Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 23, 2013

ရွာလည်တဲ့စာ…

 
Myanmar News Update
ရွာလည်တဲ့စာ…

Posted by AF in ဆောင်းပါးများ


ကိုယ့်ဆရာ အယ်ဒီတာမင်းတွေက ရွာလည်ခိုင်းတယ်ဆိုတာ တိုင်းလုံးကျော် တို့ဇာတိရွာလေးမဟုတ်ဘဲ ကမ္ဘာ့ရွာကြီး ဖြစ်နေတာကြောင့် ဒီအလုပ်ကို လက် သင့်ခံမိတာ မှားများမှားသွားပြီလားလို့ တွေးမိတာလည်း အခါခါပေမယ့် ‘အန် တုန်းခဏသာ အရက်ကိုမုန်းတာ’ဆိုသ လိုပဲ ရွာလည်တုန်းခဏသာ စိတ်တွေတို ဒေါသတွေ ထွက် နှလုံးသွေးတွေ ဆူပွက် ပေမယ့် ပြီးရင်တော့ ထပ်ပြီးရွာလည် ချင်လာပြန်တာကြောင့် ဒီတစ်ပတ် လည်း ရွာလည်ရပြန်ပါပြီ။ ရွာကြီးက လည်း ရှုပ်ကရှုပ်သနဲ့။

အဲဒီ ရှုပ်ရှုပ်ယှက်ယှက် ကမ္ဘာရွာကြီးကိုအမြန်ဆုံးလည်ဖို့ဆိုတာ တချို့က မျက်ခွက်စာအုပ်၊ တချို့က(ခပ်ရိုင်းရိုင်းပဲ)သောက်ခွက်စာအုပ်၊ တချို့ကတော့ ‘ဖွဘွတ်’ လို့ခေါ်ကြတဲ့ ဖေ့စ်ဘွတ်က လည်တာဟာ အမြန်ဆုံးနဲ့ သတင်းအရ ဆုံးဖြစ်တယ်ဆိုပေမယ့် သတင်းမှား သတင်းဖား(ဖားပြီးရေးထားတဲ့သတင်း) သတင်းကား (ချဲ့ကားရေးထားတဲ့သ တင်း)တွေကိုလဲ အတော်ကြည့်ရှောင် ရသေးသဗျ…။ဆိုပါစို့ဗျာ… အမေရိကန်နဲ့ မတွေ့ခင်မှာ လုပ်နေကျအတိုင်း နိုင်ငံ ရေးအကျဉ်းသားတွေကို နည်းနည်း လွှတ်ပြန်ရော။ ဖေ့စ်ဘွတ်တစ်ခွင်မှာ အဲဒီသတင်းတွေပြန့်နှံ့နေတာကို လျှောက်ပြီးရွာလည်နေရင်းနဲ့ ဖေ့စ်ဘွတ် တစ်နေရာမှာ ‘နိုင်ငံရေးနဲ့ဆွဲစိခံထားရတဲ့ ဟေမာ နေဝင်း ထောင်ကလွတ်ပြီ’ဆိုပြီး ဟေမာနေဝင်းဓာတ်ပုံကြီးနဲ့ သတင်းတစ်ခုကိုတွေ့မိတော့ လန့် တောင်သွားတယ်။ အင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျမြေးဆိုတော့ ဖြစ်ရင်လည်း ဖြစ် နိုင်လောက်တယ်ဆိုပြီး သတင်းကို သေသေချာချာဖတ်ကြည့် တော့မှ မမာမာလွင်(ခေါ်)ဟေမာနေဝင်း လွတ်တာကို အဆို တော်ဟေမာနေဝင်းပုံကြီး တင်ထားတာဖြစ်နေသကိုး။ သတင်း အောက်မှာ ရေးထားတဲ့မှတ်ချက်ကလဲ အတော်လေးစားချင် စရာကောင်းသဗျ။ ”မှတ်ချက် ” အဆိုတော် ဟေမာနေဝင်း ထောင်မကျပါ နိုင်/ကျဉ်း ၁ဝ ဦးပုံ မရရှိနိုင်သေးသဖြင့် ဟေမာနေဝင်းပုံ ယာယီဆွဲထည့်ထားရခြင်းဖြစ်ပါသည်။ ” တဲ့ဗျား…။ ကိုင်း…ကောင်းကြသေးရဲ့လား ဗျာတို့…။

ပြီးတော့ ခုတစ်လော ဖေ့စ်ဘွတ်မှာ လူသိများလာတဲ့ အကြော်သည်လိုလို မော်ဒယ်လိုလို သူငယ်မလေးကိုလည်း စစ်တပ်အတွက် စည်းရုံးပေးနေသူလို့ဆို သူက ဆိုနေပြန်ရော။ ယုံသူကယုံ မယုံသူက မယုံ။ဒေါတ်တာဆိတ်ဖွားဆိုတာ ဟိုလူလိုလို သည်လူလိုလို ဆိုတာတွေကလည်း ရှိသေး။ အစွပ်စွဲခံရသူတွေကလည်း သူ မဟုတ်ရပါကြောင်း ပြန်ရှင်းပြန်ရော။ ဒါကိုလည်း ယုံတဲ့သူ ကယုံ မယုံတဲ့သူက မယုံပါပဲ။

