Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 24, 2013

ဦးသိန်းစိန် အမေရိကန်မှာ အမြတ်လာထုတ်သွား

 
Tun Wai
ဦးသိန်းစိန် အမေရိကန်မှာ အမြတ်လာထုတ်သွား

ဝင်းအောင်ကြီး၊ မေ ၂၅၊ ၂၀၁၃
မိုးမခသတင်း

မြန်မာပြည်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အုပ်ချုပ်လာခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေ သူတို့ကို သူတို့ဘယ်လိုခေါ်ရမှန်းမသိ ကမောက်ကမ နိုင်ခဲ့တာ စဟေ့ဆိုကတည်းမို့ ၁၉၁၃ ခု၊ မေလ ၂၀ ရက်နေ့က အိမ်ဖြူတော်မှာ အမေရိကန်သမတ အိုဘားမားနဲ့တွေ့ဆုံတဲ့ ဦးသိန်းစိန်ကိုလည်း သနားရမလား? စိတ်မကောင်းဖြစ်ရမလား? ဝေခွဲလို့မရ။ သမ္မတကြီးလို့ဝိုင်းခေါ်နေကြသံတွေကြားရပြန်တော့လည်း ရယ်ချင်လာတယ်။ မဟာအင်အားကြီး အမေရိကန်နဲ့ ဆိုဗီယက်ယူနီယန်တို့မှာ သမတတွေသာရှိကြသလို လူဦးရေ ဘီလျံနဲ့ချီနေထိုင်ကြတဲ့ တရုတ်တို့ အိန္ဒိယတို့မှာလည်း သမတွေသာ ရှိကြတာပါ။ ကျနော်သိသလောက် ဒီကနေ့ကမ္ဘာပေါ်မှာ သမ္မတကြီးဆိုလို့ ဦးသိန်းစိန်သာ ရှိပါလိမ့်မယ်။ လိုအပ်လျှင် ကာကွယ်ရေး ဦးစီးချုပ်က ဖယ်ရှားတာခံရမယ့်သူကများ သမ္မတကြီးဖြစ်နေတာလား?
မြန်မာပြည်မှာလည်း စပ်ရွှေသိုက်တို့၊ ဒေါက်တာဘဦးတို့၊ မန်းဝင်းမောင်ဆိုတာ အစဉ်အလာလည်းရှိ ပြည်သူလူထုကလည်း လေးစားတဲ့သမတတွေလို ဦးသိန်းစိန်ကိုမြင်ကြည့်လို့မရပါ။ မြင်ကြည့်လို့ရရ မရရ၊ ဗိုလ်ချုပ်ကြီးနေ၀င်းကစပြီး လုပ်လိုက်လို့ မြန်မာပြည်သူတွေ ဆင်းရဲမွဲတေ အဘက်ဘက်ကနိမ့်ကျ၊ နိုင်ငံလည်း ကမ္ဘာ့အလယ် မျက်နှာငယ် ၀ိုင်းပယ်ဒဏ်ခတ် အရေးယူပိတ်စို့ခံထားရတာကို ဒီအခြေရောက်အောင်လုပ်ပြတဲ့ ဦးသိန်းစိန်မှာ ဆေးကြိမ်လုံးရှိသလား၊ တန်ခိုးတေဇာကြီးမားတဲ့ ဘိုးတော်ရဲ့ ယတြာနဲ့နိုင်ငံတကာကျေအောင် ခြေနိုင်လို့လား စသဖြင့်တွေးချင်စရာတွေ ပိုပိုများလာပါပြီ။
ဒုဗိုလ်မှူးကြီးဟောင်းရဲ့အမေး
အမေရိကန်က အင်ဂျင်နီယာဘွဲ့ရသွားတဲ့ ဒုဗိုလ်မှူးကြီးဟောင်းတယောက် မကြာသေးခင်က အလည်လာရင်း ကျနော့ကိုမေးတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီဖေါ်ဆောင်နေတယ်၊ ပြုပြင်ပြောင်းလဲရေးတွေ အကြီးအကျယ်လုပ်နေတယ်ဆိုတာတွေကို အမေရိကန်တို့ ဥရောပသမဂ္ဂတို့ ဘာဖြစ်လို့များ ယုံကြတာလဲဟင်၊ သူတို့ခေါင်းဆောင်တွေ ဒီလောက် ညံ့သလားတဲ့။ မြန်မာပြည်မှာ စီးပွါးရေးလုပ်ချင်လို့နေမှာပေါ့ဗျာလို့သာ ကျနော်ပြန်ဖြေလိုက်နိုင်တယ်။ သူ့အမေးကြောင့် ကျနော့ခေါင်းထဲ မေးစရာတွေပိုများလာပြီ။
