ကျန်းမာရေးစာတိုများစုစည်းမှု
ဆေးလိပ်သောက်သူကိုယ်ဝန်ဆောင်များ ဗိုက်တာမင်စီသောက်သုံးခြင်းဖြစ် မွေးလာသောကလေးငယ်၏ အဆုတ်အား အထိုက်အလျှောက် ကာကွယ်ပေးနိုင်
လေ့လာစမ်းသင်ချက်တစ်ခု အရ ဗိုက်တာမင်စီ သည် ကိုယ်ဝန်ဆောင်ဆေးလိပ်သောက်သူများတွင် ကြံတွေ့ရလေ့ရှိသော
မွေးဖွားလာသည့်ကလေးငယ် တွင် အဆုတ်ရောဂါဖြစ်ခြင်းကို အထိုက်အလျောက် ကာကွယ်ပေးသည်ဟု (http://www.medicinenet.com/ script/main/ art.asp?articlekey=169702 )အင်တာနက်စာမျက်နှာတွင်
မေလ (၇) ရက်နေ့က ဖော်ပြထားသည်။
ကိုယ်ဝန်ဆောင်ဆေးလိပ်သောက်ခြင်း သည် မွေးလာသည့်ကလေးငယ်တွင် အဆုတ်ရောဂါဖြစ်တတ်ခြင်း၊ ပန်းနာရင်ကျတ်ဖြစ်ခြင်း တိုကို ဖြစ်စေသည့်အတွက် ကိုယ်ဝန်ဆောင်များအား ဆေးလိပ်မသောက်ရန် အကြံပြုထားသော်လည်း
... မဖြတ်နိုင်သူများအတွက် ဗီတာမင် စီ သည် အထိုက်အလျောက် ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။
လေ့လာစမ်းသင်ချက်တစ်ခု အရ ဗိုက်တာမင်စီ သည် ကိုယ်ဝန်ဆောင်ဆေးလိပ်သောက်သူမျာ
မွေးဖွားလာသည့်ကလေးငယ် တွင် အဆုတ်ရောဂါဖြစ်ခြင်းကို အထိုက်အလျောက် ကာကွယ်ပေးသည်ဟု (http://www.medicinenet.com/
မေလ (၇) ရက်နေ့က ဖော်ပြထားသည်။
ကိုယ်ဝန်ဆောင်ဆေးလိပ်သောက်ခြင်း
... မဖြတ်နိုင်သူများအတွက် ဗီတာမင် စီ သည် အထိုက်အလျောက် ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။
လေ့လာစမ်းသက်မှုတွင် ကိုယ်ဝန်ဆောင်ချိန်(၂၂) ပတ်နှင့်အောက် ဆေးလိပ်မဖြတ်နိုင်သည့် အမျိုးသမီး
၁၅၉ ဦးပါဝင်သည်။ ထိုအမျိုးသမီးများကို ဗီတာမင်စီ ၅၀၀ မီလီဂရမ်ပါဝင်သော ဆေးတောင့်
တစ်နေ့တစ်လုံး ကို မွေးဖွားချိန်အထိ သောက်စေခဲ့သည်။
ကလေးမွေးဖွားပြီး ၂ ရက်တွင်၊ ဗီတာမင် စီသောက်သော ကိုယ်ဝန်ဆောင်များမှ မွေးလာသော ကလေးငယ်များသည် ဗီတာမင်မသောက်သုံးသော ကလေးငယ်များမှ မွေးလာသော ကလေးငယ်များထက် အဆုတ်အား ပိုမိုကောင်းမွန်ကြောင်း တွေ့ရသည်။ပြီးနောက် ပထမတစ်နှစ်အတွင်း ပြန်လည်သတင်းပို့သည်မှာ ဗီတာမင်စီသောက်သုံးခဲ့သော အမျိုးသမီး၏ ကလေး၂၁ ရာခိုင်နှုန်းသည် အဆုတ်ရောဂါ တစ်ခု ဖြစ်တတ်ကြောင်းနှင့် ဗီတာမင်စီ မသောက်ခဲ့သော အမျိုးသမီးများ၏ ကလေးငယ် ၄၀ ရာခိုင်နှုန်းသည် အဆုတ်ရောဂါရခဲ့ကြောင်း ဟူ၍ ဖြစ်သည်။
ပညာရှင်များသည်ဗီတာမင်စီ မသောက်သော မိခင်မှမွေးလာသောကလေး များ၏ ၂၂ % ၊ ဗီတာမင်စီ သောက်သော မိခင်မှ မွေးလာသောကလေး များ၏ ၁၃ % နှင့် ဆေးလိပ်မသောက်သော သူမိခင်မှ မွေးလာသော ကလေးငယ်များ၏ ၁၀ % ကို ကုသမှုပေးခဲ့ရကြောင်း တွေ့ရသည်။
ယခုလေ့လာတွေ့ရှိချက်ကို ၀ါရှင်တန်ဒီစီတွင် ယခုအပတ် ပြုလုပ်ခဲ့သည့် ''The Pediatric Academic Societies'' ၏ နှစ်ပတ်လည်အစီးအဝေးတွင် တင်ပြခဲ့ပြီးသည်။
စာရေးသူ Dr. Cynthia McEvoy, တွဲဖက်ပါမောက္ခ၊ Oregon Health & Science University Children's Hospital က
''ဗီတာမင်စီသည်စိတ်ချရမှုရှိကာ ဆေးလိပ်သုံးစွဲသူကိုယ်ဝန်ဆောင်မှ
မွေးလာသော ကလေးငယ်များ ၏အဆုတ်ရောဂါကုသမှုအတွက်
ဈေးနုန်းမကြီးသော၊စိတ်ချရသော၊ သုံးရလွယ်ကူအဆင်ပြေသော ကုသမှုတစ်ခုဖြစ်သည်'' ဟု
American Academy of Pediatrics news တွင် ပြောခဲ့သည်''
ဒေါက်တာခင်နိုင်ဦး
Reproductive Health For All

''ဗီတာမင်စီသည်စိတ်ချရမှုရှိကာ ဆေးလိပ်သုံးစွဲသူကိုယ်ဝန်ဆောင်မ
မွေးလာသော ကလေးငယ်များ ၏အဆုတ်ရောဂါကုသမှုအတွက်
ဈေးနုန်းမကြီးသော၊စိတ်ချရသော၊ သုံးရလွယ်ကူအဆင်ပြေသော ကုသမှုတစ်ခုဖြစ်သည်'' ဟု
American Academy of Pediatrics news တွင် ပြောခဲ့သည်''
ဒေါက်တာခင်နိုင်ဦး
Reproductive Health For All

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။