Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 17, 2013

"သူတို့ ပြောတဲ့ Joke, Jealousy, Journal"



 
Yati Magazine
"သူတို့ ပြောတဲ့ Joke, Jealousy, Journal"
တက္ကသိုလ် ဂွမ်းပုံ

Joke ဆိုတာက အလွယ်ပြောရရင် ဟာသ ပေါ့။ ဟာသ ဆိုတာက လူတွေကို ပျော်ရွှင်စေနိုင်တဲ့ အရာကို ပြောတာပေါ့။ စကား အဆိုလေးရှိတယ် ‘အာရောဂျံ ပရမံ လာဘံ’ ဆိုတာပေါ့။ လူရယ်လို့ ဖြစ်လာရင် စိတ်ဆင်းရဲ စရာတွေ နဲ့ ကြုံရတာပဲ။ စီးပွားရေး ကျပ်တည်းတာပဲ ဖြစ်ဖြစ်၊ မိသားစု အရေး ကိစ္စတွေ၊ ပြီးတော့ အလုပ်မှာ ပြေလည်တာတွေ မပြေလည်တာ တွေပေါ့။ အဲဒီတော့ နေ့ပေါင်း များစွာ ဖြတ်သန်းနေ ရတဲ့ လူတစ်ယောက် အတွက် စိတ်ပျော်ရွှင်မှု ဆိုတာ လိုတယ်။
လူတစ်ယောက် ကျန်းမာဖို့ ဆိုတာ စိတ်ပျော်ဖို့ကလည်း အဓိက လိုတာပဲ။ စိတ်မပျော်ရင် စိတ်ဖိစီးများပြီး လူက ပြင်ပရောဂါတွေ ဖြစ်လာတတ်တယ်။ ဒီတော့ ကိုယ့်ရဲ့စိတ် မပျော်မှု ကို စိတ် အစာကျွေးတဲ့ အနေနဲ့ တစ်နေ့ကို ဟက်ဟက်ပက်ပက် နဲ့ ဟားတိုက်ပြီး ၁ဝ ခါလောက် ရယ်ရင် အဲဒီလူက အသက်ရှည်တယ်။ တစ်နေ့ကို ၁ဝ ခါ ရယ်ဖို့ဆိုတာ ပြောတော့တာ လွယ်တာ တကယ်ရယ်ဖို့ ကျတော့ မလွယ်ဘူး လေ။ ဒါကြောင့် မဂွမ်းတို့က အလုပ်ပြီးချိန် အိမ်မှာ အနားယူတဲ့ အချိန် ဟာသ ကားလေးတွေ ကြည့်တာမျိုးတို့ ဟာသ စာအုပ်လေး ဖတ်တာမျိုးတွေ နဲ့ ကိုယ့်ရဲ့စိတ်ကို အစာပြန်ကျွေးရတယ်။ ဒါဟာ ဟာသ အနုပညာရဲ့ ရသမြောက်မှုက လူတွေ အတွက် အသက်ရှည်ဆေး ဖြစ်သွားတယ် ဆိုတာပါ။ ဒါကြောင့် လူတွေရဲ့ နွမ်းနည်မှုကို ပျောက် သွားစေတဲ့ အတွက် ဟာသ ဆိုတာက လူတွေ အတွက် မရှိမဖြစ် လိုတယ်။ သူငယ်ချင်းတွေ အချင်းချင်း တွေ့ကြတဲ့ အခါမှာ ရယ်စရာ မောစရာ တွေပြောပြီး စိတ် အပန်းဖြေတာလည်း ကောင်းပါတယ်။ ရယ်ရယ်မောမော နဲ့ နေချင်ကြတဲ့ လူတွေပဲ ရှိပါတယ်။ ငိုကြွေး နေချင်ကြတဲ့ လူဆိုတာ မရှိပါ ဘူး။ ဒါကြောင့် Joke ဆိုတာက လိုအပ်ပါ တယ်။
Jealousy
