Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 10, 2013

လှလှပပကင်ဆာ

 
ကျန်းမာရေးစာတိုများစုစည်းမှု
လှလှပပကင်ဆာ
“စောစောထ သွားတိုက် မျက်နှာသစ်” လို့ ငယ်ငယ်က သူငယ်တန်း ကျောင်းစာကို အော်ဆို ကြရသည်။ စောစောထ သွားတိုက် ကနေစပြီး ညအိပ်ရာ ဝင်ချိန်အထိ လုပ်ငန်း ဆောင်တာ များက အသေးစိတ်သာ စာရင်းချပြီး ရေးရလျှင် တစ်နေ့တစ်နေ့ ဇယားမှာ အတော်ရှည် လိမ့်မည်။ ထိုနေ့တစ်ဓူဝ အလုပ်များ ထဲတွင် ကိုယ့်ကိုယ်ကိုယ် သပ်ရပ်အောင်၊ အများအလယ်မှာ ရှုချင်စဖွယ် မဖြစ်လျှင်ပင် နှာခေါင်းရှုံ့စရာ မဖြစ်အောင် အားထုတ်ကြရ ခြင်းများ ပါသည်။
နှာခေါင်းရှုံ့စရာ မဖြစ်အောင် တစ်နေ့ တစ်နေ့ သုံးရသော အလှကုန်ပစ္စည်း ကလည်း နည်းမည် မဟုတ်ပေ။ ပီနံစားသုံးသူ ကာကွယ်ရေး အသင်းကြီး ကမူ မိမိတို့နေ့စဉ် သုံးစွဲနေသော အလှကုန် များတွင် ပါဝင်သည့် ကင်ဆာဖြစ်စေတတ်သော ဓာတ်ပစ္စည်း များကို သတိထားမိပါ၏လောဟု မေးခွန်း ထုတ်သည်။ မလေးရှားတွင် ကင်ဆာဖြစ်သည့် နှုန်းမှာ ၁၉၇၀ နှင့် နှိုင်းယှဉ်လျှင် ၁၉၉၆ ခုနှစ် တွင် ၄၉၆ ရာခိုင်နှုန်း တိုးလာသောကြောင့် ကင်ဆာဖြစ်စေတတ်သော အသုံးအဆောင် များအနက် အလှကုန်များ၏ အန္တရာယ်ကို အာရုံစိုက်လာရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ တွင်လည်း ယခုကာလသည် ၁၉၇၀ နှင့် နှိုင်းယှဉ်လျှင် ကင်ဆာဖြစ်သည့် ရာခိုင်နှုန်း မည်မျှ တိုးလာပါသနည်း။ စာရင်းကောက် ကြည့်လျှင် ကြောက်စရာ၊ လန့်စရာ ကိန်းဂဏန်းတစ်ခု ထွက်လာစရာ ရှိသည်။
၂၀၀၀ ပြည့်နှစ်လောက်တွင် မလေးရှားတွင် သုံးစွဲနေကြသော အလှကုန်များကို သုတေသနပြု စစ်ဆေးကြည့်သောအခါ အလှကုန်နှင့် နေ့စဉ်သုံးစွဲနေသော အသုံးအဆောင် အမျိုးပေါင်း ၁၂၀ တွင် ကင်ဆာ ဖြစ်စေတတ်သော ဓာတ်ပစ္စည်း ၅၀ ခန့် ပါဝင်နေသည်ကိုတွေ့ရသည်။ အလှကုန် ပစ္စည်းကုမ္ပဏီများ၏ လှည့်ကွက်ကို သတိထားကြရမည် ဖြစ်ကြောင်း CAP က ပြည်သူများကို အသိပညာပေးသည်။
