Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 9, 2013

လူသားဆန်မှုပြဿနာ

Myawady News
လူသားဆန်မှုပြဿနာ

တလောက အမေရိကန်နိုင်ငံက တက္ကဆပ်ပြည်နယ်မှာရှိတဲ့ ဖို့တ်ဟုဒ် (Fort Hood) စစ်စခန်းဌာနချုပ်မှာ စိတ် ရောဂါကု ဆရာဝန် ဗိုလ်မှူးတယောက်က ရဲဘော်အများကို သေနတ်နဲ့ ပစ်ခတ်မှု ဟိုးလေးတကျော် ဖြစ်ခဲ့တယ်။ အဲသည် နောက်ပိုင်းမှာ တီဗွီအစီအစဉ်တွေကလည်း အာဖဂန်၊ အီရတ်စစ်ပွဲတွင်းက၊ ဒါမှမဟုတ် စစ်ပွဲက ပြန်လာ ကြတဲ့ ရဲဘော် တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ လူမှုဖူလုံရေးနဲ့ အပန်းဖြေနိုင်မှု အနေအထားတွေကို ရုပ်သံ အစီအစဉ်တွေက စောကြော ပြလာကြတယ်။ စိတ်ဝင်စားဖွယ်လည်း အတော်ကောင်းတယ်။

မနေ့ကတော့ အီရတ်မှာ ခြေနှစ်ဖက်ပြတ်ခဲ့ရတဲ့ စစ်သားတယောက် ခြေတု နှစ်ဖက်နဲ့ ကျန်းမာရေး ပြန်လည် နာလံထူ လာပုံ ကို ပြတယ်။ ခြေတုကလည်း အတော်ကောင်းလှတယ်။ ခြေနှစ်ဖက်ပြတ်တာတောင် ပြေးနိုင်၊ လွှားနိုင်အောင် စီမံထားတဲ့ ခြေတုမျိုးပါ။ ဒီရုပ်သံ အစီအစဉ်နဲ့ ဆက်စပ်လို့ လူသားဆန်မှု ပြဿနာကို ကျနော် ဆက်စပ် စဉ်းစားမိလာတယ်။

လူ့အခွင့်အရေးတို့ ဘာတို့ဆိုတာက စိတ္တဇဆန်တဲ့ ရှုထောင့်က ကြည့်ရင် အခွင့်အရေးသက်သက်လို့သာ ထင်ရ တယ်။ ဆုပ်ကိုင်သက်သေပြရခက်တဲ့ ကိစ္စတွေလို့ မြင်မိကြတယ်။ ကျနော်ကတော့ ဟိုဟိုသည်သည် ခရီး တွေလှည့်လည်သွားလာ နေရင်း လူဆန်မှု၊ တနည်းပြောရရင် ဘ၀ရဲ့အရည်အသွေး (quality of life) ဆိုတာနဲ့ ပတ်သက်လို့ နည်းနည်းမြင်လာ သလို ရှိမိတယ်။ ဘ၀ အရည်အသွေးဆိုတာ ရုပ်ဝတ္ထုပြည့်စုံတာ၊ ခေတ်မီတာ၊ နည်းပညာသိပ္ပံတိုးတက်တာနဲ့ သိပ်မဆိုင် လှဘူး။ လူကို လူလိုမြင်ပြီး တန်ဖိုးထားမှုနဲ့ပဲ ဆိုင်တယ်လို့ မြင်လာ မိတယ်။

