Villager Myanmar
ဘီလ်ဂိတ်၏ ပညာရေးအပေါ်အမြင်
▬▬▬▬▬▬▬▬▬▬▬▬▬
နှစ်စဉ် ရာနှင့်ချီသောကျောင်းသားများသည် ပညာရေးနှင့်ပတ်သက်၍ အကြံပေးရန် ကျွန်တော့်ဆီကို e-mail ဖြင့်ဆက်သွယ်စာရေးသားကြသည်။မည်သည့်ဘာသာရပ်ကိုသင်ကြား ရလျှင် သင့်လျှော်မည်နည်းဟု သိချင်ကြသကဲ့သို့ ကျွန်တော့နည်းတူ ကောလိပ်မှ စာသင်နှစ်မပြီးမီနုတ်ထွက်လိုက်လျှင် သင့်လျှော်ပါသလားဟူ၍လည်း သိချင်ကြသည်။
မိဘအချို.ထံမှလည်း ရေးသားဆက်သွယ်ခဲ့ကြရာ မကြာခဏစိတ်ထိခိုက်ရသည်။သူတို့က သူတို့၏ သား(သို့)သမီးတို့ကို မည်ကဲ့သို့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင် ထိန်းကျောင်းပေးသင့်ကြောင်းအကြံပြုပါရန် တောင်းခံကြခြင်း ဖြစ်သည်။ ကျွန်တော် အမြဲတမ်း ပေးလေ့ရှိသည့်အခြေခံအကြံဥာဏ်မှာရိုးစင်းပြီး ရင်ထဲမှလာခြင်းဖြစ်ပါသည်။"အကောင်းဆုံးသော ပညာရေးကို သင်တို့ရနိုင်အောင် ကျိုးပမ်းကြပါ " ၊အထက်တန်းကျောင်းနှင့်ကောလိပ်တို့၌ ရနိုင်သော လေ့လာသင်ကြားမှုကို အခွင့်ကောင်းအဖြစ် အသုံးပြုပြီး
မည်ကဲ့သို့ လေ့လာသင်ကြားရမည်ကို မှတ်ယူသင်ကြားပါ" ဟူ၍ဖြစ်ပါသည်။ ကျွန်တော်တို့ Microsoft ကို စတင်လေ့လာရန် ကောလိပ်မှနုတ်ထွက်ခဲ့သည်မှာ မှန်ကန်ပါသည်။သို့သော် ထိုအချိန်၌ ကျွန်တော်သည် ဟားဗတ်ကောလိပ်၌ (၃) နှစ်တက်ခဲ့ပြီး ဖြစ်ပါသည်။ထို့အပြင် ကျောင်းမှထွက်ခဲ့သော်လည်း အချိန်ရခဲ့လျှင် ကောလိပ်သို့ ပြန်သွားလိုဆဲ ဖြစ်ပါသည်။ကျွန်တော် ယခင်ကပြောခဲ့သည့်အတိုင်းမည်သူမဆို ဘ၀တစ်သက်တာအတွက် အခွင့်အလမ်းကောင်းတွေ့သည်ဟု မယုံကြည်လျှင် ကောလိပ်မှ မထွက်သင့်ပါ။ထိုကဲသို့ ယုံကြည်ခဲ့မိလျှင်လည်း ထိုယုံကြည်မှုကို အသေအချာ ပြန်စဉ်းစားသင့်ပါသည်။" ကျွန်မတပည့် အများအပြားက ရှင် အထက်တန်းကျောင်းလည်း ပြီးဆုံးအောင် တက်ရောက်မှုမရှိခဲ့ပေမည့်လည်း ရှင်သည်အောင်မြင်မှု ရရှိသူဖြစ်နေသည့်အချက်ကို မြင်ပြီး ထိုအချက်ကိုပင် အကြောင်းပြပြီး ကျွန်မ၏တပည့်များက ပညာရေးကို အလေးမထားပါ၊ ဆန္ဒမရှိကြတော့ပါ" ဟူ၍ Ohio ပြည်နယ် အဠမတန်းကျောင်းဆရာမ KATHY CRIDLAND က စာရေးသားလာပါသည်။
ကျွန်တော်အထက်တန်းတော့ အောင်ခဲ့ပါသည်။ကွန်ပျူတာ စက်မှုလုပ်ငန်း၌ ကောလိပ်ပညာရေး မပြီးဆုံးခဲ့သော လူအများအပြားကို တွေ့ခဲ့ဖူးသော်လည်း အထက်တန်း မအောင်မြင်ပဲ ကွန်ပြူတာလုပ်ငန်းခွင်တွင် အောင်မြင်သူဟူ၍တော့ တစ်ခါမျှ