အနောက်တိုင်းခေါင်းဆောင်တွေ ညံ့မညံ့တော့မသိ၊ ဦးသိန်းစိန်အလုပ်ဖြစ်တာကတော့အမှန်။ ကြည့်ပါ ကချင်ပြဿနာ စ တက်တော့ အပစ်ရပ်ဖို့ သမ္မတကြီးကအမိန့်ပေးသော်လည်း စစ်တပ်မနာခံ၊ ဆက်တိုက်နေတာ နောက်တော့ လေတပ်က ဗုံးကြဲတဲ့အထိရောက်သွားတယ်။ ကချင်ကလေးလေးတွေ စားရမဲ့သောက်ရမဲ့ဖြစ်နေပုံ သတင်းတွေ နိုင်ငံတကာ TV တွေမှာမြင်နေကြရတယ်။ တပ်မတော်က ငြိမ်းချမ်းရေးလုပ်နေကြာင်း ဦးသိန်းစိန် ပြည်တွင်းမှာသာမက ဥရောပသမဂ္ဂခေါင်းဆောင်တွေကိုလည်း ပြောတယ်။ ယုံချင်ယုံ မယုံချင်နေ၊ အဲဒီလို ပြောရဲတာကို သတ္တိလို့ခေါ်မလား? မေးစရာတစ်ခုထပ်ရှိလာပြီ။
ဦးသိန်းစိန်နဲ့ မီဒီယာ
စစ်အာဏာသိမ်းဖခင် ဗိုလ်ချုပ်ကြီးနေ၀င်း ချမှတ်သွားတဲ့လမ်းစဉ်အတိုင်း လိုက်လုပ်နေကြပေမယ့် ဦးသိန်းစိန်ကျတော့ သူတို့ဘိုးတော်နေ၀င်းလို မီဒီယာကိုမကြောက်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရ NLD အမတ်တွေ ကျမ်းသစ္စာကျိန်ဆိုရေး စကားလုံးပြင်ပေးဖို့တောင်းဆိုတော့ တိုကျိုကိုရောက်နေတဲ့ ဦးသိန်းစိန်က ပြင်မပေးနိုင်ဘူးလို့ အပြတ်ပြောလိုက်တယ်။ သူပြောတဲ့အတိုင်း ဖြစ်သွားတယ်မဟုတ်လား? ကုလသမဂ္ဂ အထွေထွေညီလာခံ လာတက်ရင်း၊ လူထုကရွေးကောက်တင်မြှောက်ပါက ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတဖြစ်နိုင်ကြောင်း နိုင်ငံတကာသတင်းထောက်များကို ပြောကြားပြီး၊ ဟော ရန်ကုန်ပြန်ရောက်သွားတော့ တပ်မတော်ကသာ အမျိုးသားနိုင်ငံရေးကို ဦးဆောင်ရမှာလို့ပြောပြန်ရော။
သမ္မတဖြစ်ချင်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံသူတွေကြား အမြင်သဘောထားကွဲကြ၊ သူတို့ဘာသာသူတို့ရေးဆွဲ သူတို့ဘာသာသူတို့ အတည်ပြုထားလို့ အတုအယောင်ကြီးပါဆိုတဲ့ နိုင်ငံတော် ဖွဲကစည်းပုံဥပဒေကြီး ပြင်းပေးမလား? ပြင်လို့ရမလား? လူတွေအချိန်ကုန်နေကြချိန် ဦးသိန်းစိန်တို့ကတော့ အလုပ်ဖြစ်နေကြတယ်မဟုတ်လား? ဒါမျိုးစစ်တပ်ကလုပ်နေကျ လူတွေကလည်းခံနေကျမို့ မထူးဆန်း။
ဘယ်သူ့အတွက် ခရီးလဲ