မနက်တိုင်း ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးသည် မိုးလင်းသည်နှင့် သွားတိုက်ရသည်။ သွားတိုက်ဆေးသည် ကင်ဆာဖြစ်စေတတ်သော ဓာတုပစ္စည်း များမှ ကင်းလွတ်ပါ၏လော။ သွားတိုက်ပြီးနောက် ပါးစပ်ကို ခံတွင်းသန့်ဆေးရည်နှင့် ဆေးမည်။ ဤဆေးရည်ကရော ကင်ဆာကို ဘယ်လောက် တိုးပွားစေသနည်း။ရေချိုးသောအခါ ဆပ်ပြာ သို့မဟုတ် ဆပ်ပြာရည် နှင့်ချိုးသည်။ ဆံပင်ကို သန့်ရှင်းနေအောင် ဓာတုပစ္စည်းတွေ သေချာသော ခေါင်းလျှော်ရည် ကို သုံးကောင်းသုံးပါမည်။ ထို့နောက် မျက်နှာကို ချေးချွတ်ဆေး သို့မဟုတ် မျက်နှာသစ်ဆေးရည်ဖြင့် ပွတ်တိုက်မည်။ထို့နောက် ရေချိုးပြီးသောအခါ Toner ကို ထပ်သုံးမည်။ ထို့နောက် အသားအရည် စိုပြည်စေသော Moisturizer သို့မဟုတ် ဖောင်ဒေးရှင်း မိတ်ကပ် တစ်ခုခုခံမည်။ ဤ အမူအကျင့်များတွင် မည်သည့်ထူးထူးခြားခြား အလှပြင်နည်းမျှ မပါသေးပေ။ ခပ်ရိုးရိုး အမျိုးသမီးတစ်ဦး၏ နေ့စဉ်ဖြတ်သန်းနေကျ ပုံစံတစ်ခုသာ ဖြစ်သည်။
အလှပြင်သည့် အမျိုးသမီးများအတွက်မူ ဓာတုပစ္စည်းများနှင့် ပို၍ဆက်စပ်ရသည်။ မျက်နှာတွင် ဖောင်ဒေးရှင်းမိတ်ကပ် ခံပြီးသောအခါ ပေါင်ဒါ သို့မဟုတ် ကရင်ပတ်ဖ်ဖြင့် တို့ဖတ်ရိုက်မည်။ ထို့နောက်ပန်း သွေးရောင်ကြွသော ပါးကလေးများ အတွက် ပါးနီသုံးရလိမ့်မည်။ သည့်ထက် မပြီးသေး။ ခြယ်နေကျ မျက်လုံးသည် မခြယ်လျှင်တစ်ခုခု လိုနေသလိုခံစားရမည်။ ထို့ကြောင့် မျက်လုံး အလှခြယ်ရန် Eye Liner များ Eye Shadow များ၊ မျက်တောင်ကော့ဆေးများ သုံးကြရမည်။ ထို့နောက် နှုတ်ခမ်းနီ သို့မဟုတ် နှုတ်ခမ်း အရောင်တင်ဆီ။
၂၁ ရာစု၏ ကာလသားအများစု ကလည်း ကာလသမီး များထက် မလျော့သော ပြင်ဆင်မှု ရှိကြပါသည်။ အနည်းဆုံး မုတ်ဆိတ်ရိတ်သောအခါ မွှေးပျံ့သော ကရင်မ်တစ်ခုခု သုံးလိုက်ရမှ အဆင်ပြေသည်။ ချိုင်းမနံအောင် ပေါင်ဒါ သို့မဟုတ် အမွှေးရနံရသော Deodorant တစ်ခုခု သုံးမည်။ CAP ကမူ ကလေးလူကြီးသုံး အလှကုန်ပစ္စည်း အားလုံးသည် ကင်ဆာဖြစ်စေ တတ်သော ဓာတ်ပစ္စည်းနှင့် ကင်းလွတ်သည်မှာ အလွန်ရှားလှသည်ဟု ဆိုသည်။
CAP ကအလှကုန် အမျိုးပေါင်း ၁၂၀ ကို စစ်ဆေးကြည့်သောအခါ အောက်ပါကင်ဆာ ဖြစ်စေတတ်သော ဓာတုပစ္စည်းများကို တွေ့ရသည်။
(၁) လူတို့အား ကင်ဆာဖြစ်စေတတ်သည့် ကာဆီနိုဂျင်၊
(၂) ကာဆီနိုဂျင်နှင့် ရောစပ်နေသော ဒြပ်နှောများ၊
( ၃) သုံးစွဲနေစဉ် သို့မဟုတ် သိမ်းဆည်းထားစဉ် ဓာတ်ပြောင်းပြီး ကာဆီနိုဂျင်ဖြစ် သွားနိုင်သော ဓာတ်ပစ္စည်းများ၊