တခါက ၀ါရှင်တန်ဒီစီမြို့လယ်က မြက်ခင်းပြင်ကြီးမှာ ပွဲတော်တခု ကျင်းပနေစဉ် ကျနော်ရောက်သွားတယ်။ ဒီပွဲတော်မှာ ဂီတပွဲတွေ ပါသလို၊ အစားအသောက် အခြားပျော်ပွဲရွှင်ပွဲတွေလည်း ပါတယ်။ လေဟာပြင်မှာ ဖျော်ဖြေနေတဲ့ ဂီတပွဲကို တွေ့တော့ ကျနော်အတော် ကြည်နူးမိတယ်။ အဆိုတော်တွေ၊ ဂီတသမားတွေက မြူးကြွတီးဆို။ တချိန်တည်းမှာ စင်မြင့် တထောင့်မှာ အမျိုးသမီးတယောက်က လက်ဟန်နဲ့ နားမကြား သူ တွေသုံးတဲ့ သင်္ကေတနဲ့ အခု သီချင်းဟာ ဘာကို ဆိုနေ တယ်ဆိုတာ သရုပ်ပြနေတယ်။ ဟုတ်တာပေါ့။ နားမကြား ဆွံ့အနေသူတို့လည်း မျက်စေ့အမြင် အလင်းသာရရင် လူသား ပီသစွာ ခံစားပျော်ရွှင်သင့်တာပေါ့။ သူတို့ကို အိမ်မှာ ချန်ထားခဲ့လို့ မဖြစ်နိုင်သလို၊ ပွဲတော်တခုဆိုတာ ကျန်းမာသန်စွမ်းသူ လူသားတွေ အတွက် ချည်း မဖြစ်သင့်ပေဘူး။ ဂီတပွဲက ဆိုတီးနေသူတွေထက်စာရင် လက်ဟန်နဲ့ သင်္ကေတပြနေတဲ့သူဆီ ကို ကျနော်အာရုံ ပိုရောက်နေမိတယ်။ ဂီတက မြူးကြွသလို၊ သူကလည်း တက်တက်ကြွကြွ၊ အဆိုကပိုင်သလို သူက လည်း အမိအရ သရုပ်ဖော်နေတယ်။ အပျော်တွေက ကျနော့်ကိုပါ ကူးစက်လာခဲ့ပါပေါ့။

သည်လို ဆွံ့အနားမကြားသူတွေကိုပါ ခံစားရစေအောင် ဘယ်သူတွေက တွေးမိပြီး စတင်ခဲ့ပါသလဲ။ တကယ် တော့ သူတို့ ကို လူသားတွေအဖြစ် အသိအမှတ်ပြုလိုက်တာပါပဲ။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမို့ တတ်နိုင်တာပေါ့လို့ ဆင်ခြေတက်နိုင်ပါတယ်။ တကယ်တော့ သူတို့ကို လူသားတွေအဖြစ် အသိအမှတ်ပြု လက်ခံဖို့၊ သူတို့ကို ချန်မထားဖို့ကိစ္စဟာ အစိုးရတွေအပါအ၀င် လူသားတွေ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျနော် ၀ါရှင်တန် မှာရှိနေစဉ် သတင်းတွေဖတ်ရတော့ တရုတ်တန်း (China Town) ကနေ နယူးယောက်ကို ပြေးတဲ့ ခရီးစရိတ် ဈေးချိုတဲ့ ဘတ်စ်ကားတွေမှာ မသန်မစွမ်းသူတွေ ဘီးတပ်လှည်း တွန်း တင်၊ ချနိုင်ဖို့ ကိရိယာတွေ မရှိလို့ဆိုပြီး ဝေဖန်ရေးသားနေကြတာတွေ၊ အာဏာပိုင်တွေဖက်က အရေးယူဆောင်ရွက်တာ တွေ ဖတ်ခဲ့ရဖူးတယ်။ တကယ်တော့ အမေရိကန်မှာ ဥပဒေ စည်းမျဉ်းတွေအရ ပြဌာန်းထားပြီးသား။ ဘတ်စ်ကားလိုင်းတွေ မှာ ကား စင်းရေ ဘယ်မျှဆိုရင် မသန်မစွမ်းသူတွေအတွက် ဘီးတပ်လှည်းတင်ချနိုင်တဲ့ကားစင်းရေး မည်မျှ ရှိရမယ်ဆိုတာ သတ်မှတ်ထားတာတွေ ရှိနေတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံရေးအရ ပိုမိုသင့်လျော်တဲ့ အသုံးအနှုန်း အခေါ် အဝေါ်တွေ လုပ်ဖို့တောင် သတ်မှတ်တာတွေ ရှိလာခဲ့တယ်။ မသန်မစွမ်း (disabled) လို့ မသုံးနှုန်း သင့်တော့ ဘူး။ တမျိုးစွမ်းသူတွေ (Differently abled) လို့ သုံးရမယ်လို့တောင် အဆိုပြုချက်တွေ ရှိလာ ခဲ့ပါ တယ်။