သတိပြုမိခဲ့ခြင်း မရှိပါ။အထက်တန်းကျောင်းမှ ထွက်ခဲ့သူဟူ၍ တစ်ဦးတစ်ယောက်မျှ မသိရှိခဲ့ပါ။အောင်မြင်မှု ရသူဆိုလျှင်တော့ ဝေးပါသေးသည်။ကျွန်တော် company စတင်တည်ထောင်စအစောပိုင်းနှစ်များ၌ ထူးချွန်သော အချိန်ပိုင်း ၀န်ထမ်းတစ်ဦး ရှိခဲ့ဖူးရာ
သူက အချိန်ပြည့်အလုပ်လုပ်နိုင်ရန် အထက်တန်းကျောင်းမှ နုတ်ထွက်တော့မည်ဟု ပြောလာသည်ကို ကျွန်တော်တို့က တားမြစ်ငြင်းဆန်ခဲ့ဖူးသည်။
ကျွန်တော့် လူအချို. ကောလိပ်ပညာရေးပြီးဆုံးမှု မရှိခဲ့သည်တော့ မှန်ပါသည်။သို့သော် ကျောင်းထွက်ခြင်းကိုတော့ ကျွန်တော်တို့ အားမပေးပါ။ကျွန်တော်တို့ထံ အလုပ်ရှာဖွေရန် ရောက်လာသူတစ်စုံတစ်ယောက်၌ ဒီပလိုမာရရှိသူဖြစ်ခဲ့ပါက ယင်းအချက်က သူ့ကို အထောက်အကူပြုမည်ဖြစ်သည်။ကောလိပ်သည် သတင်းဗဟုသုတ ရရှိနိုင်သော တစ်ခုတည်ေးသာ နေရာသာ မဟုတ်ပါ။ သင်သည် စာကြည့်တိုက်တစ်ခု၌လည်း လေ့လာသင်ကြားနိုင်ပါသည်။သို့သော်လည်းတစ်စုံတစ်ယောက်က စာအုပ်တစ်အုပ်သင့်ကိုပေးလိုက်သည်နှင့်သင်ကို အလိုအလျောက် ပညာလေ့ကျင့် သင်ကြားပေးမည်မဟုတ်ပါ။သင်သည် အခြားသူများနှင့် လေ့လာသင်ကြားလိုသည့် မေးခွန်းများ ၊ မေးမြန်းလိုမည့် အကြံဥာဏ်များကို အသုံးချပြီး သင်၏အရည်အသွေးကို စစ်ဆေးစမ်းသပ်ကြည့်ရမည့် ထုံးစံအတိုင်း စာအုပ်တစ်အုပ်ထက်တော့ ပိုမိုလိုအပ်လိမ့်မည်။ ပညာသင်ကြားရခြင်းသည် သင့်အတွက်ပျင်းစရာဖြစ်ကောင်းဖြစ်ပါလိမ့်မည်။သို့သော် ထိုအရာကို စိတ်ဝင်စားဖွယ်ဖြစ်အောင်ကြိုးစားပါ။
ကျွန်တော်သည် အထက်တန်းကျောင်းသားဘ၀ကာလ အစိတ်အပိုင်းအချီု.၌ ကွန်ပြူတာ Software ရေးသားရန်စိတ်အားထက်သန် အာရုံစူးစိုက်မှများရှိခဲ့သော်လည်း စီးဆင်းနှစ်အများစု၌ ကျယ်ပြန့်သော သဘောတရားရေးရာ
နှင့်သက်ဆိုင်သည့် စိတ်ဝင်စားမှုများ ထားခဲ့ပါသည်။ကျွန်တော်၏မိဘများကလည်း ဤအချက်ကို အားပေးခဲ့ကြသည်။သို့အတွက် ကျွန်တော်က သူတို့ကို ပြန်၍ ကျေးဇူးတင်ခဲ့မိပါသည်။ကျွန်တော် ကောလိပ်တက်စဉ် အကွဲကွဲအပြားပြားသော
အတန်းမျိုးမျိုးတက်ခဲ့ဖူးသ်ာလည်း ကွန်ပြူတာအတန်း တစ်ကြိမ်သာ တက်ခဲ့ဖူးပါသည်။ကျွန်တော် အကြောင်းအရာ အမျိုးမျိုး လေ့လာဖတ်ရှုခဲ့သည်။သူမ၏သားဖြစ်သူသည် ကွန်ပြူတာ သံသရာဝဲသြဃကြီးထဲ ကျရောက်နေကြောင်း WEB DESIGN နှင့်ပတ်သက်၍ " က " အဆင့်ရသော်လည်း ကျန်အမှတ်များ မှာအောက်ဆုံးရောက်နေကြောင်း ၅နှစ်သား ကလေးတစ်ဦး၏ မိခင်က ကျွန်တော့ထံစာရေးဘူးသည်။