ဦးသိန်းစိန်နဲ့အတူလိုက်ပါလာကြတဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ပြည်ထဲရေးဝန်ကြီးတို့ဟာ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ စစ်တပ်မှာအမှုထမ်းဆဲ ဗိုလ်ချုပ်ကြီးတွေဖြစ်ကြလို့ အမေရိကန်ဆီကနေ မြန်မာစစ်တပ်အတွက် အမြတ်ထုတ်ဖို့ခရီးလို့ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောကထောက်ပြတယ်။ အမေရိကန်ကချမှတ်ထားတဲ့ စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့ထားတာတွေ အကုန်လုံးရုပ်သိမ်းပေးပါ၊ မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုတ်နှံကြပါလို့ ပြောတာဟာ၊ ဘယ်သူ့အတွက်လဲ? စစ်တပ်စီးပွါးရေးအတွက် သို့မဟုတ် ဗိုလ်ချုပ်ဟောင်းသားသမီးတွေရဲ့ လုပ်ငန်းများနဲ့အလုပ်ဖြစ်နေတာ ပိုမိုအရှိန်ရလာအောင် တိုက်တွန်းတာလား?
အားလုံးသိကြပါလိမ့်မယ်။ သေချာတာကတော့ ရေသန့်ဗူးဆိုတာ သောက်ဖူးဖို့ဝေးလို့၊ မမြင်ဖူးတဲ့ မကြားဖူးကြတဲ့ သူတို့သောက်နေကျ ရေကန်ရေတွင်းခန်းလို့ ရေငံရေနောက်သောက် ဆင်းရဲသားနင်းပြားများ အတွက်မဟုတ် ဆိုတဲ့အချက်ပါ။ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးများကို လည်ပတ်နေပေမယ့် မြန်မာပြည်က ပြည်နယ်၊ ကျေးလက်တောရွာများကို ရောက်ဖူးပုံမရသူ ဦးသိန်းစိန်ခမျာ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလားလို့ပြောတဲ့ ပြင်သစ်မိဖုရားကြီးလိုများ ဖြစ်နေမလား? အမေရိကန် လွှတ်တော်ကနေ ဆက်လက်ဒဏ်ခတ်အရေးယူဖို့ ဦးဆောင်နေသူ Rep. Joseph Crowley ( D-N.Y) တို့ဆောင်ရွက်နေကြချိန် အမြတ်ရရင် ဘယ်နေရမှာ ဘာမဆိုလုပ်ကြသူ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင်များကိုတော့ ဦးသိန်းစိန်ဆွဲဆောင်သွားနိုင်မှာပါ။
အရပ်သားအစိုးရတဲ့
အမေရိကန်သမတ အိုဘားမားက ဦးသိန်းစိန်ကို တရားဝင်လက်ခံတွေ့ဆုံတဲ့အပေါ် ဝေဖန်သုံးသပ်တဲ့ မေလ ၂၂ ရက်နေ့ The Washington Post သတင်းစာ အယ်ဒီတာ့အာဘော်က အာဏာရှင်များစွာ စစ်အစိုးရ များစွာတို့ဟာ အာဏာမစွန့်လိုကြဘူး၊ အဲဒီထဲကမှာ မြန်မာစစ်တပ်က ထူးထူးခြားခြား အာဏာစွန့်မှာလားဆိုတဲ့ မေးခွန်းနဲ့စထားတယ်ခင်ဗျာ့။ အမေရိကန်တို့ဘက်က အကောင်းမြင်နေခြင်းဟာ တကယ့်ဖြစ်ရပ်နဲ့လွဲနေပုံတို့ကို ထောက်ပြဝေဖန်ထားတယ်။ မိမိတို့၏ အယ်ဒီတာနဲ့တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဖို့ ဖွဲ့စည်းပုံပြင်းရေးကို ထောက်ခံပါ့မယ်လို့ မပြောပေမယ့်၊ သူဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ပူးတွဲကာ သမ္မတတာဝန်ကို လုပ်ဆောင်နေရတယ်လို့တော့ပြောသွားတယ်။
