Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 23, 2013

ဒေါက်တာ ဆိတ်ဖွားကို ဖော်ထုတ်နိုင်ပြီ

ကို စိန်သန်း
ဒေါက်တာ ဆိတ်ဖွားကို ဖော်ထုတ်နိုင်ပြီ
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

လွှတ်တော်ကနေ စုံစမ်းရေး ကော်မတီဖွဲ့ခဲ့ရပြီး လူအများ စိတ်ဝင်စားနေကြတဲ့ ဒေါက်တာ ဆိတ်ဖွား ဆိုသူ ဘယ်သူဆိုတာ ဖော်ထုတ်နိုင်ပါပြီ။

မကြာခင်မှာပဲ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ အများသူငါ သိကြရပါတော့မယ်။

လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် ဝေဖန်မှုများ လုပ်ဆောင်ခဲ့ တယ် ဆိုတဲ့ စွပ်စွဲခံထားခဲ့ရတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုသူကို ဖော်ထုတ်နိုင်ပြီ ဖြစ်ပြီး စုံစမ်းမှု ရလဒ်ကို လာမယ့် လွှတ်တော်မှာ တင်ပြပါတော့မယ်။

ဒေါက်တာဆိတ်ဖွားကလည်း နောက်ဆုံးမှာတော့ သူ့ကိုယ်သူ ၀န်ခံသွားပါပြီဆိုတဲ့ သတင်းဖြစ်တာ အားလုံး လည်း ကြားမိကြပါလိမ့်မယ်။

ဒေါက်တာ ဆိတ်ဖွား ဆိုသူဟာ “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်နဲ့ အွန်လိုင်း ဘလော့ဂ် စာမျက် နှာ တခုမှာ ရေးခဲ့လို့ ပြည်ထောင်စု လွှတ်တော်ကြီးကတော့ ဒေါက်တာဆိတ်ဖွား စုံစမ်းရေး ကော်မရှင် ဖွဲ့ခဲ့ရတာ မဟုတ်ပါလား။

ဒါကြောင့် စုံစမ်းရေး ကော်မရှင်က ဌာနဆိုင်ရာ အရာရှိတွေနဲ့ ပြည်တွင်းက မီဒီယာတချို့ကို ခေါ် ယူ
မေးမြန်းမှုတွေ လုပ် ခဲ့ပြီးမှာ အခုတော့ ဖော်ထုတ်နိုင်ပြီလို့ ဆိုလာတာပါ။

စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက “စုံစမ်းမေးမြန်းမှု အကုန်ပြီးသွားပြီ၊ ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း နာယကကြီးကို တင်ပြပြီးပြီဆိုတော့ ဇွန်လ ၂၅ ရက်နေ့မှ လွှတ်တော်တွေ ပြန် စ မယ် ဆိုတော့ အဲဒီအခါ ကျရင်တော့ ကျနော်တို့ ကော်မရှင် ဥက္ကဋ္ဌ ဦးမြငြိမ်းက ဖတ်ကြားနိုင်ပါတယ်။ ပြီးမှသာ ရှေ့ ဆက် အရေးယူ မယူဆိုတာကို သိရမှာပါ” ဟု ဧရာဝတီကို ပြောပါတယ်။

ဒီတော့ ဒေါက်တာ ဆိတ်ဖွားဆိုသူနဲ့ပတ်သက်တဲ့ သတင်းကိုတော့ ဧရာဝတီ မြန်မာပိုင်းက ခင်ဦးသာရေးသား တင်ပြထားတဲ့ ဒေါက်တာ ဆိတ်ဖွား စုံစမ်းမှုရလဒ် လာမည့် လွှတ်တော်တွင် တင်ပြမည် ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ် နိုင်ပါပြီ။



ဒေါက်တာ ဆိတ်ဖွား စုံစမ်းမှုရလဒ် လာမည့် လွှတ်တော်တွင် တင်ပြမည်

လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် ဝေဖန်မှုများ လုပ်ဆောင်ခဲ့သည် ဆိုသော ဒေါက်တာ ဆိတ်ဖွားဆိုသူအား ဖော်ထုတ်နိုင်ပြီ ဖြစ်ပြီး စုံစမ်းမှု ရလဒ်ကို လာမည့် လွှတ်တော်တွင် တင်ပြမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ ဆိတ်ဖွား ဆိုသူသည် “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်ဖြင့် အွန်လိုင်း ဘလော့ဂ် စာမျက်နှာတခုတွင် ရေးသားခဲ့သောကြောင့် ပြည်ထောင်စု လွှတ်တော်က ဆိတ်ဖွား စုံစမ်းရေးကော်မရှင် ဖွဲ့၍ ဌာနဆိုင်ရာ အရာရှိများနှင့် ပြည်တွင်း မီဒီယာတချို့ကို ခေါ်ယူစစ်ဆေးပြီးနောက် ဒေါက်တာ ဆိတ်ဖွား မည်သူ မည်ဝါဆိုသည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက“စုံစမ်းမေးမြန်းမှု အကုန်ပြီးသွားပြီ၊ ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း နာယကကြီးကို တင်ပြပြီးပြီဆိုတော့ ဇွန်လ ၂၅ ရက်နေ့မှ လွှတ်တော်တွေ ပြန်စမယ်ဆိုတော့ အဲဒီအခါ ကျရင်တော့ ကျနော်တို့ ကော်မရှင် ဥက္ကဋ္ဌ ဦးမြငြိမ်းက ဖတ်ကြားနိုင်ပါတယ်။ ပြီးမှသာ ရှေ့ဆက် အရေးယူ မယူဆိုတာကို သိရမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုစုံစမ်းရေး ကော်မရှင်သည် ဌာနဆိုင်ရာဘက်မှ ဆက်သွယ်ရေး ဒု ၀န်ကြီး ဦးသောင်းတင်၊ တပ်မတော် ဆက်သွယ်ရေးမှ တာဝန်ရှိသူတချို့နှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိ တချို့ စသည်ဖြင့် ၇ ဦးကို ခေါ်ယူ မေးမြန်းမှုများ ပြုလုပ်ခဲ့ကာ၊ အလဲဗင်း မီဒီယာမှ ဒေါက်တာ သိန်းမြင့်နှင့် အဖွဲ့ဝင်တချို့၊ ဦးခင်မောင်ညို (ဘောဂဗေဒ)၊ The Voice Weekly ဂျာနယ် စသည့် မီဒီယာများမှ လူပုဂ္ဂိုလ် ၆ ဦးကိုလည်း ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။