လူငယ်လေးအမှားကျူး လွန်နေခြင်းဖြစ်ပါသည်.အထက်တန်းနှင် ကောလိပ်များသည် ကျယ်ကျယ်ပြန့်ပြန့်လေ့လာသင်ကြားရန် အခွင့်အလမ်းများပေးသည့် သခ်ျာ ၊ သမိုင်းနှင့် သိပ္ပံ အမျိုးမျိုး သင်နိုင်သည်။အုပ်စုအလိုက်လှုပ်ရှားဆောင်ရွက်တတ်ရန် အခြားကလေးများနှင့် စီမံချက်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ကွန်ပြူတာ ၊ ကခုန်ခြင်းအနုပညာ ၊ ဘာသာစကားတို့ ၊ အခြားမည်သည့်ဘာသာရပ်လမ်းကြောင်းတစ်ခုခုကို ဖြစ်စေ အလေးအနက် စိတ်ဝင်စားမှု ထားနိုင်သည်။သို့သော်လည်း သင်၏စိတ်ဝင်စားမှုက ထမင်းမေ့ ၊ ဟင်းမေ့ အသက်ရှုမှားလောက်အောင်တော့ မဖြစ်သင့်ပါ။လူငယ်များသည် တစ်ခါတစ်ရံ ကျဉ်းမြောင်းသော ယုံကြည်ချက် ခံယူမှု၌ ပိတ်လှောင်မိတတ်ကြသည်ဟု ကျွန်တော်ထင်ပါသည်။သူတို့ကိုယ်သူတို့ ယုံကြည်ချက်ဖြင့် "ငါ စာရင်းအင်းပညာမှာ သိပ်ကောင်း သိပ်တော်ပါကလား"ဟု ဆုံးဖြတ်ချက်ချမိကြလားမသိပါ။
သူငယ်ချင်းတစ်ယောက်က ဟေး ၊ မင်းဘာဖတ်နေတာလဲ ဟု မေးမြန်းလာမည်ဆိုပါစို့။ သူက ငါ စာရင်းအင်းပညာ အကြောင်း ဖတ်နေတာ ဟု ပြန်ဖြေလေမည်။
ဤသည်မှာ သူတို့ကိုသူတို့ ဂုဏ်ဖော်သတ်မှတ်ခြင်းတစ်မျိုးဖြစ်သည်။ ဤအချက်သည် သူတို့ကို ကျေနပ်နှစ်သိမ့်မှု ဖြစ်စေပေမည်။သို့သော်လည်း ဤအချက်က အခြားကျယ်ပြန့်သော ပညာသင်ကြားရေးကို ဖြစ်စေ ၊ အခြားသူများနှင့် ညှိနိုင်းဆောင်ရွက်ရေးကိုဖြစ်စေ လျစ်လျုရှု ပျက်စီးမှုကို ဖြစ်စေမည်ဆိုပါက ကံဆိုး မိုးမှောင် ကျခြင်းပင် ဖြစ်ပေသည်။ အကယ်၍ ၁၁ နှစ်အရွယ်ကလေးငယ် တစ်ယောက် calculus ကိုတွက်ချက်နားလည်ကြောင်းတွေ့လျှင် အခြားသူများနည်းတူ ကျွန်တော်စိတ်ဝင်စားအထင်ကြီးမှုဖြစ်မိပေမည်။သူ ၊ သူမသည် ယုတ္တိဗေဒကျကျသင်ကြားနေခြင်းပင် ဖြစ်သည်။ Robinson Crusoe အကြောင်းဖတ်ရှုနေသော ကလေးသည်လည်း ယုတ္တိဗေဒကျကျ တွေးခေါ်စဉ်းစားနေခြင်းပင် ဖြစ်သည်။ ဤနှစ်ချက် လုံးဝကွဲပြားခြားနားခြင်းတော့ မဟုတ်ပါ။
လင်းလက်ကြယ်
My Advice to Students: Education Counts
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
By Bill Gates
Chairman and Chief Software Architect, Microsoft Corporation
Hundreds of students send me e-mail each year asking for advice about education. They want to know what to study, or whether it's okay to drop out of college since that's what I did.