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ဦးဆောင်တာကို ထောက်ခံသူဦးသိန်းစိန်ဟာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်ရုံး ဖွင့်ခွင့်ပေးပါ့မယ်ဆိုတာအပါအ၀င် တရားဝင်ပေးထားတဲ့ ကတိတွေကိုပယ်ဖျက်ခဲ့သလို ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့လည်းပြောတယ်၊ဒါ့ကြောင့် ကွန်ဂရက်ကအရေးယူမှုကို ဆက်လက် အားသွန်သင့်တယ် စသဖြင့်ဝေဖန်ထားတယ်။
အရပ်သားအစိုးရလို့ ခေါ်ထိုက်ပါသလား? ဖွဲ့စည်းပုံ၊ လွှတ်တော်၊ အစိုးရအဖွဲ့ စတာတွေကို သေသေချာချာ လေ့လာပြီး ကျေနပ်မှအရပ်သားအစိုးရလို့ သုံးပါ၊ ရောယောင်ကာ အရပ်သားအစိုးရလို့ လိုက်ခေါ်နေပါက စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေး အားပေးရာရောက်သွားမယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ စစ်တပ်
VOA မြန်မာပိုင်းနဲ့တွေ့ဆုံပွဲမှာလည်း ဦးသိန်းစိန်က ဗိုလ်ချုပ်အောင်ဆန်းကပဲ တပ်မတော်အကြီးအကဲ အနေနဲ့လွတ်လပ်ရေးရယူ နိုင်ငံရေးလုပ်သယောင် ရောထွေးပြောဆိုသွားတယ်။ ဂျပန်ကိုတော်လှန်စဉ်ကာလ ဖတပလ ( နောက်ပိုင်းကျမှ ဖက်ဆစ်တိုက်ဖျက်ရေးကနေ ဖက်ဆစ်ဆန့်ကျင်ရေးလို့ ပြောင်းတော့မှ ဖဆပလ) ကို ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့တပ်မတော်တို့ဖွဲ့ခဲ့ကြတာမှန်ပါတယ်။ နောက်ပိုင်း လွတ်လပ်ရေးတောင်းတဲ့အခါ နိုင်ငံရေးတပ်ဦးအဖြစ် ပီပြင်ကျယ်ပြန့်ဖို့ တခြားအဖွဲ့အစည်းများထည့်သွင်းပြီး ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို ၁၉၄၅ ခု၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဖဆပလ ကထွက်စေတာ တိုင်းသိပြည်သိပါ။ နောက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာကိုရှာကြည့်ရင် တွေ့ပါလိမ့်မယ်။
နိုင်ငံရေးလုပ်နိုင်ဖို့ သူကိုယ်တိုင်တပ်မတော်အကြီးအကဲအဖြစ်က နှုတ်ထွက်လိုက်ကြောင်း ကြေညာတဲ့ သတင်းကို ၂၇-၁၀-၄၅ နေ့ထုတ်သတင်းစာများမှာပါခဲ့တယ်။ တပ်မတော်ဆိုတာ နိုင်ငံကာကွယ်ရေး၊ လုံခြုံရေး တို့ကိုတာဝန်ယူဖို့သာဖြစ်တယ်၊ (Professional Army) အဖြစ် လူရိုသေရှင်ရိုသေတဲ့ တပ်မတော်ဖြစ်ရမယ်၊ တပ်ထဲမှာ နိုင်ငံရေးမလုပ်ရ၊ နိုင်ငံရေးလုပ်ချင် တပ်ကထွက်ဆိုကာ ကိုယ်တိုင်လည်းနှုတ်ထွက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ အာဏာသိမ်းစစ်တပ်က ဖျောက်ဖျက်ခဲ့တာတွေကို သုတေသီများဖော်ထုတ်ကြပါ။ ဦးသိန်းစိန် မသိတာလား? လူတွေကိုအထင်သေးပြီး သိသိကြီးနဲ့ပြောတာလား?