ဒီလိုနဲ့ ကျနော် သေးသေးဖွဲဖွဲ ယူဆနိုင်တဲ့ တချို့ကိစ္စလေးတွေကို စိတ်ဝင်တစား လေ့လာကြည့်နေမိတယ်။ ဥပမာ ကား လမ်း ပလက်ဖောင်းတွေမှာ၊ ရထား စင်္ကြန်တွေမှာ မျက်မမြင်တွေ တုတ်ထောက်သွားဖို့ အဖုကလေးတွေ၊ အမှတ် အသား တွေ လုပ်ထားတာကို သတိပြုလာမိပြန်တယ်။ မျက်စေ့မမြင်လို့ အပြင်မထွက်ရ မဖြစ်စေရဘူး။ စင်္ကြန်- ပလက်ဖောင်းမှာ သူတို့အတွက် ထည့်သွင်းစဉ်းစား လုပ်ပေးထားရတယ်။ လူအများသုံး အစိုးရရုံး၊ ကန္နား၊ ကုန်တိုက်၊ ဈေး၊ စာတိုက်॥ စသဖြင့် နေရာအတော်များများမှာ ခုနလို ကိုယ်ကာယ ကျန်းမာရေး တနည်းတဖုံ ချို့တဲ့သူတွေအတွက် ဘီးတပ်ကုလား ထိုင်တွေ တွန်းတင်နိုင်တဲ့ ကုန်းလျောစောင်းတွေ လုပ်ပေး ထားတာ၊ အိမ်သာတွေက အစ မသန်စွမ်းသူတွေ အဆင်ပြေ စေဖို့တွက် နေရာကျယ် အိမ်သာတွေ လုပ်ပေး ထားတာ သတိပြုမိလာတယ်။ ဘ၀ရဲ့ အရည်အသွေး (Quality of life) ဆိုတာ ဒါပဲဆိုတာ ကျနော် အသိအမှတ် ပြုမိတယ်။ ဘယ်လိုဖြစ်စေ လူ့အဖြစ်ကို မဆုံးရှုံးစေရအောင်၊ လူသားတဦး ပီသ စွာ ပျော်ရွှင်ခံစားနိုင်ရအောင် ကူညီပံ့ပိုးထားတာတွေပဲ။

ဒီလိုနဲ့ ကျနော်တရုတ်ပြည်ရောက်တော့လည်း လမ်းဘေးပလက်ဖောင်းမှာ မျက်မမြင်တွေ အထောက်အကူရဖို့ အဖုတွေ၊ ရုံး၊ လူအများသုံးနေရာတွေမှာ ဘီးတပ်ကုလားထိုင် တွန်းတင်နိုင်ဖို့ ကုန်းလျောစောင်းတွေ လုပ်ထားတာ သတိပြုမိပြန် တယ်။ ကျနော် အံ့သြနေမိတယ်။ ကျနော်က ဒီကိစ္စကို ရေးကြီးခွင်ကျယ်သဖွယ် ကျနော့် မိတ်ဆွေတရုတ်တွေကို ပြန်ပြော ပြတော့ သူတို့လည်း အံ့သြနေကြပြန်တယ်။ သူတို့က ရှိနေပြီးသားမို့ ရိုးတယ်ထင်နေတယ်။ "ဒီကိစ္စက ဥပဒေရှိတယ်လေ။ အဆောက်အဦတခု ဆောက်မယ်ဆိုရင် ဘယ်လိုကိစ္စတွေ ထည့်သွင်းပါဝင်ရမယ်ဆိုတာ ပြဌာန်းထားတာ ရှိတယ်။" ဘာထူးဆန်းပါသလဲ ဆိုတာမျိုး ကျနော့်ကို ပြန်ကြည့်ရဲ့။ သူက Housing code လို့ ခေါ်တဲ့ အိုးအိမ်ဆောက်လုပ်ရေး စည်းမျဉ်း ဥပဒေတွေကို ပြောတာ။ ကျနော်အံ့သြနေ တာက အရင်းရှင်သော၊ ကွန်မြူနစ်သော မဟုတ်ဘူး။ နိုင်ငံတခုမှာ ရှိသင့်ရှိထိုက်တဲ့ အနေအထား၊ လူတွေ အပေါ် တန်ဖိုးထားကို အံ့သြနေမိတာပါ။

