်လောက်ပဲ ဒူးထောက် နေပေမဲ့လည်း
So keep in mind all the sacrifices I'm makin'
ငါ စွန့်လွှတ် စွန့်စား ခဲ့တာတွေ အားလုံး မင်း စိတ်ထဲမှာ သိမ်းထားလိုက်ပါ …
To keep you by my side
ငါ့အနားမင်းကို ဆက်ထားဖို့ …
To keep you from walkin' out the door.
မင်းကို ငါ့အနားက ထွက်မသွားဖို့ …
'Cause there'll be no sunlight
အလင်းရောင်လည်း ပျောက်ဆုံးသွားလိမ့်မယ် ……
If I lose you, baby
ကလေးရေ … မင်းကိုသာ ငါဆုံးရှုံးရမယ်ဆိုရင်ပေါ့ …
There'll be no clear skies
ကောင်းကင်ကြီးလည်း ရှိတော့မှာ မဟုတ်တော့ဘူး ……
If I lose you, baby
ကလေးရယ် … မင်းကိုသာ ဆုံးရှုံးရမယ် ဆိုရင်လေ …
Just like the clouds
တိမ်တွေလိုပဲ ……
My eyes will do the same, if you walk away
မင်းသာ ငါ့အနားက ထွက်သွားခဲ့ရင် … ငါ့မျက်ဝန်းက မျက်ရည်တွေ …
Everyday it'll rain, rain, ra-a-a-ain
နေ့တိုင်း နေ့တိုင်းပဲ …… မိုးတွေ ရွာ … ရွာ … ရွာ ချလိမ့်မယ် ……
I'll never be your mother's favorite
ငါဟာ … မင်းအမေ သဘောတွေ့တဲ့သူ တစ်ယောက်လည်း ဘယ်တော့မှ မဖြစ်နိုင်သလို …
Your daddy can't even look me in the eye
မင်းအဖေကလည်း တစ်ချက်မှ ကြည့်လို့ရမှာ မဟုတ်လောက်ဘူး …
Ooh, if I was in their shoes, I'd be doing the same thing
ငါသာ မင်းနေရာမှာ ဆိုရင် တစ်ခုတည်းကိုပဲ လုပ်လိမ့်မယ် …
Sayin' "There goes my little girl
ကောင်မလေးက အဲဒီကို သွားတယ် လို့ပြောမယ် …
Walkin' with that troublesome guy"
ပြဿနာကောင် နဲ့အတူ သွားခိုင်းလိုက်မယ် …
But they're just afraid of something they can't understand
ဒါပေမဲ့ … သူတို့ နားမလည်ကြမှာ တစ်ခုကိုပဲ ငါ စိုးရိမ်မိတယ် …
Ooh, but little darlin' watch me change their minds
ဒါပေမဲ့လည်း … သူ့တို့စိတ်တွေ ပြောင်းသွားအောင် ငါကြိုးစားတာကို စောင့်ကြည့်လိုက်ပါ အချစ်ရာ …
Yeah for you I'll try, I'll try, I'll try, I'll try
တကယ် … မင်းလေးအတွက် ငါ ကြိုးစား … ကြိုးစား … ကြိုးစား မယ် …
I'll pick up these broken pieces 'til I'm bleeding
သွေးတွေမြေခ တဲ့အထိ ငါ့နှလုံးသား အပိုင်းအစ တွေကို ကောက်ယူပါ့မယ် …
If that'll make you mine
မင်းသာ ငါ့နှလုံးသားကို ခြေမွခဲ့မယ်ဆိုရင် …

Oh, don't you say (don't you say) goodbye (goodbye),
လမ်းခွဲစကား မပြော မပြောပါနဲ့ …
Don't you say (don't you say) goodbye (goodbye)

