Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 10, 2013

"အရိုးပွရောဂါကိုတိုင်းတာသော Dexa Scan"

 
 

"အရိုးပွရောဂါကိုတိုင်းတာသော Dexa Scan"

Dexa Scan (ဒတ်ဇာစကန်) ကို အရိုးများ၏ သိပ်သည်းမှု (density) တိုင်းတာရာတွင် အသုံးပြုသည်။
Dexa Scan ရိုက်ခြင်းသည် ရင်ဘတ်ဓာတ်မှန် (Chest X ray), တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound)၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ခြင်းများကဲ့သို့ပင် နာကျင်မှုတစ်စုံတစ်ရာမရှိပါ။ အချိန်အားဖြင့် မိနစ် ၂၀ ခန့်သာ ကြာပါသည်။ ခါးနောက်ကျောပိုင်း အရိုးများ၊ တင်ပဆုံရိုးများနှင့် တစ်ခါတစ်ရ...ံ လက်ဖျံရိုးများကို Scan ဖတ်ရပါသည်။
၎င်းအရိုးများသည် အရိုးပွရောဂါရှိပါက ကျိုးလွယ်သောအရိုးများဖြစ်သောကြောင့် အရိုး သိပ်သည်းဆနည်းနေပြီလား၊ အရိုးပါးရောဂါရှိနေပြီလား၊ အရိုးပွရောဂါရှိနေပြီလား စသည်တို့ကို Dexa Scan ရိုက်ခြင်းဖြင့် သိရှိနိုင်ပါသည်။ အရိုးပွရောဂါရှိနေပါက ခန္ဓာကိုယ်ရှိ အရိုးများသည် သန်မာခြင်းမရှိတော့ဘဲ အနည်းငယ်ထိခိုက်မိရုံဖြင့် ကွဲအက်ကျိုးကြေသွားနိုင်ပါသည်။ အရိုးပွရောဂါသည် ကြိုတင်သိရှိနိုင်သော ထင်သာမြင်သာသည့် ရောဂါလက္ခဏာ ပြသလေ့မရှိပါ။ အများအားဖြင့် သာမန်ထိမိခိုက်မိ၊ ချော်လဲမိ၍ အလွယ်တကူ အရိုးကျိုးသောအခါမှသာ အရိုးပွရောဂါရှိကြောင်း သိရှိတတ်ကြပါသည်။ Dexa Scan ရိုက်၍ ကျန်းမာရေး စစ်ဆေးခြင်းအားဖြင့် အရိုးပွရောဂါ ရှိ/မရှိ၊ ဖြစ်နိုင်/မဖြစ်နိုင်တို့ကို ကြိုတင်သိရှိနိုင်ပြီး ကြိုတင်ကာကွယ် စောင့်ရှောက်ခြင်းအားဖြင့် မလိုအပ်ဘဲ အရိုးကျိုးခြင်းများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

အရိုးပွရောဂါဖြစ်ပွားပါက အလွန်တရာ သိသာမြင်သာသည့် ရောဂါလက္ခဏာများ မရှိသော်လည်း အောက်ပါအခြေအနေများသည် အရိုးပွရောဂါဖြစ်နိုင်သောခြေ မြင့်မားသောအခြေအနေများဖြစ်ပါသည်။
(၁) သာမန်၊ မပြင်းထန်သော ထိခိုက်မှုများကြောင့် အရိုးကျိုးခြင်း
(၂) အသက် (၅၀) ကျော်ခြင်း
(၃) အမျိုးသမီးများတွင် အသက် (၄၅) နှစ်မတိုင်ခင် သွေးဆုံးခြင်း
(၄) ကော်တီကိုစတီးရွိုက် (Corticosteriod) ဆေးဝါးများ ရေရှည်သုံးစွဲနေရသူ ဖြစ်ခြင်း
(၅) မိဘမျိုးရိုးအတွင်း အရိုးပွရောဂါကြောင့် အရိုးကျိုးဖူးသူရှိခြင်း
(၆) ခန္ဓာကိုယ်အတွင်း Calcium နှင့် Vitamin ဓာတ်များချို့တဲ့ခြင်း
သင့်တွင် အရိုးပွရောဂါ ဖြစ်နိုင်ချေတစ်ခုခုရှိပါက Dexa Scan ရိုက်ကြည့်ခြင်းဖြင့် အရိုးပွရောဂါ ရှိ/မရှိ၊ ဖြစ်နိုင်/မဖြစ်နိုင်ကို တိတိကျကျ သေသေချာချာ သိရှိနိုင်ပါသည်။

Dexa Scan ရိုက်ခြင်းဖြင့် ရရှိလာသော ရလဒ်များကို T-score ဖြင့် အဖြေထုတ်ပေးပါသည်။T-score သည် Dexa Scan ရိုက်သူ၏ အရိုးသိပ်သည်းဆနှင့် ကျန်းမာသောသူ၏ အရိုးသိပ်သည်းဆကို နှိုင်းယှဉ်ဖော်ပြချက်ဖြစ်ပါသည်။