ရိုဟင်ဂျာဆိုတာ
အမေရိကန်သမတ အိုဘာမား ရန်ကုန်မှာမိန့်ခွန်းပြောတော့ရော၊ အိမ်ဖြူတော်မှာတွေ့တော့ရော ရိုဟင်ဂျာလို့ သုံးတာကိုတော့ မကန့်ကွက်ဘဲ၊ မြန်မာပြည်ကလူမျိုးစုစာရင်းထဲမှာ ရိုဟင်ဂျာဆိုတာမရှိပါဘူးလို့ ဦးသိန်းစိန်က အကျောက်အကန်ပြောနေတယ်။ သူတို့လုပ်တဲ့ စာရင်းထဲမပါတာလား? မြန်မာ့အသံက ထုတ်လွှင့်တဲ့ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းစတဲ့ တိုင်းရင်းသားဘာသာ အစီအစဉ်တွေထဲ ၁၉၆၁ ခု၊မေလ ၁၅ရက်နေ့မှာ လားဟု၊ ပအို့နဲ့ ရိုဟင်ဂျာ တိုင်းရင်းသားအစီအစဉ် ထပ်တိုးပြီးအသံလွှင့်ခဲ့တာ ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိပါ။ ရိုဟင်ဂျာဘာသာအစီအစဉ်မှူးက ဦးဘထွန်း BA, BL ဖြစ်တယ်။ အဲဒီကာလက မြန်မာ့အသံမှာ ဆောင်းပါးရှင်နဲ့အတူ အမှုထမ်းခဲ့သူ အနည်းဆုံး ၄ ယောက် ဗာဂျီးနီးယားမှာ ရှိနေကြပါတယ်။
ပထစ ၀န်ကြီးချုပ်ဦးနုက မဲရဖို့လုပ်သွားတာဆိုရအောင် ရွေးကောက်ပွဲပြီးမှာ စတာပါ။ ပြီးတော့ ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းပြီး ဖွဲ့စည်းပုံ၊ ပါလီမန်စသဖြင့် အကုန်ဖျက်ပစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရ လက်ထက်မှာတင် ဘာဖြစ်လို့ ရိုဟင်ဂျင်ဘာသာအစီအစဉ်ကို ၃ နှစ်ကျော်ဆက်ပြီး အသံလွှင့်နေသေးရတာလဲ? အဲဒါဟာ ဦးသိန်းစိန်သမ္မတကြီးလုပ်နေတဲ့ မြန်မာပြည်မှာ တကယ်ရှိခဲ့တာပါ။ သူမသိပါဘူးဆိုရင်တော့ ကျနော်လည်း ထူးပြီးမအံ့သြတော့ပါဘူး။ ရိုဟင်ဂျာလို့ မခေါ်နိုင်ဆိုလည်း နားလည်ပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်အထိ ဒေါ်စုကြည်လို့သာ ဦးသိန်းစိန်တို့ခေါ်ခဲ့ရတာ မဟုတ်ပါလား?