ဒီလိုသတင်းမျိုးတွေကတော့ ဘာပြဿနာမှ ကြီးကြီး ကျယ်ကျယ် ဖြစ်မလာနိုင်ပေမယ့် ဖေ့စ်ဘွတ်ကို အသုံးပြုပြီး ပြဿနာကြီးကြီးကျယ်ကျယ် ဖြစ်လာအောင် ဖန်တီးနေကြသူ တွေ အများကြီးပါ။ မယုံသူရှိသလို ယုံသူတွေလည်းရှိကြတော့ ပြဿနာဖန်တီးလို့ရနေသပ။ရခိုင်အရေးဖြစ်တုန်းက အမျိုးကို ချစ်သလိုလိုနဲ့ ဟိုဘက် သည်ဘက် မြှောက်ပင့်သွေးထိုးပေးတာတွေ၊ ပုံအတု သတင်း အတု တင်ကြတာတွေ၊ လက်ပံတောင်းတောင်ကိစ္စ၊ မအူပင် ကိစ္စ၊ မိတ္ထီလာပြဿနာ အဲသည် ပြဿနာအဝဝမှာလဲ စေတ နာလိုလို၊ တိုက်တွန်းသလိုလို၊ အမျိုးချစ်သလိုလို၊ အချင်းချင်း သတိပေးသလိုလိုနဲ့ ပြဿနာတွေ မကြီးကြီးအောင် ဖေ့စ်ဘွတ် ကနေ လုပ်ခဲ့ကြတာတွေရှိခဲ့သလို မနေ့တစ်နေ့ကမှ စိတ် အေးသွားရတဲ့ အပူပိုင်းမုန်တိုင်းမဟာစင်ကို အရင်းပြုပြီး တောင် သွေးထိုးလှုံ့ဆော်မှုတွေ၊ ပြည်တွင်းပြည်ပ လက်ဝါး ရိုက်ပြီး ဖိအားပေးမှုတွေရှိတယ်လို့ ဆိုသူက ဆိုကြသဗျ။

ဖေ့စ်ဘွတ်ရဲ့ ကောလာဟလပြန့်နှံ့မှုနှုန်းကလည်း အင်မ တန် မြန်ဆိုသကိုးဗျ။ ၁၂ နာရီအတွင်းမှာ လူပေါင်း ၁ဝ သန်းလောက်ဆီအထိ ပြန့်နှံ့သွားနိုင်တယ်လို့ ဆိုကြတယ်။
ဒိထက်ထူးဆန်းတာက ကွမ်းယာရောင်းနေသူလို လူစား မျိုးတွေကတောင် ဖေ့စ်ဘွတ်က အတင်းတွေ အဖျင်းတွေ သတင်းတွေကို ချက်ချင်းဆိုသလို သိနေတတ်တာပဲ။ မယုံမရှိ လေနဲ့။ ကိုယ်တွေ့ဗျနော် ကိုယ်တွေ့။ ဟို မိတ္ထီလာကိစ္စ ဖြစ် တုန်းကဆိုရင် တိုင်းလုံးကျော် ဝယ်စားနေကျ ကွမ်းယာသည် ဆိုရင် ဖေ့စ်ဘွတ်သတင်းတွေကို သူ့ဆိုင်လာသမျှ ဖောက်သည် တွေကို လေယူလေသိမ်းအပြည့် မှင်မောင်းအပြည့်နဲ့ ပြော ပြနေလိုက်ပုံများဗျာ စကိုင်းနက်က တွေ့သွားရင် အလုပ်တန်း ခန့် လိုက်မှာသေချာတယ်။ အဲဒီလို အဲဒီလိုဖြစ်ရပ်တွေကို ရပ်တကာ ရွာစဉ်လည်ရင်း မြင်နေကြား နေသိနေရတော့ ဟိုအဘ ဆရာကြီးတစ်ယောက် ပြောဖူးသလို ‘ပဉ္စမမဏ္ဍိုင်’ ဆိုတာ တကယ်များရှိနေလေသလား လို့တောင် တွေးမိသေးတယ်။ အဲသည်စကား စကြားတုန်းက တော့ တိုင်းလုံးကျော်လည်း အများသူငါနဲ့ ရောယောင်ပြီး ဟားတိုက်ခဲ့ဖူးပေမယ့် ခုအခါမှာတော့ မရယ်နိုင်တော့ဘူးဗျား။ ရှိနိုင်တယ်။ ရှိနိုင်တယ်။ ရှိချင်းရှိ ‘ပဉ္စမမဏ္ဍိုင်’တော့ မဖြစ်နိုင်ဘူး။ ‘ပဉ္စမံမဏ္ဍိုင်’ ပဲဖြစ်ရမယ်လို့လည်း တွေးမိလိုက် ပြီး နည်းနည်းတောင် လန့်သွားမိသေးသဗျ။