A smaller number of parents send messages, often poignant, seeking guidance for their son or daughter. "How can we steer our child toward success?" they ask.
My basic advice is simple and heartfelt: Get the best education you can. Take advantage of high school and college. Learn how to learn.
It's true that I dropped out of college to start Microsoft, but I was at Harvard for three years before dropping out—and I'd love to have the time to go back. As I've said before, nobody should drop out of college unless they believe they face the opportunity of a lifetime. And even then they should reconsider.
Kathy Cridland, a sixth-grade teacher in Ohio, wrote to say, "Several of my students claim that you never finished high school. Since you are a success, my students perceive that as a reason not to care much about getting a good education."
I finished high school!
I Don't Know Any High School Dropouts
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
The computer industry has lots of people who didn't finish college, but I'm not aware of any success stories that began with somebody dropping out of high school. I actually don't know any high school dropouts, let alone any successful ones.
In my company's early years we had a bright part-time programmer who threatened to drop out of high school to work full-time. We told him no.
Quite a few of our people didn't finish college, but we discourage dropping out. Having a diploma certainly helps somebody who is looking to us for a job.
College isn't the only place where information exists. You can learn in a library. But somebody handing you a book doesn't automatically foster learning. You want to learn with other people, ask questions, try out ideas and have a way to test your ability. It usually takes more than just a book.
Education should be broad, although it's fine to have deep interests, too.
In high school there were periods when I was highly focused on writing software, but for most of my high school years I had wide-ranging academic interests. My parents encouraged this, and I'm grateful that they did.
Although I attended a lot of different kinds of classes in college, I signed up for only one computer class the whole time. I read about all kinds of things.
One parent wrote me that her 15-year-old son "lost himself in the hole of the computer." He got an A in website design, but other grades were sinking, she said.
This boy is making a mistake. High school and college offer you the best chance to learn broadly—math, history, various sciences—and to do projects with other kids that teach you first-hand about group dynamics. It's fine to take a deep interest in computers, dance, language, or any other discipline, but not if it jeopardizes breadth.
I think kids sometimes trap themselves into a narrow identity. I wonder if they've just decided, "Okay, I'm the person who's good at accounting."
A friend asks, "Hey, what have you been reading?"
"Well, I'm reading about accounting."
It's just their sort of self-definition, and it's probably comfortable for them. But it's unfortunate if it comes at the sacrifice of learning about the broader world, or learning to work cooperatively.
I'm as impressed as the next person is when an 11-year-old can do calculus. He or she is learning to think logically. But a kid who is reading about Robinson Crusoe is thinking logically, too. It's not completely different.
Focus on Doing Well; Specialization Comes Later
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
If you fall into an obsessive pattern in high school, you've got two problems. One is that you're unlikely to change when you go to college. The other is that if you don't get reasonably good grades, it's hard to get into a college that has the highly motivated, capable students who can really help you learn about the world.
In college it's appropriate to think about specialization. Getting real expertise in an area of interest can lead to success—unless the specialty ends up being a dead end or you're not good at. Graduate school is one way to get specialized knowledge, although extended college education isn't always a good investment from a purely economic standpoint.
Choosing a specialty isn't something high school students should worry about. They should worry about getting a strong academic start.
There's not a perfect correlation between attitudes in high school and success in later life, of course.
But it's a real mistake not to take the opportunity to learn a huge range of subjects, and to learn to work with people in high school, and to get the grades that will help you get into a good college.
Credit : Soup for Soul (motivational essays)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။