ခရီး သည်ကြီး
*** သည်နွေကိုသာ မုန်းတော့သည် ***
------------------------------ -------------
------------------------------
လေကလေရူး ၊ လေဘီလူးတည့် ...
ဟူးဟူးရိုင်းရိုင်း ၊ ထင်ရာစိုင်းဆဲ ။
ဥသြငှက်လည်း ...
စိတ်ပျက်ဖွယ်ရာ ၊ သည်ဂါထာချည်း ...
ကျက်စာရွတ်တုန်း ၊ သည်စာလုံးချည်း ...
ရွံမုန်းစရာ့ နွေရက်များ ။
ပန်းတွေကကြွေ ၊ စမ်းရေကခန်း
လမ်းတွေကခြောက် ၊ ကမ်းကကောက်လျက်
နွားသောက်ရေမျှ မရခဲ့ ။
ကြွေကျသစ်ရွက် ၊ သစ်ကိုင်းထက်၌
ငှက်မျှမနား ၊ မစည်ကားခဲ့ ။
သစ်ဝါးမီးလောင် ၊ ကတုံးပြောင်နှင့်
တောင်ပေါ်ရှုခင်း ၊ ငေါင်းစင်းစင်း ။
နွေပြင်းပြင်းတွင် ...
နေမင်းအာဏာ ၊ စိုးသောခါမို့
မညှာညှဉ်းဆဲ ၊ ရိုးတံမွဲနှင့်
ရပ်ထဲရွာမ ၊ ချွတ်ခြုံကျခဲ့ ...
ပူလှချည့်လေ ၊ ဤသည့်နွေတွင်
မြေပတ်ကြားအက် ဖုန်းဆိုးပျက် ။
မောင့်ချစ်သူငဲ့ ...
နေပူကြီးစိုး ၊ ရာသီဆိုးတွင်
ပန်းမျိုးတရာ ၊ ဘယ်ပွင့်မှာလဲ
မေတ္တာဆိတ်သုဉ်း ၊ နွေကိုမုန်းပြီ
မိုးချုန်းသံကို ကြိုရအောင် ။ ။
တင်မိုး
ဟူးဟူးရိုင်းရိုင်း ၊ ထင်ရာစိုင်းဆဲ ။
ဥသြငှက်လည်း ...
စိတ်ပျက်ဖွယ်ရာ ၊ သည်ဂါထာချည်း ...
ကျက်စာရွတ်တုန်း ၊ သည်စာလုံးချည်း ...
ရွံမုန်းစရာ့ နွေရက်များ ။
ပန်းတွေကကြွေ ၊ စမ်းရေကခန်း
လမ်းတွေကခြောက် ၊ ကမ်းကကောက်လျက်
နွားသောက်ရေမျှ မရခဲ့ ။
ကြွေကျသစ်ရွက် ၊ သစ်ကိုင်းထက်၌
ငှက်မျှမနား ၊ မစည်ကားခဲ့ ။
သစ်ဝါးမီးလောင် ၊ ကတုံးပြောင်နှင့်
တောင်ပေါ်ရှုခင်း ၊ ငေါင်းစင်းစင်း ။
နွေပြင်းပြင်းတွင် ...
နေမင်းအာဏာ ၊ စိုးသောခါမို့
မညှာညှဉ်းဆဲ ၊ ရိုးတံမွဲနှင့်
ရပ်ထဲရွာမ ၊ ချွတ်ခြုံကျခဲ့ ...
ပူလှချည့်လေ ၊ ဤသည့်နွေတွင်
မြေပတ်ကြားအက် ဖုန်းဆိုးပျက် ။
မောင့်ချစ်သူငဲ့ ...
နေပူကြီးစိုး ၊ ရာသီဆိုးတွင်
ပန်းမျိုးတရာ ၊ ဘယ်ပွင့်မှာလဲ
မေတ္တာဆိတ်သုဉ်း ၊ နွေကိုမုန်းပြီ
မိုးချုန်းသံကို ကြိုရအောင် ။ ။
တင်မိုး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။