If that'll make it right
မင်းသာ ငါ့နှလုံးသားကို တကယ် … ခြေမွခဲ့မယ်ဆိုရင် …

And just like the clouds

**************************************************************
ကဲ သီချင်းထဲက အင်္ဂလိပ်စာ ကို လေ့လာကြည့်ရအောင် …
“ if ” နှင့် ပတ်သက်တဲ့ အသုံးအနှုန်းပုံစံ တွေကို အဓိက ပြောပြလိုပါသည်။ “if” ဖြင့်ရေးသားသော ဝါကျများကို Conditional Sentences(အခြေအနေပေး ဝါကျများ) ဟုဆိုနိုင်ပါသည်။ “if” ကို အဓိက အားဖြင့် ပုံစံ(၃) မျိုးဖြင့် အသုံးပြုနိုင်ပါသည်။
1. If + simple present ---------- will/ shall/ can/ may …. + infinitive
If she asks me, I will help her.(သူ က အကူအညီတောင်းရင် ကျွန်တော်က သူ့ကို ကူညီမှာပေါ့)
If you study hard, you will stand first.(မင်း ပြင်းပြင်းထန်ထန်ကြိုးစားရင် အတန်းထဲမှာ ပထမ ရလိမ့်မယ်)
If it rains, we shall postpone our picnic.(မိုးရွာရင်တော့ ကျွန်တော်တို့ ပျော်ပွဲစားထွက်မှာကို ရွေ့ရလိမ့်မယ်)
If her uncle arrives, she may not come with you.(သူ့ဦးလေး ရောက်လာရင် မင်းနဲ့အတူ သူမလိုက်နိုင်လောက်ဘူး)
If you hit the dog, it will bite you.(မင်းခွေးကို သွားရိုက်ရင် ခွေးက မင်းကို ကိုက်လိမ့်မယ်)
• ဖြစ်နိုင်ချေရှိသော အနာဂတ် အခြေအနေကို ဖော်ပြရာတွင်သုံးပါသည်။
2. If + past + subjunctive ---- would/ should/ might + infinitive
If he asked me, I would help him.(သူကျွန်တော့်ကို အကူအညီတောင်းခဲ့ရင်တော့ ကျွန်တော် ကူညီခဲ့မှာပေါ့)
If you studied hard, you would stand first.(မင်းသာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရင် မင်းအတန်းထဲမှာ ပထမ ရလောက်တယ်)
If I were you, I should not do like that.(မင်းနေရာမှာ ငါသာဆိုရင် အဲဒီလို လုပ်မှာ မဟုတ်ဘူး)
If I had a degree, I would get a job easily.(ကျွန်တော်သာ ဘွဲ့ရခဲ့မယ်ဆိုရင် အလုပ်ရှာရတာ လွယ်လောက်တယ်)
If I were a bird, I would fly to you at once whenever I miss you.(ငါသာ ငှက်ကလေးတစ်ကောင် ဖြစ်ခဲ့မယ်ဆိုရင် သတိရတဲ့အချိန်တိုင်း မင်းအနားကို ငါ ပျံသန်းလာမယ်)
• မျှော်လင့်လို့ မရနိုင်တဲ့ အဖြစ်အပျက်၊ စိတ်ကူးယဉ်သက်သက် တွင်သာသုံးပါသည်။
3. If + past perfect ---- would/ should + perfect
If I had seen him, I could have saved from drowning. (ကျွန်တော်သာ သူ့ကို တွေ့ခဲ့မယ်ဆိုရင် သူ့ကို ရေမနစ်အောင် ကယ်နိုင်ခဲ့မှာ)
If you had come to me, I would not have got into trouble.(သူသာ ကျွန်တော့် အနားကို ရောက်လာခဲ့မယ်ဆိုရင် ကျွန်တော် ဒုက္ခနဲ့ကြုံခဲ့ ရမှာမဟုတ်ဘူး)
• မဖြစ်နိုင်တော့တဲ့၊ ပြန်မဖြစ်နိုင်တော့တဲ့ အတိတ် အခြေအနေကို ညွှန်းသည့် အခြေအနေတွင် သုံးပါသည်

• တောင်းဆို၊ စေခိုင်း၊ ပန်ကြား၊ အကြံပြုချက်နှင့် သေချာသော ဝါကျများတွင် နံပါတ် (၁) ပုံစံတွင် will/ shall စသည့် အနာဂတ်ညွှန်ဆိုသည်များ မပါပဲ တိုက်ရိုက် simple present ဖြင့်ရေးနိုင်ပါသည်။
If + simple present ---- simple present
If you are hungry, take another sandwich.(မင်းဗိုက်ဆာရင် နောက်တစ်ခု ထပ်စားလေ)
If you press this button, the video pauses.(မင်း အဲဒီခလုပ်ကို နှိပ်လိုရင် ဗွီဒီယို ခဏရပ်သွားမယ်)
• တစ်ခါတစ်ရံ သေချာမှု မရှိသော အနာဂတ် အခြေအနေကို ဖော်ပြရာတွင် If + simple present --- will/ shall + infinitive ပုံစံအစား present prefect ကို အစားထိုးကာ အောက်ပါ ပုံစံဖြင့်လည်း အသုံးပြုနိုင်ပါသည်။
If + present perfect ---- will/ shall + infinitive
If I have finished my class before you go out, I will accompany with you.(မင်း အပြင်မသွားခင် ငါ အတန်းပြီးခဲ့ရင်တော့ ငါ မင်းနဲ့ အဖော်လို့ ရလိမ့်မယ်)
If I have finished this book before you go on holiday, I can lend you.(မင်းခရီးမသွားခင် ဒီစာအုပ်ကို ငါဖတ်လို့ပြီးခဲ့ရင်တော့ မင်းကို ငါ ငှားနိုင်လောက်တယ်)
• အနာဂတ်ကို ရည်ညွှန်းသော အတိတ်၏ အဖြစ်အပျက်ကို ဖော်ပြရာတွင်လည်း အထက်ပါ ပုံစံကို အသုံးပြုနိုင်ပါသည်။
If I’ve failed my maths exam again, I will give up this course.(စာမေးပွဲဖြေပြီးသော်လည်း အောင်စာရင်း မသိရသေးသော အခြေအနေကို ဖော်ပြသည်။)
If I fail my maths exam again, I will give up this course.(စာမေးပွဲ ဖြေပြီး/ မပြီး မသေချာသော အခြေအနေကို ဖော်ပြသည်)
အင်္ဂလိပ်ဘာသာစကားလေ့လာသူ ဂီတချစ်သူ ပရိတ်သက်များ ယခု ရေးသားလိုက်သော “if” အသုံးပုံစံများကို အခြေခံကာ နောက်ထပ်ဝါကျများ လိုသလိုဆပွား ဆက်လက် အသုံးပြုနိုင်ကြပါစေ …. ဂီတကို ခံစားရင် အင်္ဂလိပ်စာ ဗဟုသုတတိုးပွားက လိုအပ်သလို ဆပွား အသုံးပြုနိုင်ကြပါစေ ……
နောက်တစ်ပတ်မှာ လည်း “Learn English with Music” အစီအစဉ်က ပရိတ်သတ်များကို ဘယ်သီချင်းနဲ့ ဘယ်လို အသုံးအနှုန်းပုံစံတွေကို တင်ပေးမလဲ ဆိုတာ စောင့်မျှော် အားပေးကြပါ လို့ ဆန္ဒပြုလိုက်ပါတယ် …… ။
အောင်ကိုဦး (UMK)
www.siraungkou-umk.blogspot.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။