လန့်သွားရခြင်းကလည်း စပိန် ပြည်တွင်းစစ်ကာလ တုန်းက အမျိုးသားရေးဝါဒီ ဗိုလ်ချုပ်ကြီး အင်မလီယို မိုလာ ပြောခဲ့ဖူးတာကို ပြေးသတိရလိုက်လို့ပါ။ သူ့ရဲ့ စစ်ကြောင်းကြီး လေးခုဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ထိုးစစ်ဆင်နေချိန်မှာ မိုလာကို ထိုးစစ်နဲ့ပတ်သက်လို့ မေးကြမြန်းကြတော့”မြို့ထဲမှာ ရှိနေတဲ့ ကျုပ်ရဲ့ ပဉ္စမမြောက်စစ်ကြောင်း(Fifth Column) ဟာ ရီပတ်ဘလစ်ကန်အစိုးရကို အတွင်းကနေလှိုက်စားပြီး ကျုပ်တို့ကို ပံ့ပိုးပေးမှာပါ”လို့ သတင်းစာဆရာ တစ်ယောက်ကို ပြောခဲ့သဗျ။ သူပြောတဲ့ ပဉ္စမမြောက်စစ်ကြောင်း ဆိုတာ သူ ကြိုတင်စီစဉ်ပြီး လွှတ်ထားတဲ့သူလျှိုတွေကို ပြောတာပါ။ ”အင်မလီယိုမို လာပြောတဲ့ ပဉ္စမမြောက် စစ်ကြောင်း ဆိုတဲ့ဝေါဟာရ စပိန်မှာ အထူးထင်ရှားခဲ့သလို နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးကလည်း သူ့ရဲ့ “The Fifth Column and the First Forty-Nine Stories” ဆိုတဲ့စာအုပ်ထဲမှာ တွင်တွင်ကြီးသုံးခဲ့ပြန်တော့ ကမ္ဘာတစ်ဝန်း ရွာ လည်သွားပါရောဗျား။ တိုင်းလုံးကျော် တို့မြန်မာနိုင်ငံမှာ တောင် အဲသည် Fifth Column ကိုမြန်မာမှုပြုပြီး ‘ပဉ္စမံစစ်ကြောင်း’၊ ‘ပဉ္စမံတပ်သား’ အစရှိသဖြင့် ပြောဆိုကြတယ်၊ ရေးခဲ့သားခဲ့ကြတယ်၊ ထင်ရှားခဲ့တယ်ဆိုတာ အားလုံးအသိပါ။ ‘ပဉ္စမံဒီရိုင်း’ဆိုတဲ့ စာရေးဆရာတောင် ပေါ်လာခဲ့သေး….။

ဒီတော့ကာ ရပ်တကာရွာစဉ်လည်နေတဲ့ တိုင်းလုံးကျော် အနေနဲ့ သူ့ဘက်၊ ကိုယ့်ဘက်၊ ဟိုဘက်၊ ဒီဘက် ပဉ္စမံဆရာတွေ များ ဖေ့စ်ဘွတ်တစ်လွှားမှာ လှုပ်ရှား အားပြိုင်နေကြလေရော့ သလား၊ ပဉ္စမံဆရာတွေ နယ်ပယ်အသီးသီးမှာ ဘယ်အတိုင်း အတာအထိများ စိမ့်ဝင်နေကြပြီလဲလို့ တောင်တောင်အီအီ တွေးမိ ထင်မိတာကို အပြစ်ပြောချင်လဲ ပြောကြပေတော့ဗျာ။မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဆိုတာကြီးကိုလည်း စကားအဖတ်တင်ကျန်ရုံပဲလို့တော့ သတိလက်လွတ် ရယ်သွမ်း သွေးမနေကြနဲ့ဦးနော်။ ပုဂ္ဂလိကသတင်းစာတွေ ဦးနာအောက် နဲ့ ဧရာဝတီဖလိုတီလာဇာတ် ခင်းနေကြရတာကိုလည်း ပြန် လှည့်ကြည့်လိုက်ကြဦးဗျ။ တစ်ခုခု ဆူဆူညံညံဖြစ်ရင် တစ်ချိန်က အပြစ်ဖို့နေကျ စီအိုင်အေကို စွပ်စွဲသံတွေကို မကြားရတော့ပြန်တာလည်း တစ်မျိုးထူးနေပြန်သဗျ။ အင်း….ရွာလည်ရတာ မပင် ပန်းဘူး။ ရွာ လည်ရင်း ခလုတ်မတိုက် မိအောင် သတိထားရတာက ပင်ပန်းလိုက်သဗျ။ ဝှူး…..။

တိုင်းလုံးကျော်

Popular Myanmar News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။