မဂွမ်း တို့တွေကတော့ Jealousy ဆိုတာကို ဗန်းစကားနဲ့ ပြောတာက ဂျဲလ်မတ် စားတယ်ပေါ့။ Jealousy က မနာလိုမှုပေါ့။ မဂွမ်းတို့ရဲ့ ဗုဒ္ဓ ဟောခဲ့တာ နဲ့ပြောရင် မစ္ဆရိယ စိတ်လို့ခေါ်တာ ပေါ့။ မထားအပ်တဲ့ စိတ်ထား လို့ မဂွမ်းကတော့ ပြောချင်တယ်။ ဒါပေမဲ့ လူတွေမှာ အဲဒီ စိတ်က ရှိနေတတ်ကြတယ်။ အနုပညာ လောကမှာ စီးပွားရေး လောကမှာ လူမှုဝန်းကျင်မှာ အဲဒီလို မစ္ဆရိယ စိတ်ရှိတဲ့ လူတွေ ရှိကြပါတယ်။ Jealousy ဆိုတာ အမှန်တော့ ပြိုင်ဆိုင်မှု ဆိုတာတွေကနေ လာတာ ပဲ။ ဘယ်လောကမှာ ပဲဖြစ်ဖြစ် ပြိုင်ဆိုင်မှု ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ ပြိုင်ဆိုင်မှုက မှန်ကန်တဲ့ ပြိုင်ဆိုင်မှု ဖြစ်ဖို့လိုတယ်။ အပြေး သမားတွေရဲ့ ပြေးလမ်းလိုပေါ့။ ကိုယ့်ပြေးလမ်းပေါ် ကနေပဲ သူများ ထက်သာအောင် သူများ ကိုကျော်အောင် အားစိုက်ပြေးလို့ ရတယ်။ ဒါပေမဲ့ သူများရဲ့ ပြေးလမ်းပေါ် တက်ပြီး သူများကို ခြေထိုးတာတို့ တွန်းတာတို့ လုပ်ရင် ဒါက မှန်ကန်တဲ့ ပြိုင်ဆိုင်မှု မဟုတ် တော့ဘူး။ ဒီလိုမျိုးနဲ့ ရလာတဲ့ အောင်မြင်မှုဆိုတာ လည်း မှန်ကန်တဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ မနာလို မစ္ဆရိယနဲ့မှ ရလာတဲ့ အောင်မြင်မှုမျိုး စီးပွားရေးမျိုး ကလည်း ရေရှည် မခံတတ်ပါဘူး။ လူငယ်တွေ ကြားမှာ ပြိုင်ဆိုင်မှု ဆိုတာရှိရမယ်။ ဒါမှ တိုးတက်မှာပါ။ ဒါပေမဲ့ မနာလို စိတ်နဲ့ယှဉ် တဲ့ ပြိုင်ဆိုင်မှု မျိုးကတော့ မရှိသင့်ဘူး။ ဥပမာ လွယ်လွယ် ပြောရရင် သူတအား လှနေပါလား ဘာမိတ်ကပ် သုံးတာလဲ။ ငါလည်း သုံးကြည့်မယ်။ သူ့ထက် လှအောင် ပိုကောင်းတာ သုံးရမလားပေါ့။ ဒီလိုစိတ်က ဘာမှမဖြစ်ဘူး။ အဲဒီလို မဟုတ်ဘဲ သူများ လှတာကို ရုပ်ဆိုး အောင် လုပ်လိုက်တာမျိုး သူများကို ချောက်ချ လိုက်တာမျိုးတော့ မလုပ်သင့် ဘူးပေါ့။ သူ သရုပ်ဆောင်တာ ကောင်းတယ်။ ငါလည်း သူ့လို ကောင်းအောင် သူ့ထက်ကောင်း အောင် ကြိုးစားမယ် ဆိုတာမျိုးပဲ လုပ်ရမယ်။ သူများ အခွင့်အလမ်းတွေ လိုက်ပိတ်တာမျိုး တို့ ဘာတို့က ကျတော့ မကောင်းဘူး။ မနာလိုမှု နဲ့ ယှဉ် တဲ့ ပြိုင်ဆိုင်မှု မျိုးတော့ မလုပ်ရဘူး။ မနာလိုမှု ရှိတာ က ကိုယ်လည်း ပူ လောင်ရတယ်။ မနာလိုစိတ် ရှိတဲ့ သူက ဘယ်တော့မှ မအေးချမ်းပါဘူး။
Journal