နောက်ဥပမာ တစ်ခု၊ ဗိုလ်ချုပ်ကြီးတင်ဦး တပ်ကထွက်ရပြီးနောက်ပိုင်း NLD ၀င်လုပ်တော့ ပြတိုက်ရှိ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ ဓာတ်ပုံတွေထဲကနေ သူ့ပုံကို ဖယ်ရှားလိုက်တယ်။ ဓာတ်ပုံမရှိတော့ပေမယ့် ဗိုလ်ချုပ်ကြီးတင်ဦး ကာကွယ်ရေးဦးစီးချုပ်လုပ်သွားတယ်ဆိုတဲ့ တကယ့်ဖြစ်ရပ်က ပျောက်သွားရောလား? လွတ်လပ်စွာတွေးခေါ်ခွင့်ကိုသုံးပြီး စဉ်းစားကြပါ။
အထင်မသေးပါနဲ့
ဗိုလ်ချုပ်ကြီးနေ၀င်းကို အရက်သောက်၊ မြင်းလောင်း၊ မိန်းမပွေနေသူပါလို့ အထင်သေးလွှတ်ထားကြ၊ လျှော့တွက်ထားကြလို့ မြန်မာပြည်ဒီအခြေအနေ ရောက်သွားတာမဟုတ်လား? လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခု၊ ကျမှစစ်ထဲဝင်လာတဲ့ တပ်သားစောမောင် ၈ လေးလုံးအပြီး ဗိုလ်ချုပ်မှူးကြီးအဖြစ် သမ္မတလုပ်သွား၊ ကွမ်းစားနေတဲ့သာဂေါင်ကြီးလို့ အထင်သေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြိုးဆွဲတဲ့အတိုင်း ဘယ်သူတွေ လိုက်လှုပ်နေကြတယ်ဆိုတာ လက်ရှိနိုင်ငံရေးဇာတ်ခုံကို လှမ်းကြည့်ရင် မြင်ရပါလိမ့်မယ်။
အရပ်သားတွေညံ့လို့ စစ်တပ်အာဏာမြဲနေတာ ဆိုပြီး အပြောခံရတော့ နာခဲ့တယ်။ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း၊ လေ့လာကြည့်ပါ။ ဗိုလ်လက်ျာကိုဖယ်ပြီး ဗိုလ်နေ၀င်းကို ဘယ်သူတွေပခုံးနဲ့တင်ခဲ့လဲ? လွတ်လပ်ရေးတိုက်ခဲ့တဲ့ အစဉ်အလာရှိတဲ့ နိုင်ငံရေးသမားကြီးတွေကို သိက္ခာဆိုလို့ကုန်းကောက်စရာမရှိတဲ့ ဘ၀နဲ့ဇာတ်သိမ်းသွားအောင် ဗိုလ်နေ၀င်းလုပ်သွားသလို ဒီကနေ့လည်း ဦးသိန်းစိန်ုလုပ်နေပုံ ကြည့်တတ်ရင် မြင်နိုင်ပါတယ်။ အစွဲအလန်းတိမ်သလ္လာကိုသာ ဖယ်ပစ်လိုက်ပါ။
လျှော့မတွက်ပါနဲ့
ဦးသိန်းစိန်ကိုကြည့်ပါ၊ သမ္မတကြီးဖြစ်မလာခင်ကတည်း အမေရိကန်သမတအိုဘားမားနဲ့တွေ့ပြီးပြီ။ ရန်ကုန်လာအောင် ခေါ်လိုက်နိုင်ပြီမို့ သူတို့တရားဝင်အစိုးရဖြစ်သွားပြီ။ ဂျပန်ကိုသွားပြီး ဘယ်လိုပြောဆို၊ ဘာတောင်းရမည်ကို သိလို့လည်း ဂျပန်ဝန်ကြီးချုပ် ရန်ကုန်ရောက်နေပြီ။ အမေရိကန်နဲ့ဆက်ဆံရေးကောင်းတဲ့ အတွက် တရုတ်မငြိုငြင်အောင် သွားလုပ်ထားပြီးပြီ။ အိန္ဒိယကိုပဲဖြစ်၊ ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ်၊ မြေလိုလား၊ ဓာတ်ငွေ့လိုလား၊ ဘာလိုလဲ ပေးဖို့အဆင်သင့်။