ဝါရှင်တန်ဒီစီက ဂါလောဒေးတက္ကသိုလ်က (Gallaudet University) က ဆွံ့အ၊ မျက်မမြင်၊ နားမကြား တက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ တခါတလေ ရထားပေါ် ဆုံတဲ့အခါ ကျနော်ကြည်နူးရဖူးတယ်။ သူတို့ လူငယ်ဘ၀ကို တက်ကြွစွာ ဖြတ်သန်းရုန်းကန်နေကြတာ မြင်ရတယ်။ တဦးနဲ့ တဦး လက်ဟန်နဲ့ ပြောလိုက်၊ ရယ်မောလိုက်ကြနဲ့။ ကျနော် တို့ နိုင်ငံမှာ ဆွံ့အနားမကြားကျောင်း ဘယ်လောက်ရှိပါသလဲ။ ဒီကလေးတွေက တက္ကသိုလ် တက်နိုင်သလား။ ဒီကလေး တွေက သူတို့ဘ၀ကို တမျိုးတဖုံစွမ်းသူတွေ အဖြစ် ဖြတ်သန်းနိုင် ပါရဲ့လား။ ကျနော် တခြားနိုင်ငံက ကလေးတွေနဲ့ ချိန်ပြီး စဉ်းစားနေမိတယ်။ ထိုင်းနိုင်ငံမှာတောင် ရုပ်သံ ချင်နယ် တခုက ဆွံ့အနားမကြားသူတွေအတွက် ရုပ်သံသတင်းကြေညာ ချိန်မှာ အောက်ခြေထောင့် အကွက်ကလေးမှာ လက်ဟန်နဲ့ သတင်းကြေညာပေးတာ တွေ့နေရတယ်။ သူတို့လည်း လူပီသ စွာ သတင်းတွေ ရပိုင်ခွင့် ရှိပါတယ်။

ဒီလိုနဲ့ ကျနော်စဉ်းစားမိတာတွေကို ဗီအိုအေ ရေဒီယို "ကိုယ်ယုံကြည်ရာ" ကဏ္ဍမှာ ပြန်ပြောပြမိတယ်။ ကျနော်မြင်တဲ့ ဘ၀ အရည်အသွေးနဲ့ လူသားဆန်မှုကိစ္စကို ပြောပြတယ်။ ပြောပြပြီး သိပ်မကြာခင်မှာပဲ ဗွီအိုအေက သတင်းကြေညာတဲ့ ဦးဝင်းအောင်က လာပြီး သူဆိုဗီယက်ယူနီယံမှာ နေစဉ်ကာလ အတွေ့အကြုံကို ပြန်လာပြီး ပြောပြတယ်။ ဆိုဗီယက်ရုရှားမှာ လည်း ကျနော်ပြောပြတဲ့ အနေအထားတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါစမှာ ဆိုဗီယက်ရုရှားဟာ လည်း စစ်ဒဏ် အတော်ခံလိုက်ရပါတယ်။ စတာလင်ဂရက် တိုက်ပွဲက နာမည်ကြီးပါ။ စစ်ကြီးပြီးတော့ တိုင်းပြည်တ၀ှမ်း မှာ စစ်ကြောင့် ဒဏ်ရာအနာတရဖြစ်သူ ဒုက္ခိတတွေ အတော်ကျန်ခဲ့ပါတယ်။ ဒီတော့ သူတို့တွေ သွားလာဆက်ဆံနိုင်အောင် လမ်းတွေ၊ ပလက်ဖောင်းတွေ၊ ရုံးတွေ၊ ဘတ်စ်ကားတွေက အစ စီစဉ်ပေးခဲ့ကြရတယ်လို့ သူက ပြန်ပြောပြတယ်။