T-score ရလဒ်များ၏ အဓိပ္ပာယ်မှာ -T-score သည်
ဝ နှင့် -၁ ကြားဖြစ်ပါက အရိုးပွရောဂါအန္တရာယ်မရှိပါ။
-၁ နှင့် -၂.၅ ကြားဖြစ်ပါက အရိုးသိပ်သည်းမှုသည် ပုံမှန်ထက်လျော့နည်းနေပြီး
မကြာမီအရိုးပွရောဂါ ဖြစ်လာနိုင်ပါသည်။
-၂.၅ ထက် နည်းနေပါက အရိုးပွရောဂါ ရှိနေပြီဖြစ်သောကြောင့် ဆရာဝန်နှင့် ချက်ချင်းပြသပြီး ကုသမှု ခံယူသင့်ပါသည်။

အရိုးသိပ်သည်းမှု အားနည်းပြီး အရိုးပွရောဂါ ဖြစ်နိုင်ချေရှိပါက အရိုးများ ပြန်လည်သန်စွမ်းစေရန် အတွက် အောက်ပါအခြေခံအချက်များကို ပြုလုပ်သင့်ပါသည်။
(၁) ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများစားပါ။
ဥပမာ- နို့နှင့် နို့ထွက်ပစ္စည်းများ၊
အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ
(၂) ဗီတာမင်ဒီ ကြွယ်ဝသောအစားအစာများ စားပါ။
ဗီတာမင်ဒီသည် ကယ်လ်စီယမ်စုပ်ယူမှုတွင် မရှိမဖြစ်လိုအပ်ပါသည်။
ဥပမာ- နို့၊ ဥအမျိုးမျိုး၊ ငါးကြီးဆီ။
(၃) အရိုးတည်ဆောက်ဖွံ့ဖြိုးမှုကို အားပေးသောလေ့ကျင့်ခန်းများ ပြုလုပ်ပါ။
ဥပမာ- အေရိုးဗစ်ကစားခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ကခြင်း၊ ရေကူးခြင်း၊
သစ်ပင်စိုက်ပျိုးခြင်း၊ လမ်းလျှောက်ခြင်း၊ ဂေါ့ဖ်ရိုက်ခြင်း။
(၄) ဆေးလိပ်ဖြတ်ပါ။
(၅) အရက်ဖြတ်ပါ။

အရိုးများပြန်လည်သန်စွမ်းစေရန်အတွက် အခြေခံအချက်များကို လိုက်နာကျင့်သုံးရမည့်အပြင် လိုအပ်သောဆေးဝါးများနှင့် အသေးစိတ်အချက်အလက်များအား တတ်ကျွမ်းနားလည်သော ဆရာဝန်ကြီးများ နှင့် တိုင်ပင်ဆွေးနွေးရပါမည်။

၎င်းနောက် တစ်နှစ်ခြား သို့မဟုတ် နှစ်နှစ်ခြားခန့်တွင် Dexa Scan များ ရိုက်ကြည့်ခြင်းအားဖြင့် အရိုးသိပ်သည်းဆတိုးတက်လာမှု သို့မဟုတ် လျော့နည်းသွားမှုကို သိရှိနိုင်မည်ဖြစ်ပါသည်။

Our Dear Readers, WE CARE YOUR HEALTH.

Yangon Health Guide is the most complete and compact guide book, for the health of you, your family and the one you love.

Now available at all branches of City Mart. So, you can get YHG easily during your shopping time.

And also available at စာပေလောက (လှည်းတန်း) ၊ စာပေလောက (၂-ပန်းဆိုးတန်း) ၊ စာပေလောက (၅-ပန်းဆိုးတန်း) ၊ စာပေလောက (၇-တောင်ဥက္ကလာ) ၊ စာပေလောက (၈-မြောက်ဥက္ကလာ)၊ ကျိုက္ကဆံ Super One၊ အင်းဝစာအုပ်တိုက် (ပန်းဆိုးတန်း)၊ အင်းဝစာအုပ်တိုက် (လှည်းတန်း)၊ စာပေရတနာ၊ TAB book centre၊ ရာပြည့်စာအုပ်ဆိုင်၊ အရုဏ်သစ်စာပေ (ဗိုလ်ချုပ်လမ်း)၊ အရုဏ်သစ်စာပေ (ကုန်သည်လမ်း)၊ ပြည့်ဝေကျော်စာပေ၊ အမေ့အိမ်စာပေ၊ စောဦးစာပေ၊ ၀ါးတန်း Medical Book Centre၊ စာပေဗိမာန်၊ နေစေးစာပေ၊ All branches of Orange Supermarket, United Living Mall Shopping Centre, Myanmar Big Shop, Feel Myanmar ရှေ့ (ပြည်ထောင်စုရိပ်သာလမ်း)၊ ခေတ်သစ်စာပေ (၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား)။

For further more information, please contact us by telephone or email. It is easy to get in touch with us. So, give us your feedback or let us know what we can do to help you today.

Tel: 09 - 508 4196, 09 - 49 717 919
Email: yangonhealthguide@gmail.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။