“ဌာနဆိုင်ရာ ပုဂ္ဂိုလ် ၇ ဦးနဲ့ မီဒီယာက ၆ ဦးကို ကျနော်တို့ ကော်မရှင်က ခေါ်ယူမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ အထဲက တယောက်က ဒေါက်တာ ဆိတ်ဖွား နာမည်နဲ့ရေးတဲ့ ဆောင်းပါးအတွက် သူတာဝန်ယူပါတယ်လို့ ပြောပါတယ်။ ကျနော်တို့ သုံးသပ်တာကလည်းပဲ သူပဲဖြစ်လိမ့်မယ်လို့ ယူဆထားပါတယ်” ဟု ဦးလှဆွေက ပြောသည်။

ခေါ်ယူ မေးမြန်းခံရသူ ၁၃ ဦး စလုံးသည် အမျိုးသားများ ဖြစ်ကြောင်း ဦးလှဆွေက ပြောဆိုသော်လည်း ဒေါက်တာ ဆိတ်ဖွား ဆိုသူသည် ဌာနဆိုင်ရာ သို့မဟုတ် မီဒီယာဘက်မှ ပုဂ္ဂိုလ်တဦးဦး ဖြစ်သည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဒေါက်တာ ဆိတ်ဖွား၏ “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ဆောင်းပါးသည် လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆိုကာ ဒေါက်တာ ဆိတ်ဖွားအား စုံစမ်းဖော်ထုတ်ရန် အရေးကြီး အဆိုတရပ်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ဇန်န၀ါရီလဆန်းတွင် တင်သွင်းခဲ့ပြီးနောက် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သော စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး၌ သမ္မတ၊ အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား တင်းမာမှုဖြစ်ခဲ့ရသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကိစ္စနှင့် ပတ်သက်၍ လွှတ်တော်အပေါ် ဝေဖန်ရေးသားထားသည်။ ၎င်း၏ ဆောင်းပါး၌ “အခြေခံ ဥပဒေက မည်သို့ပင် ဆိုစေကာမူ လွှတ်တော်ဥက္ကဋ္ဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်” ဟု ဖော်ပြထားသည်။

လွှတ်တော် ဥက္ကဋ္ဌများနှင့် အပေါင်းပါများ ဟူသော စကားလုံးသည် လွှတ်တော်နှင့် ကိုယ်စားလှယ်များ ထင်ရာစိုင်း လုပ်ဆောင်နေသည်ဟူသော သဘောထားအသွင်ကို ဆောင်စေသည့်အတွက် ကိုယ်စားလှယ်အများစုက ဆိတ်ဖွား အပေါ် ပြင်းထန်သည့် ဝေဖန်မှုများ ရှိခဲ့သည်။

ထို့အတူ အင်တာနက်ပေါ်၌ မည်သူမည်ဝါ ရေးသားမှန်း မသိသည့် အရေးမကြီးသည့် ဒေါက်တာ ဆိတ်ဖွား ကိစ္စကို လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း၍ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးမှု လုပ်ဆောင်သည့် အပေါ်တွင်လည်း လူအများက လွှတ်တော်အပေါ် ဝေဖန်ခဲ့ကြသည်။

ဒေါက်တာ ဆိတ်ဖွားဟု စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်၍ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ် ကိုလည်း မီဒီယာများက မေးမြန်းကြကြောင်း၊ ထို့ကြောင့် ၎င်းမှာ ဒေါက်တာ ဆိတ်ဖွား မဟုတ်ဟု ဖြေကြားနေရကြောင်း ဦးရဲထွဋ်က သူ၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာနှာမျက်နှာ၌ ရှင်းလင်းရေးသားမှုများ ရှိခဲ့သည်။

ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေးကော်မရှင်၏ ခေါ်ယူမေးမြန်းမှုခံရသူ ဦးခင်မောင်ညို (ဘောဂဗေဒ ) ကလည်း ဒေါက်တာ ဆိတ်ဖွား ဆိုသူအား ၎င်းမသိဟု ပြောဆိုကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ (DVB ) ၌ ဧပြီလ ၂၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။

http://burma.irrawaddy.org/archives/40392

http://blog.irrawaddy.org/2013/05/blog-post_5693.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။