ဦးနေ၀င်းသေလျှင် မြန်မာပြည်ကြီး အရင်တုန်းကလို ပြန်ကောင်းသွားမယ်လို့ မိုက်မဲစွာစိတ်ကူးမိသူ ဆောင်းပါးရှင်အား သွန်သင်ဆုံးမသွားတာလေး ဝေငှလိုက်ပါရစေ။ “ လူပုဂ္ဂိုလ်မဟုတ်၊ စစ်တပ်ဆိုတဲ့အဖွဲ့ကြီး၊ စစ်သားများက အရပ်သားများထက်သာတယ်၊ စစ်တပ်ကသာလျှင် တိုင်းပြည်ကိုအုပ်ချုပ်နိုင်တယ်လို့ဆိုကာ အယုံသွင်းထားပြီး …” တဲ့။ မြန်မာတွေ မစဉ်းစားတတ်အောင် လုပ်ထားတဲ့ကြားက တွေးရဲရေးရဲသူတွေ မိုးမခဖတ်တိုင်း တွေ့ရလို့အားတက်စရာပါ။
အမြတ်တွေပိုက်ပြီးပြန်
အမေရိကန်သမတ အိုဘားမား ပြောချင်တာပြော၊ တခြားသမတွေလို ဦးသိန်းစိန်ကတော့ ပြန်လည် ချေပ စောဓကတက်သူမဟုတ်၊ အလျင်းသင့်သလိုပြောမယ်၊ ခေါင်းညိတ်တန်ညိတ်လိုက်မယ်။ ပြီးတော့မှ မလုပ်ဘဲနေလိုက်မယ်။ အိမ်ဖြူတော်မှာ သမ္မတကြီးအဖြစ် အမေရိကန်သမတနဲ့အတူ ယှဉ်တွဲရတာကိုက လိုတာထက်ပိုနေပြီ မဟုတ်လား? ပြည်ဝင်ခွင့်ဗီဇာ အပိတ်ခံထားရသူတွေကိုလည်း ဧည့်သည်တော်အဖြစ် အမေရိကန်ကို ခေါ်နိုင်ခဲ့ပြီမဟုတ်လား?
ရခိုင်အရေးအခင်း စုံစမ်းရေးကော်မရှင်မှာ သူအလွန်အားထားတဲ့ ၈၈ မျိုးဆက် ကိုကိုကြီးက ကိုမင်းကိုနိုင်နဲ့အတူ ၀ါရှင်တန်ကို ရောက်နေချိန်၊ ဒေါက်တာကျော်ရင်လှိုင်ကတော့ သမ္မတကြီးဘေးမှာပါ။ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ အတူလုပ်ခဲ့သူနှစ်ယောက်မို့ တွေးစရာမေးစရာ ဖြစ်လာရတာလား? ဒီမိုကရေစီရေးအော်နေကြသူတွေလည်း သမ္မတကြီးအနီးကပ်ရဖို့ တိုးကြဝှေ့ကြနဲ့။ ပြုပြင်ပြောင်းလဲရေးကို အားပေးနေကြလေရဲ့။
အမေရိကန်သမတမို့ အိုဘားမားမှာ လုပ်စရာတွေအများကြီး ကျန်နေရစ်ချိန်၊ ဦးသိန်းစိန်ကတော့ အမြတ်တွေ မနိုင်မနင်းပွေ့ကာပိုက်ကာ နေပြည်တော်မှာ အစီရင်ခံဖို့ ပြန်သွားကြောင်းပါ။

25.5.2013

မူရင်းလင့် http://moemaka.com/archives/35020

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။