ကျနော်တို့ နိုင်ငံမှာလည်း စစ်ကြောင့် ထိခိုက်ရသူတွေ မနည်းလှဘူး။ မြေမြှုပ်မိုင်းတွေကြောင့် တိုင်းရင်းသားတွေ ဒုက္ခိတ ဖြစ်ရသလို၊ မြန်မာ့တပ်မတော်က စစ်သားတွေလည်း မနည်းလှဘူး။ အလားတူ သူတို့အတွက် ကြည့်ရှု ပေးထားတာများ ရှိပါသလား။ ကျနော်စဉ်းစားကြည့်မိနေတယ်။ သူတို့တတွေ အသက်ဆက်မွေးဖို့အတွက် သင်တန်းတွေ၊ ခြေတုလက်တု စခန်းတွေ၊ ရုံးတွေမှာ မသန်မစွမ်းသူတွေ ၀င်ရောက်ဆက်ဆံနိုင်အောင် ဘီးတပ်ကုလားထိုင် တွန်းတင်နိုင်တဲ့ ကုန်းလျော တွေ ရှိပါရဲ့လား။ မျက်မမြင် ဆွံ့အ ကလေးတွေအတွက် အစိုးရကျောင်းတွေ ရှိပါရဲ့လား။ မြန်မာ့ရုပ်သံကရော အဲသလို လူတွေအတွက် လက်ဟန်သင်္ကေတနဲ့ သတင်း တွေ ဘယ်အချိန်လောက်မှာ ကြေညာပေးနိုင်မလဲ။ မြန်မာပြည်က ကျနော့ မိတ်ဆွေကတော့ ခင်ဗျား စိတ်ကူး ယဉ်လိုက်တာလို့ ဝေဖန်တယ်။ ရန်ကုန်တိုက်မြင့်တွေမှာ ဓါတ်လှေကားတွေမရှိ လျှောက် တက်နေကြရတုန်း။ ဓာတ်လှေကားရှိရင်တောင် မီးမလာလို့ ဘယ်လိုမောင်းမှာလည်းလို့ စောဒကတက်တယ်။ ဟုတ်သား။

ဒီလိုနဲ့ ၂၀၀၅ မှာ မြန်မာစစ်အစိုးရက နေပြည်တော်မြို့သစ်ဆောက်တယ်ဆိုတော့ ကျနော်စိတ်ဝင်စားစွာ သိချင် နေတဲ့ ကိစ္စ တခု ရှိနေတယ်။ သူများတွေ စိတ်ဝင်စားချက်နဲ့ ကွာကောင်း ကွာနိုင်တယ်။ ရန်ကုန်ကတော့ မြို့ဟောင်းကြီးမိုလို့ ပြုပြင်ရ ခက်တယ် ထားပါတော့။ အသစ်ဆောက်တော့ မြို့တော်ပလက်ဖောင်းမှာ မျက်မမြင် တွေသွားဖို့ အဖုကလေးတွေ ရှိသလား။ ရုံးကန္နား အဆောက်အဦးကြီးတွေမှာ မသန်စွမ်းသူတွေအတွက် ဘီးတပ် ကုလားထိုင်နဲ့ လာနိုင်ဖို့ ဆင်ခြေလျော ကုန်းစောင်းတွေ ရှိသလားပေါ့။ စစ်သားအစိုးရဆိုတော့ မသန်မစွမ်း စစ်သားတွေအတွက်လည်း ထည့်စဉ်းစားထားမယ် ထင်နေခဲ့တယ်။ ဒီလိုနဲ့ မြန်မာပြည်က မိတ်ဆွေတွေတွေ့ရင် မေးရတာ အမော။ နေပြည်တော် ရောက်ဖူးသလား။ ကျနော် ပြောတဲ့ကိစ္စတွေ ရှိသလားပေါ့။ ရောက်ဖူးသူ တွေ က ပြန်ပြောပြတယ်။ နည်းနည်းမှ မရှိကြောင်းပါ ခင်ဗျား။

အောင်သူငြိမ်း

Reference ►

ဘကြီးသက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။