Myanmar News Update
TWO LITTLE BOYS...
တစ်ခါတုန်းက ဇနီးမောင်နှံ နှစ်ဦးဆီမှာ အရမ်းကို အဆော့သန်တဲ့ အသက် ၈နှစ်နဲ့  ၁၀နှစ် အရွယ်သားနှစ်ယောက်ရှိတယ်။ ဒီကလေးနှစ်ဦးက အမြဲတမ်း ပြဿနာရှာတဲ့အတွက် မြို့ ထဲမှပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် ဒီကလေးနှစ်ဦးက တစ်နည်းမဟုတ်တစ်နည်းနဲ့ ပါဝင်ပက်သက်နေတယ်ဆိုတာကို မိဘနှစ်ဦးက သိနှင့်နေပြီ ဖြစ်တယ်။
မိဘနှစ်ဦးက သူ့ သားနှစ်ယောက်ရဲ့ အကျင့်ကို ဘယ်လိုပြုပြင်ရမလဲဆိုတာ တွေးလို့ မရအောင်ကို အကြံကလည်းကုန်နေပြီ။ တစ်နေ့ တော့ အမေလုပ်သူက အဖေလုပ်သူကို မြို့ ထဲမှာ ဆိုးတဲ့ကလေးတွေကို ပြုပြင်ထိန်းသိမ်းနိုင်တဲ့ဘုန်း တော်ကြီးတပါးရှိတယ်။ သူတို့ သားတွေကို အဲဒီဘုန်းတော်ကြီးဆီလွတ်ပြီး စကားပြောခိုင်းလိုက်ရင် ဘယ်လိုလဲဆိုပြီးမေးတယ်။
ဖခင်ဖြစ်သူက လုပ်ကြည့်တာပေါ့ကွာ။ ငါ...ဒေါသအရမ်းမထွက်ခင်မှာ တစ်ခုခုလုပ်ဖို့ လိုတယ် လို့ ပြောတယ်။ ဒါနဲ့ ဘဲ ဇနီးမောင်နှံနှစ်ဦးက ဘုန်းတော်ကြီးကိုသွားအကူအညီတောင်းတော့ ဘုန်းတော်ကြီးကလည်း လက်ခံတယ်ဆိုတဲ့အကြောင်း၊ သူတို့ သားနှစ်ယောက်ကို တစ်ယောက်ချင်းစီ တွေ့ ပြီး စကားပြောမယ်ဆိုတဲ့အကြောင်းကို ပြန်ပြောတယ်။
တစ်ခါတုန်းက ဇနီးမောင်နှံ နှစ်ဦးဆီမှာ အရမ်းကို အဆော့သန်တဲ့ အသက် ၈နှစ်နဲ့  ၁၀နှစ် အရွယ်သားနှစ်ယောက်ရှိတယ်။ ဒီကလေးနှစ်ဦးက အမြဲတမ်း ပြဿနာရှာတဲ့အတွက် မြို့ ထဲမှပြဿနာတစ်ခုခုဖြစ်ပြီဆိုရင်
မိဘနှစ်ဦးက သူ့ သားနှစ်ယောက်ရဲ့ အကျင့်ကို ဘယ်လိုပြုပြင်ရမလဲဆိုတာ တွေးလို့ မရအောင်ကို အကြံကလည်းကုန်နေပြီ။ တစ်နေ့ တော့ အမေလုပ်သူက အဖေလုပ်သူကို မြို့ ထဲမှာ ဆိုးတဲ့ကလေးတွေကို ပြုပြင်ထိန်းသိမ်းနိုင်တဲ့ဘုန်း
ဖခင်ဖြစ်သူက လုပ်ကြည့်တာပေါ့ကွာ။ ငါ...ဒေါသအရမ်းမထွက်ခင်မှာ တစ်ခုခုလုပ်ဖို့ လိုတယ် လို့ ပြောတယ်။ ဒါနဲ့ ဘဲ ဇနီးမောင်နှံနှစ်ဦးက ဘုန်းတော်ကြီးကိုသွားအကူအညီတောင
ပထမနေ့ မှာ ၈နှစ်အရွယ်သားငယ်လေးက ဘုန်းတော်ကြီးကို အရင်သွားတွေ့ တယ်။ ဘုန်းတော်ကြီးက မျက်နှာထားတင်းတင်းနဲ့  ဘုရားသခင် ဘယ်မှာရှိလဲ လို့  သူ့ ကို မေးတယ်။ သူကဘာမှပြန်မပြောဘူး။ အဲဒီတော့ ဘုန်းတော်ကြီးက ပိုပြီးတင်းမာတဲ့အသံနဲ့  ဘုရားသခင် ဘယ်မှာရှိလဲလို့ ထပ်မေးတယ်။ ဒီတခါလည်း သူက ဘာမှ ပြန်မပြောဘူး။ ဒီတော့ ဘုန်းတော်ကြီးက အသံကို အတင်းမာဆုံးလုပ်ပြီး ကောင်လေးရဲ့ မျက်နှာရှေ့ မှာ လက်ညှိုးထိုးပြီး ဘုရားသခင် ဘယ်မှာရှိလဲလို့ အကျယ်ကြီးမေးလိုက်တယ်။
ကောင်လေးလည်း တချီတည်းနဲ့ အိမ်ကို သုတ်ခြေတင်ပြေးသွားတယ်။
အိမ်ကိုလည်းရောက်ရော အ၀တ်ဗီဒိုထဲမှာဝင်ပုန်းနေလိုက်တ ယ်။ ဒါနဲ့ သူ့ အစ်ကိုက သူ့ နောက်ကလိုက်လာပြီးတော့ ဘာဖြစ်တာလဲလို့ သူ့ ကိုမေးလိုက်တယ်။ အဲဒီတော့ သူ့ ညီ က ကိုကိုရေ ညီညီတို့ တော့ အကြီးအကျယ်ဒုက္ခရောက်ပြီထင်တယ်။ အခုဘုရားသခင်ပျောက်နေပြိ။ သူတို့ က အဲဒါကို ညီညီတို့ ကြောင့်လို့ ထင်နေကြပြီ ကိုကို တဲ့။
ချစ်ခြင်းမေတ္တာဖြင့်
စနိုး
ကောင်လေးလည်း တချီတည်းနဲ့ အိမ်ကို သုတ်ခြေတင်ပြေးသွားတယ်။
အိမ်ကိုလည်းရောက်ရော အ၀တ်ဗီဒိုထဲမှာဝင်ပုန်းနေလိုက်တ
ချစ်ခြင်းမေတ္တာဖြင့်
စနိုး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။