Journal ဆိုတာကတော့ မြန်မာတွေက ဂျာနယ်လိုပဲ မွေးစားပြီးခေါ် လိုက်တာပဲနော်။ Journal ကတော့ အပတ်စဉ် ထုတ်ဝေတဲ့ သတင်းတွေပါတဲ့ စာစောင်ပေါ့။ မဂွမ်းတို့ မြန်မာပြည်မှာ ဂျာနယ်တွေ အများကြီး ပဲ ရှိပါတယ်။ မဂွမ်း မကြားဖူးတဲ့ ဂျာနယ်တွေ၊ မဖတ်ဖူးတဲ့ ဂျာနယ်တွေလည်း အများကြီး ရှိပါတယ်။ မဂွမ်းနဲ့ အမြဲ ထိစပ်နေတဲ့ ဂျာနယ်တွေကတော့ ကျန်းမာရေး ဂျာနယ်တွေ များပါတယ်။ ဒီဂျာနယ်တွေက မဂွမ်းတို့ အတွက် သိပ်ကို အဖိုးတန်ပြီး လိုအပ်ပါတယ်။ အားကစား ဂျာနယ်၊ ကျန်းမာရေး ဂျာနယ်၊ အနုပညာ ဂျာနယ်၊ စာပေ ဂျာနယ် အစုံရှိတယ်။ မဂွမ်းတို့က ဗဟုသုတတွေ ကမ္ဘာ အရပ်ရပ်မှာ ဖြစ်နေတဲ့ လူမှုရေး၊ စီးပွားရေး သတင်းတွေကို ဂျာနယ်တွေ ဖတ်ပြီး သိရတာလေ။ ကမ္ဘာ့ရေးရာ ဆိုလည်း ဒီလိုပဲပေါ့။ အဲဒီလို Up to date သတင်းတွေကို ပြည်သူတွေ ကြားဆက်ပေးတဲ့ Journal ဆိုတာ အရေး ပါတာပေါ့။ မဂွမ်းတို့ အနုပညာ ရှင်တွေ အတွက်လည်း ဒီဂျာနယ်တွေက နေတစ်ဆင့် ပရိသတ်က သိခွင့်၊ ပရိသတ်နဲ့ နီးစပ် ခွင့်ရကြတာပါ။ ဥပမာ အနေနဲ့ ပြောရရင် မဂွမ်း ဆို တစ်သက်လုံး ပီကေမဝါးဘူး။ ပီကေစားရင် ပါးရိုးတွေ ကြီးတယ် ဆိုပြီးပေါ့။ ဒါပေမဲ့ ဟိုတစ် နေ့က ဂျာနယ် တစ်စောင်မှာ ဘယ်လိုရေးထားလဲ ဆိုတော့ ပီကေ စားတာက ခံတွင်းရည် မလိုက်တာကို လိုက်စေတယ်။ အစာကို ခြေဖျက်လွယ်တယ်။ အူလမ်းကြောင်းတွေကို ကောင်းစေတယ် တဲ့။ ဦးနှောက် ကို ဖွံ့ဖြိုးစေလို့ ကျက်မှတ်ရ လွယ်တယ်တဲ့။ ဒါနဲ့ အခု မဂွမ်းတစ်နေ့ကို ပီကေ တစ်ခု တော့ ဝါးဖြစ်တယ်။ ဒီလို ဗဟုသုတ ဆိုရင် မဂွမ်း က ဂျာနယ်ဖတ်ရင်း သိခွင့်ရတာလေ။ ပြည်သူတွေ ကြားထဲမှာ ဒီ ဂျာနယ်လေး တစ်စောင် ကနေ ပေးနိုင်တဲ့ ဗဟုသုတ အသိ တိုးတာ နည်းတာ မဟုတ်ဘူး။ ဒါပေမဲ့ လွဲမှားတဲ့ အယူအဆမျိုးတွေ၊ ကောလာဟလ သတင်းမျိုးတွေ ရေးထားတာမျိုးကျ တော့ မကောင်းဘူးပေါ့။ ဖတ်တဲ့သူ က တလွဲယူ သွားရင် မကောင်းတော့ဘူး။ ဒါမျိုး ရေးတာမျိုးကို တော့ မဂွမ်းက မရေးစေချင်ပါဘူး။ ကိုယ်ရေးလိုက် တဲ့ သတင်း တစ်ပုဒ်ကြောင့် သူများ ထိခိုက်သွား တာဆိုတာမျိုးက မဖြစ်သင့်ပါဘူး။ ဒီ သတင်းရေးလို့ ကိုယ်ဘာ အကျိုးရနိုင်လဲ စာဖတ်သူ ဘယ်လို အကျိုး ရသွားနိုင်လဲ။ အရေးခံရမယ့် သူမှာ ဘယ်လို အကျိုးရသွားမလဲ ဒါတွေကို ချိန်ထိုး စဉ်းစားပြီး ရေးရင်တော့ ကောင်းတာပေါ့။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။