(၄) လူသား တို့ကို ကင်ဆာဖြစ်စေတတ်သည့် ကာဆီနိုဂျင် အုပ်စုတွင် ပါဝင်နေသည်ဟု သံသယဖြစ် နေကြသော ဓာတ်ပစ္စည်းများနှင့် တိရစ္ဆာန် တို့ဖြင့်စမ်းသပ်ရာတွင် ကင်ဆာဖြစ်စေတတ် ကြောင်း တွေ့ရှိရသော ဓာတ်ပစ္စည်းများ အစရှိသည်ဖြင့် အမျိုးပေါင်း ၅၀ ကျော်ကို တွေ့ရှိခဲ့ရသည်။
အောက်ပါ အလှကုန်ပစ္စည်း တို့တွင် တွေ့ရသော ကင်ဆာဖြစ်စေတတ်သော ဓာတုပစ္စည်း အရေအတွက်ကို CAP က အောက်ပါအတိုင်း တင်ပြခဲ့သည်။
မျက်ခွံအရောင်တင် Eye Shadow - ၂၂
နှုတ်ခမ်းနီနှင့်မျက်နှာသစ်ဆေး - ၂၁
ခေါင်းလျှော်ရည်နှင့်ဆံပင်ဆိုးဆေး - ၂၀
မျက်နှာလိမ်းကရင်မ် (Face Lotion) - ၁၇
ကလေးရေချိုးဆပ်ပြာရည် - ၁၆
နှုတ်ခမ်းနီအဆီ - ၁၄
ဖောင်ဒေးရှင်းမိတ်ကပ် - ၁၂
အမျိုးသား Shaving Cream မုတ်ဆိတ်ရိပ်ပြီးသုံးရန်ကရင်မ် - ၁၁
ဆံပင်ပျော့ဆေး - ၁၀
ရေမွှေး - ၉
ကလေးရေချိုးသောပစ္စည်းများနှင့်ခေါင်းလျှော်ရည် - ၈
ချိုင်းနံ့ပျောက်ဆေး - ၇
ကလေးများအတွက် Lotion နှင့်လက်သည်းနီ - ၆
ဆပ်ပြာမွှေးများနှင့်ကိုယ်လိမ်းပေါင်ဒါ - ၎
မျက်နှာချွေးပေါက်ကျဉ်း Toner မျက်ခုံးမွေးဆွဲခဲတံနှင့်မျက်လုံးလိုင်နာ - ၃
မျက်တောင်ဆိုးဆေး၊ နေရောင်ကာကွယ်သော Body Lotion နှင့်နေရောင်ကာပစ္စည်းများ - ၂
ခံတွင်းနံ့ပျောက်ဆေးရည် - ၁
အမေရိကန် ပြည်ထောင်စုသည် The Federal Food ဥပဒေကို အလှကုန်များ၏ ဆိုးကျိုးကို အရေးယူရန် ၁၉၃၈ ကပင် ပြဋ္ဌာန်းခဲ့သည်။ အလှကုန်ပစ္စည်းများတွင် ပါဝင်သောအရောင် စွဲသော ဓာတုပစ္စည်းများ အားလုံးကို အများသုံးစွဲရန် စိတ်ချရခြင်း ရှိ မရှိ စစ်ဆေးခံရန် လိုအပ်ပြီး ထုတ်လုပ်သောပစ္စည်းများ မည်သို့သုံးစွဲရန် ရည်ရွယ်သည် ကိုလည်း FDA တွင် မှတ်ပုံတင်ကြရသည်။ သို့သော် ဝေဖန်ချက်များကမူ အလှကုန်လုပ်ငန်း များကို စည်းကမ်း စစ်ဆေးမှုမှာ နိုင်ငံတိုင်းလိုလို လျော့ရဲကြသည်ဟု ဆိုကြသည်။
သို့တိုင်အောင် Pittsburgh တက္ကသိုလ်မှ သုတေသနတစ်ခုအရ အရေပြားမှ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သော အဆိပ် ဖြစ်စေသည့် ဓာတုပစ္စည်းများသည် အစာမျိုရာ လမ်းကြောင်းမှ ဝင်ရောက်သော ဓာတုပစ္စည်းများ ထက်နှစ်ဆ ပိုများသည်ဟု ဆိုသည်။ မည်သို့ ရှောင်ရှားကြမည်နည်း။ နည်းနိုင်သမျှနည်းအောင် မည်သည်တို့ကို ရှောင်ရမည်နည်း။

ချိုမွှေး
BY THE VOICE JOURNAL

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။