ဆုဂျေ
**ဆရာမလေးသို့ **
ဆရာမလေးရေ
မြေဖြူတစ်ချောင်း
စေတနာကောင်းနှင့်
ပန်းပေါင်းများစွာပွင့်လန်းစေဖို့ 
အမြဲအားတင်းလို့ နေရမယ်နော်..။
ဆရာမလေးရေ
ဂုဏ်တွေငွေတွေ ဂျင်ဂျင်လည်နေတဲ့ခေတ်မှာ
စေတနာကိုလည်းမဆစ်နဲ့ 
ကရုဏာကိုလည်း မပစ်နဲ့ 
အရာရာကို စာနာစိတ်ထား
ကလေးများရဲ့အနာဂတ်ကိုအလေးထားနို င်ပါစေကွယ်..။
ဆရာမလေးရေ
ရောက်ရှိခဲ့ရ လူ့ ဘောင်ဘ၀မှာ
အတ္တအတွက်လည်း လောဘမတက်စေနဲ့ 
ကိုယ့်အမျိုးကောင်းစားဖို့ အတွက်လည်း
သူ့ အရိုးတောင်းမစားမိစေနဲ့ 
ပရစိတ်မိုး အလှတိုးလို့ 
မွှေးရနံ့  ကြူကြူ စိတ်ထားဖြူနဲ့ 
မချွင်းမချန်ပေးလှူနိုင်ပါစေကွယ်..။
ဆရာမလေးရေ
တပည့်မခြားတစ်ပြားမရှိ
ပီတိကိုစား အားတွေရှိလို့ 
ဘာ့အတွက်နဲ့ များ အားငယ်စရာလိုလည်းကွယ်
ညည်းလက်ထဲမှာ တပည့်တွေရှိတယ်
ညည်းလက်ထဲမှာ နိင်ငံတော်ရှိတယ်
ညည်းပုံသွင်းသလောက်
တို့ အနာဂတ်တွေပြောင်မြောက်မှာလေကွယ်..။
ဆရာမလေးရေ
မေတ္တာနံ့ မွှေး သန့် သန့် လေးနဲ့ 
ခဏတာတွေး ဘ၀လေးမှာ
ပေးဖို့ လာသည့် လူသားပေမို့ 
တစ်တပ်တစ်အား အလှဆင်စမ်းကွဲ့ 
ညည်းရတဲ့အမြတ်
ဒါနအမြတ်
သီလအမြတ်
ဘ၀နာအမြတ်
ဒီသုံးရပ်ကိုရင်ဝယ်ထားလို့ 
ပီတိစားရင်းကျောင်းသွားပါကွယ်
ကျောင်းလမ်းပေါ်က ကုသိုလ်သည်လေးရယ်..။
(ဆရာမလေးဒေါ်ဆုဂျေသို့  ရည်ညွှန်းရေးသားပါသည်..:D)
ချစ်ခင်လေးစားလျှက်
ဆုဂျေ
24.5.2013
မြေဖြူတစ်ချောင်း
စေတနာကောင်းနှင့်
ပန်းပေါင်းများစွာပွင့်လန်းစေဖိ
အမြဲအားတင်းလို့ နေရမယ်နော်..။
ဆရာမလေးရေ
ဂုဏ်တွေငွေတွေ ဂျင်ဂျင်လည်နေတဲ့ခေတ်မှာ
စေတနာကိုလည်းမဆစ်နဲ့ 
ကရုဏာကိုလည်း မပစ်နဲ့ 
အရာရာကို စာနာစိတ်ထား
ကလေးများရဲ့အနာဂတ်ကိုအလေးထားနို
ဆရာမလေးရေ
ရောက်ရှိခဲ့ရ လူ့ ဘောင်ဘ၀မှာ
အတ္တအတွက်လည်း လောဘမတက်စေနဲ့ 
ကိုယ့်အမျိုးကောင်းစားဖို့ အတွက်လည်း
သူ့ အရိုးတောင်းမစားမိစေနဲ့ 
ပရစိတ်မိုး အလှတိုးလို့ 
မွှေးရနံ့  ကြူကြူ စိတ်ထားဖြူနဲ့ 
မချွင်းမချန်ပေးလှူနိုင်ပါစေကွယ
ဆရာမလေးရေ
တပည့်မခြားတစ်ပြားမရှိ
ပီတိကိုစား အားတွေရှိလို့ 
ဘာ့အတွက်နဲ့ များ အားငယ်စရာလိုလည်းကွယ်
ညည်းလက်ထဲမှာ တပည့်တွေရှိတယ်
ညည်းလက်ထဲမှာ နိင်ငံတော်ရှိတယ်
ညည်းပုံသွင်းသလောက်
တို့ အနာဂတ်တွေပြောင်မြောက်မှာလေကွယ
ဆရာမလေးရေ
မေတ္တာနံ့ မွှေး သန့် သန့် လေးနဲ့ 
ခဏတာတွေး ဘ၀လေးမှာ
ပေးဖို့ လာသည့် လူသားပေမို့ 
တစ်တပ်တစ်အား အလှဆင်စမ်းကွဲ့ 
ညည်းရတဲ့အမြတ်
ဒါနအမြတ်
သီလအမြတ်
ဘ၀နာအမြတ်
ဒီသုံးရပ်ကိုရင်ဝယ်ထားလို့ 
ပီတိစားရင်းကျောင်းသွားပါကွယ်
ကျောင်းလမ်းပေါ်က ကုသိုလ်သည်လေးရယ်..။
(ဆရာမလေးဒေါ်ဆုဂျေသို့  ရည်ညွှန်းရေးသားပါသည်..:D)
ချစ်ခင်လေးစားလျှက်
ဆုဂျေ
24.5.2013
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။